Analysis Premier League

လီဗာပူးလ်တို့ ရှေ့ဆက်မယ့် ပေါလ်မာဆန်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ခန့်မှန်းမှုများ

ဝတ်ဖို့ဒ် Vs လီဗာပူးလ်
ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ခြေချလာတဲ့ ရာနီရေးရီကိုတော့ လေးလေးစားစား ကြိုဆိုရမယ့်ပွဲစဉ်ဆိုပေမယ့် ဝတ်ဖို့ဒ်တို့က လီဗာပူးလ်တို့ကို အနိုင်ရနိုင်မယ်လို့ တွက်ဖို့ကတော့ မအေးအေးဝင်းရဲ့ စီစဉ်မှုဆန်လွန်းနေပါလိမ့်မယ်။ အိမ်ရှင်နကျယ်ကောင်တွေအတွက်တော့ လီဗာပူးလ်ဆိုတာဟာ အနိုင်ယူဖို့ မဖြစ်နိုင်တဲ့သူတွေဖြစ်ကြပြီး ပွဲတိုင်းမှာ ပျော်ပျော်ကြီး ဂိုးတွေသွင်းနေတဲ့ ဆာလားနဲ့ ကလော့ပ်ရဲ့ စွမ်းအားမှာ ဗျာများသွားကြဦးမှာပါ။ ဒါပေမယ့် ဘရာဇီးလ်ဂျူတီကြောင့် လီဗာပူးလ်မှာ ဂိုးသမား အယ်လစ်ဆန်နဲ့ ကွင်းလယ်လူ ဖာဘင်ညိုတို့ လွဲချော်မယ့်အချိန်မှာ ခံစစ်ပိုင်းက ဂိုးပြန်ပေးရနိုင်ခြေရှိပြီး ပေါလ်မာဆန်ကတော့ သုံးဂိုး-တစ်ဂိုးလို့ ခန့်မှန်းထားပါတယ်။ (ဝတ်ဖို့ဒ် 1-3 လီဗာပူးလ်)

ဆောက်သမ်တန် Vs လိဒ်စ်ယူနိုက်တက်
နှစ်သင်းစလုံးက ရုန်းကန်နေရတဲ့ အသင်းတွေဖြစ်ကြပြီး လိဒ်စ်ကတော့ နောက်ဆုံးပွဲမှာ ဝတ်ဖို့ဒ်ကို အနိုင်ရထားခဲ့တာပါ။ ဒါပေမယ့် နိုင်ငံတကာ ပွဲစဉ်တွေအတွက် ရပ်နားမှုက သူတို့ရဲ့ တစ်ပွဲစာအနိုင်ကို မေ့သွားအောင် စွမ်းဆောင်နိုင်ပြီး အသင်းတစ်သင်းကို ပုံစံကောင်းရှာဖွေပြီးတာနဲ့ ထိုးကျတတ်တဲ့ ဘီယယ်လ်ဆာကလည်း အဝေးကွင်းမှာ သိပ်ပြီး မျှော်လင့်မထားနိုင်တာပါ။ ဆောက်သမ်တန်ကတော့ ကလေးကွက်နင်းပြီး အနီပြခံရတဲ့ အသင်းကပ္ပတိန် ဝါ့ဒ်ပရောက်စ် မပါဘဲ ကစားရမှာဖြစ်ပြီး အိမ်ကွင်းပေမယ့် ရုန်းကန်ရနိုင်သလို စုဖွဲ့မှုလည်း အားနည်းဖွယ်ရှိနေလို့ ဂိုးတွေအပြန်အလှန်သွင်းပြီး သရေကျမယ့် ပွဲစဉ်လို့ မာဆန်က ခန့်မှန်းထားပါတယ်။ (ဆောက်သမ်တန် 2-2 လိဒ်စ်)

နော့ဝစ်ချ်စီးတီး Vs ဘရိုက်တန်
ဘရိုက်တန်တို့အနေနဲ့ ဒီရာသီမှာ သူတို့ရဲ့ ပုံစံကောင်းကို ထိန်းသိမ်းထားနိုင်ပြီး ရှုံးပွဲတစ်ပွဲသာ ရှိသေးသလို အာဆင်နယ်ကို တရစပ် တိုက်စစ် ဆင်ရင်း ဂရေဟမ် ပေါ့တာကို လူအထင်ကြီးစေခဲ့တာပါ။ အသင်းကြီးစာရင်းဝင်တစ်သင်းကို ဒီလိုကစားနိုင်ခဲ့တာက သူတို့ရဲ့ အဆင့်အတန်းကို ပြလိုက်တာ ဖြစ်ပြီး ဒီလိုအချိန်မှာ ပြိုင်ဘက် နော့ဝစ်ချ်ကတော့ သူတို့ရဲ့ စံချိန်ဖြစ်တဲ့ ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်တစ်နှစ်စီ ကစားတဲ့ အစဉ်အလာကို ဆက်ထိန်းဖို့ အရမ်းကို အလားအလာကောင်းနေခဲ့ပါတယ်။ သူတို့အတွက် ဘရိုက်တန်ကို အနိုင်ယူဖို့ဆိုတာက သိပ်ကို ဆိုးရွားတဲ့ ပုံစံမျိုး မပြမချင်း မဖြစ်နိုင်ဘူးလို့ ဆိုရမှာဖြစ်ပြီး ဧည့်သည်တွေအတွက် လွယ်ကူတဲ့ နိုင်ပွဲဖြစ်မယ်လို့ မာဆန်က ယူဆနေတာပါ။ (နော့ဝစ်ချ် 0-2 ဘရိုက်တန်)

အက်စတန်ဗီလာ Vs ဝုလ်ဗာဟမ့်ပ်တန်
ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်လာတဲ့ အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံးအနေနဲ့ သူတို့ရဲ့ အရင်ရာသီက ခြေမှန်ကို ၈၀ ရာခိုင်နှုန်းလောက် ပြန်ရှာခဲ့ပြီးပြီလို့ ဆိုနိုင်ပါတယ်။ အက်စတန်ဗီလာတို့ အိမ်ကွင်းမှာ ပေါက်ကွဲဖို့အတွက် အဆင်သင့်ဖြစ်နေသလို ပြီးခဲ့တဲ့ ပွဲတွေက ပုံစံကောင်းက သူတို့ကို နိုင်ပွဲရှာနိုင်ဖို့ အထင်ကြီးစေနိုင်တာပါ။ ဝုလ်ဗ်စ်တို့ကတော့ ရာအူးလ် ဟီမီနက်ဇ် ခြေပြန်တွေ့လာပေမယ့်လည်း တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကတော့ အားရစရာ သိပ်မကောင်းသေးဘဲ ရှိနေပါတယ်။ အနောက်အလယ်ပိုင်းဒေသရဲ့ ဒါဘီတွေ့ဆုံမှုမှာ အက်စတန်ဗီလာတို့ပဲ အနိုင်ရပါလိမ့်မယ်။ (ဗီလာ 2-1 ဝုလ်ဗ်စ်)

လက်စတာစီးတီး Vs မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်တို့ကလည်း အသင်းကြီးတွေထဲမှာ ခြေမမှန်ဘဲ ရုန်းကန်နေရတယ်လို့ ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့ပြီး ကြည့်ရတာတော့ အိုလီတစ်ယောက် သူ့အသင်းက ဘယ်သူတွေက အကောင်းဆုံး ၁၁ ယောက်လဲဆိုတာ မရှာနိုင်သေးတဲ့ ပုံစံပါပဲ။ မက်ဂွိုင်းယားရော ဗာရွန်းပါ ဒဏ်ရာရနေတဲ့ လက်ရှိပုံစံအရ မန်ချက်စတာယူနိုက်တက်တို့ အနိုင်ရမယ့်ဘက်က ခန့်မှန်းဖို့ကို မဖြစ်နိုင်ဘူးလို့ ထင်မြင်မိတယ်လို့ ပေါလ်မာဆန်က ပယ်ချလိုက်ပါတယ်။

လင်ဒီလော့ဖ်နဲ့ ဘိုင်လီတို့က လူညံ့တွေ မဟုတ်ပေမယ့် သူတို့ရဲ့ တွဲမကစားထားတဲ့ နားလည်မှုက ခက်ခဲနိုင်သလို မက်တော်မီနေး ပါမလာရင် ခံစစ်ရှေ့က ကွင်းလယ်က ဟောင်းလောင်းပေါက်ကြီးဖြစ်နေဦးမှာပါပဲ။ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ဆန်ချိုနဲ့ ရော်နယ်လ်ဒိုတို့ ပွဲထွက်လာဦးမှာလို့ ယူဆရပေမယ့် လက်စတာကို အနိုင်ရဖို့တော့ ခက်ခဲမှာပါ။ ဂျေမီ ဗာဒီဟာ ခန့်မှန်းရခက်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တာကြောင့် အိမ်ရှင်တွေအနေနဲ့ လူမစုံတဲ့ ဧည့်သည်တွေကို အခွင့်အရေးရယူပြီး အနိုင်ရသွားနိုင်ပါတယ်။ (လက်စတာ 2-1 မန်ယူနိုက်တက်)

မန်ချက်စတာစီးတီး Vs ဘန်လေ
ဒီပွဲကို ခန့်မှန်းဖို့အတွက်ဆိုရင်တော့ ဘာမှ ထူးထူးခြားခြား ရွေးထုတ်ပြစရာမရှိတာပါ။ အစ်တီဟတ်မှာ ဘယ်တုန်းကမှ ဘန်လေတို့ အစွမ်းပြဖူးခြင်း မရှိသလို အမြဲတမ်း လဲပြိုကျပြီး အိမ်ရှင် မန်စီးတီးတို့ သက်တောင့်သက်သာ အနိုင်ယူသွားတာက ထုံးစံလိုဖြစ်နေပါတယ်။ ရှောင်ဒိုက်ချ်ဟာ လိမ္မာပါးနပ်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေကို ခက်ခဲအောင်လုပ်နိုင်တယ်လို့ ဆိုပေမယ့် ဒီပွဲမှာတော့ မဖြစ်နိုင်ပါဘူး။ မန်ချက်စတာစီးတီးတို့ကို ဘန်လေတို့ အကောင်းဆုံးကစားလည်း ရှုံးနိမ့်ဦးမှာပါ။ (မန်စီးတီး 4-0 ဘန်လေ)

ဘရန့်ဖို့ဒ် Vs ချဲလ်ဆီး
ဘရန့်ဖို့ဒ်ဘက်က အလောင်းအစားလုပ်ဖို့ ဆန့်ကျင်ခဲ့ပေမယ့် သူတို့က ကျွန်တော့်ကို အမြဲတမ်း အံ့အားသင့်စေတာပါ။ ဒါပေမယ့် ဒီတစ်ပွဲထပ်ပြီး ဘက်ကန်ရင်တော့ ကျွန်တော့် ခန့်မှန်းချက် မှန်တော့မယ်လို့ ယူဆရပါတယ်။ သူတို့က ကျွန်တော့်ကို အမြဲမှားစေတာမို့ တစ်ချိန်တော့ မှန်ပါပေါ့ဗျာ။ ကဲပါ… ဟာသတွေကို ထားပြီး လေးလေးနက်နက်ပြောရရင် သူတို့က လက်ရှိရယူထားတဲ့ အမှတ်တွေနဲ့ ထိုက်တန်ပါတယ်လို့ ဆိုရပါလိမ့်မယ်။ ချဲလ်ဆီးတို့အနေနဲ့ လူကာကူးကို ဗာနာနဲ့တွဲပြီး ပွဲထုတ်လာရင်တော့ ဘရန့်ဖို့ဒ်ရဲ့ သုံးယောက်တန်းခံစစ်ကြား မွှေနှောက်နိုင်ဖို့ ရှိမှာဖြစ်ပြီး ဂျာမန်တိုက်စစ်မှူးအနေနဲ့ ပြေးဖို့ အဆင်သင့်ဖြစ်နေသလို ဒီနေ့ပွဲမှာ ဂိုးရနိုင်မယ်လို့ မြင်မိပါတယ်။ (ဘရန်ဖို့ဒ် 1-3 ချဲလ်ဆီး)

အဲဗာတန် Vs ဝက်စ်ဟမ်းယူနိုက်တက်
အထင်ကြီးစရာဖြစ်နေခဲ့တဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပရီးမီးယားလိဂ်အမြင့်ပျံခရီးကို ဘယ်သူမှ ထင်မှတ်မထားတဲ့ ဘရန့်ဖို့ဒ်က ရိုက်ချိုးလိုက်ပါတယ်။ အဲဗာတန်ကလည်း ပုံစံကောင်းရနေတဲ့ အသင်းဖြစ်ပြီး ခက်ခဲမယ့်ပွဲ ဖြစ်လာနိုင်သလို ဝက်စ်ဟမ်းရဲ့ အန်တိုနီယိုကလည်း ပွဲအဖြေကို ပြောင်းလဲနိုင်ဖို့ အားထုတ်ကြိုးစားသွားဦးမှာပါ။ သရေကျနိုင်တဲ့ပွဲမှာ နိုင်မယ့်အသင်း ပေါ်ထွက်လာရင်တော့ အိမ်ရှင်တွေပဲဖြစ်နိုင်ပြီး ကျွန်တော့်အမြင်တော့ နှစ်သင်းစလုံး အနေနဲ့ ကိုယ့်ပြိုင်ဘက်ကို အနိုင်ယူဖို့ ခက်ခဲပါလိမ့်မယ်။ (အဲဗာတန် 2-2 ဝက်စ်ဟမ်း)

နယူးကာဆယ်လ်ယူနိုက်တက် Vs တော့တင်ဟမ်ဟော့စပါးစ်
ခင်ဗျားတို့ နောက်ငါးနှစ်အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့်အသင်းသစ် တစ်သင်းကို ရှာဖွေနေတာလား… အဲ့ဒါ စိန့်ဂျိမ်းစ်ပါ့ခ်က အသင်းပဲဖြစ်မှာပါ။ ဒီကွင်းဟာ အင်္ဂလန်မှာ ကစားလို့ အားပေးလို့ကောင်းတဲ့ ကွင်းတစ်ကွင်းအဖြစ် နာမည်ကြီးသလို လာမယ့် အနာဂတ်မှာတော့ ပိုပြီး ဂုဏ်ယူနိုင်မယ့် အနေအထားကို ရောက်ရှိလာမှာပါ။ ဒါပေမယ့် အဲ့ဒါတွေက အခုအတွက် မဟုတ်သေးပါဘူး။ ဆော်ဒီတွေ လွှဲပြောင်းယူထားပေမယ့် ကျွန်တော့်အတွက် ဒီပွဲကို နိုင်မယ်လို့ မမြင်မိဘဲ စပါးစ်တို့ သုံးမှတ်ရဖို့ပဲ ဖြစ်လာပါလိမ့်မယ်။ ဗီလာကို နိုင်ခဲ့တဲ့ အရှိန်အဟုန်နဲ့ ဟာရီကိန်းရဲ့ ဂိုးပေါက် ပြန်တွေ့နေတဲ့ ပုံစံက နယူးကာဆယ်လ်နဲ့ပွဲမှာ ဒီရာသီအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဂိုး စရဖို့ မျှော်လင့်ချင်ပါတယ်။ (နယူးကာဆယ်လ် 1-2 စပါးစ်)

အာဆင်နယ် Vs ခရစ္စတယ်လ်ပဲလေ့စ်
ကျွန်တော် မကွယ်ဝှက်တမ်း ပြောရရင်တော့ ပဲလေ့စ်နဲ့ ဗီယာရာတို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ လုပ်ဆောင်နေမှုတွေကို အထင်ကြီးမိပါတယ်။ ပဲလေ့စ်ပရိသတ်တစ်ယောက်သာဆိုရင်တော့ ဒီရာသီက ရင်ခုန်စရာပါပဲ။ လက်စတာကို နှစ်ဂိုးနဲ့ ရှုံးနေရာက ပြန်လာနိုင်ခဲ့တာက လူစားလဲမှုတွေအတွက်ပါ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ ဗီယာရာအနေနဲ့ အမ်းမရိတ်မှာ လက်ကမ်းကြိုဆိုခံရမှာဖြစ်ပေမယ့် ရလဒ်ကောင်းရဖို့တော့ ရုန်းကန်ရမှာ အသေအချာပါ။ အာဆင်နယ်တို့အနေနဲ့တော့ သူတို့ရဲ့ ပထမ ၁၁ ဦးကို တတ်နိုင်သလောက် အပြောင်းအလဲမလုပ်ဘဲ ထုတ်သုံးမှာဖြစ်ပြီး သူတို့အနေနဲ့ ဇယားထိပ်ပိုင်းကို ပြန်တက်နိုင်ဖို့ ကြိုးစားမှာပါ။ ဒီနေ့ပွဲက နှစ်သင်းလုံးအတွက် ခက်ခဲနိုင်ပေမယ့် နှာတစ်ဖျား အသာရမယ့်သူက အာဆင်နယ်တို့ဖြစ်သလို ဖြစ်တဲ့နည်းနဲ့ အနိုင်ရဖို့ လုပ်ဆောင်သွားမယ်လို့ ခန့်မှန်းရပါတယ်။ (အာဆင်နယ် 2-1 ပဲလေ့စ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝတ္ဖို႔ဒ္ Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္ ေျခခ်လာတဲ့ ရာနီေရးရီကိုေတာ့ ေလးေလးစားစား ႀကိဳဆိုရမယ့္ပြဲစဥ္ဆိုေပမယ့္ ဝတ္ဖို႔ဒ္တို႔က လီဗာပူးလ္တို႔ကို အႏိုင္ရႏိုင္မယ္လို႔ တြက္ဖို႔ကေတာ့ မေအးေအးဝင္းရဲ႕ စီစဥ္မႈဆန္လြန္းေနပါလိမ့္မယ္။ အိမ္ရွင္နက်ယ္ေကာင္ေတြအတြက္ေတာ့ လီဗာပူးလ္ဆိုတာဟာ အႏိုင္ယူဖို႔ မျဖစ္ႏိုင္တဲ့သူေတြျဖစ္ၾကၿပီး ပြဲတိုင္းမွာ ေပ်ာ္ေပ်ာ္ႀကီး ဂိုးေတြသြင္းေနတဲ့ ဆာလားနဲ႔ ကေလာ့ပ္ရဲ႕ စြမ္းအားမွာ ဗ်ာမ်ားသြားၾကဦးမွာပါ။ ဒါေပမယ့္ ဘရာဇီးလ္ဂ်ဴတီေၾကာင့္ လီဗာပူးလ္မွာ ဂိုးသမား အယ္လစ္ဆန္နဲ႔ ကြင္းလယ္လူ ဖာဘင္ညိဳတို႔ လြဲေခ်ာ္မယ့္အခ်ိန္မွာ ခံစစ္ပိုင္းက ဂိုးျပန္ေပးရႏိုင္ေျခရွိၿပီး ေပါလ္မာဆန္ကေတာ့ သုံးဂိုး-တစ္ဂိုးလို႔ ခန႔္မွန္းထားပါတယ္။ (ဝတ္ဖို႔ဒ္ 1-3 လီဗာပူးလ္)

ေဆာက္သမ္တန္ Vs လိဒ္စ္ယူႏိုက္တက္
ႏွစ္သင္းစလုံးက ႐ုန္းကန္ေနရတဲ့ အသင္းေတြျဖစ္ၾကၿပီး လိဒ္စ္ကေတာ့ ေနာက္ဆုံးပြဲမွာ ဝတ္ဖို႔ဒ္ကို အႏိုင္ရထားခဲ့တာပါ။ ဒါေပမယ့္ ႏိုင္ငံတကာ ပြဲစဥ္ေတြအတြက္ ရပ္နားမႈက သူတို႔ရဲ႕ တစ္ပြဲစာအႏိုင္ကို ေမ့သြားေအာင္ စြမ္းေဆာင္ႏိုင္ၿပီး အသင္းတစ္သင္းကို ပုံစံေကာင္းရွာေဖြၿပီးတာနဲ႔ ထိုးက်တတ္တဲ့ ဘီယယ္လ္ဆာကလည္း အေဝးကြင္းမွာ သိပ္ၿပီး ေမွ်ာ္လင့္မထားႏိုင္တာပါ။ ေဆာက္သမ္တန္ကေတာ့ ကေလးကြက္နင္းၿပီး အနီျပခံရတဲ့ အသင္းကပၸတိန္ ဝါ့ဒ္ပေရာက္စ္ မပါဘဲ ကစားရမွာျဖစ္ၿပီး အိမ္ကြင္းေပမယ့္ ႐ုန္းကန္ရႏိုင္သလို စုဖြဲ႕မႈလည္း အားနည္းဖြယ္ရွိေနလို႔ ဂိုးေတြအျပန္အလွန္သြင္းၿပီး သေရက်မယ့္ ပြဲစဥ္လို႔ မာဆန္က ခန႔္မွန္းထားပါတယ္။ (ေဆာက္သမ္တန္ 2-2 လိဒ္စ္)

ေနာ့ဝစ္ခ်္စီးတီး Vs ဘ႐ိုက္တန္
ဘ႐ိုက္တန္တို႔အေနနဲ႔ ဒီရာသီမွာ သူတို႔ရဲ႕ ပုံစံေကာင္းကို ထိန္းသိမ္းထားႏိုင္ၿပီး ရႈံးပြဲတစ္ပြဲသာ ရွိေသးသလို အာဆင္နယ္ကို တရစပ္ တိုက္စစ္ ဆင္ရင္း ဂေရဟမ္ ေပါ့တာကို လူအထင္ႀကီးေစခဲ့တာပါ။ အသင္းႀကီးစာရင္းဝင္တစ္သင္းကို ဒီလိုကစားႏိုင္ခဲ့တာက သူတို႔ရဲ႕ အဆင့္အတန္းကို ျပလိုက္တာ ျဖစ္ၿပီး ဒီလိုအခ်ိန္မွာ ၿပိဳင္ဘက္ ေနာ့ဝစ္ခ်္ကေတာ့ သူတို႔ရဲ႕ စံခ်ိန္ျဖစ္တဲ့ ခ်န္ပီယံရွစ္နဲ႔ ပရီးမီးယားလိဂ္တစ္ႏွစ္စီ ကစားတဲ့ အစဥ္အလာကို ဆက္ထိန္းဖို႔ အရမ္းကို အလားအလာေကာင္းေနခဲ့ပါတယ္။ သူတို႔အတြက္ ဘ႐ိုက္တန္ကို အႏိုင္ယူဖို႔ဆိုတာက သိပ္ကို ဆိုး႐ြားတဲ့ ပုံစံမ်ိဳး မျပမခ်င္း မျဖစ္ႏိုင္ဘူးလို႔ ဆိုရမွာျဖစ္ၿပီး ဧည့္သည္ေတြအတြက္ လြယ္ကူတဲ့ ႏိုင္ပြဲျဖစ္မယ္လို႔ မာဆန္က ယူဆေနတာပါ။ (ေနာ့ဝစ္ခ်္ 0-2 ဘ႐ိုက္တန္)

အက္စတန္ဗီလာ Vs ဝုလ္ဗာဟမ့္ပ္တန္
ရလဒ္ဆိုးေတြကေန ျပန္လည္႐ုန္းထြက္လာတဲ့ အသင္းႏွစ္သင္းရဲ႕ ပြဲစဥ္ျဖစ္ၿပီး ႏွစ္သင္းစလုံးအေနနဲ႔ သူတို႔ရဲ႕ အရင္ရာသီက ေျခမွန္ကို ၈၀ ရာခိုင္ႏႈန္းေလာက္ ျပန္ရွာခဲ့ၿပီးၿပီလို႔ ဆိုႏိုင္ပါတယ္။ အက္စတန္ဗီလာတို႔ အိမ္ကြင္းမွာ ေပါက္ကြဲဖို႔အတြက္ အဆင္သင့္ျဖစ္ေနသလို ၿပီးခဲ့တဲ့ ပြဲေတြက ပုံစံေကာင္းက သူတို႔ကို ႏိုင္ပြဲရွာႏိုင္ဖို႔ အထင္ႀကီးေစႏိုင္တာပါ။ ဝုလ္ဗ္စ္တို႔ကေတာ့ ရာအူးလ္ ဟီမီနက္ဇ္ ေျချပန္ေတြ႕လာေပမယ့္လည္း တစ္သင္းလုံးရဲ႕ စြမ္းေဆာင္ရည္ကေတာ့ အားရစရာ သိပ္မေကာင္းေသးဘဲ ရွိေနပါတယ္။ အေနာက္အလယ္ပိုင္းေဒသရဲ႕ ဒါဘီေတြ႕ဆုံမႈမွာ အက္စတန္ဗီလာတို႔ပဲ အႏိုင္ရပါလိမ့္မယ္။ (ဗီလာ 2-1 ဝုလ္ဗ္စ္)

လက္စတာစီးတီး Vs မန္ခ်က္စတာယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္တို႔ကလည္း အသင္းႀကီးေတြထဲမွာ ေျခမမွန္ဘဲ ႐ုန္းကန္ေနရတယ္လို႔ ဆိုႏိုင္ပါတယ္။ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၆ ပြဲမွာ ၂ ပြဲသာ အႏိုင္ရရွိထားခဲ့ၿပီး ၾကည့္ရတာေတာ့ အိုလီတစ္ေယာက္ သူ႔အသင္းက ဘယ္သူေတြက အေကာင္းဆုံး ၁၁ ေယာက္လဲဆိုတာ မရွာႏိုင္ေသးတဲ့ ပုံစံပါပဲ။ မက္ဂြိဳင္းယားေရာ ဗာ႐ြန္းပါ ဒဏ္ရာရေနတဲ့ လက္ရွိပုံစံအရ မန္ခ်က္စတာယူႏိုက္တက္တို႔ အႏိုင္ရမယ့္ဘက္က ခန႔္မွန္းဖို႔ကို မျဖစ္ႏိုင္ဘူးလို႔ ထင္ျမင္မိတယ္လို႔ ေပါလ္မာဆန္က ပယ္ခ်လိုက္ပါတယ္။

လင္ဒီေလာ့ဖ္နဲ႔ ဘိုင္လီတို႔က လူညံ့ေတြ မဟုတ္ေပမယ့္ သူတို႔ရဲ႕ တြဲမကစားထားတဲ့ နားလည္မႈက ခက္ခဲႏိုင္သလို မက္ေတာ္မီေနး ပါမလာရင္ ခံစစ္ေရွ႕က ကြင္းလယ္က ေဟာင္းေလာင္းေပါက္ႀကီးျဖစ္ေနဦးမွာပါပဲ။ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ ဆန္ခ်ိဳနဲ႔ ေရာ္နယ္လ္ဒိုတို႔ ပြဲထြက္လာဦးမွာလို႔ ယူဆရေပမယ့္ လက္စတာကို အႏိုင္ရဖို႔ေတာ့ ခက္ခဲမွာပါ။ ေဂ်မီ ဗာဒီဟာ ခန႔္မွန္းရခက္တဲ့ တိုက္စစ္မႉးတစ္ဦးျဖစ္တာေၾကာင့္ အိမ္ရွင္ေတြအေနနဲ႔ လူမစုံတဲ့ ဧည့္သည္ေတြကို အခြင့္အေရးရယူၿပီး အႏိုင္ရသြားႏိုင္ပါတယ္။ (လက္စတာ 2-1 မန္ယူႏိုက္တက္)

မန္ခ်က္စတာစီးတီး Vs ဘန္ေလ
ဒီပြဲကို ခန႔္မွန္းဖို႔အတြက္ဆိုရင္ေတာ့ ဘာမွ ထူးထူးျခားျခား ေ႐ြးထုတ္ျပစရာမရွိတာပါ။ အစ္တီဟတ္မွာ ဘယ္တုန္းကမွ ဘန္ေလတို႔ အစြမ္းျပဖူးျခင္း မရွိသလို အၿမဲတမ္း လဲၿပိဳက်ၿပီး အိမ္ရွင္ မန္စီးတီးတို႔ သက္ေတာင့္သက္သာ အႏိုင္ယူသြားတာက ထုံးစံလိုျဖစ္ေနပါတယ္။ ေရွာင္ဒိုက္ခ်္ဟာ လိမၼာပါးနပ္တဲ့ နည္းျပတစ္ေယာက္ျဖစ္ၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြကို ခက္ခဲေအာင္လုပ္ႏိုင္တယ္လို႔ ဆိုေပမယ့္ ဒီပြဲမွာေတာ့ မျဖစ္ႏိုင္ပါဘူး။ မန္ခ်က္စတာစီးတီးတို႔ကို ဘန္ေလတို႔ အေကာင္းဆုံးကစားလည္း ရႈံးနိမ့္ဦးမွာပါ။ (မန္စီးတီး 4-0 ဘန္ေလ)

ဘရန႔္ဖို႔ဒ္ Vs ခ်ဲလ္ဆီး
ဘရန႔္ဖို႔ဒ္ဘက္က အေလာင္းအစားလုပ္ဖို႔ ဆန႔္က်င္ခဲ့ေပမယ့္ သူတို႔က ကြၽန္ေတာ့္ကို အၿမဲတမ္း အံ့အားသင့္ေစတာပါ။ ဒါေပမယ့္ ဒီတစ္ပြဲထပ္ၿပီး ဘက္ကန္ရင္ေတာ့ ကြၽန္ေတာ့္ ခန႔္မွန္းခ်က္ မွန္ေတာ့မယ္လို႔ ယူဆရပါတယ္။ သူတို႔က ကြၽန္ေတာ့္ကို အၿမဲမွားေစတာမို႔ တစ္ခ်ိန္ေတာ့ မွန္ပါေပါ့ဗ်ာ။ ကဲပါ… ဟာသေတြကို ထားၿပီး ေလးေလးနက္နက္ေျပာရရင္ သူတို႔က လက္ရွိရယူထားတဲ့ အမွတ္ေတြနဲ႔ ထိုက္တန္ပါတယ္လို႔ ဆိုရပါလိမ့္မယ္။ ခ်ဲလ္ဆီးတို႔အေနနဲ႔ လူကာကူးကို ဗာနာနဲ႔တြဲၿပီး ပြဲထုတ္လာရင္ေတာ့ ဘရန႔္ဖို႔ဒ္ရဲ႕ သုံးေယာက္တန္းခံစစ္ၾကား ေမႊေႏွာက္ႏိုင္ဖို႔ ရွိမွာျဖစ္ၿပီး ဂ်ာမန္တိုက္စစ္မႉးအေနနဲ႔ ေျပးဖို႔ အဆင္သင့္ျဖစ္ေနသလို ဒီေန႔ပြဲမွာ ဂိုးရႏိုင္မယ္လို႔ ျမင္မိပါတယ္။ (ဘရန္ဖို႔ဒ္ 1-3 ခ်ဲလ္ဆီး)

အဲဗာတန္ Vs ဝက္စ္ဟမ္းယူႏိုက္တက္
အထင္ႀကီးစရာျဖစ္ေနခဲ့တဲ့ ဝက္စ္ဟမ္းတို႔ရဲ႕ ပရီးမီးယားလိဂ္အျမင့္ပ်ံခရီးကို ဘယ္သူမွ ထင္မွတ္မထားတဲ့ ဘရန႔္ဖို႔ဒ္က ႐ိုက္ခ်ိဳးလိုက္ပါတယ္။ အဲဗာတန္ကလည္း ပုံစံေကာင္းရေနတဲ့ အသင္းျဖစ္ၿပီး ခက္ခဲမယ့္ပြဲ ျဖစ္လာႏိုင္သလို ဝက္စ္ဟမ္းရဲ႕ အန္တိုနီယိုကလည္း ပြဲအေျဖကို ေျပာင္းလဲႏိုင္ဖို႔ အားထုတ္ႀကိဳးစားသြားဦးမွာပါ။ သေရက်ႏိုင္တဲ့ပြဲမွာ ႏိုင္မယ့္အသင္း ေပၚထြက္လာရင္ေတာ့ အိမ္ရွင္ေတြပဲျဖစ္ႏိုင္ၿပီး ကြၽန္ေတာ့္အျမင္ေတာ့ ႏွစ္သင္းစလုံး အေနနဲ႔ ကိုယ့္ၿပိဳင္ဘက္ကို အႏိုင္ယူဖို႔ ခက္ခဲပါလိမ့္မယ္။ (အဲဗာတန္ 2-2 ဝက္စ္ဟမ္း)

နယူးကာဆယ္လ္ယူႏိုက္တက္ Vs ေတာ့တင္ဟမ္ေဟာ့စပါးစ္
ခင္ဗ်ားတို႔ ေနာက္ငါးႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္မယ့္အသင္းသစ္ တစ္သင္းကို ရွာေဖြေနတာလား… အဲ့ဒါ စိန႔္ဂ်ိမ္းစ္ပါ့ခ္က အသင္းပဲျဖစ္မွာပါ။ ဒီကြင္းဟာ အဂၤလန္မွာ ကစားလို႔ အားေပးလို႔ေကာင္းတဲ့ ကြင္းတစ္ကြင္းအျဖစ္ နာမည္ႀကီးသလို လာမယ့္ အနာဂတ္မွာေတာ့ ပိုၿပီး ဂုဏ္ယူႏိုင္မယ့္ အေနအထားကို ေရာက္ရွိလာမွာပါ။ ဒါေပမယ့္ အဲ့ဒါေတြက အခုအတြက္ မဟုတ္ေသးပါဘူး။ ေဆာ္ဒီေတြ လႊဲေျပာင္းယူထားေပမယ့္ ကြၽန္ေတာ့္အတြက္ ဒီပြဲကို ႏိုင္မယ္လို႔ မျမင္မိဘဲ စပါးစ္တို႔ သုံးမွတ္ရဖို႔ပဲ ျဖစ္လာပါလိမ့္မယ္။ ဗီလာကို ႏိုင္ခဲ့တဲ့ အရွိန္အဟုန္နဲ႔ ဟာရီကိန္းရဲ႕ ဂိုးေပါက္ ျပန္ေတြ႕ေနတဲ့ ပုံစံက နယူးကာဆယ္လ္နဲ႔ပြဲမွာ ဒီရာသီအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ဂိုး စရဖို႔ ေမွ်ာ္လင့္ခ်င္ပါတယ္။ (နယူးကာဆယ္လ္ 1-2 စပါးစ္)

အာဆင္နယ္ Vs ခရစၥတယ္လ္ပဲေလ့စ္
ကြၽန္ေတာ္ မကြယ္ဝွက္တမ္း ေျပာရရင္ေတာ့ ပဲေလ့စ္နဲ႔ ဗီယာရာတို႔ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္မွာ လုပ္ေဆာင္ေနမႈေတြကို အထင္ႀကီးမိပါတယ္။ ပဲေလ့စ္ပရိသတ္တစ္ေယာက္သာဆိုရင္ေတာ့ ဒီရာသီက ရင္ခုန္စရာပါပဲ။ လက္စတာကို ႏွစ္ဂိုးနဲ႔ ရႈံးေနရာက ျပန္လာႏိုင္ခဲ့တာက လူစားလဲမႈေတြအတြက္ပါ ခ်ီးက်ဴးစရာျဖစ္ခဲ့ပါတယ္။ ဗီယာရာအေနနဲ႔ အမ္းမရိတ္မွာ လက္ကမ္းႀကိဳဆိုခံရမွာျဖစ္ေပမယ့္ ရလဒ္ေကာင္းရဖို႔ေတာ့ ႐ုန္းကန္ရမွာ အေသအခ်ာပါ။ အာဆင္နယ္တို႔အေနနဲ႔ေတာ့ သူတို႔ရဲ႕ ပထမ ၁၁ ဦးကို တတ္ႏိုင္သေလာက္ အေျပာင္းအလဲမလုပ္ဘဲ ထုတ္သုံးမွာျဖစ္ၿပီး သူတို႔အေနနဲ႔ ဇယားထိပ္ပိုင္းကို ျပန္တက္ႏိုင္ဖို႔ ႀကိဳးစားမွာပါ။ ဒီေန႔ပြဲက ႏွစ္သင္းလုံးအတြက္ ခက္ခဲႏိုင္ေပမယ့္ ႏွာတစ္ဖ်ား အသာရမယ့္သူက အာဆင္နယ္တို႔ျဖစ္သလို ျဖစ္တဲ့နည္းနဲ႔ အႏိုင္ရဖို႔ လုပ္ေဆာင္သြားမယ္လို႔ ခန႔္မွန္းရပါတယ္။ (အာဆင္နယ္ 2-1 ပဲေလ့စ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.