Ligue1

အမ်ဘာပေကို CR7၊ မက်ဆီတို့နဲ့ တန်းညှိလိုက်တဲ့ ပိုချက်တီနို နှုတ်ကျွံခဲ့လေပြီလား

PSG အသင်းနည်းပြ ပိုချက်တီနိုကတော့ သူ့ရဲ့တိုက်စစ်မှူး ခီလီယံ အမ်ဘာပေဟာ ကမ္ဘာမှာ သက်သေပြစရာမလိုတော့တဲ့ GOAT အဆင့် ကစားသမားကြီးနှစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီတို့နဲ့ ဘောလုံးအဆင့်အတန်းတခုတည်းမှာ ရပ်တည်နေတယ်လို့ အံ့အားသင့်စရာကောင်းစွာပဲ ဇန်းတင်ပြီး တန်းညှိသွားခဲ့ပါတယ်။

မိုနာကိုအသင်းကနေ ဖြစ်ထွန်းလာခဲ့တဲ့ အမ်ဘာပေဟာ ဆယ်ကျော်သက်ဘဝမှာတင်ပဲ PSG အသင်းကို ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ နဲ့ ရောက်ရှိလာခဲ့တယ်ဆိုပေမယ့် ပိုချက်တီနိုရဲ့ ယုံကြည်ချက်ကတော့ အနည်းငယ်ထူးဆန်းနေတယ်လို့ ဆိုရမယ့်အချိန်မှာ အသက် ၂၂ နှစ်အရွယ် ပြင်သစ်သားက ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ထားရုံနဲ့ GOAT ကြီးနှစ်ဦးနဲ့ ကြမ်းတပြေးတည်းထိုင်လို့ရပြီလားဆိုတဲ့ မေးခွန်းကတော့ သူတာဝန်ယူရဦးမှာပါ။

လက်ရှိမှာတော့ သူဟာ ပြင်သစ်လီဂူးဝမ်းအပါအဝင် PSG အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ဂိုးပါဝင်ပတ်သတ်မှု ၉ ကြိမ်ရှိထားသလို သူ့အနေနဲ့ ပါရီကလပ်မှာ မပျော်ရွှင်တော့ဘူးလို့ လူသိရှင်ကြား ခပ်မာမာဘဲ ပြောဆိုထားပြီး ရီးရဲလ်မက်ဒရစ်ဆီ အသည်းအသန်​ပြောင်းရွှေ့လိုနေတဲ့ သူ့ရဲ့ငယ်ဘဝအိပ်မက်ကိုလည်း အကောင်အထည်ဖော်ဖို့ အချိန်အခါကောင်းကို စောင့်နေသူပါ။

” အမ်ဘာပေက ရော်နယ်လ်ဒို၊ မက်ဆီတို့နဲ့ ဘောလုံးအဆင့်အတန်းတခုတည်းမှာ တည်ရှိနေတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ သံသယမရှိပါဘူး။ သူ့ကို နေမာ၊ မက်ဆီတို့နဲ့အတူ အသင်းမှာ ပိုင်ဆိုင်ခွင့်ရထားခြင်းဟာ ကံကောင်းမှုတခုဖြစ်ပါတယ်။ သူ့ကို လေ့ကျင့်ရေးအစီအစဥ်တိုင်းမှာ မြင်တွေ့နေရတာ ကျေနပ်စရာပါ။”

” ကျွန်တော့်အမြင်ကတော့ အမ်ဘာပေ စိတ်ပြောင်းလာဖို့ မျှော်လင့်ထားပါတယ်။ သူ့ရဲ့စာချုပ်က ၂၀၂၂ ဇွန်လ ၃၀ ရက်နေ့အထိ ရှိနေပါတယ်။ သူ PSG မှာ ဆက်နေမယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။ အသင်းက သူ့ကို ကောင်းကောင်းစည်းရုံးနိုင်စွမ်းရှိပါတယ်။ သူ့အနာဂတ်က ဒီအသင်းမှာပဲ ဆက်ရှိနေမှာပါ။” လို့ ဆိုခဲ့တဲ့ ပိုချက်တီနိုရဲ့စကားက နှုတ်ကျွံ ပြန်နုတ်လို့ရပါ့မလားလို့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
PSG အသင္းနည္းျပ ပိုခ်က္တီႏိုကေတာ့ သူ႔ရဲ႕တိုက္စစ္မႉး ခီလီယံ အမ္ဘာေပဟာ ကမာၻမွာ သက္ေသျပစရာမလိုေတာ့တဲ့ GOAT အဆင့္ ကစားသမားႀကီးႏွစ္ဦးျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ လီယြန္နယ္ မက္ဆီတို႔နဲ႔ ေဘာလုံးအဆင့္အတန္းတခုတည္းမွာ ရပ္တည္ေနတယ္လို႔ အံ့အားသင့္စရာေကာင္းစြာပဲ ဇန္းတင္ၿပီး တန္းညႇိသြားခဲ့ပါတယ္။

မိုနာကိုအသင္းကေန ျဖစ္ထြန္းလာခဲ့တဲ့ အမ္ဘာေပဟာ ဆယ္ေက်ာ္သက္ဘဝမွာတင္ပဲ PSG အသင္းကို ကမာၻ႔စံခ်ိန္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၃၀ နဲ႔ ေရာက္ရွိလာခဲ့တယ္ဆိုေပမယ့္ ပိုခ်က္တီႏိုရဲ႕ ယုံၾကည္ခ်က္ကေတာ့ အနည္းငယ္ထူးဆန္းေနတယ္လို႔ ဆိုရမယ့္အခ်ိန္မွာ အသက္ ၂၂ ႏွစ္အ႐ြယ္ ျပင္သစ္သားက ကမာၻ႔ဖလားခ်န္ပီယံဆုကို ကိုင္ေျမႇာက္ထား႐ုံနဲ႔ GOAT ႀကီးႏွစ္ဦးနဲ႔ ၾကမ္းတေျပးတည္းထိုင္လို႔ရၿပီလားဆိုတဲ့ ေမးခြန္းကေတာ့ သူတာဝန္ယူရဦးမွာပါ။

လက္ရွိမွာေတာ့ သူဟာ ျပင္သစ္လီဂူးဝမ္းအပါအဝင္ PSG အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၁ ပြဲကစားၿပီး ဂိုးပါဝင္ပတ္သတ္မႈ ၉ ႀကိမ္ရွိထားသလို သူ႔အေနနဲ႔ ပါရီကလပ္မွာ မေပ်ာ္႐ႊင္ေတာ့ဘူးလို႔ လူသိရွင္ၾကား ခပ္မာမာဘဲ ေျပာဆိုထားၿပီး ရီးရဲလ္မက္ဒရစ္ဆီ အသည္းအသန္​ေျပာင္းေ႐ႊ႕လိုေနတဲ့ သူ႔ရဲ႕ငယ္ဘဝအိပ္မက္ကိုလည္း အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္အခါေကာင္းကို ေစာင့္ေနသူပါ။

” အမ္ဘာေပက ေရာ္နယ္လ္ဒို၊ မက္ဆီတို႔နဲ႔ ေဘာလုံးအဆင့္အတန္းတခုတည္းမွာ တည္ရွိေနတယ္ဆိုတာကို ကြၽန္ေတာ့္အေနနဲ႔ သံသယမရွိပါဘူး။ သူ႔ကို ေနမာ၊ မက္ဆီတို႔နဲ႔အတူ အသင္းမွာ ပိုင္ဆိုင္ခြင့္ရထားျခင္းဟာ ကံေကာင္းမႈတခုျဖစ္ပါတယ္။ သူ႔ကို ေလ့က်င့္ေရးအစီအစဥ္တိုင္းမွာ ျမင္ေတြ႕ေနရတာ ေက်နပ္စရာပါ။”

” ကြၽန္ေတာ့္အျမင္ကေတာ့ အမ္ဘာေပ စိတ္ေျပာင္းလာဖို႔ ေမွ်ာ္လင့္ထားပါတယ္။ သူ႔ရဲ႕စာခ်ဳပ္က ၂၀၂၂ ဇြန္လ ၃၀ ရက္ေန႔အထိ ရွိေနပါတယ္။ သူ PSG မွာ ဆက္ေနမယ္ဆိုရင္ ျဖစ္ႏိုင္ပါေသးတယ္။ အသင္းက သူ႔ကို ေကာင္းေကာင္းစည္း႐ုံးႏိုင္စြမ္းရွိပါတယ္။ သူ႔အနာဂတ္က ဒီအသင္းမွာပဲ ဆက္ရွိေနမွာပါ။” လို႔ ဆိုခဲ့တဲ့ ပိုခ်က္တီႏိုရဲ႕စကားက ႏႈတ္ကြၽံ ျပန္ႏုတ္လို႔ရပါ့မလားလို႔ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.