Article Premier League

ရော်နယ်ဒိုထက် ပရီးမီးယားလိဂ်မှာ ဂိုးပိုမိုသွင်းယူထားတဲ့ အံ့အားသင့်ဖွယ် ဂိုးသွင်းရှင် ၅ ဦး

ပရီးမီးယားလိဂ်ဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ခရစ္စတီယာနို ရော်နယ်ဒို ပြန်လည်ပြောင်းရွှေ့လာမှုနဲ့အတူ အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ပေါ်တူဂီကြယ်ပွင့်ကို ပြန်ရလိုက်တာက ဝမ်းမြောက်စရာဖြစ်ပြီး ပရီးမီးယားလိဂ်ဟာ ရော်နယ်လ်ဒိုလို တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ရှိနေသင့်တဲ့ ဂုဏ်ပုဒ်မျိုးရှိတဲ့ လိဂ်ဖြစ်လို့ နေနဲ့လ၊ ရွှေနဲ့မြလို ပနံသင့်နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့ပြီး ၁၂ အကြာမှာ ပြန်လည်ရောက်ရှိလာချိန်ကတည်းက ကမ္ဘာ့ထိပ်တန်းခြေစွမ်းကို ဆက်လက်ပြသနေပြီး ၆ ပွဲ ပါဝင်ကစားထားရာမှာ ၅ ဂိုးသွင်းယူထားပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၈၇ ဂိုး သွင်းယူထားပြီး ဒီနေ့ဒီအချိန်မှာတော့ ပေါ်တူဂီကြယ်ပွင့်ထက် ဂိုးတွေ အများကြီးသွင်းယူထားတဲ့ အံ့အားသင့်ဖွယ် ဂိုးသွင်းရှင်အချို့ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ ၎င်းတို့နဲ့ ဂိုးကွာဟချက်ကို ကျဉ်းမြောင်းအောင် ပြုလုပ်ချင်နေမှာဖြစ်ပြီး မကြာမီ အချိန်အတွင်း အဲဒီကစားသမားတွေထဲက အချို့ကို ကျော်ဖြတ်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိအချိန်မှာတော့ ရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်စာရင်းထဲမှာ နောက်ကို ရောက်နေပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေပြီး ပေါ်တူဂီတိုက်စစ်မှူးထက် ဂိုးပိုမိုသွင်းယူထားတဲ့ ကစားသမားတွေက ဘယ်သူတွေများလဲ…

၅။ ဆာဒီယို မာနေး(၉၉ ဂိုး)

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် မာနေးလို ကစားသမားမျိုးကို သူ့ရဲ့အသင်းမှာ ကျိန်းသေပေါက်ရှိနေစေချင်မှာဖြစ်ပြီး အန်းဖီးကို သေသေချာချာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဆီနီဂေါတိုက်စစ်မှူးဟာ ပြင်သစ်လိဂ်မှာ မက်ဇ်အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ သြစတြီးယန်းလိဂ်က ရက်ဘူးလ် ဆားလ်ဘတ်ဂ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ်မှာ ဆောက်သမ်တန်ကို ပြောင်းရွှေ့ခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ၂၀၁၆ ခုနှစ်မှာ လီဗာပူးလ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

မာနေးဟာ ၎င်းရဲ့ အလိမ်အခေါက်စွမ်းရည်၊ ပါရမီ၊ လျင်မြန်သွက်လက်မှုနဲ့ ပြေးနှုန်းတွေကြောင့် ထိန်းချုပ်ရခက်တဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အဲဒါတွေတင်မကဘဲ လီဗာပူးလ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနှုန်း တည်ငြိမ်ခဲ့တဲ့ကစားသမားဖြစ်ပြီး လက်ရှိအချိန်အထိ သွင်းဂိုးစုစုပေါင်း ၉၉ ဂိုး သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မာနေးရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မီဖို့ ၁၂ ဂိုးသာ လိုအပ်တာဖြစ်ပြီး မာနေးပဲ ဆက်ဦးဆောင်သွားနိုင်မလား၊ ရော်နယ်လ်ဒိုကပဲ ဗိုလ်မထားတတ်တဲ့ ၎င်းရဲ့ပုံစံအတိုင်း ကျော်ဖြတ်ပြသွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

၄။ မိုဟာမက် ဆာလား(၁၀၃ ဂိုး)

လက်ရှိအချိန်မှာ မိုဟာမက် ဆာလားလောက် ပရီးမီးယားလိဂ်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးကစားသမားမရှိတော့ပါဘူး။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ စိတ်လှုပ်ရှားဖွယ်စွမ်းဆောင်ရည်ပြသနေခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ ၎င်းရဲ့ကြောက်မက်ဖွယ်စွမ်းရည်နဲ့အတူ တောက်ပခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဖီဖာ ပွတ်စ်ကပ်စ်ဆုရှင်ဖြစ်တဲ့ ဆာလားဟာ ဂိုးရှေ့မှာ ကြောက်မက်ဖွယ်ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနေတာဖြစ်ပြီး အားပြင်းတဲ့ ဘယ်ခြေ၊ မှန်းဆရခက်တဲ့ အလိမ်အခေါက်စွမ်းရည်၊ အံ့အားသင့်ဖွယ် ပါရမီတွေနဲ့ သွင်းဂိုးတွေကို ရှာဖွေနိုင်သူဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေထဲမှာ ဂိုးသွင်းနှုန်း တည်ငြိမ်သူဖြစ်ပြီး လက်ရှိပုံစံနဲ့ဆို ဘယ်သူမှ ရပ်တန့်နိုင်မှာမဟုတ်တော့ဘဲ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၃ ဂိုးအထိ သွင်းယူထားပြီးဖြစ်တဲ့ လီဗာပူးလ်ကြယ်ပွင့်ကို ရော်နယ်ဒို လိုက်မီဖို့တော့ တော်တော်ခက်မယ်ထင်ပါတယ်။

၃။ လူကာကူး(၁၁၆ ဂိုး)

ရော်နယ်ဒို ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာသလိုမျိုး အိမ်ပြန်လာခဲ့တဲ့ လူကာကူးကိုလည်း လစ်လျူရှုထားလို့မရနိုင်ပါဘူး။ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ လိဂ်ရဲ့ တောင်းဆိုမှုတွေနဲ့ ကောင်းကောင်းရင်းနှီးပြီး နေသားတကျဖြစ်နေခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တော်တော်များများမှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။ လူကာကူးဟာ ချဲလ်ဆီးမှာ ကစားသမားဘဝကို စတင်ခဲ့ပေမယ့် ဝက်စ်ဘရွန်း၊ အဲဗာတန်တို့ကို အငှားနဲ့ သွားရောက်ကစားခဲ့ဖူးပြီး အဲဗာတန်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

အဲဗာတန်အသင်းနဲ့ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူကာကူးကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလား အကြိမ် ၂၀ ရရှိခဲ့တဲ့ ယူနိုက်တက်နဲ့အတူရှိနေခဲ့တဲ့အချိန်တွေကတော့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်အတွက် အမှတ်ရစရာတွေတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် လူကာကူးဟာ ထိပ်တန်းဂိုးသွင်းရှင်တွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ယခုနွေရာသီမှာ အင်တာမီလန်ကနေ ချဲလ်ဆီးကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနာက် ဂိုးရှေ့မှာ တော်တော်လေးကောင်းမွန်တဲ့ပုံစံ ပြသနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁၆ ဂိုးအထိ သွင်းယူထားပေမယ့် ရော်နယ်လ်ဒိုအနေနဲ့ လိုက်မီနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

၂။ ဂျေမီ ဗာဒီ(၁၂၄ ဂိုး)

လက်စတာစီးတီးတိုက်စစ်မှူး ဂျေမီ ဗာဒီဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအတိကျဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက လက်စတာအတွက် ပုံမှန်ပွဲထွက်ကစားသမားဖြစ်ခဲ့သူဖြစ်ပါတယ်။ ဗာဒီရဲ့ လျင်မြန်တဲ့ ပြေးနှုန်း၊ နေရာယူ အလွန်ကောင်းမွန်မှုနဲ့ အဆုံးသတ်သေချာမှုတွေက လက်စတာစီးတီးအတွက် ဂိုးသွင်းစက်ဖြစ်စေခဲ့တာဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ရာသီမှာ လက်စတာစီးတီး အံ့အားသင့်ဖွယ် ပရီးမီးယားလိဂ်ဖလားရရှိခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေ ကစားပေးခဲ့တဲ့ ဗာဒီဟာ စုစုပေါင်းပရီးမီးယားလိဂ်သွင်းဂိုး ၁၂၄ ဂိုးအထိ သွင်းယူထားပြီး အင်္ဂလန်တိုက်စစ်မှူးသာ ရော်နယ်လ်ဒိုထက် အရင် အနားမယူဘူးဆိုရင် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ လိုက်မီဖို့ တော်တော်လေးရုန်းကန်ရမယ့် အနေအထားအဖြစ်ပါတယ်။

၁။ ဟာရီ ကိန်း(၁၆၆ ဂိုး)

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ပရီးမီးယားလိဂ်မှာ ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး စပါးအသင်းအတွက် ဂိုးရှေ့မှာ ပုံမှန် ဂိုးတွေ သွင်းယူပေးပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅၁ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁၆၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၈ ကြိမ် ပြုလုပ်ထားပါတယ်။ ဟာရီ ကိန်းအတွက် လိုအပ်နေတဲ့အရာဆိုလို့ ဆုဖလားတွေသာ ကျန်ရှိတော့တာဖြစ်ပြီး ယခုနွေရာသီမှာ မန်စီးတီးကို မပြောင်းရွှေ့နိုင်ခဲ့တာက ကံဆိုးခဲ့တာဖြစ်ပါတယ်။

အဲဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် ယခုရာသီမှာ ဟာရီ ကိန်းရဲ့ သွင်းဂိုးတွေကို ပိုမိုမြင်တွေ့ရမှာဖြစ်ပြီး လက်ရှိမှာတော့ စပါးအသင်းနဲ့ ဂိုးပေါက်တွေ့ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုနဲ့ ဟာရီ ကိန်းတို့ကြားက ဂိုးကွာဟချက်ဟာ ၇၉ ဂိုးအထိ ရှိနေတာကြောင့် သိပ်မကြာမီအချိန်ကာလအတွင်း အင်္ဂလန်တိုက်စစ်မှူးရဲ့စံချိန်ကို ဘယ်သူကမှ ချိုးဖျက်နိုင်ဦးမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရီးမီးယားလိဂ္ဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္ကို ခရစၥတီယာနို ေရာ္နယ္ဒို ျပန္လည္ေျပာင္းေရႊ႕လာမႈနဲ႔အတူ အလြန္အမင္း စိတ္လႈပ္ရွားစရာ ေကာင္းလာခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အတြက္ ေပၚတူဂီၾကယ္ပြင့္ကို ျပန္ရလိုက္တာက ဝမ္းေျမာက္စရာျဖစ္ၿပီး ပရီးမီးယားလိဂ္ဟာ ေရာ္နယ္လ္ဒိုလို တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦး ရွိေနသင့္တဲ့ ဂုဏ္ပုဒ္မ်ိဳးရွိတဲ့ လိဂ္ျဖစ္လို႔ ေနနဲ႔လ၊ ေရႊနဲ႔ျမလို ပနံသင့္ေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့ၿပီး ၁၂ အၾကာမွာ ျပန္လည္ေရာက္ရွိလာခ်ိန္ကတည္းက ကမၻာ့ထိပ္တန္းေျခစြမ္းကို ဆက္လက္ျပသေနၿပီး ၆ ပြဲ ပါဝင္ကစားထားရာမွာ ၅ ဂိုးသြင္းယူထားၿပီး အသင္းရဲ့ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပရီးမီးယားလိဂ္သြင္းဂိုး စုစုေပါင္း ၈၇ ဂိုး သြင္းယူထားၿပီး ဒီေန႔ဒီအခ်ိန္မွာေတာ့ ေပၚတူဂီၾကယ္ပြင့္ထက္ ဂိုးေတြ အမ်ားႀကီးသြင္းယူထားတဲ့ အံ့အားသင့္ဖြယ္ ဂိုးသြင္းရွင္အခ်ိဳ႕ ရွိေနတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဒါေပမယ့္ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေရာက္ရွိလာခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ ၎တို႔နဲ႔ ဂိုးကြာဟခ်က္ကို က်ဥ္းေျမာင္းေအာင္ ျပဳလုပ္ခ်င္ေနမွာျဖစ္ၿပီး မၾကာမီ အခ်ိန္အတြင္း အဲဒီကစားသမားေတြထဲက အခ်ိဳ႕ကို ေက်ာ္ျဖတ္သြားနိုင္မယ္လို႔ ေမၽွာ္လင့္ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေရာ္နယ္လ္ဒိုဟာ ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္စာရင္းထဲမွာ ေနာက္ကို ေရာက္ေနၿပီး လက္ရွိ ပရီးမီးယားလိဂ္မွာ ကစားေနၿပီး ေပၚတူဂီတိုက္စစ္မႉးထက္ ဂိုးပိုမိုသြင္းယူထားတဲ့ ကစားသမားေတြက ဘယ္သူေတြမ်ားလဲ…

၅။ ဆာဒီယို မာေနး(၉၉ ဂိုး)

လီဗာပူးလ္နည္းၿပ ယာဂန္ကေလာ့ပ္ မာေနးလို ကစားသမားမ်ိဳးကို သူ႔ရဲ့အသင္းမွာ က်ိန္းေသေပါက္ရွိေနေစခ်င္မွာျဖစ္ၿပီး အန္းဖီးကို ေသေသခ်ာခ်ာ ေခၚယူခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ဆီနီေဂါတိုက္စစ္မႉးဟာ ျပင္သစ္လိဂ္မွာ မက္ဇ္အသင္းနဲ႔ ကစားသမားဘဝကို စတင္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ၾသစႀတီးယန္းလိဂ္က ရက္ဘူးလ္ ဆားလ္ဘတ္ဂ္ကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၄ ခုႏွစ္မွာ ေဆာက္သမ္တန္ကို ေျပာင္းေရႊ႕ခဲ့ၿပီး အထင္ႀကီးဖြယ္ ေျခစြမ္းျပသနိုင္ခဲ့တာေၾကာင့္ ၂၀၁၆ ခုႏွစ္မွာ လီဗာပူးလ္ရဲ့ ေခၚယူျခင္း ခံခဲ့ရပါတယ္။

မာေနးဟာ ၎ရဲ့ အလိမ္အေခါက္စြမ္းရည္၊ ပါရမီ၊ လ်င္ျမန္သြက္လက္မႈနဲ႔ ေျပးႏႈန္းေတြေၾကာင့္ ထိန္းခ်ဳပ္ရခက္တဲ့ ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။ အဲဒါေတြတင္မကဘဲ လီဗာပူးလ္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းႏႈန္း တည္ၿငိမ္ခဲ့တဲ့ကစားသမားျဖစ္ၿပီး လက္ရွိအခ်ိန္အထိ သြင္းဂိုးစုစုေပါင္း ၉၉ ဂိုး သြင္းယူထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ မာေနးရဲ့ သြင္းဂိုးအေရအတြက္ကို လိုက္မီဖို႔ ၁၂ ဂိုးသာ လိုအပ္တာျဖစ္ၿပီး မာေနးပဲ ဆက္ဦးေဆာင္သြားနိုင္မလား၊ ေရာ္နယ္လ္ဒိုကပဲ ဗိုလ္မထားတတ္တဲ့ ၎ရဲ့ပုံစံအတိုင္း ေက်ာ္ျဖတ္ျပသြားမလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

၄။ မိုဟာမက္ ဆာလား(၁၀၃ ဂိုး)

လက္ရွိအခ်ိန္မွာ မိုဟာမက္ ဆာလားေလာက္ ပရီးမီးယားလိဂ္မွာ ေၾကာက္မက္ဖြယ္အေကာင္းဆုံးကစားသမားမရွိေတာ့ပါဘူး။ အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ စိတ္လႈပ္ရွားဖြယ္စြမ္းေဆာင္ရည္ျပသေနခဲ့တာျဖစ္ၿပီး မန္စီးတီးနဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ဟာ ၎ရဲ့ေၾကာက္မက္ဖြယ္စြမ္းရည္နဲ႔အတူ ေတာက္ပခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ဖီဖာ ပြတ္စ္ကပ္စ္ဆုရွင္ျဖစ္တဲ့ ဆာလားဟာ ဂိုးေရွ႕မွာ ေၾကာက္မက္ဖြယ္ေျခစြမ္းနဲ႔ ပရီးမီးယားလိဂ္မွာ လႊမ္းမိုးေနတာျဖစ္ၿပီး အားျပင္းတဲ့ ဘယ္ေျခ၊ မွန္းဆရခက္တဲ့ အလိမ္အေခါက္စြမ္းရည္၊ အံ့အားသင့္ဖြယ္ ပါရမီေတြနဲ႔ သြင္းဂိုးေတြကို ရွာေဖြနိုင္သူျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ ပရီးမီးယားလိဂ္ရဲ့ ထိပ္တန္းဂိုးသြင္းရွင္ေတြထဲမွာ ဂိုးသြင္းႏႈန္း တည္ၿငိမ္သူျဖစ္ၿပီး လက္ရွိပုံစံနဲ႔ဆို ဘယ္သူမွ ရပ္တန႔္နိုင္မွာမဟုတ္ေတာ့ဘဲ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၃ ဂိုးအထိ သြင္းယူထားၿပီးျဖစ္တဲ့ လီဗာပူးလ္ၾကယ္ပြင့္ကို ေရာ္နယ္ဒို လိုက္မီဖို႔ေတာ့ ေတာ္ေတာ္ခက္မယ္ထင္ပါတယ္။

၃။ လူကာကူး(၁၁၆ ဂိုး)

ေရာ္နယ္ဒို ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕လာသလိုမ်ိဳး အိမ္ျပန္လာခဲ့တဲ့ လူကာကူးကိုလည္း လစ္လ်ဴရႈထားလို႔မရနိုင္ပါဘူး။ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ လိဂ္ရဲ့ ေတာင္းဆိုမႈေတြနဲ႔ ေကာင္းေကာင္းရင္းႏွီးၿပီး ေနသားတက်ျဖစ္ေနခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ေတာ္ေတာ္မ်ားမ်ားမွာလည္း ကစားခဲ့ဖူးသူျဖစ္ပါတယ္။ လူကာကူးဟာ ခ်ဲလ္ဆီးမွာ ကစားသမားဘဝကို စတင္ခဲ့ေပမယ့္ ဝက္စ္ဘရြန္း၊ အဲဗာတန္တို႔ကို အငွားနဲ႔ သြားေရာက္ကစားခဲ့ဖူးၿပီး အဲဗာတန္ကို အၿပီးသတ္ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။

အဲဗာတန္အသင္းနဲ႔ အထင္ႀကီးဖြယ္ေျခစြမ္းျပသနိုင္ခဲ့တဲ့ လူကာကူးကို မန္ခ်က္စတာယူနိုက္တက္က ေခၚယူခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား အႀကိမ္ ၂၀ ရရွိခဲ့တဲ့ ယူနိုက္တက္နဲ႔အတူရွိေနခဲ့တဲ့အခ်ိန္ေတြကေတာ့ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္အတြက္ အမွတ္ရစရာေတြေတာ့ မဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္ လူကာကူးဟာ ထိပ္တန္းဂိုးသြင္းရွင္ေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ယခုေႏြရာသီမွာ အင္တာမီလန္ကေန ခ်ဲလ္ဆီးကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့ၿပီးနာက္ ဂိုးေရွ႕မွာ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ပုံစံ ျပသေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္းဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၁၆ ဂိုးအထိ သြင္းယူထားေပမယ့္ ေရာ္နယ္လ္ဒိုအေနနဲ႔ လိုက္မီနိုင္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

၂။ ေဂ်မီ ဗာဒီ(၁၂၄ ဂိုး)

လက္စတာစီးတီးတိုက္စစ္မႉး ေဂ်မီ ဗာဒီဟာ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းအတိက်ဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ကတည္းက လက္စတာအတြက္ ပုံမွန္ပြဲထြက္ကစားသမားျဖစ္ခဲ့သူျဖစ္ပါတယ္။ ဗာဒီရဲ့ လ်င္ျမန္တဲ့ ေျပးႏႈန္း၊ ေနရာယူ အလြန္ေကာင္းမြန္မႈနဲ႔ အဆုံးသတ္ေသခ်ာမႈေတြက လက္စတာစီးတီးအတြက္ ဂိုးသြင္းစက္ျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ၂၀၁၅-၂၀၁၆ ရာသီမွာ လက္စတာစီးတီး အံ့အားသင့္ဖြယ္ ပရီးမီးယားလိဂ္ဖလားရရွိခဲ့ရာမွာ အဓိကအခန္းက႑ကေန ကစားေပးခဲ့တဲ့ ဗာဒီဟာ စုစုေပါင္းပရီးမီးယားလိဂ္သြင္းဂိုး ၁၂၄ ဂိုးအထိ သြင္းယူထားၿပီး အဂၤလန္တိုက္စစ္မႉးသာ ေရာ္နယ္လ္ဒိုထက္ အရင္ အနားမယူဘူးဆိုရင္ ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ လိုက္မီဖို႔ ေတာ္ေတာ္ေလး႐ုန္းကန္ရမယ့္ အေနအထားအျဖစ္ပါတယ္။

၁။ ဟာရီ ကိန္း(၁၆၆ ဂိုး)

ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းဟာ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္ကတည္းက ပရီးမီးယားလိဂ္မွာ ေျခစြမ္းတည္ၿငိမ္တဲ့ ကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး စပါးအသင္းအတြက္ ဂိုးေရွ႕မွာ ပုံမွန္ ဂိုးေတြ သြင္းယူေပးၿပီး ကူညီေပးခဲ့တာျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၅၁ ပြဲ ပါဝင္ကစားေပးထားၿပီး သြင္းဂိုး ၁၆၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၈ ႀကိမ္ ျပဳလုပ္ထားပါတယ္။ ဟာရီ ကိန္းအတြက္ လိုအပ္ေနတဲ့အရာဆိုလို႔ ဆုဖလားေတြသာ က်န္ရွိေတာ့တာျဖစ္ၿပီး ယခုေႏြရာသီမွာ မန္စီးတီးကို မေျပာင္းေရႊ႕နိုင္ခဲ့တာက ကံဆိုးခဲ့တာျဖစ္ပါတယ္။

အဲဒီအေျပာင္းအေရႊ႕သာျဖစ္ခဲ့ရင္ ယခုရာသီမွာ ဟာရီ ကိန္းရဲ့ သြင္းဂိုးေတြကို ပိုမိုျမင္ေတြ႕ရမွာျဖစ္ၿပီး လက္ရွိမွာေတာ့ စပါးအသင္းနဲ႔ ဂိုးေပါက္ေတြ႕ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ ေရာ္နယ္လ္ဒိုနဲ႔ ဟာရီ ကိန္းတို႔ၾကားက ဂိုးကြာဟခ်က္ဟာ ၇၉ ဂိုးအထိ ရွိေနတာေၾကာင့္ သိပ္မၾကာမီအခ်ိန္ကာလအတြင္း အဂၤလန္တိုက္စစ္မႉးရဲ့စံခ်ိန္ကို ဘယ္သူကမွ ခ်ိဳးဖ်က္နိုင္ဦးမွာမဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.