Premier League

လီဗာပူးလ်ရဲ့ တန်ဖိုးအရှိဆုံးကစားသမား ၅ ဦးက ဘယ်သူတွေလဲ

လီဗာပူးလ်ဟာ ယခုရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုထဲမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေပြီး ၇ ပွဲကစားပြီးချိန်မှာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးတို့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် နိုင်ပွဲတွေ ဆက်နေခဲ့ပြီး ခံစစ်မှာတော့ ဗန်ဒိုက် ပြန်လည်ပါဝင်လာမှုက ပြီးခဲ့တဲ့ရာသီက ပြိုင်ဘက်အသင်းတွေကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရတဲ့ ခံစစ်ကို ပြန်လည်တောင့်တင်းလာစေခဲ့ပါတယ်။ ယခုရာသီစတင်ခဲ့တဲ့ပုံစံနဲ့ဆိုရင် လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံးအဆင့်အထိ တက်ရောက်နိုင်သလို ၃ နှစ်အတွင်း ၂ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကိုတောင် ရရှိနိုင်တဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။

အခုအချိန်မှာ လီဗာပူးလ်အသင်းရဲ့ တန်ဖိုးအရှိဆုံးကစားသမား ၅ ဦးက ဘယ်သူတွေများဖြစ်မလဲ…

၅။ အယ်လစ်ဆန် ဘက်ကာ- ယူရိုသန်း ၆၀

အယ်လစ်ဆန်ဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားဟာ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ရရှိခဲ့တဲ့ ၂ ရာသီမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အယ်လစ်ဆန်ဟာ လီဗာပူးလ်အတွက် ၁၃၉ ပွဲမှာ ၆၃ ပွဲ ပေးဂိုးမရှိအောင် အထင်ကြီးဖွယ် လက်စွမ်းပြသနိုင်ခဲ့ပြီး အဲဒီထဲက ၄ ပွဲဟာ ယခုရာသီမှာ ရရှိထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို ၉၅ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့အချိန်မှာ လီဗာပူးလ်အသင်းသမိုင်းမှာ ဂိုးသွင်းယူပေးခဲ့တဲ့ ပထမဆုံး ဂိုးသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ဂိုးသမားဟာ ကလော့ပ်ရဲ့အသင်းမှာ အဓိကကစားသမားတစ်ဦးဖြစ်ပြီး ခံစစ်ကနေ တိုက်စစ်စတင်ရာမှာ အကူအညီပေးနိုင်တဲ့ တိုက်စစ်အမြင်ရှိတဲ့ ဂိုးသမားဖြစ်ပြီး ဂိုးဖမ်းရာမှာလည်း စိတ်ချရသူဖြစ်ပါတယ်။

၄။ အန်ဒီ ရောဘတ်ဆန်- ယူရို ၆၅ သန်း

အန်ဒီ ရောဘတ်ဆန်ဟာ ယာဂန် ကလော့ပ်ရဲ့ ယန္တရားကြီးထဲက အဓိက ခွေးသွားစိတ်တစ်ခုဖြစ်ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့အတူ ပြိုင်ပွဲသမိုင်းမှာ ကြောက်မက်ဖွယ်အကောင်းဆုံး နောက်ခံလူအတွဲတွေထဲက တစ်တွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က လီဗာပူးလ်ကို စတင်ရောက်ရှိခဲ့ချိန်ကတည်းက ရောဘတ်ဆန်ဟာ ပြိုင်ပွဲစုံ ပွဲ ၂၀၀ နီးပါးကစားပေးထားရာမှာ ၅ ဂိုးသာ သွင်းယူထားပေမယ့် ဂိုးဖန်တီးမှု ၃၈ ကြိမ်အထိ အထင်ကြီးဖွယ် ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာလည်း ရောဘတ်ဆန်ဟာ ပြိုင်ပွဲစုံ ၇ ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပြီး လီဗာပူးလ်အသင်းဟာ ဆုဖလားအများအပြားကို ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ရောဘတ်ဆန်အနေနဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားမယ်လို့ မျှော်မှန်းရပါတယ်။

၃။ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်-ယူရို ၇၅ သန်း

လီဗာပူးလ်ရဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ လက်ရှိ ပြိုင်ပွဲထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်နောက်ခံကစားသမားတွေထဲက တစ်ဦးဆိုတာ ငြင်းချက်ထုတ်စရာမရှိဘဲ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန်နောက်ခံလူဟာ ရောဘတ်ဆန်နဲ့အတူ ကြောက်မက်ဖွယ် ခံစစ်အတွဲအဖြစ် မှတ်ယူခြင်းခံထားရသူဖြစ်ပါတယ်။

အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ ၎င်းရဲ့တွဲဘက်ဖြစ်တဲ့ ရောဘတ်ဆန်အတိုင်းပဲ ဂိုးအများကြီး သွင်းယူမပေးနိုင်ခဲ့ဘဲ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀၀ နီးပါးမှာ ၁၀ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာနိုးလ်ဒ်ရဲ့ ဂိုးဖန်တီးမှုပြုလုပ်ထားတဲ့အရေအတွက် ၄၇ ကြိမ်အထိ အထင်ကြီးဖွယ်ရှိနေပြီး လီဗာပူးလ်အသင်း အောင်မြင်မှုရခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာ ၁၃ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အာနိုးလ်ဒ်ဟာ ယခုရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၃ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ထားပြီးဖြစ်ပါတယ်။

၂။ ဆာဒီယို မာနေး- ယူရို ၈၅ သန်း

ဆာဒီယို မာနေးဟာ မိုဟာမက် ဆာလား၊ ဖာမီနိုတို့နဲ့အတူ လီဗာပူးလ်ရဲ့ ကြောက်မက်ဖွယ် တိုက်စစ် ၃ ဦးအတွဲထဲက တစ်ဦးဖြစ်ပါတယ်။ ခြေစွမ်းတည်ငြိမ်တဲ့ ဂိုးသွင်းသူဖြစ်တဲ့ မာနေးဟာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀၀ ကျော်မှာ ဂိုး ၁၀၀ ကျော်အထိ သွင်းယူထားနိုင်ခဲ့ပြီး နည်းပြ ကလော့ပ်ရဲ့ လက်အောက်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေသူဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။

အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၁၈-၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ စပါးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးလ်အတွက် အရေးပါတဲ့သွင်းဂိုး ၁ ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ သွင်းဂိုး ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး အဲဒီထဲက ၄ ဂိုးဟာ ပရီးမီးယားလိဂ်သွင်းဂိုးတွေ ဖြစ်ပါတယ်။

၁။ မိုဟာမက် ဆာလား- ယူရိုသန်း ၁၀၀

မိုဟာမက် ဆာလားဟာ လက်ရှိအချိန် ပြိုင်ပွဲထဲမှာ အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဂိုးသွင်းကောင်းတဲ့ အီဂျစ်ကြယ်ပွင့်ဟာ ဂိုးတွေကို အပျော်သွင်းနေသလားမှတ်ရအောင်ကို ဂိုးသွင်းဖို့ အဆင်သင့်ဖြစ်နေတဲ့သူပါ။ ၂၀၁၇ ခုနှစ်နွေရာသီမှာ လီဗာပူးလ်အသင်းကို ရိုးမားအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ဆာလားက သွင်းဂိုးတွေ တရကြမ်းသွင်းယူပေးပြီး အသင်းရဲ့ သစ္စာခံပရိသတ်တွေရဲ့ ချစ်မြတ်နိုးခြင်းကို ခံယူနိုင်ခဲ့သူဖြစ်ပါတယ်။

ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၃၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဆာလားဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရရှိခဲ့ပြီး အဲဒီကတည်းက ဂိုးရှေ့မှာ ဂိုးရရှိဖို့ လှည့်ကြည့်စရာမလိုလောက်အောင် စိတ်ချခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀၀ ကျော်မှာ ၁၃၄ ဂိုးအထိ သွင်းယူပေးထားပြီး ယခုရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၉ ဂိုးအထိ သွင်းယူထားပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ဟာ ယခုရာသီ ဥေရာပထိပ္သီးလိဂ္ ၅ ခုထဲမွာ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ေနၿပီး ၇ ပြဲကစားၿပီးခ်ိန္မွာ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးတို႔ရဲ့ ဂိုးသြင္းစြမ္းရည္ေၾကာင့္ နိုင္ပြဲေတြ ဆက္ေနခဲ့ၿပီး ခံစစ္မွာေတာ့ ဗန္ဒိုက္ ျပန္လည္ပါဝင္လာမႈက ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ဘက္အသင္းေတြကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ ခံစစ္ကို ျပန္လည္ေတာင့္တင္းလာေစခဲ့ပါတယ္။ ယခုရာသီစတင္ခဲ့တဲ့ပုံစံနဲ႔ဆိုရင္ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္မွာ ေနာက္ဆုံးအဆင့္အထိ တက္ေရာက္နိုင္သလို ၃ ႏွစ္အတြင္း ၂ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကိုေတာင္ ရရွိနိုင္တဲ့အေနအထားမွာရွိေနတာျဖစ္ပါတယ္။

အခုအခ်ိန္မွာ လီဗာပူးလ္အသင္းရဲ့ တန္ဖိုးအရွိဆုံးကစားသမား ၅ ဦးက ဘယ္သူေတြမ်ားျဖစ္မလဲ…

၅။ အယ္လစ္ဆန္- ယူရိုသန္း ၆၀

အယ္လစ္ဆန္ဟာ လက္ရွိ ကမၻာေပၚက အေကာင္းဆုံး ဂိုးသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရသူျဖစ္ၿပီး ဘရာဇီးလ္လက္ေရြးစင္ဂိုးသမားဟာ လီဗာပူးလ္ရဲ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ရရွိခဲ့တဲ့ ၂ ရာသီမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ အယ္လစ္ဆန္ဟာ လီဗာပူးလ္အတြက္ ၁၃၉ ပြဲမွာ ၆၃ ပြဲ ေပးဂိုးမရွိေအာင္ အထင္ႀကီးဖြယ္ လက္စြမ္းျပသနိုင္ခဲ့ၿပီး အဲဒီထဲက ၄ ပြဲဟာ ယခုရာသီမွာ ရရွိထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ဝက္စ္ဘရြန္းအသင္းကို အနိုင္ရရွိေစမယ့္ အနိုင္ဂိုးကို ၉၅ မိနစ္မွာ ေခါင္းတိုက္သြင္းယူေပးခဲ့တဲ့အခ်ိန္မွာ လီဗာပူးလ္အသင္းသမိုင္းမွာ ဂိုးသြင္းယူေပးခဲ့တဲ့ ပထမဆုံး ဂိုးသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ဂိုးသမားဟာ ကေလာ့ပ္ရဲ့အသင္းမွာ အဓိကကစားသမားတစ္ဦးျဖစ္ၿပီး ခံစစ္ကေန တိုက္စစ္စတင္ရာမွာ အကူအညီေပးနိုင္တဲ့ တိုက္စစ္အျမင္ရွိတဲ့ ဂိုးသမားျဖစ္ၿပီး ဂိုးဖမ္းရာမွာလည္း စိတ္ခ်ရသူျဖစ္ပါတယ္။

၄။ အန္ဒီ ေရာဘတ္ဆန္- ယူရို ၆၅ သန္း

အန္ဒီ ေရာဘတ္ဆန္ဟာ ယာဂန္ ကေလာ့ပ္ရဲ့ ယႏၲရားႀကီးထဲက အဓိက ေခြးသြားစိတ္တစ္ခုျဖစ္ၿပီး အလက္ဇန္းဒါး-အာနိုးလ္ဒ္နဲ႔အတူ ၿပိဳင္ပြဲသမိုင္းမွာ ေၾကာက္မက္ဖြယ္အေကာင္းဆုံး ေနာက္ခံလူအတြဲေတြထဲက တစ္တြဲျဖစ္လာခဲ့တာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၄ ႏွစ္က လီဗာပူးလ္ကို စတင္ေရာက္ရွိခဲ့ခ်ိန္ကတည္းက ေရာဘတ္ဆန္ဟာ ၿပိဳင္ပြဲစုံ ပြဲ ၂၀၀ နီးပါးကစားေပးထားရာမွာ ၅ ဂိုးသာ သြင္းယူထားေပမယ့္ ဂိုးဖန္တီးမႈ ၃၈ ႀကိမ္အထိ အထင္ႀကီးဖြယ္ ျပဳလုပ္ေပးထားနိုင္ခဲ့တာျဖစ္ပါတယ္။ ယခုရာသီမွာလည္း ေရာဘတ္ဆန္ဟာ ၿပိဳင္ပြဲစုံ ၇ ပြဲမွာ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားၿပီး လီဗာပူးလ္အသင္းဟာ ဆုဖလားအမ်ားအျပားကို ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ေရာဘတ္ဆန္အေနနဲ႔ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးသြားမယ္လို႔ ေမၽွာ္မွန္းရပါတယ္။

၃။ ထရင့္ အလက္ဇန္းဒါး-အာနိုးလ္ဒ္-ယူရို ၇၅ သန္း

လီဗာပူးလ္ရဲ့ ထရင့္ အလက္ဇန္းဒါး-အာနိုးလ္ဒ္ဟာ လက္ရွိ ၿပိဳင္ပြဲထဲမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံး လူငယ္ေနာက္ခံကစားသမားေတြထဲက တစ္ဦးဆိုတာ ျငင္းခ်က္ထုတ္စရာမရွိဘဲ အသက္ ၂၃ ႏွစ္အရြယ္သာရွိေသးတဲ့ အဂၤလန္ေနာက္ခံလူဟာ ေရာဘတ္ဆန္နဲ႔အတူ ေၾကာက္မက္ဖြယ္ ခံစစ္အတြဲအျဖစ္ မွတ္ယူျခင္းခံထားရသူျဖစ္ပါတယ္။

အလက္ဇန္းဒါး-အာနိုးလ္ဒ္ဟာ ၎ရဲ့တြဲဘက္ျဖစ္တဲ့ ေရာဘတ္ဆန္အတိုင္းပဲ ဂိုးအမ်ားႀကီး သြင္းယူမေပးနိုင္ခဲ့ဘဲ လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစုံ ပြဲ ၂၀၀ နီးပါးမွာ ၁၀ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာနိုးလ္ဒ္ရဲ့ ဂိုးဖန္တီးမႈျပဳလုပ္ထားတဲ့အေရအတြက္ ၄၇ ႀကိမ္အထိ အထင္ႀကီးဖြယ္ရွိေနၿပီး လီဗာပူးလ္အသင္း ေအာင္ျမင္မႈရခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမွာ ၁၃ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ အာနိုးလ္ဒ္ဟာ ယခုရာသီမွာလည္း ၿပိဳင္ပြဲစုံမွာ ၃ ႀကိမ္အထိ ဂိုးဖန္တီးမႈ ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

၂။ ဆာဒီယို မာေနး- ယူရို ၈၅ သန္း

ဆာဒီယို မာေနးဟာ မိုဟာမက္ ဆာလား၊ ဖာမီနိုတို႔နဲ႔အတူ လီဗာပူးလ္ရဲ့ ေၾကာက္မက္ဖြယ္ တိုက္စစ္ ၃ ဦးအတြဲထဲက တစ္ဦးျဖစ္ပါတယ္။ ေျခစြမ္းတည္ၿငိမ္တဲ့ ဂိုးသြင္းသူျဖစ္တဲ့ မာေနးဟာ လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစုံ ပြဲ ၂၀၀ ေက်ာ္မွာ ဂိုး ၁၀၀ ေက်ာ္အထိ သြင္းယူထားနိုင္ခဲ့ၿပီး နည္းၿပ ကေလာ့ပ္ရဲ့ လက္ေအာက္မွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးေနသူဆိုတာ ေျပာဖို႔ေတာင္ လိုမယ္မထင္ပါဘူး။

အသက္ ၂၉ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ၂၀၁၈-၂၀၁၉ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ စပါးအသင္းကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း လီဗာပူးလ္အတြက္ အေရးပါတဲ့သြင္းဂိုး ၁ ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဆီနီေဂါလက္ေရြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ သြင္းဂိုး ၅ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီးျဖစ္ၿပီး အဲဒီထဲက ၄ ဂိုးဟာ ပရီးမီးယားလိဂ္သြင္းဂိုးေတြ ျဖစ္ပါတယ္။

၁။ မိုဟာမက္ ဆာလား- ယူရိုသန္း ၁၀၀

မိုဟာမက္ ဆာလားဟာ လက္ရွိအခ်ိန္ ၿပိဳင္ပြဲထဲမွာ အေကာင္းဆုံး ေတာင္ပံကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဂိုးသြင္းေကာင္းတဲ့ အီဂ်စ္ၾကယ္ပြင့္ဟာ ဂိုးေတြကို အေပ်ာ္သြင္းေနသလားမွတ္ရေအာင္ကို ဂိုးသြင္းဖို႔ အဆင္သင့္ျဖစ္ေနတဲ့သူပါ။ ၂၀၁၇ ခုႏွစ္ေႏြရာသီမွာ လီဗာပူးလ္အသင္းကို ရိုးမားအသင္းကေန ေျပာင္းေရႊ႕လာၿပီးကတည္းက ဆာလားက သြင္းဂိုးေတြ တရၾကမ္းသြင္းယူေပးၿပီး အသင္းရဲ့ သစၥာခံပရိသတ္ေတြရဲ့ ခ်စ္ျမတ္နိုးျခင္းကို ခံယူနိုင္ခဲ့သူျဖစ္ပါတယ္။

ပြဲဦးထြက္ရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၃၂ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ ဆာလားဟာ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ရရွိခဲ့ၿပီး အဲဒီကတည္းက ဂိုးေရွ႕မွာ ဂိုးရရွိဖို႔ လွည့္ၾကည့္စရာမလိုေလာက္ေအာင္ စိတ္ခ်ခဲ့ရတာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစုံ ပြဲ ၂၀၀ ေက်ာ္မွာ ၁၃၄ ဂိုးအထိ သြင္းယူေပးထားၿပီး ယခုရာသီမွာလည္း ၿပိဳင္ပြဲစုံမွာ ၉ ဂိုးအထိ သြင္းယူထားၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၅ ပြဲဆက္တိုက္ ဂိုးသြင္းယူနိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.