International Premier League

ချဲလ်ဆီးကြယ်ပွင့် ၅ ဦး ပါတဲ့ ဘယ်လွန်ဒေါကို ရူးကြောင်ကြောင်ဆုလို့ ပြောလိုက်တဲ့ လူးဘတ်ဖ်

ဖရန့်ခ် လူးဘတ်ဖ်က ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်း ဆုတံဆိပ်အတွက် ဆန်ခါတင်စာရင်းမှာ ချဲလ်ဆီးကြယ်ပွင့်အများအပြား ရွေးချယ်ခြင်းခံထားရပေမယ့် ဘယ်လွန်ဒေါဆုကို ပြစ်တင် ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ESPN မှာ စကားပြောဆိုရာမှာ လူးဘတ်ဖ်က ဘယ်လွန်ဒေါဆုရဲ့ အသင်းအဖွဲ့အတွင်း ကစားသမားတစ်ဦးတစ်ယောက်တည်းကို သီးခြားချီးမြှင့်တဲ့ စိတ်ကူးအတွက် တိုက်ခိုက်ခဲ့ပြီး ကစားသမားတွေထဲမှာလည်း အဲဒီစနစ်အတွက် မတူညီတဲ့ရှုထောင့်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ကစားသမားတွေအားလုံးထဲက ကစားသမားတစ်ဦးကို အကောင်းဆုံးကစားသမားအဖြစ် သီးခြားခွဲထုတ်လိုက်ပြီး တစ်ရာသီတာကာလအတွင်း ထူးခြားတဲ့ အောင်မြင်မှုရရှိခဲ့သူဖြစ်ကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ဆုဖလား ဗီဒိုဟာ ဒီတစ်ဦးချင်း ဆုသာ မပါဝင်ရင်တော့ သိပ်တောက်ပြောင်မယ့်ပုံမပေါ်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ဘယ်လွန်ဒေါဆုပေးပွဲ ကော်ဇောနီပေါ်ကို လျှောက်လှမ်းခွင့်ရဖို့ စောင့်ဆိုင်းနေကြတဲ့ကစားသမားတွေဟာ မကြာခဏဆိုသလို ချီးကျူးခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။

အထူးသဖြင့် ဘယ်လွန်ဒေါ ဆန်ခါတင်စာရင်းမှာ လက်ရှိ ပါဝင်နေတဲ့ ချဲလ်ဆီးကစားသမား ၅ ဦးဖြစ်တဲ့ ကွန်တေ၊ ဂျော်ဂျင်ညို၊ မေဆန် မောင့်၊ လူကာကူး၊ အက်ဇ်ပီလီကွေတာတို့အားလုံးဟာ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ချီးကျူးမှု ခံနေရသူတွေဖြစ်ပါတယ်။

ဂျော်ဂျင်ညိုဟာ ဘယ်လွန်ဒေါဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ မရဘူးဆိုရင် ရနိုင်ခြေ အများဆုံးဖြစ်နေသူဖြစ်ပြီး ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိပြီးဖြစ်တဲ့ အီတလီကွင်းလယ်ကစားသမားဟာ ချန်ပီယံလိဂ်၊ ယူရိုဖလားနဲ့ ယူအီးအက်ဖ်အေစူပါဖလားတို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အီတလီကွင်းလယ်ကစားသမားအနေနဲ့ ဘယ်လွန်ဒေါဆုကို ရရှိမယ်ဆိုရင် ဥရောပတိုက်တလွှားက ကွင်းလယ်ကစားသမားတွေအတွက် အံ့အားသင့်ဖွယ် ခြေလှမ်းတစ်ခု ဖြစ်လာမှာဖြစ်ပြီး ဂျော်ဂျင်ညိုလည်း ကွင်းလယ်ထိပ်သီးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်ချဲလ်ဆီးဆန်ခါတင်စာရင်းဝင် ကစားသမားကမှ ဖရန့်ခ် လူးဘတ်ဖ်ရဲ့ ရွေးချယ်မှုထဲမှာ ပါဝင်လာဖို့ မရှိပါဘူး။ “ဆန်ခါတင်စာရင်းက အဲဒီဆုအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အမြင်ကို မပြောင်းလဲစေပါဘူး။ အဲဒီဆုနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို ဂရုမစိုက်ခဲ့တာပါ။ ဂီတအနုပညာရှင်တွေလည်း နှစ်တိုင်း သူတို့ဆီမှာ ဆုပေးပွဲ ရှိပါတယ်”

“တကယ်လို့ ဘီးတဲလ်စ် ဒါမှမဟုတ် ရိုးလင်းစတုန်းတို့ လျှမ်းလျှမ်းတောက်နေတဲ့အချိန်မှာ ဂျွန် လန်နွန် ဒါမှမဟုတ် မစ် ဂျက်ဂါက ဒီနှစ်ရဲ့ အကောင်းဆုံး အနုပညာရှင် သို့မဟုတ် အဆိုတော်အဖြစ် တစ်ဦးချင်း ဆုရသွားပြီပဲ ဆိုပါတော့”

“ဘီးတဲလ်စ်က အဲဒါကို ဘယ်လို တုံ့ပြန်မလဲ။ အဲဒါက ကျွန်တော့်အတွက်တော့ အတူတူပဲ။ အဲဒါက ရူးကြောင်ကြောင်နိုင်တာပါ”

“အသင်းလိုက်ကစားရတဲ့ အားကစားမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းကို တစ်ဦးချင်းဆုတွေ ပေးတာက တကယ်ကို ရူးကြောင်ကြောင်နိုင်ပါတယ်။ ဂျွန် လန်နွန် ဘီးတဲလ်စ်နဲ့အတူရှိနေတဲ့အချိန်မှာ သူ့တစ်ယောက်တည်းအတွက် ဆုကို ပေးရင် ရူးကြောင်ကြောင်နိုင်သလိုပဲပေါ့”

“ဘယ်လွန်ဒေါနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ အဲဒီလိုပဲ စဉ်းစားမိတယ်။ အဲဒါက ကျွန်တော့်အတွက် လုံးဝကို အဓိပ္ပာယ်မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖရန႔္ခ္ လူးဘတ္ဖ္က ဂုဏ္သိကၡာအႀကီးမားဆုံး တစ္ဦးခ်င္း ဆုတံဆိပ္အတြက္ ဆန္ခါတင္စာရင္းမွာ ခ်ဲလ္ဆီးၾကယ္ပြင့္အမ်ားအျပား ေ႐ြးခ်ယ္ျခင္းခံထားရေပမယ့္ ဘယ္လြန္ေဒါဆုကို ျပစ္တင္ ေဝဖန္ေျပာၾကားသြားခဲ့ပါတယ္။

ESPN မွာ စကားေျပာဆိုရာမွာ လူးဘတ္ဖ္က ဘယ္လြန္ေဒါဆုရဲ႕ အသင္းအဖြဲ႕အတြင္း ကစားသမားတစ္ဦးတစ္ေယာက္တည္းကို သီးျခားခ်ီးျမႇင့္တဲ့ စိတ္ကူးအတြက္ တိုက္ခိုက္ခဲ့ၿပီး ကစားသမားေတြထဲမွာလည္း အဲဒီစနစ္အတြက္ မတူညီတဲ့ရႈေထာင့္ေတြ ရွိေကာင္းရွိေနႏိုင္ပါတယ္။ ကစားသမားေတြအားလုံးထဲက ကစားသမားတစ္ဦးကို အေကာင္းဆုံးကစားသမားအျဖစ္ သီးျခားခြဲထုတ္လိုက္ၿပီး တစ္ရာသီတာကာလအတြင္း ထူးျခားတဲ့ ေအာင္ျမင္မႈရရွိခဲ့သူျဖစ္ေၾကာင္း ၫႊန္ျပေနတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ရဲ႕ဆုဖလား ဗီဒိုဟာ ဒီတစ္ဦးခ်င္း ဆုသာ မပါဝင္ရင္ေတာ့ သိပ္ေတာက္ေျပာင္မယ့္ပုံမေပၚေတာ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ဘယ္လြန္ေဒါဆုေပးပြဲ ေကာ္ေဇာနီေပၚကို ေလွ်ာက္လွမ္းခြင့္ရဖို႔ ေစာင့္ဆိုင္းေနၾကတဲ့ကစားသမားေတြဟာ မၾကာခဏဆိုသလို ခ်ီးက်ဴးျခင္းခံခဲ့ရၿပီးျဖစ္ပါတယ္။

အထူးသျဖင့္ ဘယ္လြန္ေဒါ ဆန္ခါတင္စာရင္းမွာ လက္ရွိ ပါဝင္ေနတဲ့ ခ်ဲလ္ဆီးကစားသမား ၅ ဦးျဖစ္တဲ့ ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳ၊ ေမဆန္ ေမာင့္၊ လူကာကူး၊ အက္ဇ္ပီလီေကြတာတို႔အားလုံးဟာ ၿပီးခဲ့တဲ့ရာသီက ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ခ်ီးက်ဴးမႈ ခံေနရသူေတြျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳဟာ ဘယ္လြန္ေဒါဆုကို မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ မရဘူးဆိုရင္ ရႏိုင္ေျခ အမ်ားဆုံးျဖစ္ေနသူျဖစ္ၿပီး ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု ရရွိၿပီးျဖစ္တဲ့ အီတလီကြင္းလယ္ကစားသမားဟာ ခ်န္ပီယံလိဂ္၊ ယူ႐ိုဖလားနဲ႔ ယူအီးအက္ဖ္ေအစူပါဖလားတို႔ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အီတလီကြင္းလယ္ကစားသမားအေနနဲ႔ ဘယ္လြန္ေဒါဆုကို ရရွိမယ္ဆိုရင္ ဥေရာပတိုက္တလႊားက ကြင္းလယ္ကစားသမားေတြအတြက္ အံ့အားသင့္ဖြယ္ ေျခလွမ္းတစ္ခု ျဖစ္လာမွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ညိဳလည္း ကြင္းလယ္ထိပ္သီးကစားသမားဆိုတဲ့ဂုဏ္ပုဒ္ကို ရရွိသြားမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘယ္ခ်ဲလ္ဆီးဆန္ခါတင္စာရင္းဝင္ ကစားသမားကမွ ဖရန႔္ခ္ လူးဘတ္ဖ္ရဲ႕ ေ႐ြးခ်ယ္မႈထဲမွာ ပါဝင္လာဖို႔ မရွိပါဘူး။ “ဆန္ခါတင္စာရင္းက အဲဒီဆုအေပၚထားတဲ့ ကြၽန္ေတာ့္ရဲ႕ အျမင္ကို မေျပာင္းလဲေစပါဘူး။ အဲဒီဆုနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တကယ္ကို ဂ႐ုမစိုက္ခဲ့တာပါ။ ဂီတအႏုပညာရွင္ေတြလည္း ႏွစ္တိုင္း သူတို႔ဆီမွာ ဆုေပးပြဲ ရွိပါတယ္”

“တကယ္လို႔ ဘီးတဲလ္စ္ ဒါမွမဟုတ္ ႐ိုးလင္းစတုန္းတို႔ လွ်မ္းလွ်မ္းေတာက္ေနတဲ့အခ်ိန္မွာ ဂြၽန္ လန္ႏြန္ ဒါမွမဟုတ္ မစ္ ဂ်က္ဂါက ဒီႏွစ္ရဲ႕ အေကာင္းဆုံး အႏုပညာရွင္ သို႔မဟုတ္ အဆိုေတာ္အျဖစ္ တစ္ဦးခ်င္း ဆုရသြားၿပီပဲ ဆိုပါေတာ့”

“ဘီးတဲလ္စ္က အဲဒါကို ဘယ္လို တုံ႔ျပန္မလဲ။ အဲဒါက ကြၽန္ေတာ့္အတြက္ေတာ့ အတူတူပဲ။ အဲဒါက ႐ူးေၾကာင္ေၾကာင္ႏိုင္တာပါ”

“အသင္းလိုက္ကစားရတဲ့ အားကစားမွာ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ခ်င္းကို တစ္ဦးခ်င္းဆုေတြ ေပးတာက တကယ္ကို ႐ူးေၾကာင္ေၾကာင္ႏိုင္ပါတယ္။ ဂြၽန္ လန္ႏြန္ ဘီးတဲလ္စ္နဲ႔အတူရွိေနတဲ့အခ်ိန္မွာ သူ႔တစ္ေယာက္တည္းအတြက္ ဆုကို ေပးရင္ ႐ူးေၾကာင္ေၾကာင္ႏိုင္သလိုပဲေပါ့”

“ဘယ္လြန္ေဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲ စဥ္းစားမိတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ လုံးဝကို အဓိပၸာယ္မရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.