Premier League

မန္ခ်က္စတာစီးတီးနဲ႔ ႏွစ္ရွည္စာခ်ဳပ္သစ္အတြက္ အဆင္သင့္ပဲလို႔ဆိုတဲ့ ဒီဘ႐ိုင္းနား

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အဓိက ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ အသင္းရဲ႕ ႀကဳံေတြ႕လာရႏုိင္တဲ့ ဥေရာပပြဲပယ္ျပစ္ဒဏ္ကို သိရွိေပမယ့္လည္း အစ္တီဟတ္ကြင္းမွာ ဆက္ေနၿပီး ႏွစ္ရွည္စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးဖို႔ အဆင္သင့္ပဲလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဒီလအစပုိင္းကေတာ့ မန္စီးတီးရဲ႕ ျပစ္ဒဏ္ဟာ သူ႕ရဲ႕ အနာဂတ္ဆုံးျဖတ္ခ်က္မွာ တစ္စိတ္တစ္ေဒသ ထည့္သြင္းစဥ္းစားစရာအခ်က္ျဖစ္တယ္လို႔ အသက္ ၂၈ ႏွစ္အရြယ္ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူက ေျပာၾကားခဲ့ေပမယ့္ လက္ရွိမွာေတာ့ အသင္းနဲ႔ပဲ အနာဂတ္ကို ေရွ႕ဆက္သြားဖို႔ ဖြင့္ဟလုိက္တာျဖစ္ပါတယ္။

ဝုလ္ဖ္ဘတ္အသင္းကေန ၂၀၁၅ ၾသဂုတ္လမွာ ေပါင္ ၅၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဒီဘ႐ိုင္းနားဟာ အဲ့ဒီတုန္းက အသင္းရဲ႕ အေျပာင္းအေရႊ႕ မွတ္တမ္းေတြမွာ ေဈးအႀကီးဆုံးလည္းျဖစ္ခဲ့ၿပီး သူ႕ရဲ႕အသင္းေဟာင္း ခ်ဲလ္ဆီးကို ႏွေျမာတသေစရေလာက္တဲ့ ေျခစြမ္းေတြကို ႏွစ္စဥ္ႏွစ္တုိင္း ျပသႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဂ်ာမန္ေျမကေန ပုိမိုေကာင္းမြန္ၿပီး ႀကံ့ခိုင္ေတာင့္တင္းတဲ့ ပုံစံနဲ႔ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့တဲ့ ဒီဘ႐ိုင္းနားဟာ မန္စီးတီးအတြက္ ကစားေပးထားခဲ့တဲ့ ၂၀၉ ပြဲမွာ သြင္းဂိုး ၅၀ နဲ႔ ၈၅ ဂိုး ဖန္တီးေပးထားခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီအတြင္း ဖန္တီးမွဳစံခ်ိန္ကို ခ်ဳိးဖ်က္ဖို႔လည္း အေျခအေနေကာင္းေနသူျဖစ္ပါတယ္။

အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုး ခ်ဳပ္ဆုိၿပီးရင္ေတာ့ ဒီဘ႐ိုင္းနားအေနနဲ႔ အသင္းေခါင္းေဆာင္လက္ပတ္ကိုလည္း မၾကာခဏ ဝတ္ဆင္ႏုိင္မယ့္ လက္ေထာက္အသင္းေခါင္းေဆာင္ရာထူးကို စတင္လက္ခံရဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ေဒးဗစ္ ေဆးလ္ဗား ထြက္ခြာသြားခ်ိန္မွာ အသင္းေခါင္းေဆာင္ ျဖစ္လာႏုိင္တဲ့ ဖာနန္ဒင္ညဳိကို ေထာက္ကူေပးရမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ အသင်းရဲ့ ကြုံတွေ့လာရနိုင်တဲ့ ဥရောပပွဲပယ်ပြစ်ဒဏ်ကို သိရှိပေမယ့်လည်း အစ်တီဟတ်ကွင်းမှာ ဆက်နေပြီး နှစ်ရှည်စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့်ပဲလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒီလအစပိုင်းကတော့ မန်စီးတီးရဲ့ ပြစ်ဒဏ်ဟာ သူ့ရဲ့ အနာဂတ်ဆုံးဖြတ်ချက်မှာ တစ်စိတ်တစ်ဒေသ ထည့်သွင်းစဉ်းစားစရာအချက်ဖြစ်တယ်လို့ အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်ကွင်းလယ်လူက ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းနဲ့ပဲ အနာဂတ်ကို ရှေ့ဆက်သွားဖို့ ဖွင့်ဟလိုက်တာဖြစ်ပါတယ်။

ဝုလ်ဖ်ဘတ်အသင်းကနေ ၂၀၁၅ သြဂုတ်လမှာ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဘရိုင်းနားဟာ အဲ့ဒီတုန်းက အသင်းရဲ့ အပြောင်းအရွှေ့ မှတ်တမ်းတွေမှာ ဈေးအကြီးဆုံးလည်းဖြစ်ခဲ့ပြီး သူ့ရဲ့အသင်းဟောင်း ချဲလ်ဆီးကို နှမြောတသစေရလောက်တဲ့ ခြေစွမ်းတွေကို နှစ်စဉ်နှစ်တိုင်း ပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဂျာမန်မြေကနေ ပိုမိုကောင်းမွန်ပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ပုံစံနဲ့ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းနားဟာ မန်စီးတီးအတွက် ကစားပေးထားခဲ့တဲ့ ၂၀၉ ပွဲမှာ သွင်းဂိုး ၅၀ နဲ့ ၈၅ ဂိုး ဖန်တီးပေးထားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဖန်တီးမှုစံချိန်ကို ချိုးဖျက်ဖို့လည်း အခြေအနေကောင်းနေသူဖြစ်ပါတယ်။

အသင်းနဲ့ စာချုပ်သက်တမ်းတိုး ချုပ်ဆိုပြီးရင်တော့ ဒီဘရိုင်းနားအနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကိုလည်း မကြာခဏ ဝတ်ဆင်နိုင်မယ့် လက်ထောက်အသင်းခေါင်းဆောင်ရာထူးကို စတင်လက်ခံရဖို့ နီးစပ်နေပြီဖြစ်ပြီး ဒေးဗစ် ဆေးလ်ဗား ထွက်ခွာသွားချိန်မှာ အသင်းခေါင်းဆောင် ဖြစ်လာနိုင်တဲ့ ဖာနန်ဒင်ညိုကို ထောက်ကူပေးရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.