International Premier League

အယ်လစ်ဆန်နဲ့ ဖာဘင်ညိုကို အင်္ဂလန်ပြန်မခေါ်ဘဲ စပိန်ကို ကြိုပို့ထားမယ့် လီဗာပူးလ်

ဘရာဇီးလ်အသင်းရဲ့ သောကြာနေ့မှာ ကစားခဲ့တဲ့ ခြေစစ်ပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ ဂိုးသမား အယ်လစ်ဆန်နဲ့ ကွင်းလယ်လူ ဖာဘင်ညိုတို့ကို အင်္ဂလန်ရဲ့ တင်းကျပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ပြန်မလာခိုင်းတော့ဘဲ နောက်ပွဲစဉ်ကစားမယ့် စပိန်မြေကို ကြိုတင်ပို့ဆောင်သွားဖို့ လီဗာပူးလ်အသင်းက စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဥရုဂွေးကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ အရန်ခုံက ပါဝင်ခဲ့တဲ့ အယ်လစ်ဆန်နဲ့ ပွဲချိန် ၇၁ မိနစ်အထိ ကစားခဲ့တဲ့ ဖာဘင်ညိုတို့ဟာ ဒီပွဲအပြီး ၃၅ နာရီအကြာမှာ ရင်ဆိုင်ရမယ့် ဝတ်ဖို့ဒ်ပွဲအမီ ပြန်လာဖို့ စီးလုံးငှားလေယာဉ်နဲ့ ရောက်လာနိုင်ဖို့ စီစဉ်ထားပေမယ့် ဗြိတိန်ရဲ့ စည်းမျဉ်းတွေ အရတော့ ကစားခွင့်ရမှာ မဟုတ်တာကြောင့် လီဗာပူးလ်တို့အနေနဲ့ အစီအစဉ်ပြောင်းလဲဖို့ စဉ်းစားနေတာပါ။

အင်္ဂလန်မှာသာ ပြည်ဝင်ဖို့ ခြေချခဲ့မယ်ဆိုရင် ကိုလံဘီယာကို သွားရောက်ကစားထားတဲ့ ဘရာဇီးလ်သားနှစ်ဦးအနေနဲ့ သူတို့ရဲ့ စည်းမျဉ်းတွေအရ ၁၀ ရက် ကွာရန်တင်းဝင်ရဖို့ ရှိနေပြီး ဘယ်ဘောလုံးအစီအစဉ်တွေနဲ့မှ ပတ်သက်နိုင်မှာ မဟုတ်သလို ထရိန်နင်တောင် ဆင်းခွင့်ရဖို့ မရှိချိန်မှာ လာမယ့် အင်္ဂါနေ့မှာ ကစားမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ အရေးကြီး ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်တို့အနေနဲ့ ဘရာဇီးလ်က ပြန်လာမယ့် သူတို့နှစ်ယောက်ကို ကန့်သတ်မှုတွေ မရှိတဲ့ စပိန်မြေမှာ တွေ့ဆုံဖို့ အချိန်းအချက် ပြုလုပ်နိုင်သလို မက်ဒရစ်မှာ ကစားရမယ့် အက်သလက်တီကိုနဲ့ ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးမှာ ပူးပေါင်းနိုင်ဖို့ စဉ်းစားနေတာလည်းဖြစ်ပြီး ဥရောပ ပွဲစဉ်တွေကို အဝေးကွင်းတွေမှာ ကစားရမယ့် မန်စီးတီးနဲ့ စပါးစ်တို့ကလည်း ဒီလမ်းစဉ်ကို လိုက်ဖွယ်ရှိနေပါတယ်။

ဒီအချိန်မှာ ကျန်တဲ့ အိမ်ကွင်းတွေမှာပဲ ကစားရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေက ဘရာဇီးလ်သားတွေဖြစ်ကြတဲ့ ဖရက်ဒ်၊ သီယာဂို ဆေးလ်ဗား၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ရာဖင်ညာတို့ကတော့ အင်္ဂလန်မြေကိုပဲ ပြန်နင်းရဖို့ ရှိနေပြီး ကစားခွင့်မရလည်း အသင်းတွေနဲ့ ပူးပေါင်းသွားဖို့ ရှိနေသလို ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာပဲဖြစ်ရတော့မှာပါ။

တောင်အမေရိကဇုန် ခြေစစ်ပွဲတွေနဲ့ ကိုဗစ်စည်းမျဉ်းတွေကြားမှာ ပရီးမီးယားလိဂ်နဲ့ ဘရာဇီးလ်နိုင်ငံတို့ အဓိက အချင်းဖြစ်ပွားနေကြပြီး လက်ရှိအချိန်အထိ ဒေါသတွေနဲ့ မကျေမနပ် တင်းမာမှုတွေကို ဖီဖာရဲ့ ဝင်ရောက်ညှိနှိုင်းမှုနဲ့ ဟန်ဆောင်ဖုံးကွယ်ထားကြသလို တစ်ချိန်ချိန်မှာတော့ ပေါက်ကွဲမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေခဲ့ပါတယ်။

ဒီအခြေအနေကို ရှောင်လွှဲလို့ ရချင်မှ ရမှာဖြစ်ပေမယ့် လီဗာပူးလ်တို့ကတော့ သူတို့အတွက် အဆင်အပြေဆုံးဖြစ်အောင် စီစဉ်သွားဖို့ ရှိနေချိန်မှာ ဂိုးသမား အယ်လစ်ဆန်နဲ့ ကွင်းလယ်လူ ဖာဘင်ညိုတို့ ကစားခွင့်မရှိမယ့် အခြေအနေမှာ အောက်တိုဘာ ၁၉ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် အကွက်ရွှေ့နိုင်သလို ကိုလံဘီယာအထွက် ၁၀ ရက်ပြည့်မယ့် ၂၁ ရက်နေ့နောက်ပိုင်းမှာတော့ မာဆေးဆိုက်ကို ပြန်လည်ပူးပေါင်းသွားစေဖို့ စီစဉ်မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရာဇီးလ္အသင္းရဲ႕ ေသာၾကာေန႔မွာ ကစားခဲ့တဲ့ ေျခစစ္ပြဲစဥ္မွာ ပါဝင္ခဲ့တဲ့ ဂိုးသမား အယ္လစ္ဆန္နဲ႔ ကြင္းလယ္လူ ဖာဘင္ညိဳတို႔ကို အဂၤလန္ရဲ႕ တင္းက်ပ္တဲ့ ကိုဗစ္စည္းမ်ဥ္းေတြကို ေရွာင္လႊဲႏိုင္ဖို႔အတြက္ ျပန္မလာခိုင္းေတာ့ဘဲ ေနာက္ပြဲစဥ္ကစားမယ့္ စပိန္ေျမကို ႀကိဳတင္ပို႔ေဆာင္သြားဖို႔ လီဗာပူးလ္အသင္းက စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

ဥ႐ုေဂြးကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူခဲ့တဲ့ပြဲမွာ အရန္ခုံက ပါဝင္ခဲ့တဲ့ အယ္လစ္ဆန္နဲ႔ ပြဲခ်ိန္ ၇၁ မိနစ္အထိ ကစားခဲ့တဲ့ ဖာဘင္ညိဳတို႔ဟာ ဒီပြဲအၿပီး ၃၅ နာရီအၾကာမွာ ရင္ဆိုင္ရမယ့္ ဝတ္ဖို႔ဒ္ပြဲအမီ ျပန္လာဖို႔ စီးလုံးငွားေလယာဥ္နဲ႔ ေရာက္လာႏိုင္ဖို႔ စီစဥ္ထားေပမယ့္ ၿဗိတိန္ရဲ႕ စည္းမ်ဥ္းေတြ အရေတာ့ ကစားခြင့္ရမွာ မဟုတ္တာေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ အစီအစဥ္ေျပာင္းလဲဖို႔ စဥ္းစားေနတာပါ။

အဂၤလန္မွာသာ ျပည္ဝင္ဖို႔ ေျခခ်ခဲ့မယ္ဆိုရင္ ကိုလံဘီယာကို သြားေရာက္ကစားထားတဲ့ ဘရာဇီးလ္သားႏွစ္ဦးအေနနဲ႔ သူတို႔ရဲ႕ စည္းမ်ဥ္းေတြအရ ၁၀ ရက္ ကြာရန္တင္းဝင္ရဖို႔ ရွိေနၿပီး ဘယ္ေဘာလုံးအစီအစဥ္ေတြနဲ႔မွ ပတ္သက္ႏိုင္မွာ မဟုတ္သလို ထရိန္နင္ေတာင္ ဆင္းခြင့္ရဖို႔ မရွိခ်ိန္မွာ လာမယ့္ အဂၤါေန႔မွာ ကစားမယ့္ အက္သလက္တီကို မက္ဒရစ္နဲ႔ အေရးႀကီး ခ်န္ပီယံလိဂ္ပြဲကိုပါ လြဲေခ်ာ္ရဖို႔ ရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ဘရာဇီးလ္က ျပန္လာမယ့္ သူတို႔ႏွစ္ေယာက္ကို ကန႔္သတ္မႈေတြ မရွိတဲ့ စပိန္ေျမမွာ ေတြ႕ဆုံဖို႔ အခ်ိန္းအခ်က္ ျပဳလုပ္ႏိုင္သလို မက္ဒရစ္မွာ ကစားရမယ့္ အက္သလက္တီကိုနဲ႔ ပြဲစဥ္မတိုင္မီ ေလ့က်င့္ေရးမွာ ပူးေပါင္းႏိုင္ဖို႔ စဥ္းစားေနတာလည္းျဖစ္ၿပီး ဥေရာပ ပြဲစဥ္ေတြကို အေဝးကြင္းေတြမွာ ကစားရမယ့္ မန္စီးတီးနဲ႔ စပါးစ္တို႔ကလည္း ဒီလမ္းစဥ္ကို လိုက္ဖြယ္ရွိေနပါတယ္။

ဒီအခ်ိန္မွာ က်န္တဲ့ အိမ္ကြင္းေတြမွာပဲ ကစားရဖို႔ ရွိေနတဲ့ ပရီးမီးယားလိဂ္အသင္းေတြက ဘရာဇီးလ္သားေတြျဖစ္ၾကတဲ့ ဖရက္ဒ္၊ သီယာဂို ေဆးလ္ဗား၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ရာဖင္ညာတို႔ကေတာ့ အဂၤလန္ေျမကိုပဲ ျပန္နင္းရဖို႔ ရွိေနၿပီး ကစားခြင့္မရလည္း အသင္းေတြနဲ႔ ပူးေပါင္းသြားဖို႔ ရွိေနသလို ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာပဲျဖစ္ရေတာ့မွာပါ။

ေတာင္အေမရိကဇုန္ ေျခစစ္ပြဲေတြနဲ႔ ကိုဗစ္စည္းမ်ဥ္းေတြၾကားမွာ ပရီးမီးယားလိဂ္နဲ႔ ဘရာဇီးလ္ႏိုင္ငံတို႔ အဓိက အခ်င္းျဖစ္ပြားေနၾကၿပီး လက္ရွိအခ်ိန္အထိ ေဒါသေတြနဲ႔ မေက်မနပ္ တင္းမာမႈေတြကို ဖီဖာရဲ႕ ဝင္ေရာက္ညႇိႏႈိင္းမႈနဲ႔ ဟန္ေဆာင္ဖုံးကြယ္ထားၾကသလို တစ္ခ်ိန္ခ်ိန္မွာေတာ့ ေပါက္ကြဲမယ္လို႔ ခန႔္မွန္းမႈေတြလည္း ရွိေနခဲ့ပါတယ္။

ဒီအေျခအေနကို ေရွာင္လႊဲလို႔ ရခ်င္မွ ရမွာျဖစ္ေပမယ့္ လီဗာပူးလ္တို႔ကေတာ့ သူတို႔အတြက္ အဆင္အေျပဆုံးျဖစ္ေအာင္ စီစဥ္သြားဖို႔ ရွိေနခ်ိန္မွာ ဂိုးသမား အယ္လစ္ဆန္နဲ႔ ကြင္းလယ္လူ ဖာဘင္ညိဳတို႔ ကစားခြင့္မရွိမယ့္ အေျခအေနမွာ ေအာက္တိုဘာ ၁၉ ရက္ေန႔မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ အကြက္ေ႐ႊ႕ႏိုင္သလို ကိုလံဘီယာအထြက္ ၁၀ ရက္ျပည့္မယ့္ ၂၁ ရက္ေန႔ေနာက္ပိုင္းမွာေတာ့ မာေဆးဆိုက္ကို ျပန္လည္ပူးေပါင္းသြားေစဖို႔ စီစဥ္မွာ ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.