La Liga Ligue1

မက်ဆီက မေဂျာလိဂ်နဲ့ အာရှလိဂ်တွေကို သွားကစားရမှာလို့ ဘာတိုမြူ ဘာလို့ ပြောခဲ့တာလဲ

ဘာစီလိုနာအသင်း ဥက္ကဌ ဘာတိုမြူက ၂၀၂၀ ခုနှစ်မှာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး အသင်းကနေ ထွက်ခွာမှာကို တားဆီးနိုင်ခဲ့ပေမယ့် နောက်နွေရာသီမှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ဘာတိုမြူက ဘာစီလိုနာအသင်းအနေနဲ့ လီယွန်နယ် မက်ဆီကို ၂၀၂၁ ခုနှစ် နွေရာသီမှာ ထွက်ခွာခွင့်ပေးလိုက်တာက အမှားကျူးလွန်ခဲ့တာဖြစ်တယ်လို့ ပြစ်တင်ခဲ့ပြီး ၎င်းသာဆိုရင် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးကို မေဂျာလိဂ် ဒါမှမဟုတ် အာရှကိုပဲ ထွက်ခွာခွင့်ပေးသွားမှာလို့ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ ဘယ်လွန်ဒေါ ၆ ဆုရှင်က နူးကမ့်ကို စွန့်ခွာဖို့အတွက် ပထမဆုံးအကြိမ် တွန်းအားပေးခဲ့တဲ့အချိန်တုန်းက ဘာတိုမြူက အဲဒီရပ်တည်ချက်အတိုင်း တင်းခံခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ အသိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် သဘောတူညီမှုဟာ နောက်ဆုံးမှာတော့ ပြိုလဲသွားခဲ့ပြီး ဘဏ္ဍာရေးပိုင်း စီမံခန့်ခွဲမှုအလွဲတွေက လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုမယ့်ကိစ္စကို အဟန့်အတားဖြစ်ခဲ့ပြီး ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးဟာ လီဂူးဝမ်းထိပ်သီးအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီကိုပဲ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။ ကတ်တလန်ထိပ်သီးအသင်းကြီးမှာ စီးပွားရေး အကြပ်အတည်းတွေအတွက် ပြစ်တင်ဝေဖန်မှု အများဆုံး ခါးစည်းခံခဲ့ရတဲ့ ဘာတိုမြူက ၎င်းရဲ့ဥက္ကဌနေရာကို ဆက်ခံသူဖြစ်တဲ့ လာပေါ်တာဟာ မက်ဆီကို ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ဘူးလို့ Mundo Deportivo ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အမြဲတမ်း တွေးခဲ့တာက သူ ကျွန်တော်တို့နဲ့ ရှိနေဖို့က မရှိမဖြစ်ပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံးဖြစ်နေလို့တင်မဟုတ်ဘဲ သူ့ရဲ့ စီးပွားရေးနဲ့ အဖွဲ့အစည်းအပေါ် အကျိုးပြုနိုင်မှုတို့ကြောင့်လည်း ပါပါတယ်”

“မက်ဆီကို ထွက်ခွင့်ပေးလိုက်တာက အမှားကျူးလွန်လိုက်တာပဲ။ သူက ဘောလုံးသမားတစ်ယောက်ထက်ကို အများကြီးပိုတဲ့ ကိုယ်စားပြုမှုမျိုး ရှိတဲ့သူပါ”လို့ ပြောကြားခဲ့ပါတယ်။

အဆုံးမှာတော့ လာလီဂါထိပ်ဦးအသင်းကြီးဟာ ရွေးချယ်စရာ လုံးဝမရှိတော့ဘဲ မက်ဆီကို သွားချင်တဲ့အသင်းသွားဖို့ တံခါးဖွင့်ပေးခဲ့ရပြီး ပီအက်ဂျီအသင်းဟာ ၎င်းတို့ရဲ့ ငွေသုံးနိုင်စွမ်းကြောင့် နေမာ၊ အမ်ဘာပေတို့လို ကစားသမားတွေကို ခေါ်ယူထားနိုင်တဲ့အတွက် မက်ဆီရဲ့ကြီးမားတဲ့လစာကို ပေးချေနိုင်မယ့် ရှားရှားပါပါးအသင်းတွေထဲမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။

ဘာတိုမြူက ပြင်သစ်မှာ ဘာစီလိုနာဂန္တဝင်ကစားသမား ကစားနေတာကို မြင်နေရတာကို စိတ်ပျက်နေဆဲဖြစ်ပြီး ဘာစီလိုနာအနေနဲ့ မက်ဆီရဲ့ ကစားသမားဘဝနောက်ဆုံးအချိန်မှာ စိန်ခေါ်မှုအသစ်တွေ ရှာဖို့ အသင်းက ထွက်ခွာခွင့်ပြုခဲ့ရင်တောင် ဥရောပအပြင်ဘက်မှာသာ ရှာဖွေခွင့်ပေးရမှာလို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက လီယွန်နယ် မက်ဆီ ပထမဆုံးအကြိမ် အသင်းကို စွန့်ခွာချင်တယ်လို့ အသိပေးခဲ့တဲ့အချိန်တုန်းက ဘာတိုမြူက “မက်ဆီက အသင်းကို စွန့်ခွာချင်ခဲ့ပါတယ်။ အဲဒီအကြောင်းကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ကျွန်တော်ကတော့ မသွားရဘူးလို့ ပြောခဲ့ပါတယ်”

“ကျွန်တော် အမြဲတမ်း တွေးခဲ့မိတာက မက်ဆီဟာ အသင်းအတွက် အရမ်းအရေးပါတယ်။ ဘာကာက သူ့အတွက် အရမ်းအရေးပါပြီး သူသာ ထွက်သွားရင် ပြဿနာအကြီးကြီး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ထားခဲ့တဲ့အတိုင်း အခု ဖြစ်လာနေပါပြီ”

“ကျွန်တော် သူ့ကို မင်း ဇာဗီနဲ့ အင်နီယေစတာလို့လိုမျိုး ကာတာ၊ တရုတ်၊ အမေရိကတို့ကို သွားချင်သွားလို့ ပြောခဲ့တယ်။ ကျွန်တော်တို့ အဲဒီအကြောင်းကို ပြောခဲ့ကြပြီး အဲဒီလိုမျိုးဆို ကျွန်တော်တို့ ဂုဏ်ပြုပွဲနဲ့ နှုတ်ဆက်ပွဲတွေ ပြုလုပ်သွားမှာပါ။ ဒါပေမယ့် မက်ဆီမှာက ပြောင်းရမယ့်အသင်းမရှိသေးဘဲ သူက လွတ်လွတ်လပ်လပ်ဖြစ်ချင်ခဲ့တာပဲရှိတာပါ”

“သူ့ကို ကျွန်တော်တို့ ပြောခဲ့တယ်။ ဘာကာက ဥရောပမှာ မင်းကစားတဲ့ နောက်ဆုံးကလပ်ပဲ ဖြစ်ချင်တယ်။ မင်း တခြားတိုက်တွေကို သွားချင်တယ်ဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ငါတို့ မင်းကို အသင်းမှာ ဆက်ရှိစေချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်”

“အဲဒါက ၂၀၂၀ နွေရာသီတုန်းက ဖြစ်ခဲ့တဲ့ကိစ္စထဲက အနည်းအကျဉ်းပါ။ ကျွန်တော်တို့က သူ့ကို အသင်းမှာ ဆက်နေစေချင်တယ်လို့ ပြောပြီး သူက ထွက်ချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘယ်သွားရမှန်းလည်း သူ မသိဘူး။ ကျွန်တော် အမြဲတမ်း သူ့ကို ဘယ်သွားချင်တာလဲလို့ မေးခဲ့ပါတယ်”လို့ ဘာတိုမြူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္း ဥကၠဌ ဘာတိုျမဴက ၂၀၂၀ ခုႏွစ္မွာ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး အသင္းကေန ထြက္ခြာမွာကို တားဆီးနိုင္ခဲ့ေပမယ့္ ေနာက္ေႏြရာသီမွာေတာ့ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။

ဘာတိုျမဴက ဘာစီလိုနာအသင္းအေနနဲ႔ လီယြန္နယ္ မက္ဆီကို ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ထြက္ခြာခြင့္ေပးလိုက္တာက အမွားက်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ ျပစ္တင္ခဲ့ၿပီး ၎သာဆိုရင္ အာဂ်င္တီးနားလက္ေရြးစင္တိုက္စစ္မႉးကို ေမဂ်ာလိဂ္ ဒါမွမဟုတ္ အာရွကိုပဲ ထြက္ခြာခြင့္ေပးသြားမွာလို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္မွာ ဘယ္လြန္ေဒါ ၆ ဆုရွင္က ႏူးကမ့္ကို စြန႔္ခြာဖို႔အတြက္ ပထမဆုံးအႀကိမ္ တြန္းအားေပးခဲ့တဲ့အခ်ိန္တုန္းက ဘာတိုျမဴက အဲဒီရပ္တည္ခ်က္အတိုင္း တင္းခံခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ အသင္းကေန အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳမွာမဟုတ္ဘူးလို႔ အသိေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ သေဘာတူညီမႈဟာ ေနာက္ဆုံးမွာေတာ့ ၿပိဳလဲသြားခဲ့ၿပီး ဘ႑ာေရးပိုင္း စီမံခန႔္ခြဲမႈအလြဲေတြက လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ့္ကိစၥကို အဟန႔္အတားျဖစ္ခဲ့ၿပီး ဘာစီလိုနာဂႏၲဝင္တိုက္စစ္မႉးဟာ လီဂူးဝမ္းထိပ္သီးအသင္းႀကီးျဖစ္တဲ့ ပီအက္စ္ဂ်ီကိုပဲ ေျပာင္းေရႊ႕သြားခဲ့ရတာျဖစ္ပါတယ္။

ကတ္တလန္ထိပ္သီးအသင္းႀကီးမွာ စီးပြားေရး အၾကပ္အတည္းေတြအတြက္ ျပစ္တင္ေဝဖန္မႈ အမ်ားဆုံး ခါးစည္းခံခဲ့ရတဲ့ ဘာတိုျမဴက ၎ရဲ့ဥကၠဌေနရာကို ဆက္ခံသူျဖစ္တဲ့ လာေပၚတာဟာ မက္ဆီကို ထိန္းသိမ္းနိုင္စြမ္း မရွိခဲ့ဘူးလို႔ Mundo Deportivo ကို ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ အျမဲတမ္း ေတြးခဲ့တာက သူ ကၽြန္ေတာ္တို႔နဲ႔ ရွိေနဖို႔က မရွိမျဖစ္ပါ။ သူက ကမၻာေပၚက အေကာင္းဆုံးျဖစ္ေနလို႔တင္မဟုတ္ဘဲ သူ႔ရဲ့ စီးပြားေရးနဲ႔ အဖြဲ႕အစည္းအေပၚ အက်ိဳးျပဳနိုင္မႈတို႔ေၾကာင့္လည္း ပါပါတယ္”

“မက္ဆီကို ထြက္ခြင့္ေပးလိုက္တာက အမွားက်ဴးလြန္လိုက္တာပဲ။ သူက ေဘာလုံးသမားတစ္ေယာက္ထက္ကို အမ်ားႀကီးပိုတဲ့ ကိုယ္စားျပဳမႈမ်ိဳး ရွိတဲ့သူပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အဆုံးမွာေတာ့ လာလီဂါထိပ္ဦးအသင္းႀကီးဟာ ေရြးခ်ယ္စရာ လုံးဝမရွိေတာ့ဘဲ မက္ဆီကို သြားခ်င္တဲ့အသင္းသြားဖို႔ တံခါးဖြင့္ေပးခဲ့ရၿပီး ပီအက္ဂ်ီအသင္းဟာ ၎တို႔ရဲ့ ေငြသုံးနိုင္စြမ္းေၾကာင့္ ေနမာ၊ အမ္ဘာေပတို႔လို ကစားသမားေတြကို ေခၚယူထားနိုင္တဲ့အတြက္ မက္ဆီရဲ့ႀကီးမားတဲ့လစာကို ေပးေခ်နိုင္မယ့္ ရွားရွားပါပါးအသင္းေတြထဲမွာလည္း ပါဝင္ေနတာျဖစ္ပါတယ္။

ဘာတိုျမဴက ျပင္သစ္မွာ ဘာစီလိုနာဂႏၲဝင္ကစားသမား ကစားေနတာကို ျမင္ေနရတာကို စိတ္ပ်က္ေနဆဲျဖစ္ၿပီး ဘာစီလိုနာအေနနဲ႔ မက္ဆီရဲ့ ကစားသမားဘဝေနာက္ဆုံးအခ်ိန္မွာ စိန္ေခၚမႈအသစ္ေတြ ရွာဖို႔ အသင္းက ထြက္ခြာခြင့္ျပဳခဲ့ရင္ေတာင္ ဥေရာပအျပင္ဘက္မွာသာ ရွာေဖြခြင့္ေပးရမွာလို႔ ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္တုန္းက လီယြန္နယ္ မက္ဆီ ပထမဆုံးအႀကိမ္ အသင္းကို စြန႔္ခြာခ်င္တယ္လို႔ အသိေပးခဲ့တဲ့အခ်ိန္တုန္းက ဘာတိုျမဴက “မက္ဆီက အသင္းကို စြန႔္ခြာခ်င္ခဲ့ပါတယ္။ အဲဒီအေၾကာင္းကို ကၽြန္ေတာ္တို႔ ေျပာခဲ့ၾကၿပီး ကၽြန္ေတာ္ကေတာ့ မသြားရဘူးလို႔ ေျပာခဲ့ပါတယ္”

“ကၽြန္ေတာ္ အျမဲတမ္း ေတြးခဲ့မိတာက မက္ဆီဟာ အသင္းအတြက္ အရမ္းအေရးပါတယ္။ ဘာကာက သူ႔အတြက္ အရမ္းအေရးပါၿပီး သူသာ ထြက္သြားရင္ ျပႆနာအႀကီးႀကီး ျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ထားခဲ့တဲ့အတိုင္း အခု ျဖစ္လာေနပါၿပီ”

“ကၽြန္ေတာ္ သူ႔ကို မင္း ဇာဗီနဲ႔ အင္နီေယစတာလို႔လိုမ်ိဳး ကာတာ၊ တ႐ုတ္၊ အေမရိကတို႔ကို သြားခ်င္သြားလို႔ ေျပာခဲ့တယ္။ ကၽြန္ေတာ္တို႔ အဲဒီအေၾကာင္းကို ေျပာခဲ့ၾကၿပီး အဲဒီလိုမ်ိဳးဆို ကၽြန္ေတာ္တို႔ ဂုဏ္ျပဳပြဲနဲ႔ ႏႈတ္ဆက္ပြဲေတြ ျပဳလုပ္သြားမွာပါ။ ဒါေပမယ့္ မက္ဆီမွာက ေျပာင္းရမယ့္အသင္းမရွိေသးဘဲ သူက လြတ္လြတ္လပ္လပ္ျဖစ္ခ်င္ခဲ့တာပဲရွိတာပါ”

“သူ႔ကို ကၽြန္ေတာ္တို႔ ေျပာခဲ့တယ္။ ဘာကာက ဥေရာပမွာ မင္းကစားတဲ့ ေနာက္ဆုံးကလပ္ပဲ ျဖစ္ခ်င္တယ္။ မင္း တျခားတိုက္ေတြကို သြားခ်င္တယ္ဆိုရင္ ျပႆနာမရွိဘူး။ ဒါေပမယ့္ ငါတို႔ မင္းကို အသင္းမွာ ဆက္ရွိေစခ်င္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္”

“အဲဒါက ၂၀၂၀ ေႏြရာသီတုန္းက ျဖစ္ခဲ့တဲ့ကိစၥထဲက အနည္းအက်ဥ္းပါ။ ကၽြန္ေတာ္တို႔က သူ႔ကို အသင္းမွာ ဆက္ေနေစခ်င္တယ္လို႔ ေျပာၿပီး သူက ထြက္ခ်င္တယ္လို႔ ေျပာတယ္။ ဒါေပမယ့္ ဘယ္သြားရမွန္းလည္း သူ မသိဘူး။ ကၽြန္ေတာ္ အျမဲတမ္း သူ႔ကို ဘယ္သြားခ်င္တာလဲလို႔ ေမးခဲ့ပါတယ္”လို႔ ဘာတိုျမဴက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.