Premier League Transfer News

နယူးကာဆယ်လ်ကို မန်စီးတီးကြောင့် ပယ်ချသွားမယ်လို့ ခန့်မှန်းခံထားရတဲ့ ရော့ဂျားစ်

လက်စတာစီးတီးအသင်းနဲ့ ဒီရာသီအစမှာ ရုန်းကန်နေရပြီး အသင်းကို ပုံမှန်ခြေရအောင် တည်ဆောက်နေရဆဲဖြစ်တဲ့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရပြီး ကင်းပါဝါမှာ ထိုင်းပိုင်ရှင်တွေနဲ့ ဆက်နေဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဆော်ဒီပိုင်ရှင်တွေရဲ့ “ငှက်ကျားလေးတို့ နောက်ပိုင်း ကြမ်းမည်”လုပ်နေတဲ့ အသင်းအနေနဲ့ ဆွဲဆောင်မှု ရှိတဲ့ ကစားပုံ၊ မြင့်မားတဲ့ နည်းပြပရိုဖိုင်တွေကို ပိုင်ဆိုင်ထားခြင်းမရှိတဲ့ စတိဗ် ဘရုစ်ကို လမ်းခွဲသွားမှာဖြစ်ပြီး သူတို့ဘက်က လိုချင်တဲ့သူကို ရရှိတာနဲ့ အကွက်ရွှေ့သွားဖို့ ပြင်ဆင်ထားချိန်မှာ သူ့ရဲ့ နေ့ရက်တွေက လက်ချိုးရေတွက်နေရပြီး ရော့ဂျားစ်နဲ့ အန်တိုနီယို ကွန်တီတို့လို နည်းပြတွေက စာရင်းထိပ်မှာ ရှိနေတာပါ။

အင်္ဂလန်မှာ လီဗာပူးလ်၊ လက်စတာအသင်းတွေနဲ့ တိုက်စစ်ဦးစားပေး ကစားဟန်နဲ့ A- ထိပ်တန်း အနုတ်တစ်လို့ ဆိုရမယ့် အဆင့်အတန်း သတ်မှတ်မှုကို ပိုင်ဆိုင်ထားတဲ့ မြောက်အိုင်ယာလန်သားအနေနဲ့ သူ့ရဲ့ ၄-၃-၃ ပုံစံနဲ့ ၃-၄-၃ ပုံစံတွေကို ပိုင်ပိုင်နိုင်နိုင် ကစားပြခဲ့ပြီးပြီဖြစ်ပြီး ဒါက ရေရှည် ပုံစံနဲ့ တည်ဆောက်ရမယ့် နယူးကာဆယ်လ်တို့ အကြိုက်လည်းဖြစ်နေပါတယ်။

မြောက်ပိုင်းဒေသရဲ့ ကျောက်မီးသွေးတွင်းတွေ ပေါများရာ အရပ်မှာ တည်ရှိတဲ့ ငှက်ကျားတွေအနေနဲ့ သူတို့မြို့က သယံဇာတက မြေအောက်က ထွက်ရှိနေချိန်မှာ တူညီတဲ့ မြေအောက်ကနေ လာတဲ့ ရေနံငွေကြေးတွေက ဆော်ဒီရင်းနှီးမြှုပ်နှံမှုအဖွဲ့နဲ့အတူ စိမ့်ဝင်လာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အချမ်းသာဆုံး ပိုင်ရှင်တွေလို့ ပြောနိုင်မယ့်အချိန်မှာ FFP ခွင့်ပြုသလောက် စတင်လှုပ်ရှားကြတော့မှာပါ။

ဒီအချိန်မှာ ရော့ဂျားစ်ကတော့ ကင်းပါဝါမှာ ထိုင်းသူဌေးတွေနဲ့ ဆက်နေဖို့ကိုပဲ စဉ်းစားနေတယ်လို့ သိရပြီး တည်ငြိမ်နေတဲ့ လူစာရင်းကို ပိုင်ဆိုင်မှုနဲ့အတူ ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ပဲ စိတ်ကူးနေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြသလို ဂွါဒီယိုလာရဲ့ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၃ နွေရာသီမှာ အခွင့်အရေးရနိုင်ဖို့ လက်စတာမှာ နောက်ထပ် ၁၈ လ နေသွားမယ်လို့ ဆိုနေကြပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ လက်ရှိလူစာရင်းက ထိပ်တန်းအဆင့်ကို ရောက်လာဖို့ ကစားသမား ၅ ယောက်ကနေ ၁၀ ယောက်လောက် ခေါ်ယူပြီး ရငွေနဲ့ သုံးငွေမျှအောင်လည်း လုပ်ဆောင်ရဦးမယ့်အချိန်မှာ လက်စတာရဲ့ အဆင့်ကို ရောက်လာဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရမှာ ဖြစ်သလို မန်ချက်စတာစီးတီးရဲ့ နည်းပြသစ် ရှာဖွေလာမယ့် ကာလမှာ အဆင်သင့်ဖြစ်နေအောင် ရော့ဂျားစ်က သူ့ကိုယ်သူ ပြင်ဆင်နေတာလို့လည်း ခန့်မှန်းနေကြတာပါ။

ဒါကြောင့် ၂၀၂၃ နွေရာသီကျရင် ထိပ်တန်းလူစာရင်းနဲ့ မန်စီးတီးလိုအသင်းမျိုးကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးမျိုးကို စောင့်ဆိုင်းရင်း လက်စတာလိုမျိုး ဖိအားမရှိဘဲ ယူရိုပါလိဂ်လောက်ဝင်ရင် ကျေနပ်မယ့် အသင်းမျိုးမှာ ရော့ဂျားစ်တစ်ယောက် ဆက်နေမလား၊ ဆော်ဒီတွေ ပေးလာမယ့် ငွေကြေးကို ရယူပြီး အစကနေ ပြန်တည်ဆောက်ရမယ့် နယူးကာဆယ်လ်နဲ့ ရုန်းကန်မလားဆိုတာကတော့ စိတ်ဝင်စားစရာလည်းဖြစ်နေကြောင်း စုစည်းဖော်ပြလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာစီးတီးအသင္းနဲ႔ ဒီရာသီအစမွာ ႐ုန္းကန္ေနရၿပီး အသင္းကို ပုံမွန္ေျခရေအာင္ တည္ေဆာက္ေနရဆဲျဖစ္တဲ့ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ေၾကာင္း သိရၿပီး ကင္းပါဝါမွာ ထိုင္းပိုင္ရွင္ေတြနဲ႔ ဆက္ေနဖို႔ကိုပဲ အာ႐ုံစိုက္ထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ေဆာ္ဒီပိုင္ရွင္ေတြရဲ႕ “ငွက္က်ားေလးတို႔ ေနာက္ပိုင္း ၾကမ္းမည္”လုပ္ေနတဲ့ အသင္းအေနနဲ႔ ဆြဲေဆာင္မႈ ရွိတဲ့ ကစားပုံ၊ ျမင့္မားတဲ့ နည္းျပပ႐ိုဖိုင္ေတြကို ပိုင္ဆိုင္ထားျခင္းမရွိတဲ့ စတိဗ္ ဘ႐ုစ္ကို လမ္းခြဲသြားမွာျဖစ္ၿပီး သူတို႔ဘက္က လိုခ်င္တဲ့သူကို ရရွိတာနဲ႔ အကြက္ေ႐ႊ႕သြားဖို႔ ျပင္ဆင္ထားခ်ိန္မွာ သူ႔ရဲ႕ ေန႔ရက္ေတြက လက္ခ်ိဳးေရတြက္ေနရၿပီး ေရာ့ဂ်ားစ္နဲ႔ အန္တိုနီယို ကြန္တီတို႔လို နည္းျပေတြက စာရင္းထိပ္မွာ ရွိေနတာပါ။

အဂၤလန္မွာ လီဗာပူးလ္၊ လက္စတာအသင္းေတြနဲ႔ တိုက္စစ္ဦးစားေပး ကစားဟန္နဲ႔ A- ထိပ္တန္း အႏုတ္တစ္လို႔ ဆိုရမယ့္ အဆင့္အတန္း သတ္မွတ္မႈကို ပိုင္ဆိုင္ထားတဲ့ ေျမာက္အိုင္ယာလန္သားအေနနဲ႔ သူ႔ရဲ႕ ၄-၃-၃ ပုံစံနဲ႔ ၃-၄-၃ ပုံစံေတြကို ပိုင္ပိုင္ႏိုင္ႏိုင္ ကစားျပခဲ့ၿပီးၿပီျဖစ္ၿပီး ဒါက ေရရွည္ ပုံစံနဲ႔ တည္ေဆာက္ရမယ့္ နယူးကာဆယ္လ္တို႔ အႀကိဳက္လည္းျဖစ္ေနပါတယ္။

ေျမာက္ပိုင္းေဒသရဲ႕ ေက်ာက္မီးေသြးတြင္းေတြ ေပါမ်ားရာ အရပ္မွာ တည္ရွိတဲ့ ငွက္က်ားေတြအေနနဲ႔ သူတို႔ၿမိဳ႕က သယံဇာတက ေျမေအာက္က ထြက္ရွိေနခ်ိန္မွာ တူညီတဲ့ ေျမေအာက္ကေန လာတဲ့ ေရနံေငြေၾကးေတြက ေဆာ္ဒီရင္းႏွီးျမႇဳပ္ႏွံမႈအဖြဲ႕နဲ႔အတူ စိမ့္ဝင္လာခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ အခ်မ္းသာဆုံး ပိုင္ရွင္ေတြလို႔ ေျပာႏိုင္မယ့္အခ်ိန္မွာ FFP ခြင့္ျပဳသေလာက္ စတင္လႈပ္ရွားၾကေတာ့မွာပါ။

ဒီအခ်ိန္မွာ ေရာ့ဂ်ားစ္ကေတာ့ ကင္းပါဝါမွာ ထိုင္းသူေဌးေတြနဲ႔ ဆက္ေနဖို႔ကိုပဲ စဥ္းစားေနတယ္လို႔ သိရၿပီး တည္ၿငိမ္ေနတဲ့ လူစာရင္းကို ပိုင္ဆိုင္မႈနဲ႔အတူ ပိုမိုတိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ပဲ စိတ္ကူးေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကသလို ဂြါဒီယိုလာရဲ႕ စာခ်ဳပ္ကုန္ဆုံးမယ့္ ၂၀၂၃ ေႏြရာသီမွာ အခြင့္အေရးရႏိုင္ဖို႔ လက္စတာမွာ ေနာက္ထပ္ ၁၈ လ ေနသြားမယ္လို႔ ဆိုေနၾကပါတယ္။

နယူးကာဆယ္လ္တို႔အေနနဲ႔ လက္ရွိလူစာရင္းက ထိပ္တန္းအဆင့္ကို ေရာက္လာဖို႔ ကစားသမား ၅ ေယာက္ကေန ၁၀ ေယာက္ေလာက္ ေခၚယူၿပီး ရေငြနဲ႔ သုံးေငြမွ်ေအာင္လည္း လုပ္ေဆာင္ရဦးမယ့္အခ်ိန္မွာ လက္စတာရဲ႕ အဆင့္ကို ေရာက္လာဖို႔ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေစာင့္ရမွာ ျဖစ္သလို မန္ခ်က္စတာစီးတီးရဲ႕ နည္းျပသစ္ ရွာေဖြလာမယ့္ ကာလမွာ အဆင္သင့္ျဖစ္ေနေအာင္ ေရာ့ဂ်ားစ္က သူ႔ကိုယ္သူ ျပင္ဆင္ေနတာလို႔လည္း ခန႔္မွန္းေနၾကတာပါ။

ဒါေၾကာင့္ ၂၀၂၃ ေႏြရာသီက်ရင္ ထိပ္တန္းလူစာရင္းနဲ႔ မန္စီးတီးလိုအသင္းမ်ိဳးကို ေျပာင္းေ႐ႊ႕ႏိုင္မယ့္ အခြင့္အေရးမ်ိဳးကို ေစာင့္ဆိုင္းရင္း လက္စတာလိုမ်ိဳး ဖိအားမရွိဘဲ ယူ႐ိုပါလိဂ္ေလာက္ဝင္ရင္ ေက်နပ္မယ့္ အသင္းမ်ိဳးမွာ ေရာ့ဂ်ားစ္တစ္ေယာက္ ဆက္ေနမလား၊ ေဆာ္ဒီေတြ ေပးလာမယ့္ ေငြေၾကးကို ရယူၿပီး အစကေန ျပန္တည္ေဆာက္ရမယ့္ နယူးကာဆယ္လ္နဲ႔ ႐ုန္းကန္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာလည္းျဖစ္ေနေၾကာင္း စုစည္းေဖာ္ျပလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.