Bundesliga Premier League

RB လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာအတြက္ မန္ယူနဲ႔အၿပဳိင္ ေခၚယူရဖြယ္ရွိေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူမယ့္သူ တျဖည္းျဖည္းနည္းလာတဲ့ RB လိုက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာအတြက္ ယွဥ္ၿပဳိင္ပြဲမွာ လက္ထဲ ေငြေၾကးပုိင္ဆုိင္ထားတဲ့ အသင္းတစ္သင္းအေနနဲ႔ ေရွ႕တန္းကို ေရာက္လာခဲ့ၿပီး ပရီးမီးယားလိဂ္ၿပဳိင္ဘက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ေတာ့ အၿပဳိင္ေခၚယူရဖို႔ ရွိေနပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးဟာ ဒီေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနသူျဖစ္ေပမယ့္ သူ႕ရဲ႕ အေျပာင္းအေရႊ႕ခ်င္ဆုံးနဲ႔ အဆင္အေျပႏုိင္ဆုံး ဂ်ာမန္ထိပ္တန္းနည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းအေနနဲ႔ကေတာ့ သူ႕အတြက္ ေပါင္သန္း ၃၀ ထက္ ပုိမသုံးႏုိင္ဘူးလို႔ ေၾကျငာထားခဲ့ၿပီး လက္ရွိေဈးကြက္မွာ ဒီထက္ပုိၿပီး ေျပာင္းေရႊ႕ေၾကး မေပးႏုိင္ဘူးလို႔လည္း အန္းဖီးလ္တာဝန္ရွိသူေတြက ဆုံးျဖတ္ခဲ့ၾကပါတယ္။

RB လုိက္ပ္ဇစ္အသင္းကေတာ့ သူတုိ႔ရဲ႕ ကစားသမားေျပာင္းေရႊ႕ေၾကးေတြကို ေလွ်ာ့ခ်ေပးေနၿပီး ေနာက္ခံလူ ဒါယို အူပါမီကာႏိုဟာလည္း ေပါင္ ၃၅ သန္းသာ သတ္မွတ္ခံထားရခ်ိန္မွာ ဗာနာကိုေတာ့ ေပါင္ ၄၉ သန္းဆိုတဲ့ သူ႕ရဲ႕ ေလ်ာ္ေၾကးစာခ်ဳပ္ကို ေပးေခ်ဖို႔ ဘယ္ပရီးမီးယားလိဂ္ အသင္းကမွ ဆႏၵမရွိဘူးလို႔လည္း သိရပါတယ္။

ခ်ဲလ္ဆီးအသင္းကေတာ့ တိုက္စစ္ပုိင္းမွာ အေတြ႕အႀကဳံနည္းေသးတဲ့ တမ္မီ ေအဘရာဟမ္နဲ႔ က်ဆင္းလာခဲ့တဲ့ အိုလီဗီးေယး ဂ်ီ႐ူးတုိ႔ကို အားကိုးဖို႔ထက္ စြမ္းရည္အျမင့္မားဆုံး တုိက္စစ္မွဴးတစ္ဦးကို ရွာေဖြေနရာမွာ ဗာနာကို အသင့္ေတာ္ဆုံးတစ္ဦးအျဖစ္ ရွဳျမင္ထားၿပီး ေငြသုံးဖို႔ကိုေတာ့ ခ်င့္ခ်ိန္လုပ္ေဆာင္သြားမွာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ တုိက္စစ္မွဴးေကာင္းတစ္ဦး အလိုအပ္ဆုံးအသင္းျဖစ္ေနတဲ့ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ မၾကာခင္အခ်ိန္အတြင္းမွာ RB လုိက္ပ္ဇစ္အသင္းနဲ႔ ေဆြးေႏြးသြားဖို႔ ရွိေနၿပီး လက္ရွိေလ်ာ္ေၾကးစာခ်ဳပ္ကေတာ့ ဇြန္လ ၁၅ ရက္အထိပဲ ရွိေနတာျဖစ္လို႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနတဲ့ ဗာနာအတြက္ ဒီေနာက္ပုိင္းမွာ ေခၚယူဖို႔ ပုိမုိခက္ခဲမွာပဲျဖစ္ၿပီး လက္ရွိအေနအထားအရ အနည္းငယ္ ေဈးႏွဳန္းေလွ်ာ့ခ်ေပးရင္ စတမ္းဖို႔ဒ္ဘရစ္ခ်္ပရိသတ္ေတြ ေပ်ာ္ရႊင္ရေအာင္ ေခၚယူေပးသင့္ၿပီျဖစ္ေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူမယ့်သူ တဖြည်းဖြည်းနည်းလာတဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာအတွက် ယှဉ်ပြိုင်ပွဲမှာ လက်ထဲ ငွေကြေးပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းအနေနဲ့ ရှေ့တန်းကို ရောက်လာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့တော့ အပြိုင်ခေါ်ယူရဖို့ ရှိနေပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသူဖြစ်ပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့ချင်ဆုံးနဲ့ အဆင်အပြေနိုင်ဆုံး ဂျာမန်ထိပ်တန်းနည်းပြ ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအနေနဲ့ကတော့ သူ့အတွက် ပေါင်သန်း ၃၀ ထက် ပိုမသုံးနိုင်ဘူးလို့ ကြေငြာထားခဲ့ပြီး လက်ရှိဈေးကွက်မှာ ဒီထက်ပိုပြီး ပြောင်းရွှေ့ကြေး မပေးနိုင်ဘူးလို့လည်း အန်းဖီးလ်တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

RB လိုက်ပ်ဇစ်အသင်းကတော့ သူတို့ရဲ့ ကစားသမားပြောင်းရွှေ့ကြေးတွေကို လျှော့ချပေးနေပြီး နောက်ခံလူ ဒါယို အူပါမီကာနိုဟာလည်း ပေါင် ၃၅ သန်းသာ သတ်မှတ်ခံထားရချိန်မှာ ဗာနာကိုတော့ ပေါင် ၄၉ သန်းဆိုတဲ့ သူ့ရဲ့ လျော်ကြေးစာချုပ်ကို ပေးချေဖို့ ဘယ်ပရီးမီးယားလိဂ် အသင်းကမှ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။

ချဲလ်ဆီးအသင်းကတော့ တိုက်စစ်ပိုင်းမှာ အတွေ့အကြုံနည်းသေးတဲ့ တမ်မီ အေဘရာဟမ်နဲ့ ကျဆင်းလာခဲ့တဲ့ အိုလီဗီးယေး ဂျီရူးတို့ကို အားကိုးဖို့ထက် စွမ်းရည်အမြင့်မားဆုံး တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေရာမှာ ဗာနာကို အသင့်တော်ဆုံးတစ်ဦးအဖြစ် ရှုမြင်ထားပြီး ငွေသုံးဖို့ကိုတော့ ချင့်ချိန်လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ တိုက်စစ်မှူးကောင်းတစ်ဦး အလိုအပ်ဆုံးအသင်းဖြစ်နေတဲ့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ မကြာခင်အချိန်အတွင်းမှာ RB လိုက်ပ်ဇစ်အသင်းနဲ့ ဆွေးနွေးသွားဖို့ ရှိနေပြီး လက်ရှိလျော်ကြေးစာချုပ်ကတော့ ဇွန်လ ၁၅ ရက်အထိပဲ ရှိနေတာဖြစ်လို့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဗာနာအတွက် ဒီနောက်ပိုင်းမှာ ခေါ်ယူဖို့ ပိုမိုခက်ခဲမှာပဲဖြစ်ပြီး လက်ရှိအနေအထားအရ အနည်းငယ် ဈေးနှုန်းလျှော့ချပေးရင် စတမ်းဖို့ဒ်ဘရစ်ချ်ပရိသတ်တွေ ပျော်ရွှင်ရအောင် ခေါ်ယူပေးသင့်ပြီဖြစ်ကြောင်းလည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.