Ligue1

နေမာနဲ့ မက်ဆီမပါတဲ့အသင်းအတွက် တစ်ယောက်တည်းရုန်းပြီး နိုင်ပွဲရယူပေးခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ လီဂူးဝမ်းအမှတ်ပေးဇယားကို ၉ မှတ်ဖြတ် ဦးဆောင်နိုင်မှုကို ရှေ့ဆက်နိုင်အောင် အွန်းဂျေးနဲ့ ကစားခဲ့တဲ့ သောကြာနေ့ညပွဲစဉ်မှာ ၂-၁ နဲ့ အနိုင်ရရှိအောင် နောက်ကျပင်နယ်တီသွင်းဂိုးနဲ့ ကူညီပေးခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အန်ဂျလို ဖူလ်ဂျီနီရဲ့ ပထမပိုင်းအဖွင့်ဂိုးကို ဒုတိယပိုင်း ၆၉ မိနစ်မှာ ဒါနီလို ပါရဲရားက ချေပခဲ့ပြီးနောက် ပွဲကစားချိန်ပြည့်ဖို့ ၃ မိနစ်အလိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အွန်ဂျေးဟာ ပထမပိုင်းမှာ ပီအက်စ်ဂျီကို လွှမ်းမိုးကစားနိုင်ခဲ့ပြီး ပိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပေမယ့်လည်း VAR က ပီးရစ်ခ် ကာပဲလ်လာ ဘောလုံးကို လက်နဲ့ထိတဲ့အတွက် ပီအက်စ်ဂျီအသင်းကို ပင်နယ်တီပေးခဲ့ပြီးနောက် ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။

ပီအက်ဂျီ ကြယ်ပွင့်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ နေမာနဲ့ လီယွန်နယ် မက်ဆီတို့ဟာ အွန်ဂျေးနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ အမ်ဘာပေဟာ အီကာဒီ၊ ရာဖင်ညာတို့နဲ့အတူ တိုက်စစ်ကို ဦးဆောင်ခဲ့တာဖြစ်ပြီး အသင်းအတွက် အဖိုးတန်တဲ့ အိမ်ကွင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကြာသပတေးနေ့မှာ ပဲရစ်ကို ပြန်လာခဲ့ပြီးနောက် ဇနီးသည်နဲ့အတူ ပီအက်စ်ဂျီနဲ့ အွန်ဂျေးတို့ကစားခဲ့တဲ့ပွဲစဉ်ကို ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့ပြီး နေမာကတော့ ကြာသပတေးနေ့ကမှ ဘရာဇီးလ်အသင်းက ဥရုဂွေးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးထားခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အိန်ဂျယ် ဒီ မာရီယာနဲ့ လီအန်ဒရို ပါရီဒက်စ်တို့ကလည်း ပီရူးအသင်းကို အာဂျင်တီးနားအသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မက်ဆီနဲ့အတူ ပါဝင်ကစားပေးခဲ့ကြတာကြောင့် အွန်ဂျေးအသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ကြပြီး လာမယ့် အင်္ဂါနေ့မှာတော့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

အွန်ဂျေးနဲ့ ကစားခဲ့တဲ့ အသင်းရဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ နောက်ထပ် တောင်အမေရိကကစားသမားတစ်ဦးဖြစ်တဲ့ နေမာဟာ ဥရုဂွေးနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ရာဖင်ညာက ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ၂ ဂိုး၊ ဂါဘရီရယ်လ် ဘာဘိုဆာက ပွဲပြီးဆုံးဖို့ ၇ မိနစ်အလိုမှာ စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဥရုဂွေးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို လူးဝစ္စ ဆွာရက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းရဲ့ လီဂူးဝမ္းအမွတ္ေပးဇယားကို ၉ မွတ္ျဖတ္ ဦးေဆာင္နိုင္မႈကို ေရွ႕ဆက္နိုင္ေအာင္ အြန္းေဂ်းနဲ႔ ကစားခဲ့တဲ့ ေသာၾကာေန႔ညပြဲစဥ္မွာ ၂-၁ နဲ႔ အနိုင္ရရွိေအာင္ ေနာက္က်ပင္နယ္တီသြင္းဂိုးနဲ႔ ကူညီေပးခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ အန္ဂ်လို ဖူလ္ဂ်ီနီရဲ့ ပထမပိုင္းအဖြင့္ဂိုးကို ဒုတိယပိုင္း ၆၉ မိနစ္မွာ ဒါနီလို ပါရဲရားက ေခ်ပခဲ့ၿပီးေနာက္ ပြဲကစားခ်ိန္ျပည့္ဖို႔ ၃ မိနစ္အလိုမွာ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ အနိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ၄ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အြန္ေဂ်းဟာ ပထမပိုင္းမွာ ပီအက္စ္ဂ်ီကို လႊမ္းမိုးကစားနိုင္ခဲ့ၿပီး ပိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ေပမယ့္လည္း VAR က ပီးရစ္ခ္ ကာပဲလ္လာ ေဘာလုံးကို လက္နဲ႔ထိတဲ့အတြက္ ပီအက္စ္ဂ်ီအသင္းကို ပင္နယ္တီေပးခဲ့ၿပီးေနာက္ ရမွတ္ ၁၆ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ခဲ့ရတာျဖစ္ပါတယ္။

ပီအက္ဂ်ီ ၾကယ္ပြင့္တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ေနမာနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ အြန္ေဂ်းနဲ႔ပြဲစဥ္မွာ ပါဝင္ကစားေပးနိုင္ခဲ့ျခင္းမရွိဘဲ အမ္ဘာေပဟာ အီကာဒီ၊ ရာဖင္ညာတို႔နဲ႔အတူ တိုက္စစ္ကို ဦးေဆာင္ခဲ့တာျဖစ္ၿပီး အသင္းအတြက္ အဖိုးတန္တဲ့ အိမ္ကြင္းနိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၾကာသပေတးေန႔မွာ ပဲရစ္ကို ျပန္လာခဲ့ၿပီးေနာက္ ဇနီးသည္နဲ႔အတူ ပီအက္စ္ဂ်ီနဲ႔ အြန္ေဂ်းတို႔ကစားခဲ့တဲ့ပြဲစဥ္ကို ပြဲၾကည့္စင္ကေန လာေရာက္ၾကည့္ရႈခဲ့ၿပီး ေနမာကေတာ့ ၾကာသပေတးေန႔ကမွ ဘရာဇီးလ္အသင္းက ဥ႐ုေဂြးကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးထားခဲ့တဲ့အတြက္ ပီအက္စ္ဂ်ီအသင္းနဲ႔ပြဲစဥ္မွာ ပါဝင္ကစားေပးနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

အိန္ဂ်ယ္ ဒီ မာရီယာနဲ႔ လီအန္ဒရို ပါရီဒက္စ္တို႔ကလည္း ပီ႐ူးအသင္းကို အာဂ်င္တီးနားအသင္းက ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ မက္ဆီနဲ႔အတူ ပါဝင္ကစားေပးခဲ့ၾကတာေၾကာင့္ အြန္ေဂ်းအသင္းနဲ႔ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၾကၿပီး လာမယ့္ အဂၤါေန႔မွာေတာ့ ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လိုက္ပ္ဇစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။

အြန္ေဂ်းနဲ႔ ကစားခဲ့တဲ့ အသင္းရဲ့ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တဲ့ ေနာက္ထပ္ ေတာင္အေမရိကကစားသမားတစ္ဦးျဖစ္တဲ့ ေနမာဟာ ဥ႐ုေဂြးနဲ႔ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲမွာ အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ရာဖင္ညာက ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ ၂ ဂိုး၊ ဂါဘရီရယ္လ္ ဘာဘိုဆာက ပြဲၿပီးဆုံးဖို႔ ၇ မိနစ္အလိုမွာ စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ဥ႐ုေဂြးအသင္းအတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကို လူးဝစၥ ဆြာရက္ဇ္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.