Analysis Article Premier League

ချဲလ်ဆီးတို့ ဘရန့်ဖို့ဒ်ကို အနိုင်ယူချင်ရင် လီဗာပူးလ်ဆီက ဘာတွေ သင်ခန်းစာယူရမလဲ

ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်အသင်းတွေကြားထဲကို နောက်ဆုံး အသစ်ကျပ်ချွတ်အဖြစ် တက်ရောက်လာခဲ့တဲ့ လန်ဒန်အခြေစိုက် ဘရန့်ဖို့ဒ်အသင်းဟာ အသင်းကြီးတွေကို အများကြီး ဒုက္ခပေးနိုင်ခဲ့သလို သူတို့ရဲ့ ထူးဆန်းနေတဲ့ ပုံစံနဲ့ အားလုံးက မခန့်မှန်းနိုင်သေးမှုတွေကို အခွင့်အရေးယူပြီး လက်ရှိ ၇ ပွဲ ကစားအပြီးမှာ ရှုံးပွဲတစ်ပွဲသာ ရှိသေးခဲ့ချိန်မှာ ချဲလ်ဆီးအသင်းနဲ့ ဒီတစ်ပတ် ရင်ဆိုင်တွေ့ဖို့ ဖြစ်လာခဲ့ပါပြီ။

၇ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲ ရှုံးခဲ့တဲ့ ဘရန့်ဖို့ဒ်ဟာ အာဆင်နယ်အသင်းကို ပွဲဦးထွက်မှာ အနိုင်ရယူနိုင်ခဲ့ပြီး ဝုလ်ဗ်စ်နဲ့ ဝက်စ်ဟမ်းတို့ကိုလည်း အဝေးကွင်းတွေမှာ အနိုင်ရယူထားခဲ့သလို ပဲလေ့စ်၊ ဗီလာနဲ့ လီဗာပူးလ်တို့ကို သရေရယူထားနိုင်ခဲ့ပြီး ဘရိုက်တန်အသင်းကိုသာ နောက်ဆုံးမိနစ်ပေးဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တာပါ။

လီဗာပူးလ်ကို သုံးဂိုးပြန်သွင်းပြီး သရေကစားနိုင်ခဲ့တဲ့ ပုံစံက ချဲလ်ဆီးတို့အတွက်တော့ မျက်ခုံးလှုပ်စရာလည်းဖြစ်နေပြီး ကွန်မြူနတီကွင်းမှာ အသင်းကြီးတွေကို ဖြိုဖျက်ပြနိုင်ခဲ့တဲ့ ပုံစံမှာ ပျားတုပ်ခံရမယ့် သားကောင်တစ်ကောင် ထပ်မဖြစ်ရအောင် သူတို့တွေအနေနဲ့ ဘယ်လို ရှောင်လွှဲရမယ်ဆိုတာကလည်း ပွဲကြိုမှာ အားလုံးက စိတ်ဝင်တစားပုံစံနဲ့ အရေးပါလာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်တို့ရဲ့ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ သူလူတွေကို ပုံစံကျအောင် မောင်းနှင်ထားနိုင်တဲ့ အရည်အသွေးက အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို အငိုက်မိစေခဲ့အပြီးမှာ သူတို့ရဲ့ တတိယမြောက် ထိပ်တန်းအသင်းကြီးအဖြစ် ရင်ဆိုင်ရမယ့် ချဲလ်ဆီးကိုလည်း မထင်တဲ့ ပုံစံတွေနဲ့ ထိုးနှက်ဖို့ ကြံစည်နေမှာက မြေကြီးလက်ခတ်မလွဲပဲဖြစ်နေချိန်မှာ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သင့်သလဲဆိုတာကို ဒေးလီးမေးလ်က အကြံပေးသွားပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် ၆ က လီဗာပူးလ်ကို သရေဆွဲချပြီး သူတို့ကို အကျိုးပြုခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ကို ကျေးဇူးတင်ဖို့ ကောင်းပေမယ့် ဒီတစ်ပတ်မှာတော့ ချဲလ်ဆီးတို့အနေနဲ့ ကျေးမစွပ်ရင် မဖြစ်သလို နောက်က ထပ်ကြပ်မကွာလိုက်နိုင်တဲ့ အသင်းတွေကို အခွင့်အရေးပေးလို့ မဖြစ်တာကြောင့် ပျားတွေရဲ့ အဓိက အားသာချက် ၃ ချက်လောက်ကို သတိကြီးကြီးနဲ့ ရင်ဆိုင်ရမှာပါ။

၁။ ညာတောင်ပံမှ ဖြတ်တင်ဘောများ
လီဗာပူးလ်တို့ ပျားတုပ်ခံလိုက်ရတာ ဒီအကွက်ပဲဖြစ်ပါတယ်။ သုံးဂိုးစလုံးကို ကလော့ပ်ရဲ့ လူတွေက ဖြတ်တင်ဘောတွေကနေ ခွင့်ပြုလိုက်ရတာပါ။ ပထမဂိုးမှာ ညာတောင်ပံက အနိမ့်ဘော၊ ဒုတိယဂိုးမှာလည်း ညာခြမ်းကပဲ အမြင့်ဘော၊ တတိယဂိုးမှာလည်း ညာခြမ်းကပဲ အမြင့်ဘောတွေက ထိုးနှက်ခဲ့ပြီး ဗန်ဒိုက်နဲ့ မာတစ်ပ်တို့ဟာ ဒီရိုးစင်းလှတဲ့ အကွက်တွေမှာပဲ တိုင်ပတ်နေခဲ့ကြတာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ အမြင့်ဘော ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ဘရန့်ဖို့ဒ်တို့ရဲ့ တရစပ်ဖြတ်တင်လာမှာကို ချေးဝဲလ်နဲ့ အလွန်ဆိုတို့ တစ်ယောက်ယောက် ပွဲထွက်လာမယ့် ဘယ်ခြမ်းက ခွင့်ပြုပေးထားရမှာဖြစ်ပြီး လီဗာပူးလ်ထက် သာလွန်တဲ့ ခံစစ်မှူးတစ်ယောက် အပိုရှိနေတဲ့ သုံးယောက် ဗဟိုခံစစ်က ရှင်းထုတ်နိုင်ရဖို့ တူဟယ်လ်အနေနဲ့ ညွှန်ကြားထားရမှာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်တို့ရဲ့ ဖြတ်တင်ဘောတွေက များသောအားဖြင့် အမြင့်ဘောဆိုရင် အဝေးတိုင်ဘက်ကို ခေါင်းတိုက်အသုံးချဖို့ တင်ပေးလေ့ရှိပြီး အနိမ့်ဘောဆိုရင်တော့ အနီးတိုင်ဘက်က ပြေးဝင်ပိတ်ဖို့ ပေးလေ့ရှိတာကြောင့် ချဲလ်ဆီးတို့ သတိမလွတ်ဘဲ ခုခံကာကွယ်နိုင်မှုနဲ့ ဂိုးသမား မန်ဒီရဲ့ လက်စွမ်းကလည်း အရေးပါလာမှာ ဖြစ်သလို လီဗာပူးလ်တို့ ခံစားလိုက်ရတဲ့ အဝေးတိုင်နေရာမှာ ရှိနေမယ့် အက်ဇ်ပီလီကွေတာရဲ့ နေရာမှာ အပြောင်းအလဲ လုပ်မလားဆိုတာကလည်း စိတ်ဝင်စားရာဖြစ်နေပါတယ်။

၂။ ပုံစံမတူတဲ့ တိုက်စစ်ပိုင်း ထိုးဖောက်မှုများ
ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်မှာ အသင်းတွေ မျက်စိလည်နိုင်တာကတော့ မတူညီတဲ့ တိုက်စစ်သမားတွေရဲ့ ရှုပ်ထွေးမှုပဲ ဖြစ်ပါတယ်။ တိုက်စစ်မှာ သုံးယောက်အပြည့် ကစားရင် ကာနို့စ်၊ အမ်ဘူးမိုနဲ့ တိုနီတို့ ပွဲထွက်ချိန်မှာ သူများတွေထက် ကြံ့ခိုင်မှုသာတဲ့ တိုနီက အမြင့်ဘောတွေကို လက်ခံရယူပြီး ခေါင်းတိုက်ပေးနိုင်သလို ဘောလုံးခင်းပေးတဲ့ နေရာမှာလည်း လျှော့တွက်လို့မရတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။

စာရွက်ပေါ်မှာ ၃-၅-၂ ဖြစ်ပေမယ့် ၃-၄-၃ ကစားဖို့ကိုလည်း ကြိုးစားလေ့ရှိတဲ့ ဘရန့်ဖို့ဒ်ဟာ ချဲလ်ဆီးအသင်းကို သူတို့ရဲ့ ကစားကွက်အရှင်နဲ့ မျက်စိလည်စေဖို့ ကြိုးစားမှာဖြစ်ပြီး ဒီကနေမှ လွတ်တိုင်းပြေးမယ့် အမ်ဘူးမိုက နေရာလွတ်တွေကို အသုံးချလေ့ရှိသလို ကာနို့စ်ကတော့ ဘယ်ခြမ်းကနေ ခြိမ်းခြောက်လာမှာပါ။ ချဲလ်ဆီးတို့အတွက်တော့ ဘရန့်ဖို့ဒ်တို့ရဲ့ တိုက်စစ်ကို Overload လုပ်ချိန်မှာ ခံစစ်ရဲ့ အားလျော့သွားမှုတွေကို လီဗာပူးလ်တို့ ကောင်းကောင်းအသုံးချသွားခဲ့သလိုမျိုး တီမို ဗာနာက သူ့ရဲ့ အမြန်နှုန်းနဲ့ လုပ်ဆောင်နိုင်မလား ကြည့်ရမှာပါ။

၃။ ကံကြမ္မာရဲ့ ဖေးမမှု
ဘရန့်ဖို့ဒ်တို့ရဲ့ ဂိုးရယူမှုတွေမှာ အမှန်တကယ်ရသင့်တဲ့ ဂိုး xG နဲ့ ရထားတဲ့ ဂိုးအရေအတွက်မှာ ရဂိုးက သာနေခဲ့တာပါ။ အာဆင်နယ်နဲ့ပွဲမှာ ၁.၄၃ ကို ၂ ဂိုး၊ လီဗာပူးလ်နဲ့ပွဲမှာ ၂.၇၂ ကို ၃ ဂိုး ရယူထားခဲ့ပြီး ဂိုးပေါက်တည့်မှု အကြိမ်ရေ ခပ်နည်းနည်းနဲ့ပဲ နှစ်ပွဲစလုံးမှာ ဂိုးထက် ဂိုးပေါက်တည့်မှုက တစ်ကြိမ်သာ ကွာဟခဲ့တာကိုတော့ လျှော့တွက်မရတဲ့ အချက်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့် အိမ်ကွင်းမှာ ဝုန်းဒိုင်းကြဲလာမှာဖြစ်သလို ဂိုးရှေ့ရောက်ရင် ကံကောင်းတတ်တဲ့ ပျားတွေကို ခြင်္သေ့ပြာတို့ လန်ဒန်ဒါဘီပွဲမှာ သတိကြီးကြီးနဲ့ အာရုံစူးစိုက်မှု မလွတ်ဘဲ ကစားရမှာဖြစ်ပြီး လီဗာပူးလ်တို့ ပေးသွားတဲ့ သင်ခန်းစာထဲက အားနည်းချက်နဲ့ အားသာချက်တွေကို ထုတ်နုတ်ပြီး ကစားနိုင်ခဲ့ရင် နည်းပြ တူဟယ်လ်အတွက် ခက်ခဲပေမယ့် ထိုက်တန်တဲ့ အောင်ပွဲကို ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ လပိုင္းအတြင္းမွာ ပရီးမီးယားလိဂ္အသင္းေတြၾကားထဲကို ေနာက္ဆုံး အသစ္က်ပ္ခြၽတ္အျဖစ္ တက္ေရာက္လာခဲ့တဲ့ လန္ဒန္အေျခစိုက္ ဘရန႔္ဖို႔ဒ္အသင္းဟာ အသင္းႀကီးေတြကို အမ်ားႀကီး ဒုကၡေပးႏိုင္ခဲ့သလို သူတို႔ရဲ႕ ထူးဆန္းေနတဲ့ ပုံစံနဲ႔ အားလုံးက မခန႔္မွန္းႏိုင္ေသးမႈေတြကို အခြင့္အေရးယူၿပီး လက္ရွိ ၇ ပြဲ ကစားအၿပီးမွာ ရႈံးပြဲတစ္ပြဲသာ ရွိေသးခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ဒီတစ္ပတ္ ရင္ဆိုင္ေတြ႕ဖို႔ ျဖစ္လာခဲ့ပါၿပီ။

၇ ပြဲမွာ ၃ ပြဲႏိုင္ ၃ ပြဲသေရ ၁ ပြဲ ရႈံးခဲ့တဲ့ ဘရန႔္ဖို႔ဒ္ဟာ အာဆင္နယ္အသင္းကို ပြဲဦးထြက္မွာ အႏိုင္ရယူႏိုင္ခဲ့ၿပီး ဝုလ္ဗ္စ္နဲ႔ ဝက္စ္ဟမ္းတို႔ကိုလည္း အေဝးကြင္းေတြမွာ အႏိုင္ရယူထားခဲ့သလို ပဲေလ့စ္၊ ဗီလာနဲ႔ လီဗာပူးလ္တို႔ကို သေရရယူထားႏိုင္ခဲ့ၿပီး ဘ႐ိုက္တန္အသင္းကိုသာ ေနာက္ဆုံးမိနစ္ေပးဂိုးနဲ႔ ရႈံးနိမ့္ထားခဲ့တာပါ။

လီဗာပူးလ္ကို သုံးဂိုးျပန္သြင္းၿပီး သေရကစားႏိုင္ခဲ့တဲ့ ပုံစံက ခ်ဲလ္ဆီးတို႔အတြက္ေတာ့ မ်က္ခုံးလႈပ္စရာလည္းျဖစ္ေနၿပီး ကြန္ျမဴနတီကြင္းမွာ အသင္းႀကီးေတြကို ၿဖိဳဖ်က္ျပႏိုင္ခဲ့တဲ့ ပုံစံမွာ ပ်ားတုပ္ခံရမယ့္ သားေကာင္တစ္ေကာင္ ထပ္မျဖစ္ရေအာင္ သူတို႔ေတြအေနနဲ႔ ဘယ္လို ေရွာင္လႊဲရမယ္ဆိုတာကလည္း ပြဲႀကိဳမွာ အားလုံးက စိတ္ဝင္တစားပုံစံနဲ႔ အေရးပါလာခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္တို႔ရဲ႕ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ရဲ႕ သူလူေတြကို ပုံစံက်ေအာင္ ေမာင္းႏွင္ထားႏိုင္တဲ့ အရည္အေသြးက အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ကို အငိုက္မိေစခဲ့အၿပီးမွာ သူတို႔ရဲ႕ တတိယေျမာက္ ထိပ္တန္းအသင္းႀကီးအျဖစ္ ရင္ဆိုင္ရမယ့္ ခ်ဲလ္ဆီးကိုလည္း မထင္တဲ့ ပုံစံေတြနဲ႔ ထိုးႏွက္ဖို႔ ႀကံစည္ေနမွာက ေျမႀကီးလက္ခတ္မလြဲပဲျဖစ္ေနခ်ိန္မွာ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ဘယ္လိုမ်ိဳး ရင္ဆိုင္သင့္သလဲဆိုတာကို ေဒးလီးေမးလ္က အႀကံေပးသြားပါတယ္။

ၿပီးခဲ့တဲ့ ပြဲစဥ္ ၆ က လီဗာပူးလ္ကို သေရဆြဲခ်ၿပီး သူတို႔ကို အက်ိဳးျပဳခဲ့တဲ့ ဘရန႔္ဖို႔ဒ္တို႔ကို ေက်းဇူးတင္ဖို႔ ေကာင္းေပမယ့္ ဒီတစ္ပတ္မွာေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ေက်းမစြပ္ရင္ မျဖစ္သလို ေနာက္က ထပ္ၾကပ္မကြာလိုက္ႏိုင္တဲ့ အသင္းေတြကို အခြင့္အေရးေပးလို႔ မျဖစ္တာေၾကာင့္ ပ်ားေတြရဲ႕ အဓိက အားသာခ်က္ ၃ ခ်က္ေလာက္ကို သတိႀကီးႀကီးနဲ႔ ရင္ဆိုင္ရမွာပါ။

၁။ ညာေတာင္ပံမွ ျဖတ္တင္ေဘာမ်ား
လီဗာပူးလ္တို႔ ပ်ားတုပ္ခံလိုက္ရတာ ဒီအကြက္ပဲျဖစ္ပါတယ္။ သုံးဂိုးစလုံးကို ကေလာ့ပ္ရဲ႕ လူေတြက ျဖတ္တင္ေဘာေတြကေန ခြင့္ျပဳလိုက္ရတာပါ။ ပထမဂိုးမွာ ညာေတာင္ပံက အနိမ့္ေဘာ၊ ဒုတိယဂိုးမွာလည္း ညာျခမ္းကပဲ အျမင့္ေဘာ၊ တတိယဂိုးမွာလည္း ညာျခမ္းကပဲ အျမင့္ေဘာေတြက ထိုးႏွက္ခဲ့ၿပီး ဗန္ဒိုက္နဲ႔ မာတစ္ပ္တို႔ဟာ ဒီ႐ိုးစင္းလွတဲ့ အကြက္ေတြမွာပဲ တိုင္ပတ္ေနခဲ့ၾကတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ အျမင့္ေဘာ ေကာင္းမြန္တဲ့ အသင္းတစ္သင္းျဖစ္ေပမယ့္ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ တရစပ္ျဖတ္တင္လာမွာကို ေခ်းဝဲလ္နဲ႔ အလြန္ဆိုတို႔ တစ္ေယာက္ေယာက္ ပြဲထြက္လာမယ့္ ဘယ္ျခမ္းက ခြင့္ျပဳေပးထားရမွာျဖစ္ၿပီး လီဗာပူးလ္ထက္ သာလြန္တဲ့ ခံစစ္မႉးတစ္ေယာက္ အပိုရွိေနတဲ့ သုံးေယာက္ ဗဟိုခံစစ္က ရွင္းထုတ္ႏိုင္ရဖို႔ တူဟယ္လ္အေနနဲ႔ ၫႊန္ၾကားထားရမွာျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္တို႔ရဲ႕ ျဖတ္တင္ေဘာေတြက မ်ားေသာအားျဖင့္ အျမင့္ေဘာဆိုရင္ အေဝးတိုင္ဘက္ကို ေခါင္းတိုက္အသုံးခ်ဖို႔ တင္ေပးေလ့ရွိၿပီး အနိမ့္ေဘာဆိုရင္ေတာ့ အနီးတိုင္ဘက္က ေျပးဝင္ပိတ္ဖို႔ ေပးေလ့ရွိတာေၾကာင့္ ခ်ဲလ္ဆီးတို႔ သတိမလြတ္ဘဲ ခုခံကာကြယ္ႏိုင္မႈနဲ႔ ဂိုးသမား မန္ဒီရဲ႕ လက္စြမ္းကလည္း အေရးပါလာမွာ ျဖစ္သလို လီဗာပူးလ္တို႔ ခံစားလိုက္ရတဲ့ အေဝးတိုင္ေနရာမွာ ရွိေနမယ့္ အက္ဇ္ပီလီေကြတာရဲ႕ ေနရာမွာ အေျပာင္းအလဲ လုပ္မလားဆိုတာကလည္း စိတ္ဝင္စားရာျဖစ္ေနပါတယ္။

၂။ ပုံစံမတူတဲ့ တိုက္စစ္ပိုင္း ထိုးေဖာက္မႈမ်ား
ဘရန႔္ဖို႔ဒ္ရဲ႕ တိုက္စစ္မွာ အသင္းေတြ မ်က္စိလည္ႏိုင္တာကေတာ့ မတူညီတဲ့ တိုက္စစ္သမားေတြရဲ႕ ရႈပ္ေထြးမႈပဲ ျဖစ္ပါတယ္။ တိုက္စစ္မွာ သုံးေယာက္အျပည့္ ကစားရင္ ကာႏို႔စ္၊ အမ္ဘူးမိုနဲ႔ တိုနီတို႔ ပြဲထြက္ခ်ိန္မွာ သူမ်ားေတြထက္ ႀကံ့ခိုင္မႈသာတဲ့ တိုနီက အျမင့္ေဘာေတြကို လက္ခံရယူၿပီး ေခါင္းတိုက္ေပးႏိုင္သလို ေဘာလုံးခင္းေပးတဲ့ ေနရာမွာလည္း ေလွ်ာ့တြက္လို႔မရတဲ့ စြမ္းရည္ကို ပိုင္ဆိုင္ထားပါတယ္။

စာ႐ြက္ေပၚမွာ ၃-၅-၂ ျဖစ္ေပမယ့္ ၃-၄-၃ ကစားဖို႔ကိုလည္း ႀကိဳးစားေလ့ရွိတဲ့ ဘရန႔္ဖို႔ဒ္ဟာ ခ်ဲလ္ဆီးအသင္းကို သူတို႔ရဲ႕ ကစားကြက္အရွင္နဲ႔ မ်က္စိလည္ေစဖို႔ ႀကိဳးစားမွာျဖစ္ၿပီး ဒီကေနမွ လြတ္တိုင္းေျပးမယ့္ အမ္ဘူးမိုက ေနရာလြတ္ေတြကို အသုံးခ်ေလ့ရွိသလို ကာႏို႔စ္ကေတာ့ ဘယ္ျခမ္းကေန ၿခိမ္းေျခာက္လာမွာပါ။ ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ တိုက္စစ္ကို Overload လုပ္ခ်ိန္မွာ ခံစစ္ရဲ႕ အားေလ်ာ့သြားမႈေတြကို လီဗာပူးလ္တို႔ ေကာင္းေကာင္းအသုံးခ်သြားခဲ့သလိုမ်ိဳး တီမို ဗာနာက သူ႔ရဲ႕ အျမန္ႏႈန္းနဲ႔ လုပ္ေဆာင္ႏိုင္မလား ၾကည့္ရမွာပါ။

၃။ ကံၾကမၼာရဲ႕ ေဖးမမႈ
ဘရန႔္ဖို႔ဒ္တို႔ရဲ႕ ဂိုးရယူမႈေတြမွာ အမွန္တကယ္ရသင့္တဲ့ ဂိုး xG နဲ႔ ရထားတဲ့ ဂိုးအေရအတြက္မွာ ရဂိုးက သာေနခဲ့တာပါ။ အာဆင္နယ္နဲ႔ပြဲမွာ ၁.၄၃ ကို ၂ ဂိုး၊ လီဗာပူးလ္နဲ႔ပြဲမွာ ၂.၇၂ ကို ၃ ဂိုး ရယူထားခဲ့ၿပီး ဂိုးေပါက္တည့္မႈ အႀကိမ္ေရ ခပ္နည္းနည္းနဲ႔ပဲ ႏွစ္ပြဲစလုံးမွာ ဂိုးထက္ ဂိုးေပါက္တည့္မႈက တစ္ႀကိမ္သာ ကြာဟခဲ့တာကိုေတာ့ ေလွ်ာ့တြက္မရတဲ့ အခ်က္လို႔ ဆိုရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ အိမ္ကြင္းမွာ ဝုန္းဒိုင္းႀကဲလာမွာျဖစ္သလို ဂိုးေရွ႕ေရာက္ရင္ ကံေကာင္းတတ္တဲ့ ပ်ားေတြကို ျခေသၤ့ျပာတို႔ လန္ဒန္ဒါဘီပြဲမွာ သတိႀကီးႀကီးနဲ႔ အာ႐ုံစူးစိုက္မႈ မလြတ္ဘဲ ကစားရမွာျဖစ္ၿပီး လီဗာပူးလ္တို႔ ေပးသြားတဲ့ သင္ခန္းစာထဲက အားနည္းခ်က္နဲ႔ အားသာခ်က္ေတြကို ထုတ္ႏုတ္ၿပီး ကစားႏိုင္ခဲ့ရင္ နည္းျပ တူဟယ္လ္အတြက္ ခက္ခဲေပမယ့္ ထိုက္တန္တဲ့ ေအာင္ပြဲကို ရရွိႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.