Analysis Premier League

နီကိုလာ ပေပေအစား အာဆင်နယ်ခေါ်ယူခဲ့ရမယ့် ကစားသမား ၅ ဦး

၂၀၁၉ ခုနှစ် သြဂုတ်လမှာ အာဆင်နယ်အသင်းက လိုင်လီအသင်းက နီကိုလာ ပေပေကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပြီး ပေပေဟာ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ရတဲ့ကစားသမားဖြစ်တာကြောင့် မျှော်မှန်းချက်တွေကလည်း မိုးပေါ်က မဆင်းနိုင်ဖြစ်ခဲ့ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ကြယ်ပွင့်ဟာ လိုင်လီမှာ ပွဲ ၈၀ ပါဝင်ကစားပေးခဲ့ရာမှာ ၃၇ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူပေးခဲ့ပြီး အာဆင်နယ်က လိုအပ်နေတဲ့ ကစားသမားပုံစံမျိုး အတိအကျဖြစ်ခဲ့ပုံ ပေါ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့ အတူရှိနေခဲ့တဲ့ ၂ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ပေပေရဲ့ အပြောင်းအရွှေ့ဟာ အစပိုင်းမှာ မျှော်မှန်းခဲ့သလောက် မဖြစ်ခဲ့ဘူးလို့ ပြောရင် မမှန်ရင်တောင် မမှားဘူးလို့ ပြောလို့ ရပါတယ်။ ပေပေဆီကနေ မျှော်မှန်းမှုရှိခဲ့ပေမယ့်လည်း ထင်သလောက်ကြီး မဖြစ်ရင်တောင် အနည်းဆုံးတော့ အာဆင်နယ်အတွက် ပုံမှန်ပွဲထွက်ကစားသမားလောက်တော့ ဖြစ်လာမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ယူရိုပါလိဂ်က အရေးကြီးတဲ့ပွဲစဉ်အချို့မှာ ပေပေက တောက်ပပြခဲ့ပေမယ့်လည်း အာဆင်နယ်အနေနဲ့ ၎င်းတို့ ပေးချေခဲ့ရတဲ့ တန်ဖိုးကြောင့် ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေမှာဖြစ်ပြီး ပေပေအစား အာဆင်နယ်အသင်း ခေါ်ယူခဲ့ရမယ့် ကစားသမား ၅ ဦးက ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၅။ ယယ်ရမီ ဒိုကူ- ရင်းနေး
ယယ်ရမီ ဒိုကူဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ကျော်ကြားမှု မြင့်တက်လာတဲ့ လူငယ်ကစားသမားဖြစ်ပြီး ဘယ်လ်ဂျီယံကလပ်အသင်းဖြစ်တဲ့ အန်ဒါလက်ချ်နဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ဒိုကူဟာ အလွန်ငယ်ရွယ်သေးတဲ့အချိန်မှာ ပြသခဲ့တဲ့ ရင့်ကျက်တဲ့စွမ်းဆောင်ရည်ကြောင့် အသင်းအများအပြားဆီက စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တောင်ပံမှာလည်း ကစားပေးနိုင်စွမ်းရှိတဲ့ ဒိုကူဟာ ပြိုင်ဘက်ဆီက ဘောလုံးလုယူပြီး ဂိုးသွင်းယူတတ်သလို အလိမ်အခေါက်ထူးချွန်သူအဖြစ် လူသိများပြီး ၂၀၁၈ ခုနှစ်မှသာ ပွဲဦးထွက်ကစားခွင့်ရခဲ့တာကြောင့် ပေပေကို ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်က ခေါ်ယူချိန်မှာ ထိပ်တန်းအဆင့်ပြိုင်ပွဲမှာ ၁ နှစ်သာ အတွေ့အကြုံရှိသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒိုကူကို ခေါ်ယူဖို့ မဆုံးဖြတ်ခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ဟာ အဲဒီအချိန်မှာ အဓိပ္ပာယ်ရှိသလိုထင်ရပေမယ့် အချိန်လေးနည်းနည်းပေးပြီး စောင့်ဆိုင်းလိုက်မယ်ဆိုရင် အများကြီး အကျိုးရှိခဲ့မှာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်မှာ ရင်းနေးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ၂၀၂၀ ခုနှစ်မှာ ဘယ်လ်ဂျီယမ်လက်ရွေးစင်လူစာရင်းအတွက် ခေါ်ယူခြင်းတောင် ခံခဲ့ရပါတယ်။ ကစားသမားဘဝ အစောပိုင်းသာရှိသေးတဲ့ ဒိုကူအတွက် ရှေ့မှာ တောက်ပတဲ့အနာဂတ်ရှိနေမှာ အသေအချာပါပဲ။

၄။ ဒေးဗစ် နီရက်စ်- အိုင်းယက်စ်
အိုင်းယက်စ်ရဲ့ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့တဲ့ နီရက်စ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ နီရက်စ်ရဲ့ အကောင်းဆုံးစွမ်းရည်ထဲမှာ အလိမ်အခေါက်နဲ့ နေရာလွတ်ကို ကောင်းကောင်းအသုံးချနိုင်တာလည်း ပါဝင်ပြီး ၂၀၁၇-၂၀၁၈ ရာသီမှာ လိဂ် ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၄ ဂိုး၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း အသင်းရဲ့အရေးအပါဆုံးကစားသမားအဖြစ် ပွဲထွက်ခွင့်တစ်နေရာ အခိုင်အမာရရှိထားပြီး အက်သလက်တီကိုမက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တရုတ်နိုင်ငံက ကမ်းလှမ်းမှုတွေတောင် ရရှိခဲ့ပေမယ့် အမ်စတာဒမ်မှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်သာ နီရက်စ်ကို ခေါ်ယူနိုင်ခဲ့ရင် အရမ်းကောင်းမွန်ခဲ့မှာဖြစ်ပြီး ၎င်းရဲ့ ဘောလုံးမပါဘဲ ရွေ့လျားနိုင်စွမ်းနဲ့ ပင်နယ်တီဧရိယာအတွင်း အကျိုးသက်ရောက်မှုတို့က ထိပ်တန်းစွမ်းဆောင်ရှင်တစ်ဦး ဖြစ်စေခဲ့တာပါ။ အိုင်းယက်စ်ကြယ်ပွင့်ဟာ တောင်ပံကနေ လိမ်ခေါက်ရင်း အတွင်းဘက် ချိုးဝင်ကန်သွင်းတတ်တာကြောင့် ခန့်မှန်းရခက်တဲ့ ကစားသမားဖြစ်ပြီး လာမယ့်နှစ်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

၃။ လီယွန် ဘေလီ- အက်စ်တန်ဗီလာ
လီယွန် ဘေလီဟာ ၂၀၁၇ ခုနှစ်မှာ လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာပေါ်က အကောင်းဆုံး လူငယ်တောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ တောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်တဲ့ ဘေလီဟာ ဘောလုံးလောကရဲ့ အသိအမှတ်ပြုမှုကို လျင်လျင်မြန်မြန် ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ မြင့်မားတဲ့တောင်းဆိုခြင်းခံခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အက်စ်တန်ဗီလာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ မြန်နှုန်း၊ ဖြတ်တင်မှုတွေအတွက် လူသိများတဲ့ ဘေလီဟာ ဘယ်အသင်းမဆို လိုချင်တဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာပဲ ၃ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

၂။ ရာဖင်ညာ- လိဒ်စ်ယူနိုက်တက်
ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားဖွယ်ကစားသမားတစ်ဦးအဖြစ် ထွက်ပေါ်လာသူကတော့ လိဒ်စ်ယူနိုက်တက်က ရာဖင်ညာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကစားသမားဘဝမှာ ကြီးကြီးမားမား တိုးတက်မှုတွေ ရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဗစ်တိုးရီးယား ဂီးမားရေးစ်နဲ့ ကနဦး ပွဲထွက်ကစားခဲ့တဲ့ ရာဖင်ညာဟာ နောက် ၂ နှစ်အကြာမှာတော့ မတူညီတဲ့အသင်း ၂ သင်းနဲ့ အချိန်ကုန်ဆုံးခဲ့ရပြီး ၂၀၁၈ မှာ စပို့တင်းလစ္စဘွန်း၊ ၂၀၁၉ ခုနှစ်မှာ ရင်းနေးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအသင်းတွေမှာ ကစားခဲ့တဲ့အချိန်အတွင်း ဘရာဇီးလ်သားရဲ့ အမှန်တကယ် အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပြီး အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်အပြင် တိကျတဲ့ ဂိုးကန်သွင်းမှု အရည်အသွေးကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။

၂၀၂၀ မှာ လိဒ်စ်ကို ပြောင်းရွှေ့ပြီးကတည်းက နည်းပြ မာဆယ်လို ဘီယယ်လ်ဆာလက်အောက်မှာ ထိပ်တန်းခြေစွမ်းရရှိခဲ့ပြီး အလွန်ကောင်းမွန်တဲ့ သွင်းဂိုး အများအပြားနဲ့ ကမ္ဘာ့ထိပ်တန်းအသင်းတွေဆီက အာရုံစိုက်မှုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်နှစ်အတွင်း လိဒ်စ်ယူနိုက်တက်အတွက် အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာတဲ့ ရာဖင်ညာအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ နီကိုလာ ပေပေထက် ဂိုးအရေအတွက် ပိုမိုများပြားခဲ့ပြီး အသင်းအများအပြားကလည်း ဘရာဇီးလ်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

၁။ ဝီလ်ဖရီးဒ် ဇာဟာ- ခရစ္စတယ်လ်ပဲလေ့စ်
ဇာဟာ ဟာ ၂ ရာသီလောက် အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်ဟာ အဲဒီအချိန် လီဂူးဝမ်းမှာ ဂိုးသွင်းအားပိုကောင်းနေတဲ့ ပေပေကို ခေါ်ယူဖို့ ရွေးချယ်ခဲ့ပုံ ရပါတယ်။ အာဆင်နယ်အသင်း မတွေးမိတဲ့အချက်က ပေပေ ကစားနေတဲ့ လီဂူးဝမ်းရဲ့အဆင့်အတန်းနဲ့ ဇာဟာရဲ့ ပရီးမီးယားလိဂ်နဲ့ ရင်းနှီးကျွမ်းဝင်မှုဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက ပဲလေ့စ်နဲ့ အတူရှိနေခဲ့တဲ့ ကစားသမားထက် အစိမ်းသက်သက်ဖြစ်နေမယ့် ကစားသမားကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပေပေရဲ့ အိုင်ဗရီကို့စ်အသင်းဖော်အနေနဲ့ ပဲလေ့စ်အတွက် ပွဲ ၄၀၀ ကျော်ပါဝင်ကစားပေးထားရာမှာ စုစုပေါင်း ၁၄၃ ဂိုးအထိ ရရှိအောင် စွမ်းဆောင်ပေးထားပြီး တစ်ဦးချင်း လိမ်ခေါက်တတ်တဲ့ စတိုင်လ်နဲ့ ခြေထောက် ၂ ဖက်စလုံးနဲ့ ဂိုးကန်သွင်းနိုင်တဲ့ အရည်အချင်းကြောင့် ကျော်ကြားသူဖြစ်ပါတယ်။ ပဲလေ့စ်တောင်ပံသမားဟာ ဘယ်ခြမ်းမှာ ဆက်တိုက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်တဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်ကို ရောက်လာတဲ့ အချိန်ကတည်းက ဇာဟာနဲ့ ပေပေ ဘယ်သူပိုကောင်းလဲဆိုတဲ့ ငြင်းခုံမှုတွေ ရှိလာခဲ့တာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အဖြေပေါ်လာပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၉ ခုႏွစ္ ၾသဂုတ္လမွာ အာဆင္နယ္အသင္းက လိုင္လီအသင္းက နီကိုလာ ေပေပကို ေပါင္ ၇၂ သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီလို႔ ေၾကညာခဲ့ၿပီး ေပေပဟာ အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့ရတဲ့ကစားသမားျဖစ္တာေၾကာင့္ ေမွ်ာ္မွန္းခ်က္ေတြကလည္း မိုးေပၚက မဆင္းႏိုင္ျဖစ္ခဲ့ပါတယ္။ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ လိုင္လီမွာ ပြဲ ၈၀ ပါဝင္ကစားေပးခဲ့ရာမွာ ၃၇ ဂိုးအထိ အထင္ႀကီးဖြယ္ သြင္းယူေပးခဲ့ၿပီး အာဆင္နယ္က လိုအပ္ေနတဲ့ ကစားသမားပုံစံမ်ိဳး အတိအက်ျဖစ္ခဲ့ပုံ ေပၚခဲ့ပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္အသင္းနဲ႔ အတူရွိေနခဲ့တဲ့ ၂ ႏွစ္ျပည့္ခဲ့ၿပီျဖစ္တဲ့ ေပေပရဲ႕ အေျပာင္းအေ႐ႊ႕ဟာ အစပိုင္းမွာ ေမွ်ာ္မွန္းခဲ့သေလာက္ မျဖစ္ခဲ့ဘူးလို႔ ေျပာရင္ မမွန္ရင္ေတာင္ မမွားဘူးလို႔ ေျပာလို႔ ရပါတယ္။ ေပေပဆီကေန ေမွ်ာ္မွန္းမႈရွိခဲ့ေပမယ့္လည္း ထင္သေလာက္ႀကီး မျဖစ္ရင္ေတာင္ အနည္းဆုံးေတာ့ အာဆင္နယ္အတြက္ ပုံမွန္ပြဲထြက္ကစားသမားေလာက္ေတာ့ ျဖစ္လာမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္က အေရးႀကီးတဲ့ပြဲစဥ္အခ်ိဳ႕မွာ ေပေပက ေတာက္ပျပခဲ့ေပမယ့္လည္း အာဆင္နယ္အေနနဲ႔ ၎တို႔ ေပးေခ်ခဲ့ရတဲ့ တန္ဖိုးေၾကာင့္ ပိုမိုျမင့္မားတဲ့ စြမ္းေဆာင္ရည္ကို ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ေပေပအစား အာဆင္နယ္အသင္း ေခၚယူခဲ့ရမယ့္ ကစားသမား ၅ ဦးက ဘယ္သူေတြျဖစ္မလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

၅။ ယယ္ရမီ ဒိုကူ- ရင္းေနး
ယယ္ရမီ ဒိုကူဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေက်ာ္ၾကားမႈ ျမင့္တက္လာတဲ့ လူငယ္ကစားသမားျဖစ္ၿပီး ဘယ္လ္ဂ်ီယံကလပ္အသင္းျဖစ္တဲ့ အန္ဒါလက္ခ်္နဲ႔ ကစားသမားဘဝ စတင္ခဲ့တဲ့ ဒိုကူဟာ အလြန္ငယ္႐ြယ္ေသးတဲ့အခ်ိန္မွာ ျပသခဲ့တဲ့ ရင့္က်က္တဲ့စြမ္းေဆာင္ရည္ေၾကာင့္ အသင္းအမ်ားအျပားဆီက စိတ္ဝင္စားမႈကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ေတာင္ပံမွာလည္း ကစားေပးႏိုင္စြမ္းရွိတဲ့ ဒိုကူဟာ ၿပိဳင္ဘက္ဆီက ေဘာလုံးလုယူၿပီး ဂိုးသြင္းယူတတ္သလို အလိမ္အေခါက္ထူးခြၽန္သူအျဖစ္ လူသိမ်ားၿပီး ၂၀၁၈ ခုႏွစ္မွသာ ပြဲဦးထြက္ကစားခြင့္ရခဲ့တာေၾကာင့္ ေပေပကို ၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္က ေခၚယူခ်ိန္မွာ ထိပ္တန္းအဆင့္ၿပိဳင္ပြဲမွာ ၁ ႏွစ္သာ အေတြ႕အႀကဳံရွိေသးတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ဒိုကူကို ေခၚယူဖို႔ မဆုံးျဖတ္ခဲ့တဲ့ အသင္းရဲ႕ ဆုံးျဖတ္ခ်က္ဟာ အဲဒီအခ်ိန္မွာ အဓိပၸာယ္ရွိသလိုထင္ရေပမယ့္ အခ်ိန္ေလးနည္းနည္းေပးၿပီး ေစာင့္ဆိုင္းလိုက္မယ္ဆိုရင္ အမ်ားႀကီး အက်ိဳးရွိခဲ့မွာျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ရင္းေနးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ခဲ့တာေၾကာင့္ ၂၀၂၀ ခုႏွစ္မွာ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္လူစာရင္းအတြက္ ေခၚယူျခင္းေတာင္ ခံခဲ့ရပါတယ္။ ကစားသမားဘဝ အေစာပိုင္းသာရွိေသးတဲ့ ဒိုကူအတြက္ ေရွ႕မွာ ေတာက္ပတဲ့အနာဂတ္ရွိေနမွာ အေသအခ်ာပါပဲ။

၄။ ေဒးဗစ္ နီရက္စ္- အိုင္းယက္စ္
အိုင္းယက္စ္ရဲ႕ အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့တဲ့ နီရက္စ္ဟာ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္ကတည္းက သိသိသာသာ တိုးတက္လာခဲ့တာျဖစ္ပါတယ္။ နီရက္စ္ရဲ႕ အေကာင္းဆုံးစြမ္းရည္ထဲမွာ အလိမ္အေခါက္နဲ႔ ေနရာလြတ္ကို ေကာင္းေကာင္းအသုံးခ်ႏိုင္တာလည္း ပါဝင္ၿပီး ၂၀၁၇-၂၀၁၈ ရာသီမွာ လိဂ္ ၃၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၄ ဂိုး၊ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာလည္း အသင္းရဲ႕အေရးအပါဆုံးကစားသမားအျဖစ္ ပြဲထြက္ခြင့္တစ္ေနရာ အခိုင္အမာရရွိထားၿပီး အက္သလက္တီကိုမက္ဒရစ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ တ႐ုတ္ႏိုင္ငံက ကမ္းလွမ္းမႈေတြေတာင္ ရရွိခဲ့ေပမယ့္ အမ္စတာဒမ္မွာပဲ ဆက္ေနဖို႔ ေ႐ြးခ်ယ္ခဲ့သူျဖစ္ပါတယ္။ အာဆင္နယ္သာ နီရက္စ္ကို ေခၚယူႏိုင္ခဲ့ရင္ အရမ္းေကာင္းမြန္ခဲ့မွာျဖစ္ၿပီး ၎ရဲ႕ ေဘာလုံးမပါဘဲ ေ႐ြ႕လ်ားႏိုင္စြမ္းနဲ႔ ပင္နယ္တီဧရိယာအတြင္း အက်ိဳးသက္ေရာက္မႈတို႔က ထိပ္တန္းစြမ္းေဆာင္ရွင္တစ္ဦး ျဖစ္ေစခဲ့တာပါ။ အိုင္းယက္စ္ၾကယ္ပြင့္ဟာ ေတာင္ပံကေန လိမ္ေခါက္ရင္း အတြင္းဘက္ ခ်ိဳးဝင္ကန္သြင္းတတ္တာေၾကာင့္ ခန႔္မွန္းရခက္တဲ့ ကစားသမားျဖစ္ၿပီး လာမယ့္ႏွစ္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

၃။ လီယြန္ ေဘလီ- အက္စ္တန္ဗီလာ
လီယြန္ ေဘလီဟာ ၂၀၁၇ ခုႏွစ္မွာ ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ကမာၻေပၚက အေကာင္းဆုံး လူငယ္ေတာင္ပံကစားသမားေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ေတာင္ပံ ၂ ဖက္စလုံးမွာ ကစားႏိုင္တဲ့ ေဘလီဟာ ေဘာလုံးေလာကရဲ႕ အသိအမွတ္ျပဳမႈကို လ်င္လ်င္ျမန္ျမန္ ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ျမင့္မားတဲ့ေတာင္းဆိုျခင္းခံခဲ့ရၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အက္စ္တန္ဗီလာကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ၎ရဲ႕ ျမန္ႏႈန္း၊ ျဖတ္တင္မႈေတြအတြက္ လူသိမ်ားတဲ့ ေဘလီဟာ ဘယ္အသင္းမဆို လိုခ်င္တဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာပဲ ၃ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

၂။ ရာဖင္ညာ- လိဒ္စ္ယူႏိုက္တက္
ပရီးမီးယားလိဂ္မွာ စိတ္လႈပ္ရွားဖြယ္ကစားသမားတစ္ဦးအျဖစ္ ထြက္ေပၚလာသူကေတာ့ လိဒ္စ္ယူႏိုက္တက္က ရာဖင္ညာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ကစားသမားဘဝမွာ ႀကီးႀကီးမားမား တိုးတက္မႈေတြ ရွိခဲ့သူျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ ဗစ္တိုးရီးယား ဂီးမားေရးစ္နဲ႔ ကနဦး ပြဲထြက္ကစားခဲ့တဲ့ ရာဖင္ညာဟာ ေနာက္ ၂ ႏွစ္အၾကာမွာေတာ့ မတူညီတဲ့အသင္း ၂ သင္းနဲ႔ အခ်ိန္ကုန္ဆုံးခဲ့ရၿပီး ၂၀၁၈ မွာ စပို႔တင္းလစၥဘြန္း၊ ၂၀၁၉ ခုႏွစ္မွာ ရင္းေနးကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ အဲဒီအသင္းေတြမွာ ကစားခဲ့တဲ့အခ်ိန္အတြင္း ဘရာဇီးလ္သားရဲ႕ အမွန္တကယ္ အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ အလိမ္အေခါက္အျပင္ တိက်တဲ့ ဂိုးကန္သြင္းမႈ အရည္အေသြးေၾကာင့္ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။

၂၀၂၀ မွာ လိဒ္စ္ကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက နည္းျပ မာဆယ္လို ဘီယယ္လ္ဆာလက္ေအာက္မွာ ထိပ္တန္းေျခစြမ္းရရွိခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ သြင္းဂိုး အမ်ားအျပားနဲ႔ ကမာၻ႔ထိပ္တန္းအသင္းေတြဆီက အာ႐ုံစိုက္မႈကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ တစ္ႏွစ္အတြင္း လိဒ္စ္ယူႏိုက္တက္အတြက္ အေရးအပါဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္လာတဲ့ ရာဖင္ညာအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္မွာ နီကိုလာ ေပေပထက္ ဂိုးအေရအတြက္ ပိုမိုမ်ားျပားခဲ့ၿပီး အသင္းအမ်ားအျပားကလည္း ဘရာဇီးလ္တိုက္စစ္မႉးကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

၁။ ဝီလ္ဖရီးဒ္ ဇာဟာ- ခရစၥတယ္လ္ပဲေလ့စ္
ဇာဟာ ဟာ ၂ ရာသီေလာက္ အာဆင္နယ္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚခဲ့တဲ့ ကစားသမားျဖစ္ၿပီး အာဆင္နယ္ဟာ အဲဒီအခ်ိန္ လီဂူးဝမ္းမွာ ဂိုးသြင္းအားပိုေကာင္းေနတဲ့ ေပေပကို ေခၚယူဖို႔ ေ႐ြးခ်ယ္ခဲ့ပုံ ရပါတယ္။ အာဆင္နယ္အသင္း မေတြးမိတဲ့အခ်က္က ေပေပ ကစားေနတဲ့ လီဂူးဝမ္းရဲ႕အဆင့္အတန္းနဲ႔ ဇာဟာရဲ႕ ပရီးမီးယားလိဂ္နဲ႔ ရင္းႏွီးကြၽမ္းဝင္မႈျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ကတည္းက ပဲေလ့စ္နဲ႔ အတူရွိေနခဲ့တဲ့ ကစားသမားထက္ အစိမ္းသက္သက္ျဖစ္ေနမယ့္ ကစားသမားကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ေပေပရဲ႕ အိုင္ဗရီကို႔စ္အသင္းေဖာ္အေနနဲ႔ ပဲေလ့စ္အတြက္ ပြဲ ၄၀၀ ေက်ာ္ပါဝင္ကစားေပးထားရာမွာ စုစုေပါင္း ၁၄၃ ဂိုးအထိ ရရွိေအာင္ စြမ္းေဆာင္ေပးထားၿပီး တစ္ဦးခ်င္း လိမ္ေခါက္တတ္တဲ့ စတိုင္လ္နဲ႔ ေျခေထာက္ ၂ ဖက္စလုံးနဲ႔ ဂိုးကန္သြင္းႏိုင္တဲ့ အရည္အခ်င္းေၾကာင့္ ေက်ာ္ၾကားသူျဖစ္ပါတယ္။ ပဲေလ့စ္ေတာင္ပံသမားဟာ ဘယ္ျခမ္းမွာ ဆက္တိုက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္တဲ့ ကစားသမားျဖစ္ၿပီး အာဆင္နယ္ကို ေရာက္လာတဲ့ အခ်ိန္ကတည္းက ဇာဟာနဲ႔ ေပေပ ဘယ္သူပိုေကာင္းလဲဆိုတဲ့ ျငင္းခုံမႈေတြ ရွိလာခဲ့တာျဖစ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် အေျဖေပၚလာၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.