La Liga Premier League Transfer News

မက်ဆီအလွန် အင်အားချိနဲ့နေတဲ့တိုက်စစ်ကို ယူနိုက်တက်အပယ်ခံကြယ်ပွင့်နဲ့ တိုးမြှင့်ဖို့ ကြံနေတဲ့ ဘာကာ

ဘာစီလိုနာအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျက်ဆီ လင်ဂတ် ထွက်ခွာမယ်ဆိုရင် ခေါ်ယူဖို့အတွက် ရှေ့ဆုံးကနေ တန်းစီထားကြတယ်လို့ သိရပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် အနာဂတ်အတွက် ဆုံးဖြတ်ချက်မချမီ ရွေးချယ်စရာတွေ အများအပြားရှိနေတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဆန်ချိုတို့ကို အသင်းက ခေါ်ယူခဲ့ပြီးနောက်ပိုင်း ပွဲကစားချိန် ဘယ်လောက်များများ ဆိုးလ်ရှားက ပေးနိုင်မလဲဆိုတာကို သိချင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းကို ဝက်စ်ဟမ်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လင်ဂတ်ဟာ ယခုရာသီမှာ ဝက်စ်ဟမ်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်ဖလားပွဲစဉ်တစ်ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားပြီး ယူနိုက်တက်ထက်စာရင် နိုင်ငံအသင်းအတွက်တောင် ပွဲကစားချိန် ပိုမိုရရှိထားတာဖြစ်ပါတယ်။

လင်ဂတ်ဟာ ယခုနွေရာသီ ယူရိုပြိုင်ပွဲမှာ ကပ်သီးလေး လွဲချော်ခဲ့ပြီးနောက် လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂါးရတ် ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပါဝင်နိုင်မယ့်အခွင့်အရေးကို အများဆုံးဖြစ်လာစေချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ စောင့်ဆိုင်းပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့်ပုံပေါ်ပါတယ်။

ဂျက်ဆီ လင်ဂတ်အနေနဲ့ ဇန်နဝါရီလမှာ ပြည်ပကလပ်အသင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးနိုင်တော့မှာဖြစ်တာကြောင့် ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတို့ ၂ သင်းစလုံးဟာ ယူနိုက်တက်ကွင်းလယ်ကစားသမားအပေါ် စိတ်ဝင်စားမှု အခိုင်အမာ ထုတ်ဖော်ပြသခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘဏ္ဍာရေးအကြပ်အတည်းတွေကြောင့် အသင်းရဲ့တန်ဖိုးအရှိဆုံးကစားသမားဖြစ်တဲ့ လီယွန်နယ် မက်ဆီကို စာချုပ်သစ် မကမ်းလှမ်းနိုင်ခဲ့ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ရတာဖြစ်ပြီး ယခုရာသီ လာလီဂါပွဲစဉ် ၇ ပွဲကစားပြီးချိန်မှာ ၃ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးနဲ့ လာလီဂါအမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ နည်းပြ ရော်နယ် ကိုးမန်းရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့် နည်းပြသစ်ကို ရှာဖွေနေကြပြီလို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာဟာ မက်ဆီလိုမျိုး ဂိုးမသွင်းနိုင်ရင်တောင် အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ့် ကစားသမားမျိုး လိုအပ်နေတာကြောင့် ယူနိုက်တက်ကနေ အလွတ်နဲ့ထွက်ခွာဖို့ ပြင်နေတဲ့ လင်ဂတ်ကို ခေါ်လို့ရပြီဆိုတာနဲ့ တန်းခေါ်နိုင်အောင် အေစီမီလန်အသင်းနဲ့အတူ တန်းစီ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာအသင္းနဲ႔ ေအစီမီလန္အသင္းတို႔ဟာ လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဂ်က္ဆီ လင္ဂတ္ ထြက္ခြာမယ္ဆိုရင္ ေခၚယူဖို႔အတြက္ ေရွ႕ဆုံးကေန တန္းစီထားၾကတယ္လို႔ သိရပါတယ္။

လင္ဂတ္ဟာ ၿပီးခဲ့တဲ့လက မန္ခ်က္စတာယူႏိုက္တက္အသင္းဆီကေန စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာေၾကာင့္ အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္မခ်မီ ေ႐ြးခ်ယ္စရာေတြ အမ်ားအျပားရွိေနတာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ အဂၤလန္ကြင္းလယ္ကစားသမားဟာ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ ဆန္ခ်ိဳတို႔ကို အသင္းက ေခၚယူခဲ့ၿပီးေနာက္ပိုင္း ပြဲကစားခ်ိန္ ဘယ္ေလာက္မ်ားမ်ား ဆိုးလ္ရွားက ေပးႏိုင္မလဲဆိုတာကို သိခ်င္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ဒုတိယပိုင္းကို ဝက္စ္ဟမ္းမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လင္ဂတ္ဟာ ယခုရာသီမွာ ဝက္စ္ဟမ္းနဲ႔ ကစားခဲ့ရတဲ့ ကာရာေဘာင္ဖလားပြဲစဥ္တစ္ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိထားၿပီး ယူႏိုက္တက္ထက္စာရင္ ႏိုင္ငံအသင္းအတြက္ေတာင္ ပြဲကစားခ်ိန္ ပိုမိုရရွိထားတာျဖစ္ပါတယ္။

လင္ဂတ္ဟာ ယခုေႏြရာသီ ယူ႐ိုၿပိဳင္ပြဲမွာ ကပ္သီးေလး လြဲေခ်ာ္ခဲ့ၿပီးေနာက္ လာမယ့္ႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ လူစာရင္းမွာ ပါဝင္ႏိုင္မယ့္အခြင့္အေရးကို အမ်ားဆုံးျဖစ္လာေစခ်င္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ အဂၤလန္ကြင္းလယ္ကစားသမားဟာ လာမယ့္ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ ေစာင့္ဆိုင္းၿပီး အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မယ့္ပုံေပၚပါတယ္။

ဂ်က္ဆီ လင္ဂတ္အေနနဲ႔ ဇန္နဝါရီလမွာ ျပည္ပကလပ္အသင္းေတြနဲ႔ လြတ္လြတ္လပ္လပ္ေျပာဆိုေဆြးေႏြးႏိုင္ေတာ့မွာျဖစ္တာေၾကာင့္ ဘာစီလိုနာနဲ႔ ေအစီမီလန္အသင္းတို႔ ၂ သင္းစလုံးဟာ ယူႏိုက္တက္ကြင္းလယ္ကစားသမားအေပၚ စိတ္ဝင္စားမႈ အခိုင္အမာ ထုတ္ေဖာ္ျပသခဲ့ၾကတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘ႑ာေရးအၾကပ္အတည္းေတြေၾကာင့္ အသင္းရဲ႕တန္ဖိုးအရွိဆုံးကစားသမားျဖစ္တဲ့ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သစ္ မကမ္းလွမ္းႏိုင္ခဲ့ဘဲ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳခဲ့ရတာျဖစ္ၿပီး ယခုရာသီ လာလီဂါပြဲစဥ္ ၇ ပြဲကစားၿပီးခ်ိန္မွာ ၃ ပြဲႏိုင္ ၃ ပြဲသေရ ၁ ပြဲရႈံးနဲ႔ လာလီဂါအမွတ္ေပးဇယား အဆင့္ ၉ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ နည္းျပ ေရာ္နယ္ ကိုးမန္းရဲ႕ေနရာမွာ အစားထိုးခန႔္အပ္မယ့္ နည္းျပသစ္ကို ရွာေဖြေနၾကၿပီလို႔ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဘာစီလိုနာဟာ မက္ဆီလိုမ်ိဳး ဂိုးမသြင္းႏိုင္ရင္ေတာင္ အခြင့္အေရးေတြ ဖန္တီးေပးႏိုင္မယ့္ ကစားသမားမ်ိဳး လိုအပ္ေနတာေၾကာင့္ ယူႏိုက္တက္ကေန အလြတ္နဲ႔ထြက္ခြာဖို႔ ျပင္ေနတဲ့ လင္ဂတ္ကို ေခၚလို႔ရၿပီဆိုတာနဲ႔ တန္းေခၚႏိုင္ေအာင္ ေအစီမီလန္အသင္းနဲ႔အတူ တန္းစီ ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.