International Ligue1

ပက်ပ်နဲ့ မော်ကြီးတို့နှစ်ဦးစလုံးအတွက် ကစားပေးခဲ့ဖူးသူတွေထဲက အကောင်းဆုံး ၅ ဦး

ဒီနေ့အချိန်အထိ မော်ဒန်ဘောလုံးမှာ အကောင်းဆုံးဆိုတဲ့ ဥရောပနည်းပြတွေထဲမှာ ထိပ်တန်း နံပါတ် ၁-၂ က မဆင်းဘဲဖြစ်နေခဲ့ပြီး နည်းဗျူဟာနဲ့ ဉာဏ်နီဉာဏ်နက်အများဆုံး နည်းပြနှစ်ဦးဖြစ်ကြတဲ့ ပက်ပ် ဂွါဒီယိုလာနဲ့ ဂျိုဆေး မော်ရင်ညိုတို့အတွက် ကစားပေးခဲ့ကြတဲ့သူတွေထဲက အကောင်းဆုံး ကစားသမား ၅ ဦးက ဘယ်သူတွေဖြစ်ကြမလဲဆိုတာကို ကြည့်ကြရအောင်ပါ…

၅။ ကီဗင် ဒီဘရိုင်းနား
ကီဗင် ဒီဘရိုင်းနားကတော့ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံး ကမ္ဘာ့အဆင့် ပလေးမိတ်ကာဖြစ်ပြီး မော်ဒန်ဘောလုံးရဲ့ ကြီးမားတဲ့ တောင်းဆိုမှုဖြစ်တဲ့ နံပါတ် ၁၀ ဖန်တီးရှင်တွေအနေနဲ့ ကွင်းလယ်နဲ့ ခံစစ်ကို ကူညီပေးရမယ်ဆိုတဲ့ အချက်ကို ကျော်လွှားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသင်းရဲ့ ဟန်ချက်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်သူတစ်ဦးဖြစ်ပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ဘယ်လ်ဂျီယမ်လက်ရွေးစင်ကစားသမားဟာ မန်ချက်စတာစီးတီးမှာလည်း အရေးပါတဲ့ ဂိုးတွေကို သွင်းယူတတ်သူဖြစ်ပါတယ်။

ခံစစ်ကို လိုက်ပါကစားနိုင်တဲ့ တိုက်စစ်သမားဖြစ်လို့ မော်ရင်ညိုလို လူမျိုးအတွက်တော့ အင်မတန် အဖိုးတန်မယ့်သူဖြစ်နေချိန်မှာ လက်ရှိ ရိုးမား နည်းပြအနေနဲ့ သူ့ရဲ့ ချဲလ်ဆီးနေ့ရက်တွေမှာ နှစ်ဦးကြားထဲက ဆက်ဆံရေးကို ပျက်ပြားအောင် ပယ်ချခဲ့ဖူးတာဖြစ်ပြီး ဂျာမန်ကလပ်တွေမှာ သူ့ရဲ့ တိုးတက်မှုနဲ့ ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ကြိုးပမ်းခဲ့ရတဲ့ ဒီဘရိုင်းနားဟာ ဂွါဒီယိုလာအတွက်တော့ အဖိုးတန် အမျိုးမှန်လေးတစ်ဦး ဖြစ်နေခဲ့တာ ကြာပါပြီ။

၄။ အာယန် ရော်ဘန်
ဒတ်ချ်တောင်ပံကစားသမားကြီးကတော့ ပက်ပ်ရော မော်ကြီးပါ မက်မက်စက်စက် သုံးစွဲခဲ့တဲ့သူပါ။ ညာတောင်ပံမှာ ဘယ်ခြေတစ်ပေါက် လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လီယွန်နယ် မက်ဆီနဲ့ မတူတဲ့ အနုမဟုတ်ဘဲ အကြမ်းကိုင်တတ်တဲ့သူလည်းဖြစ်သလို သူ့ရဲ့ အမြန်နှုန်း၊ အတွင်းကို ချိုးပြီး ကန်မယ်မှန်း သိလျက်နဲ့ကို တားဆီးမရနိုင်တာတွေကတော့ ခံစစ်ဘယ်ခြမ်း ကစားသမားတွေအတွက် ရူးလောက်အောင်ဖြစ်ခဲ့ရတဲ့ ပြဿနာအကြီးကြီးလည်းဖြစ်ခဲ့ပါတယ်။

မော်ရင်ညိုနဲ့ ချဲလ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးစဉ်က တိုက်စစ်မှူးတွေ ဒဏ်ရာကြုံနေခဲ့စဉ်မှာ “လူသစ်ထပ်မဝယ်နဲ့၊ ကျုပ်ကစားပြမယ်”လို့ အသင်းကို ရဲရဲကြီးပြောခဲ့တဲ့ တောင်ပံကစားသမားဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်မှာ အပြောင်းအရွှေ့မှားခဲ့ရသလို နည်းပြ ဂွါဒီယိုလာနဲ့ ဘိုင်ယန်မြူးနစ်မှာ ဆုံစည်းတော့ သူ့အသက်က ၂၉ နှစ်အရွယ်နဲ့ အကောင်းဆုံး တောက်ပနေခဲ့ပါပြီ။

ဂွါဒီယိုလာရဲ့ သုံးနှစ်ကြာ ကိုင်တွယ်မှုမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ၃ ကြိမ်အပါအဝင် အဓိက ဆုဖလား ၆ လုံးရယူနိုင်ခဲ့တဲ့ ရော့ဘန်ဟာ မော်ရင်ညိုနဲ့ ချဲလ်ဆီးမှာလည်း တူညီတဲ့ ပမာဏကိုပဲ ပရီးမီးယားလိဂ်ချန်ပီယံ ၂ ကြိမ်နဲ့အတူ စုဆောင်းထားနိုင်ခဲ့ပြီး လက်ရှိမှာတော့ ကစားသမားဘဝ စတင်ရာ ဂရိုနင်ဂျင်အသင်းမှာ အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပေးနေဆဲဖြစ်ပါတယ်။

၃။ ရှာဘီ အလွန်ဆို
ဂွါဒီယိုလာနဲ့ မော်ရင်ညိုတို့ဟာ ကမ္ဘာ့အဆင့် ထိပ်တန်းကွင်းလယ်လူတစ်ဦးဖြစ်ခဲ့သလို လက်ရှိမှာ နည်းပြလောကထဲမှာ တောက်ပလာမယ်လို့ တစ်ပေးခံထားရသူတစ်ဦးကို နှစ်ယောက်စလုံး ကိုင်တွယ်ခဲ့ဖူးပြီး ပေါ်တူဂီသားက သူ့ကို အရင် ရရှိခဲ့တာပါ။ လီဗာပူးလ်အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ အလွန်ဆိုနဲ့ မော်ရင်ညိုတို့ ဆုံစည်းစဉ်မှာတော့ လာလီဂါဖလားတစ်လုံးကိုသာ ဘာစီလိုနာရဲ့ လွှမ်းမိုးမှုအောက်မှာ ရယူနိုင်ခဲ့တာဖြစ်သလို သူတို့နှစ်ဦးရဲ့ အသီးအပွင့်တွေကတော့ နည်းပါးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ဂွါဒီယိုလာ ကိုင်တွယ်တဲ့ ဒုတိယရာသီမှာတော့ ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘတ်စ်ကေးသားအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံအဖြစ် ၂ ကြိမ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ နည်းပြနှစ်ဦးကြားမှာ မတူညီတဲ့ နည်းစနစ်နှစ်မျိုးနဲ့ ကြုံတွေ့ခဲ့ပေမယ့် ဘောလုံးအခြေခံကောင်းပြီး အတွေ့အကြုံများတဲ့ အလွန်ဆိုကတော့ နှစ်ဦးစလုံးအတွက် ကျေနပ်အောင် ကစားပြနိုင်ခဲ့တာပါ။

၂။ ဇလာတန် အီဘရာဟီမိုဗစ်ချ်
ဆွီဒင်တိုက်စစ်မှူးကြီးအတွက်တော့ မော်ရင်ညိုက အရင်တွေ့ဆုံခဲ့ပြီး သေဆိုရင် သေပေးဖို့ အသင့်ပဲလို့ ပြောထားခဲ့ဖူးသူဖြစ်သလို နောက်ကျမှ တွေ့ခဲ့တဲ့ ဂွါဒီယိုလာကိုတော့ မုန်းတီးသူလည်းဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ချ်နဲ့ ဂွါဒီယိုလာတို့ဟာ တကယ်တမ်းတော့ မတွေ့ဆုံသင့်သူတွေဖြစ်သလို ဘာစီလိုနာအသင်းရဲ့ နည်းပြဆိုတာ စီမံခန့်ခွဲသူ နည်းစနစ်အဖွဲ့ရဲ့ လက်အောက်ကလို့ ပညာပြချင်မှုတွေမှာ စပိန်သားနည်းပြ တကယ်တမ်း မလိုချင်တဲ့ ကလန်ကလား တိုက်စစ်မှူးတစ်ယောက် နူးကမ့်ကို ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ တစ်ကျော့ပြန် ဆုံစည်းခဲ့သူ မော်ရင်ညိုနဲ့ အင်တာမီလန်မှာ သုံးနှစ်ဆက်တိုက် စီးရီးအေ စကူဒက်တိုဖလားကို ရယူခဲ့တဲ့ နေ့ရက်တွေက သူ့အတွက် အချိုမြိန်ဆုံးနေ့တွေ ဖြစ်ခဲ့သလို ဘာစီလိုနာကို ဆမ်မြူယယ်လ် အီတူးနဲ့ လဲလှယ်ပြောင်းရွှေ့မှုကတော့ ချန်ပီယံလိဂ်ဖလားရနိုင်ခွင့်ကိုပါ လွှင့်ပစ်သလိုဖြစ်ခဲ့ရပြီး သူ့အတွက်တော့ ဂွါဒီယိုလာ၊ လီယွန်နယ် မက်ဆီတို့နဲ့ ဆုံစည်းခဲ့မှုဟာ မေ့ပစ်ချင်စရာ အတိတ်တွေပဲ ဖြစ်နေခဲ့မှာပါ။

၁။ ဆမ်မြူယယ်လ် အီတူး
ရှေ့က ကစားသမားတွေအားလုံးကို ဂွါဒီယိုလာထက်အရင် မော်ရင်ညိုက လက်ခံရရှိခဲ့တာဖြစ်ပြီး ကင်းမရွန်းတိုက်စစ်မှူးကိုတော့ ဂွါဒီယိုလာက ဘာစီလိုနာမှာ အရင်ဆုံး ကိုင်တွယ်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ မာယော့ကာကနေ ကာတာလန်သားတွေအတွက် ရောက်လာခဲ့ပြီး ဖရန့် ရိုက်ကတ် လက်အောက်မှာကတည်းက အမာခံဖြစ်နေခဲ့တဲ့ အီတူးဟာ ဂွါဒီယိုလာအတွက်တော့ နည်းစနစ်ပိုင်း မကြွယ်ဝဘဲ အကြမ်းစားတိုက်စစ်မှူးတစ်ဦးဖြစ်နေလို့ တစ်ရာသီစာ လက်တွဲမှုမှာ ၃၆ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် အီဘရာဟီမိုဗစ်ချ်နဲ့လဲပြီး မော်ရင်ညိုဆီ ရောက်သွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုလက်ထဲမှာတော့ အင်တာမီလန်နဲ့အတူ ၂၀၀၉-၁၀ ရာသီမှာ တစ်ရာသီတည်း ဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့ချိန်မှာ ပေါ်တူဂီသားကြီးနဲ့ သူ့ရဲ့ကြား အထူးစပယ်ရှယ် ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၃-၁၄ ရာသီမှာ ချဲလ်ဆီးအသင်းမှာလည်း နှစ်ယောက်အတူ ပူးပေါင်းခဲ့ကြသလို အီတူးအတွက်တော့ ဒီနည်းပြနှစ်ဦးက တစ်ဦးပဲ ရွေးဆိုရင် Special One ပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔အခ်ိန္အထိ ေမာ္ဒန္ေဘာလုံးမွာ အေကာင္းဆုံးဆိုတဲ့ ဥေရာပနည္းျပေတြထဲမွာ ထိပ္တန္း နံပါတ္ ၁-၂ က မဆင္းဘဲျဖစ္ေနခဲ့ၿပီး နည္းဗ်ဴဟာနဲ႔ ဉာဏ္နီဉာဏ္နက္အမ်ားဆုံး နည္းျပႏွစ္ဦးျဖစ္ၾကတဲ့ ပက္ပ္ ဂြါဒီယိုလာနဲ႔ ဂ်ိဳေဆး ေမာ္ရင္ညိဳတို႔အတြက္ ကစားေပးခဲ့ၾကတဲ့သူေတြထဲက အေကာင္းဆုံး ကစားသမား ၅ ဦးက ဘယ္သူေတြျဖစ္ၾကမလဲဆိုတာကို ၾကည့္ၾကရေအာင္ပါ…

၅။ ကီဗင္ ဒီဘ႐ိုင္းနား
ကီဗင္ ဒီဘ႐ိုင္းနားကေတာ့ ဒီေန႔ေခတ္ရဲ႕ အေကာင္းဆုံး ကမာၻ႔အဆင့္ ပေလးမိတ္ကာျဖစ္ၿပီး ေမာ္ဒန္ေဘာလုံးရဲ႕ ႀကီးမားတဲ့ ေတာင္းဆိုမႈျဖစ္တဲ့ နံပါတ္ ၁၀ ဖန္တီးရွင္ေတြအေနနဲ႔ ကြင္းလယ္နဲ႔ ခံစစ္ကို ကူညီေပးရမယ္ဆိုတဲ့ အခ်က္ကို ေက်ာ္လႊားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ အသင္းရဲ႕ ဟန္ခ်က္ကို အေကာင္းဆုံး ထိန္းညႇိေပးႏိုင္သူတစ္ဦးျဖစ္ၿပီး ပြဲအေျဖကို ေျပာင္းလဲေပးႏိုင္တဲ့ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္ကစားသမားဟာ မန္ခ်က္စတာစီးတီးမွာလည္း အေရးပါတဲ့ ဂိုးေတြကို သြင္းယူတတ္သူျဖစ္ပါတယ္။

ခံစစ္ကို လိုက္ပါကစားႏိုင္တဲ့ တိုက္စစ္သမားျဖစ္လို႔ ေမာ္ရင္ညိဳလို လူမ်ိဳးအတြက္ေတာ့ အင္မတန္ အဖိုးတန္မယ့္သူျဖစ္ေနခ်ိန္မွာ လက္ရွိ ႐ိုးမား နည္းျပအေနနဲ႔ သူ႔ရဲ႕ ခ်ဲလ္ဆီးေန႔ရက္ေတြမွာ ႏွစ္ဦးၾကားထဲက ဆက္ဆံေရးကို ပ်က္ျပားေအာင္ ပယ္ခ်ခဲ့ဖူးတာျဖစ္ၿပီး ဂ်ာမန္ကလပ္ေတြမွာ သူ႔ရဲ႕ တိုးတက္မႈနဲ႔ ကစားသမားဘဝ ေနာက္တစ္ဆင့္ကို တက္လွမ္းဖို႔ ႀကိဳးပမ္းခဲ့ရတဲ့ ဒီဘ႐ိုင္းနားဟာ ဂြါဒီယိုလာအတြက္ေတာ့ အဖိုးတန္ အမ်ိဳးမွန္ေလးတစ္ဦး ျဖစ္ေနခဲ့တာ ၾကာပါၿပီ။

၄။ အာယန္ ေရာ္ဘန္
ဒတ္ခ်္ေတာင္ပံကစားသမားႀကီးကေတာ့ ပက္ပ္ေရာ ေမာ္ႀကီးပါ မက္မက္စက္စက္ သုံးစြဲခဲ့တဲ့သူပါ။ ညာေတာင္ပံမွာ ဘယ္ေျခတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး လီယြန္နယ္ မက္ဆီနဲ႔ မတူတဲ့ အႏုမဟုတ္ဘဲ အၾကမ္းကိုင္တတ္တဲ့သူလည္းျဖစ္သလို သူ႔ရဲ႕ အျမန္ႏႈန္း၊ အတြင္းကို ခ်ိဳးၿပီး ကန္မယ္မွန္း သိလ်က္နဲ႔ကို တားဆီးမရႏိုင္တာေတြကေတာ့ ခံစစ္ဘယ္ျခမ္း ကစားသမားေတြအတြက္ ႐ူးေလာက္ေအာင္ျဖစ္ခဲ့ရတဲ့ ျပႆနာအႀကီးႀကီးလည္းျဖစ္ခဲ့ပါတယ္။

ေမာ္ရင္ညိဳနဲ႔ ခ်ဲလ္ဆီးအသင္းမွာ လက္တြဲခဲ့ဖူးစဥ္က တိုက္စစ္မႉးေတြ ဒဏ္ရာႀကဳံေနခဲ့စဥ္မွာ “လူသစ္ထပ္မဝယ္နဲ႔၊ က်ဳပ္ကစားျပမယ္”လို႔ အသင္းကို ရဲရဲႀကီးေျပာခဲ့တဲ့ ေတာင္ပံကစားသမားဟာ ၂၀၀၇ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အတြင္းမွာ ရီးရဲလ္မက္ဒရစ္မွာ အေျပာင္းအေ႐ႊ႕မွားခဲ့ရသလို နည္းျပ ဂြါဒီယိုလာနဲ႔ ဘိုင္ယန္ျမဴးနစ္မွာ ဆုံစည္းေတာ့ သူ႔အသက္က ၂၉ ႏွစ္အ႐ြယ္နဲ႔ အေကာင္းဆုံး ေတာက္ပေနခဲ့ပါၿပီ။

ဂြါဒီယိုလာရဲ႕ သုံးႏွစ္ၾကာ ကိုင္တြယ္မႈမွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ၃ ႀကိမ္အပါအဝင္ အဓိက ဆုဖလား ၆ လုံးရယူႏိုင္ခဲ့တဲ့ ေရာ့ဘန္ဟာ ေမာ္ရင္ညိဳနဲ႔ ခ်ဲလ္ဆီးမွာလည္း တူညီတဲ့ ပမာဏကိုပဲ ပရီးမီးယားလိဂ္ခ်န္ပီယံ ၂ ႀကိမ္နဲ႔အတူ စုေဆာင္းထားႏိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ ကစားသမားဘဝ စတင္ရာ ဂ႐ိုနင္ဂ်င္အသင္းမွာ အေတြ႕အႀကဳံေတြကို လက္ဆင့္ကမ္းေပးေနဆဲျဖစ္ပါတယ္။

၃။ ရွာဘီ အလြန္ဆို
ဂြါဒီယိုလာနဲ႔ ေမာ္ရင္ညိဳတို႔ဟာ ကမာၻ႔အဆင့္ ထိပ္တန္းကြင္းလယ္လူတစ္ဦးျဖစ္ခဲ့သလို လက္ရွိမွာ နည္းျပေလာကထဲမွာ ေတာက္ပလာမယ္လို႔ တစ္ေပးခံထားရသူတစ္ဦးကို ႏွစ္ေယာက္စလုံး ကိုင္တြယ္ခဲ့ဖူးၿပီး ေပၚတူဂီသားက သူ႔ကို အရင္ ရရွိခဲ့တာပါ။ လီဗာပူးလ္အသင္းကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ အလြန္ဆိုနဲ႔ ေမာ္ရင္ညိဳတို႔ ဆုံစည္းစဥ္မွာေတာ့ လာလီဂါဖလားတစ္လုံးကိုသာ ဘာစီလိုနာရဲ႕ လႊမ္းမိုးမႈေအာက္မွာ ရယူႏိုင္ခဲ့တာျဖစ္သလို သူတို႔ႏွစ္ဦးရဲ႕ အသီးအပြင့္ေတြကေတာ့ နည္းပါးခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းကို ဂြါဒီယိုလာ ကိုင္တြယ္တဲ့ ဒုတိယရာသီမွာေတာ့ ၃၂ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဘတ္စ္ေကးသားအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန မေဖာ္ျပတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံအျဖစ္ ၂ ႀကိမ္ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ နည္းျပႏွစ္ဦးၾကားမွာ မတူညီတဲ့ နည္းစနစ္ႏွစ္မ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ေပမယ့္ ေဘာလုံးအေျခခံေကာင္းၿပီး အေတြ႕အႀကဳံမ်ားတဲ့ အလြန္ဆိုကေတာ့ ႏွစ္ဦးစလုံးအတြက္ ေက်နပ္ေအာင္ ကစားျပႏိုင္ခဲ့တာပါ။

၂။ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္
ဆြီဒင္တိုက္စစ္မႉးႀကီးအတြက္ေတာ့ ေမာ္ရင္ညိဳက အရင္ေတြ႕ဆုံခဲ့ၿပီး ေသဆိုရင္ ေသေပးဖို႔ အသင့္ပဲလို႔ ေျပာထားခဲ့ဖူးသူျဖစ္သလို ေနာက္က်မွ ေတြ႕ခဲ့တဲ့ ဂြါဒီယိုလာကိုေတာ့ မုန္းတီးသူလည္းျဖစ္ပါတယ္။ အီဘရာဟီမိုဗစ္ခ်္နဲ႔ ဂြါဒီယိုလာတို႔ဟာ တကယ္တမ္းေတာ့ မေတြ႕ဆုံသင့္သူေတြျဖစ္သလို ဘာစီလိုနာအသင္းရဲ႕ နည္းျပဆိုတာ စီမံခန႔္ခြဲသူ နည္းစနစ္အဖြဲ႕ရဲ႕ လက္ေအာက္ကလို႔ ပညာျပခ်င္မႈေတြမွာ စပိန္သားနည္းျပ တကယ္တမ္း မလိုခ်င္တဲ့ ကလန္ကလား တိုက္စစ္မႉးတစ္ေယာက္ ႏူးကမ့္ကို ေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္မွာ တစ္ေက်ာ့ျပန္ ဆုံစည္းခဲ့သူ ေမာ္ရင္ညိဳနဲ႔ အင္တာမီလန္မွာ သုံးႏွစ္ဆက္တိုက္ စီးရီးေအ စကူဒက္တိုဖလားကို ရယူခဲ့တဲ့ ေန႔ရက္ေတြက သူ႔အတြက္ အခ်ိဳၿမိန္ဆုံးေန႔ေတြ ျဖစ္ခဲ့သလို ဘာစီလိုနာကို ဆမ္ျမဴယယ္လ္ အီတူးနဲ႔ လဲလွယ္ေျပာင္းေ႐ႊ႕မႈကေတာ့ ခ်န္ပီယံလိဂ္ဖလားရႏိုင္ခြင့္ကိုပါ လႊင့္ပစ္သလိုျဖစ္ခဲ့ရၿပီး သူ႔အတြက္ေတာ့ ဂြါဒီယိုလာ၊ လီယြန္နယ္ မက္ဆီတို႔နဲ႔ ဆုံစည္းခဲ့မႈဟာ ေမ့ပစ္ခ်င္စရာ အတိတ္ေတြပဲ ျဖစ္ေနခဲ့မွာပါ။

၁။ ဆမ္ျမဴယယ္လ္ အီတူး
ေရွ႕က ကစားသမားေတြအားလုံးကို ဂြါဒီယိုလာထက္အရင္ ေမာ္ရင္ညိဳက လက္ခံရရွိခဲ့တာျဖစ္ၿပီး ကင္းမ႐ြန္းတိုက္စစ္မႉးကိုေတာ့ ဂြါဒီယိုလာက ဘာစီလိုနာမွာ အရင္ဆုံး ကိုင္တြယ္ခြင့္ရခဲ့တာလည္းျဖစ္ပါတယ္။ မာေယာ့ကာကေန ကာတာလန္သားေတြအတြက္ ေရာက္လာခဲ့ၿပီး ဖရန႔္ ႐ိုက္ကတ္ လက္ေအာက္မွာကတည္းက အမာခံျဖစ္ေနခဲ့တဲ့ အီတူးဟာ ဂြါဒီယိုလာအတြက္ေတာ့ နည္းစနစ္ပိုင္း မႂကြယ္ဝဘဲ အၾကမ္းစားတိုက္စစ္မႉးတစ္ဦးျဖစ္ေနလို႔ တစ္ရာသီစာ လက္တြဲမႈမွာ ၃၆ ဂိုးအထိ သြင္းယူေပးခဲ့ေပမယ့္ အီဘရာဟီမိုဗစ္ခ်္နဲ႔လဲၿပီး ေမာ္ရင္ညိဳဆီ ေရာက္သြားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ညိဳလက္ထဲမွာေတာ့ အင္တာမီလန္နဲ႔အတူ ၂၀၀၉-၁၀ ရာသီမွာ တစ္ရာသီတည္း ဖလားသုံးလုံး ဆြတ္ခူးႏိုင္ခဲ့ခ်ိန္မွာ ေပၚတူဂီသားႀကီးနဲ႔ သူ႔ရဲ႕ၾကား အထူးစပယ္ရွယ္ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ႏိုင္ခဲ့ၿပီး ၂၀၁၃-၁၄ ရာသီမွာ ခ်ဲလ္ဆီးအသင္းမွာလည္း ႏွစ္ေယာက္အတူ ပူးေပါင္းခဲ့ၾကသလို အီတူးအတြက္ေတာ့ ဒီနည္းျပႏွစ္ဦးက တစ္ဦးပဲ ေ႐ြးဆိုရင္ Special One ပဲ ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.