Premier League

ဟာရီ ကိန်းကို အလကားရမယ်ဆိုရင်တောင် စဉ်းစားရဦးမယ့် မန်စီးတီး

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အင်္ဂါနေ့ညက ရာဟင်း စတာလင်း၊ ဖီးလ် ဖိုဒန်၊ ဂရီးလစ်ရှ်၊ ဝေါ်ကာ၊ ဂျွန် စတုန်းတို့နဲ့အတူ အသင်းမှာ အံဝင်မယ်ထင်ပြီး ပေါင်သန်း ၁၆၀ နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ခြေစွမ်းကိုကြည့်ပြီး စိတ်သက်သာရာရသွားတဲ့ဟန်နဲ့ သက်ပြင်းကြီး မှုတ်ထုတ်လိုက်မိမယ် ထင်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရုန်းကန်နေရတဲ့ ခြေစွမ်းကို နိုင်ငံတကာပွဲစဉ်တွေအထိ ယူဆောင်လာခဲ့ပြီး စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါးရတ် ဆောက်ဂိတ်ကတော့ ပွဲအပြီးမှာ ကိန်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အတွက် အလိုအလျောက် ရွေးချယ်ခံရမယ့် ကစားသမားဖြစ်နေဆဲလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အဖြေပေးဖို့ ငြင်းပယ်သွားခဲ့ပါတယ်။

“ကျွန်တော်တို့ ကွင်းထဲက နေရာတိုင်းမှာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်မှုတွေ ရှိပြီး အဲဒါကို လိုအပ်ပါတယ်။ ကျွန်တော် ပထမဆုံးအသင်းကို တာဝန်ယူတုန်းက မှတ်မိသေးတယ်။ ကျွန်တော်တို့ ပထမဆုံး စခန်းသွင်းလေ့ကျင့်တော့ ဟာရီ မရှိခဲ့ပါဘူး”

“ကျွန်တော်တို့မှာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်မှုလိုအပ်ပါတယ်။ ကစားသမားတွေက သူတို့ရဲ့ အကောင်းဆုံးပုံစံနဲ့ ကစားနေခဲ့တဲ့ အချိန်တွေ အများကြီး ရှိနေခဲ့မှာဖြစ်ပြီး ကစားသမားတွေ ခြေစွမ်း ကျဆင်းသွားတာဖြစ်ကောင်းဖြစ်နိုင်တဲ့ မတူညီတဲ့အခြေအနေလည်း ရှိပါတယ်”လို့ ဆောက်ဂိတ်က တုံ့ပြန်ခဲ့ပါတယ်။

ဟာရီ ကိန်းဟာ လုခ် ရှောရဲ့ ထောင့်ကန်ဘောကနေ အစောပိုင်း ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဘောလုံးက ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ကတည်းက ပုံမှန်ခြေစွမ်းမှာ ရှိမနေဘူးဆိုတာ သိသာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းက အနိုင်ရရှိအောင် ဂိုးသွင်းယူဖို့ ကြိုးပမ်းနေရချိန်မှာတော့ ဆောက်ဂိတ်က ဟာရီ ကိန်းရဲ့နေရာမှာ တန်မီ အေဘရာဟမ်ကို လူစားဝင်ကစားစေခဲ့တာဖြစ်ပြီး ဒေါမနစ် ကဲလ်ဗတ်-လူဝင်သာ ကြံ့ခိုင်မှု ပြည့်ဝနေရင် အင်္ဂလန်ကို စိတ်ပျက်အောင် လုပ်မယ်မထင်ပါဘူး။

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ယခုရာသီ မြောက်လန်ဒန်ကလပ်အသင်းမှာ ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာဖြစ်ပြီး အများစုက အသင်းနဲ့မပူးပေါင်းချင်တာကြောင့်လို့ ထင်ခဲ့ရပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရုန်းကန်နေရတာကြောင့် အမှန်တကယ် ခြေစွမ်းပျောက်ဆုံးနေတာလို့ ယူဆရပါတယ်။

ဟာရီ ကိန်းအတွက် စပါးအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၁၅၀ ကျော်အထိ တောင်းဆိုခဲ့တဲ့အတွက် မန်ချက်စတာစီးတီးအသင်းက ပေးချေဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန်စီးတီးအနေနဲ့ ဆုံးဖြတ်ချက် မှန်သွားပြီဆိုတာ မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ အဂၤါေန႔ညက ရာဟင္း စတာလင္း၊ ဖီးလ္ ဖိုဒန္၊ ဂရီးလစ္ရွ္၊ ေဝၚကာ၊ ဂၽြန္ စတုန္းတို႔နဲ႔အတူ အသင္းမွာ အံဝင္မယ္ထင္ၿပီး ေပါင္သန္း ၁၆၀ နဲ႔ ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့တဲ့ အဂၤလန္ၾကယ္ပြင့္တုိက္စစ္မွဴးရဲ႕ ေျခစြမ္းကိုၾကည့္ၿပီး စိတ္သက္သာရာရသြားတဲ့ဟန္နဲ႔ သက္ျပင္းႀကီး မႈတ္ထုတ္လုိက္မိမယ္ ထင္ပါတယ္။

အဂၤလန္လက္ေရြးစင္အသင္းေခါင္းေဆာင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ရုန္းကန္ေနရတဲ့ ေျခစြမ္းကို ႏုိင္ငံတကာပြဲစဥ္ေတြအထိ ယူေဆာင္လာခဲ့ၿပီး စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းနည္းျပ ဂါးရတ္ ေဆာက္ဂိတ္ကေတာ့ ပြဲအၿပီးမွာ ကိန္းအေနနဲ႔ ၂၀၂၂ ကမၻာ့ဖလား အဖြင့္ပြဲစဥ္အတြက္ အလုိအေလ်ာက္ ေရြးခ်ယ္ခံရမယ့္ ကစားသမားျဖစ္ေနဆဲလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အေျဖေပးဖုိ႔ ျငင္းပယ္သြားခဲ့ပါတယ္။

“ကၽြန္ေတာ္တုိ႔ ကြင္းထဲက ေနရာတုိင္းမွာ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္မႈေတြ ရွိၿပီး အဲဒါကို လိုအပ္ပါတယ္။ ကၽြန္ေတာ္ ပထမဆံုးအသင္းကို တာဝန္ယူတုန္းက မွတ္မိေသးတယ္။ ကၽြန္ေတာ္တုိ႔ ပထမဆံုး စခန္းသြင္းေလ့က်င့္ေတာ့ ဟာရီ မရွိခဲ့ပါဘူး”

“ကၽြန္ေတာ္တုိ႔မွာ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္မႈလုိအပ္ပါတယ္။ ကစားသမားေတြက သူတို႔ရဲ႕ အေကာင္းဆံုးပံုစံနဲ႔ ကစားေနခဲ့တဲ့ အခ်ိန္ေတြ အမ်ားႀကီး ရွိေနခဲ့မွာျဖစ္ၿပီး ကစားသမားေတြ ေျခစြမ္း က်ဆင္းသြားတာျဖစ္ေကာင္းျဖစ္ႏုိင္တဲ့ မတူညီတဲ့အေျခအေနလည္း ရွိပါတယ္”လုိ႔ ေဆာက္ဂိတ္က တံု႔ျပန္ခဲ့ပါတယ္။

ဟာရီ ကိန္းဟာ လုခ္ ေရွာရဲ႕ ေထာင့္ကန္ေဘာကေန အေစာပိုင္း ျဖတ္တင္ေပးပို႔မႈကို ေခါင္းတုိက္သြင္းယူႏုိင္ခဲ့ျခင္းမရွိဘဲ ေဘာလံုးက ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့ကတည္းက ပံုမွန္ေျခစြမ္းမွာ ရွိမေနဘူးဆုိတာ သိသာခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းက အႏုိင္ရရွိေအာင္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းေနရခ်ိန္မွာေတာ့ ေဆာက္ဂိတ္က ဟာရီ ကိန္းရဲ႕ေနရာမွာ တန္မီ ေအဘရာဟမ္ကို လူစားဝင္ကစားေစခဲ့တာျဖစ္ၿပီး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္သာ ႀကံ႕ခုိင္မႈ ျပည့္ဝေနရင္ အဂၤလန္ကို စိတ္ပ်က္ေအာင္ လုပ္မယ္မထင္ပါဘူး။

ေတာ့တင္ဟမ္ေဟာ့စပါး တုိက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕ဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ ယခုရာသီ ေျမာက္လန္ဒန္ကလပ္အသင္းမွာ ပံုမွန္ေျခစြမ္းျပသဖို႔ ရုန္းကန္ေနရတာျဖစ္ၿပီး အမ်ားစုက အသင္းနဲ႔မပူးေပါင္းခ်င္တာေၾကာင့္လို႔ ထင္ခဲ့ရေပမယ့္ အဂၤလန္လက္ေရြးစင္အသင္းမွာပါ ရုန္းကန္ေနရတာေၾကာင့္ အမွန္တကယ္ ေျခစြမ္းေပ်ာက္ဆံုးေနတာလို႔ ယူဆရပါတယ္။

ဟာရီ ကိန္းအတြက္ စပါးအသင္းက ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၁၅၀ ေက်ာ္အထိ ေတာင္းဆုိခဲ့တဲ့အတြက္ မန္ခ်က္စတာစီးတီးအသင္းက ေပးေခ်ဖုိ႔ ျငင္းဆန္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးအေနနဲ႔ ဆံုးျဖတ္ခ်က္ မွန္သြားၿပီဆုိတာ မ်က္ျမင္ကိုယ္ေတြ႕ႀကံဳေတြ႕ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.