Premier League

၂၉.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၈ ရက္၊ ေသာၾကာေန႔။

၂၉.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၈ ရက္၊ ေသာၾကာေန႔၊ ရက္ယုတ္မာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၂:၅၄ အထိ တိထီ ၇ လုံး။ ေက်ာ္လွ်င္ ၈ လုံး။ ၇ လုံးတြင္၊ မတယုဂ္ႏွင့္ လႊသြားယုဂ္၊ အဖ်က္သေဘာေဆာင္ေသာ အလုပ္မ်ားႏွင့္ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၇:၅၇ အထိ အႆလိႆနကၡတ္။ ေက်ာ္လွ်င္ မာဃနကၡတ္။ ည ၂၃:၀၄ အထိ ဗ်ာဃာတယုဂ္၊ က်ားကဲ့သို႔ ခြန္အားႀကီးျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ အႏၲရာယ္၊ ဒဏ္ရာႏွင့္ ႀကဳံရတတ္ျခင္း၊ ႏွိမ္နင္းအႏုိင္ယူျခင္း၊ မိမိ၏ ထိခုိက္နစ္နာႏုိင္ေျခကို တြက္ခ်က္လုပ္ကိုင္ပါ။ ေက်ာ္လွ်င္ ဟႆဏယုဂ္၊ အလြန္စိတ္လွဳပ္ရွားရျခင္း၊ ဝမ္းေျမာက္ေပ်ာ္ရႊင္ျခင္း၊ ပညာႏွင့္ ျပည့္စုံျခင္း၊ မိမိအတြက္ ေကာင္းေသာအရာမ်ားအတြက္ အံ့ၾသဝမ္းသာ ရင္ခုန္ရလိမ့္မည္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၁:၄၄ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၂:၅၄ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၂:၅၄ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၉.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ သောကြာနေ့၊ ရက်ယုတ်မာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၂:၅၄ အထိ တိထီ ၇ လုံး။ ကျော်လျှင် ၈ လုံး။ ၇ လုံးတွင်၊ မတယုဂ်နှင့် လွှသွားယုဂ်၊ အဖျက်သဘောဆောင်သော အလုပ်များနှင့် ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၇:၅၇ အထိ အဿလိဿနက္ခတ်။ ကျော်လျှင် မာဃနက္ခတ်။ ည ၂၃:၀၄ အထိ ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။ ကျော်လျှင် ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၄၄ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၅၄ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၂:၅၄ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)