Premier League

လူရိုးလူအေး ကွန်တေရဲ့ မခံနိုင်တဲ့ ဒေါသပေါက်ကွဲမှုကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ဂျီရူး

ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် အန်ဂိုလို ကွန်တေဟာ ဘောလုံးလောကမှာ ချစ်မင်နှစ်လိုဖွယ်အကောင်းဆုံးကစားသမားဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် စကားလုံးဆက် ဘုတ်ပြားဂိမ်းလေး ရှုံးတဲ့အချိန်မှာတော့ ဒေါသတွေ ထွက်ပြီး ရှူးရှူးရှဲရှဲဖြစ်တဲ့အထိ အရှုံးကို မုန်းတီးသူဖြစ်တယ်လို့ အိုလီဗီယေး ဂျီရူးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကိုယ်အမူအရာ စိတ်သဘောထား နူးညံ့တဲ့ ကွန်တေဟာ ပရီးမီးယားလိဂ်မှာ ထင်ပေါ်ကျော်ကြားမှု မြင့်တက်လာချိန်ကတည်းက လူသိများလာခဲ့တဲ့ကစားသမားဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ပြင်သစ်လက်ရွေးစင်အသင်းဖော်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ ဂျီရူးက လက်ရှိမှာတော့ သဘောကောင်းလှတဲ့ ကွန်တေရဲ့ နောက်ကွယ်က လူတွေမမြင်နိုင်တဲ့ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်မှုအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ချက်စ်ကစားခဲ့ကြပါတယ်။ ကျွန်တော့်ထက် သူက ပိုကောင်းတယ်လို့ပဲ ပြောရမှာပါ”

“ကျွန်တော် သူနဲ့ ချက်စ်ထိုးတိုင်း အချို့ပွဲတွေပဲ အနိုင်ရခဲ့ပါတယ်။ ကျွန်တော် သူ့ကို စကားလုံးဆက်ဘုတ်ပြားဂိမ်းကစားဖို့ ပြောခဲ့ပြီး အဲဒီဂိမ်းမှာ သူ့ထက် ကျွန်တော်က အများကြီးပိုကောင်းတာ ကျိန်းသေတယ်လေ။ သူက ရယ်ရတဲ့သူပါ။ ထိပ်တန်းအဆင့်ကစားသမားဖြစ်ပြီး ရှုံးနိမ့်တာကို သူ မုန်းပါတယ်”

“တစ်ခါတလေ သူ အရာအားလုံးကို အနိုင်ရဖို့ ကြိုးပမ်းတတ်ပြီး အဲဒါကိုက ရယ်နေရတာ။ သူ ဘယ်တော့မှ အရှုံးမပေးဘူး။ ကွင်းထဲမှာဆို သူ နောက်တဆင့် မြှင့်ဖို့ ကြိုးပမ်းပြီး အဲဒါက ချဲလ်ဆီးနဲ့ လက်ရွေးစင်အသင်းအတွက် ကြီးကြီးမားမား အရေးပါခဲ့ပါတယ်။ ကွင်းပြင်ပမှာလည်း သူ ရှုံးနိမ့်တာကို မုန်းတီးပြီး တစ်ခါတလေ အဲဒါက သူ့ကို နည်းနည်း စိတ်ပျက် ဒေါသထွက်စေပါတယ်။ကျွန်တော်က အဲဒါနဲ့ပတ်သက်ပြီး သူ့ကို အမြဲတမ်း ဟာသလုပ်ဖို့ ကြိုးပမ်းခဲ့ပြီး သူက အရမ်းကောင်းတဲ့သူပါ”လို့ ဂျီရူးက ပြောကြားခဲ့ပါတယ်။

ကွန်တေဟာ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာဖို့အတွက် ၎င်းရဲ့ ခြေစွမ်းကို မြှင့်တင်ခဲ့ရပြီး ၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဘယ်လွန်ဒေါ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ချဲလ်ဆီးကစားသမား ၅ ဦးထဲမှာ အက်ဇ်ပလီကွေတာ၊ မေဆန် မောင့်၊ လူကာကူး၊ ဂျော်ဂျင်ညိုတို့နဲ့အတူ ရွေးချယ်ခြင်းခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အောင်ပွဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာကြောင့် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ကွန်တေအတွက် ချန်ပီယံလိဂ်ဖလားဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာစီးတီးအသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ၅ ကြိမ်မြောက် အဓိကဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြင်သစ်ကြယ်ပွင့်က ယခုရာသီ နည်းပြသောမတ်စ် တူဟယ်လက်အောက်မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အသင်းဖော်တွေကို တွန်းအားပေးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ကွန်တေဟာ ပြင်သစ်အသင်းရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ကို လွဲချော်ခဲ့ပေမယ့် ဆုတံဆိပ် ရရှိမယ်လို့ ယုံကြည်နေသေးတာဖြစ်ပါတယ်။

ကွန်တေဟာ ပြင်သစ်အသင်းရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေဖြစ်တဲ့ ခရိုအေးရှား၊ ပေါ်တူဂီ၊ ဆွီဒင်အသင်းတို့နဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးခဲ့တာကြောင့် ဆုတံဆိပ်ရရှိဖို့ အရည်အချင်းကိုက်ညီနေတာဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေရဲ့ ကြွက်ကလေးလို့ အမည်ပြောင်ပေးခြင်းခံထားရတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဒီနှစ်ပိုင်းတွေမှာ အောင်မြင်မှုတွေ ဆက်တိုက်ရယူနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ အန္ဂိုလို ကြန္ေတဟာ ေဘာလုံးေလာကမွာ ခ်စ္မင္ႏွစ္လိုဖြယ္အေကာင္းဆုံးကစားသမားျဖစ္ေကာင္း ျဖစ္နိုင္ေပမယ့္ စကားလုံးဆက္ ဘုတ္ျပားဂိမ္းေလး ရႈံးတဲ့အခ်ိန္မွာေတာ့ ေဒါသေတြထြက္ၿပီး ရႉးရႉးရွဲရွဲျဖစ္တဲ့အထိ အရႈံးကို မုန္းတီးသူျဖစ္တယ္လို႔ အိုလီဗီေယး ဂ်ီ႐ူးက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ကိုယ္အမူအရာ စိတ္သေဘာထား ႏူးညံ့တဲ့ ကြန္ေတဟာ ပရီးမီးယားလိဂ္မွာ ထင္ေပၚေက်ာ္ၾကားမႈ ျမင့္တက္လာခ်ိန္ကတည္းက လူသိမ်ားလာခဲ့တဲ့ကစားသမားျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းမွာ ျပင္သစ္လက္ေရြးစင္အသင္းေဖာ္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့တဲ့ ဂ်ီ႐ူးက လက္ရွိမွာေတာ့ သေဘာေကာင္းလွတဲ့ ကြန္ေတရဲ့ ေနာက္ကြယ္က လူေတြမျမင္နိုင္တဲ့ ယွဥ္ၿပိဳင္လိုစိတ္ ျပင္းထန္မႈအေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ ခ်က္စ္ကစားခဲ့ၾကပါတယ္။ ကၽြန္ေတာ့္ထက္ သူက ပိုေကာင္းတယ္လို႔ပဲ ေျပာရမွာပါ”

“ကၽြန္ေတာ္ သူနဲ႔ ခ်က္စ္ထိုးတိုင္း အခ်ိဳ႕ပြဲေတြပဲ အနိုင္ရခဲ့ပါတယ္။ ကၽြန္ေတာ္ သူ႔ကို စကားလုံးဆက္ဘုတ္ျပားဂိမ္းကစားဖို႔ ေျပာခဲ့ၿပီး အဲဒီဂိမ္းမွာ သူ႔ထက္ ကၽြန္ေတာ္က အမ်ားႀကီးပိုေကာင္းတာ က်ိန္းေသတယ္ေလ။ သူက ရယ္ရတဲ့သူပါ။ ထိပ္တန္းအဆင့္ကစားသမားျဖစ္ၿပီး ရႈံးနိမ့္တာကို သူ မုန္းပါတယ္”

“တစ္ခါတေလ သူ အရာအားလုံးကို အနိုင္ရဖို႔ ႀကိဳးပမ္းတတ္ၿပီး အဲဒါကိုက ရယ္ေနရတာ။ သူ ဘယ္ေတာ့မွ အရႈံးမေပးဘူး။ ကြင္းထဲမွာဆို သူ ေနာက္တဆင့္ ျမႇင့္ဖို႔ ႀကိဳးပမ္းၿပီး အဲဒါက ခ်ဲလ္ဆီးနဲ႔ လက္ေရြးစင္အသင္းအတြက္ ႀကီးႀကီးမားမား အေရးပါခဲ့ပါတယ္။ ကြင္းျပင္ပမွာလည္း သူ ရႈံးနိမ့္တာကို မုန္းတီးၿပီး တစ္ခါတေလ အဲဒါက သူ႔ကို နည္းနည္း စိတ္ပ်က္ ေဒါသထြက္ေစပါတယ္။ကၽြန္ေတာ္က အဲဒါနဲ႔ပတ္သက္ၿပီး သူ႔ကို အျမဲတမ္း ဟာသလုပ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး သူက အရမ္းေကာင္းတဲ့သူပါ”လို႔ ဂ်ီ႐ူးက ေျပာၾကားခဲ့ပါတယ္။

ကြန္ေတဟာ ကမၻာေပၚက အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္လာဖို႔အတြက္ ၎ရဲ့ ေျခစြမ္းကို ျမႇင့္တင္ခဲ့ရၿပီး ၂၀၂၁ ခုႏွစ္ ဘယ္လြန္ေဒါဆုအတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းထဲမွာ ထည့္သြင္းျခင္းခံခဲ့ရပါတယ္။ အသက္ ၃၀ အရြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္ကြင္းလယ္ကစားသမားဟာ ဘယ္လြန္ေဒါ ဆန္ခါတင္စာရင္းမွာ ပါဝင္ခဲ့တဲ့ ခ်ဲလ္ဆီးကစားသမား ၅ ဦးထဲမွာ အက္ဇ္ပလီေကြတာ၊ ေမဆန္ ေမာင့္၊ လူကာကူး၊ ေဂ်ာ္ဂ်င္ညိဳတို႔နဲ႔အတူ ေရြးခ်ယ္ျခင္းခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ေအာင္ပြဲမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာေၾကာင့္ ေရြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ကြန္ေတအတြက္ ခ်န္ပီယံလိဂ္ဖလားဟာ ၂၀၁၆ ခုႏွစ္မွာ လက္စတာစီးတီးအသင္းကေန ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕လာၿပီးကတည္းက ၅ ႀကိမ္ေျမာက္ အဓိကဆုဖလား ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ျပင္သစ္ၾကယ္ပြင့္က ယခုရာသီ နည္းျပေသာမတ္စ္ တူဟယ္လက္ေအာက္မွာ ပရီးမီးယားလိဂ္ဖလားကို ရယူနိုင္ဖို႔အတြက္ အသင္းေဖာ္ေတြကို တြန္းအားေပးဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ မၾကာေသးမီက ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ ကြန္ေတဟာ ျပင္သစ္အသင္းရဲ့ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္နဲ႔ ဖိုင္နယ္ကို လြဲေခ်ာ္ခဲ့ေပမယ့္ ဆုတံဆိပ္ ရရွိမယ္လို႔ ယုံၾကည္ေနေသးတာျဖစ္ပါတယ္။

ကြန္ေတဟာ ျပင္သစ္အသင္းရဲ့ အုပ္စုအဆင့္ပြဲစဥ္ေတြျဖစ္တဲ့ ခရိုေအးရွား၊ ေပၚတူဂီ၊ ဆြီဒင္အသင္းတို႔နဲ႔ပြဲစဥ္ေတြမွာ ပါဝင္ကစားေပးခဲ့တာေၾကာင့္ ဆုတံဆိပ္ရရွိဖို႔ အရည္အခ်င္းကိုက္ညီေနတာျဖစ္ၿပီး ခ်ဲလ္ဆီးပရိသတ္ေတြရဲ့ ႂကြက္ကေလးလို႔ အမည္ေျပာင္ေပးျခင္းခံထားရတဲ့ ျပင္သစ္ကြင္းလယ္ကစားသမားဟာ ဒီႏွစ္ပိုင္းေတြမွာ ေအာင္ျမင္မႈေတြ ဆက္တိုက္ရယူေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.