Article Premier League

ဆန်းချက်ဇ်၊ အိုဇေးလ်နဲ့ ဖယ်လ်ကာအိုတို့အပါအဝင် ကမ္ဘာ့အဆင့်ကနေ ချာသွားတဲ့ ကစားသမား ၈ ဦး

နယူးကာဆယ်အသင်းဟာ ဆော်ဒီလုပ်ငန်းစုကြီးရဲ့ လက်လွှဲဝယ်ယူခြင်းခံရပြီးနောက်ပိုင်း ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီးဖြစ်ပေမယ့် အကြီးမားဆုံးကြယ်ပွင့်ကစားသမားတွေတောင်မှ ခြေစွမ်းကျဆင်းသွားတတ်ပါတယ်။

နယူးကာဆယ်ပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ်မှာ အသင်းကို ပေါင်သန်း ၃၀၀ နဲ့ ဆော်ဒီ အာရေဗျလုပ်ငန်းစုကြီးက ဝယ်ယူခဲ့ပီးနောက်ပိုင်း ဥရောပဘောလုံးလောကရဲ့ အကြီးမားဆုံး ကြယ်ပွင့်ကစားသမားတွေထဲက အချို့ကို ငွေပုံပေးပြီး ပိုင်ရှင်သစ်တွေက ခေါ်ယူပေးတော့မယ်လို့ အိပ်မက် မက်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ ပါရမီအရှိဆုံး ကစားသမားတွေတောင်မှ တောက်ပနေရာကနေ မှေးမှိန်သွားခဲ့ဖူးတဲ့ သာဓကတွေကို သတိပြုသင့်ပြီး ဒဏ်ရာပြဿနာ၊ ပတ်ဝန်းကျင်သစ် ဒါမှမဟုတ် ကံမကောင်း အကြောင်းမလှဘဲ ခြေစွမ်းကျသွားတာတွေကြောင့် ခဏအတွင်း ဟုန်းခနဲတောက်ပြီး ပြန်ငြိမ်သွားတဲ့ ကောက်ရိုးမီးလို ကစားသမားတွေရှိခဲ့ပါတယ်။

အဲဒီလို ကစားသမားတွေများစွာရှိနေတဲ့အထဲကနေ ကမ္ဘာ့အဆင့်ကနေ ချာတူးလန်ဘဝကို လျင်လျင်မြန်မြန် ရောက်ရှိသွားခဲ့ရတဲ့ ပရီးမီးယားလိဂ်မျက်နှာသိ နာမည်ကျော်တွေအများအပြားအပါအဝင် ၈ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလက်ဆစ် ဆန်းချက်ဇ်

မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီလမှာ အာဆင်နယ်အတွက် ၁၆၆ ပွဲမှာ သွင်းဂိုး ၈၀ သွင်းယူပေးခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ မှတ်ယူခြင်းခံထားရတဲ့ ဆန်းချက်ဇ်ကို ဟန်းနရစ် အမ်ခီတာယန်းနဲ့ အလဲအထပ် ခေါ်ယူနိုင်ခဲ့ပြီးနောက် ရာစုနှစ်ရဲ့အကောင်းဆုံးသဘောတူညီမှုကို ရယူနိုင်ခဲ့ပြီလို့ ထင်မြင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆန်းချက်ဇ်ဟာ မြောက်လန်ဒန်မှာ ပြသခဲ့တဲ့ လျှပ်စီးလို မြန်ဆန်တဲ့ ခြေစွမ်းမျိုးအတိုင်း ဘယ်တော့မှ ပြသနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယူနိုက်တက်အတွက် ၄၅ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် နောက်ဆုံးမှာတော့ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။

၂။ ဖာနန်ဒို တောရက်စ်

တောရက်စ်ဟာ ၂၀၁၁ ဇန်နဝါရီမှာ ချဲလ်ဆီးကို ပေါင်သန်း ၅၀ နဲ့ အငြင်းပွားဖွယ် မပြောင်းရွှေ့မီ ကမ္ဘာ့ဘောလုံးလောကမှာ ကြောက်မက်ဖွယ်အကောင်းဆုံး အထောင်တိုက်စစ်မှူးဖြစ်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ၁၄၂ ပွဲမှာ ၈၁ ဂိုး သွင်းယူပေးခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲပ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ တောရက်စ်ဟာ လီဗာပူးလ်တုန်းက တောရက်စ်မဟုတ်တော့ဘဲ ပထမရာသီဝက်မှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးအတွက် စုစုပေါင်း ၁၇၂ ပွဲကစားပေးခဲ့ရာမှာ ၄၅ ဂိုးသာ စိတ်ပျက်ဖွယ်သွင်းယူနိုင်ခဲ့တာကြောင့် ပေးရတဲ့စျေးနဲ့ မတန်ခဲ့တာဖြစ်ပါတယ်။

၃။ မီဆွတ် အိုဇေးလ်

ဂျာမန်ကွင်းလယ်ဖန်တီးရှင်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ၁၅၉ ပွဲမှာ သွင်းဂိုး ၂၇ ဂိုး၊ ဂိုးဖန်တီးမှု အကြိမ် ၈၀ ပြုလုပ်ပေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ ကြီးမားတဲ့ဂုဏ်သတင်းနဲ့အတူ ပေါင် ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ​ ဖြစ်ပါတယ်။ ယခုနှစ် ဇန်နဝါရီအထိ အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ အိုဇေးလ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပျောက်နေပြီး အကျိုးသက်ရောက်မှုရှိအောင် လုပ်ပြဖို့ ရုန်းကန်နေရတာကို မြင်တွေ့ခဲ့ရပြီးနောက် ရေပေါ်ဆီကစားသမားဆိုတာ မြင်သာလာစေခဲ့ပါတယ်။ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေ မကြာခဏ ဆက်တိုက်ပြသခဲ့ပြီးနောက် ဇန်နဝါရီလမှာ အာဆင်နယ်နဲ့ လမ်းခွဲခဲ့ပြီး အင်္ဂလန်က ဆိုးရွားတဲ့ကာလကို အဆုံးသတ်ခဲ့သူဖြစ်ပါတယ်။

၄။ ကာကာ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ စီးရီးအေ၊ ဘယ်လွန်ဒေါဆုရှင် မှော်ဆရာလေး ကာကာကို ၂၀၀၉ ခုနှစ်မှာ ၎င်းတို့ရဲ့ နောက်ဆုံး ကြယ်စင်စုကစားသမားအဖြစ် ခေါ်ယူခဲ့တာက အံ့အားသင့်ဖို့ ခက်ခဲပြီး အေစီမီလန်ကနေ ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောပြော ကမ္ဘာ့အဆင့် ကွင်းလယ်ကြယ်ပွင့်ဟာ စပိန်မှာ ဆိုးဆိုးရွားရွား ခြေစွမ်းကျဆင်းလာခဲ့ပြီး အဓိကအားဖြင့် ဒဏ်ရာပြဿနာတွေကြောင့် ဘယ်တော့မှ အရင်ခြေစွမ်းအတိုင်း ပြန်လည် မပြသနိုင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်အတွက် ပွဲ ၁၂၀ ပါဝင်ကစားပေးခဲ့ရာမှာ ၂၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် ကာကာဟာ အေစီမီလန်ကို တစ်ရာသီ ပြန်ကစားခဲ့ပြီး ကစားသမားဘဝ လက်ကျန်အချိန်တွေကို ဘရာဇီးလ်နဲ့ အမေရိကမှာ ကုန်ဆုံးခဲ့ပါတယ်။

၅။ ရာဒါမဲလ် ဖယ်လ်ကာအို

ကိုလံဘီယာတိုက်စစ်မှူးဟာ အက်သလက်တီကို မက်ဒရစ်နဲ့ မိုနာကိုမှာ ကစားခဲ့တဲ့ အချိန်တွေမှာ ယှဉ်ကစားလို့ မရလုနီးပါးအထိ ကောင်းမွန်ခဲ့ပြီး ၂ သင်းစလုံးအတွက် ၂၃၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာပေါ်က အကောင်းဆုံး အထောင်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပေါက်ကွဲထွက်နေတဲ့ ခြေစွမ်းတိုးတက်မှုဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက မိုနာကိုမှာ ရရှိခဲ့တဲ့ ဒူးရွတ်အရှေ့ပိုင်းစုတ်ပြဲဒဏ်ရာကြောင့် ရပ်တန့်သွားခဲ့ရပြီး ၆ လလောက် နားခဲ့ရပါတယ်။ ဖယ်လ်ကာအို ခြေစွမ်းကျလာတာကို မိုနာကိုအသင်းက မြင်တွေ့ခဲ့လို့များလား မသိပါဘူး။ စက်တင်ဘာလမှာ မန်ချက်စတာယူနိုက်တက်ကို အငှားချခဲ့ပြီး ထူးထူးဆန်းဆန်းပဲ ယူနိုက်တက်အတွက် ၂၉ ပွဲမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက် နောက်ရာသီမှာ ချဲလ်ဆီးကိုလည်း အငှားထပ်ချခဲ့တာဖြစ်ပါတယ်။ မိုနာကိုအသင်းဆီ ပြန်မသွားခင် ချဲလ်ဆီးအတွက် ၁ ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ ဖယ်လ်ကာအိုဟာ ပြင်သစ်ကို ပြန်ရောက်ပြီးနောက်မှာတော့ အံ့အားသင့်ဖွယ် ကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပါတယ်။

၆။ အီဒင် ဟာဇက်

ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဟာဇက်ဟာ ချဲလ်ဆီးမှာ ၇ နှစ်ကြာ ကြီးမားတဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂန္တဝင်တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပါတယ်။ ချဲလ်ဆီးအတွက် အဓိကဆုဖလားတွေ ယူပေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်ကို ပေါင် ၁၀၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုအချိန်အထိ အိပ်မက်ဆိုးတွေထက်ပိုတယ်ဆိုတာကို သက်သေအမှန်တကယ်ပြသနေတဲ့အရာကတော့ ဒဏ်ရာပြဿနာ ဆက်တိုက် ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံကစားသမားဟာ အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ပွဲထက် နားနေခဲ့ရတဲ့ပွဲအရေအတွက် ပိုများတဲ့အထိ နှိပ်စက်နေတဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဘာနေဗျူးမှာ ထိပ်တန်းခြေစွမ်း ပြသနိုင်ခြင်းမရှိဘဲ အသင်းနဲ့ လမ်းခွဲဖို့ သတင်းတွေ ထွက်ပေါ်လာသူဖြစ်ပါတယ်။

၇။ ရှက်ဗ်ချင်ကို

အေစီမီလန်အတွက် ၂၉၆ ပွဲမှာ ၁၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့တဲ့ ယူကရိန်းတိုက်စစ်မှူး ရှက်ဗ်ချင်ကို ကို ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ၂၀၀၆ ခုနှစ်မှာ ခေါ်ယူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရှက်ဗ်ချင်ကိုအတွက် ၂၀၀၆ နွေရာသီမှာ အင်္ဂလိပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းပေးချေခဲ့ရပေမယ့် အဲဒီအချိန်မှာ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ရှက်ဗ်ချင်ကိုဟာ ၎င်းရဲ့အကောင်းဆုံးခြေစွမ်းအခြေအနေမှာ မရှိတော့ဘူးဆိုတာ လျင်လျင်မြန်မြန်နဲ့ ပြသလာပါတော့တယ်။ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂ ရာသီသာ အချိန်ကုန်ဆုံးခဲ့ပြီး ၇၆ ပွဲမှာ ၂၂ ဂိုး ဖျစ်ဖျစ်မြည်အောင် သွင်းယူခဲ့ရတဲ့ ရှက်ဗ်ချင်ကိုဟာ ၂၀၀၈ ခုနှစ်မှာတော့ အေစီမီလန်ကို အငှားနဲ့ ပြန်သွားခဲ့ပြီးနောက် နောက်တစ်နှစ်အကြာမှာ ဒိုင်နမို ကိဗ်ကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

၈။ ရော်ဘင်ညို

မန်ချက်စတာစီးတီးအသင်းဟာ ငွေကြေးချမ်းသာကြွယ်ဝတဲ့ အာရပ်ပိုင်ရှင်သစ်တွေရဲ့ဝယ်ယူခြင်း ခံခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ ချဲလ်ဆီးအသင်းထက် လက်ဦးမှုရယူပြီး ရော်ဘင်ညိုကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့ ၃ နှစ်အတွင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ဆမ်ဘာကြယ်ပွင့်အဖြစ် နာမည်ကြီးခဲ့ပြီး ပထမဆုံးရာသီမှာပဲ ၁၅ ဂိုးသွင်းယူပြီး မန်စီးတီးကစားသမားဘဝကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်ဘင်ညိုရဲ့ ခြေစွမ်းဟာ နောက်နှစ်မှာတော့ ရုပ်ရှင်ဆန်ဆန် ကျဆင်းသွားခဲ့ပြီး ဒဏ်ရာကြောင့် ၃ လကြာ အနားယူခဲ့ရပြီးနောက် အကောင်းဆုံးပုံစံကို ပြန်လည်ရရှိခြင်းမရှိတော့ဘဲ ၂၀၁၀ ဇန်နဝါရီမှာ ဆန်းတို့စ်အသင်းနဲ့ ပူးပေါင်းဖို့ မွေးရပ်မြေ ဘရာဇီးလ်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:နယူးကာဆယ္အသင္းဟာ ေဆာ္ဒီလုပ္ငန္းစုႀကီးရဲ့ လက္လႊဲဝယ္ယူျခင္းခံရၿပီးေနာက္ပိုင္း ကမၻာ့အဆင့္ ကစားသမားေတြနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီးျဖစ္ေပမယ့္ အႀကီးမားဆုံးၾကယ္ပြင့္ကစားသမားေတြေတာင္မွ ေျခစြမ္းက်ဆင္းသြားတတ္ပါတယ္။

နယူးကာဆယ္ပရိသတ္ေတြဟာ ၿပီးခဲ့တဲ့အပတ္မွာ အသင္းကို ေပါင္သန္း ၃၀၀ နဲ႔ ေဆာ္ဒီ အာေရဗ်လုပ္ငန္းစုႀကီးက ဝယ္ယူခဲ့ပီးေနာက္ပိုင္း ဥေရာပေဘာလုံးေလာကရဲ့ အႀကီးမားဆုံး ၾကယ္ပြင့္ကစားသမားေတြထဲက အခ်ိဳ႕ကို ေငြပုံေပးၿပီး ပိုင္ရွင္သစ္ေတြက ေခၚယူေပးေတာ့မယ္လို႔ အိပ္မက္ မက္ေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကမၻာ့ ပါရမီအရွိဆုံး ကစားသမားေတြေတာင္မွ ေတာက္ပေနရာကေန ေမွးမွိန္သြားခဲ့ဖူးတဲ့ သာဓကေတြကို သတိျပဳသင့္ၿပီး ဒဏ္ရာျပႆနာ၊ ပတ္ဝန္းက်င္သစ္ ဒါမွမဟုတ္ ကံမေကာင္း အေၾကာင္းမလွဘဲ ေျခစြမ္းက်သြားတာေတြေၾကာင့္ ခဏအတြင္း ဟုန္းခနဲေတာက္ၿပီး ျပန္ၿငိမ္သြားတဲ့ ေကာက္ရိုးမီးလို ကစားသမားေတြရွိခဲ့ပါတယ္။

အဲဒီလို ကစားသမားေတြမ်ားစြာရွိေနတဲ့အထဲကေန ကမၻာ့အဆင့္ကေန ခ်ာတူးလန္ဘဝကို လ်င္လ်င္ျမန္ျမန္ ေရာက္ရွိသြားခဲ့ရတဲ့ ပရီးမီးယားလိဂ္မ်က္ႏွာသိ နာမည္ေက်ာ္ေတြအမ်ားအျပားအပါအဝင္ ၈ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အလက္ဆစ္ ဆန္းခ်က္ဇ္

မန္ခ်က္စတာယူနိုက္တက္က ဇန္နဝါရီလမွာ အာဆင္နယ္အတြက္ ၁၆၆ ပြဲမွာ သြင္းဂိုး ၈၀ သြင္းယူေပးခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးလို႔ မွတ္ယူျခင္းခံထားရတဲ့ ဆန္းခ်က္ဇ္ကို ဟန္းနရစ္ အမ္ခီတာယန္းနဲ႔ အလဲအထပ္ ေခၚယူနိုင္ခဲ့ၿပီးေနာက္ ရာစုႏွစ္ရဲ့အေကာင္းဆုံးသေဘာတူညီမႈကို ရယူနိုင္ခဲ့ၿပီလို႔ ထင္ျမင္ျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဆန္းခ်က္ဇ္ဟာ ေျမာက္လန္ဒန္မွာ ျပသခဲ့တဲ့ လၽွပ္စီးလို ျမန္ဆန္တဲ့ ေျခစြမ္းမ်ိဳးအတိုင္း ဘယ္ေတာ့မွ ျပသနိုင္ခဲ့ျခင္းမရွိခဲ့ဘဲ ယူနိုက္တက္အတြက္ ၄၅ ပြဲမွာ ၅ ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ အင္တာမီလန္ကို ေျပာင္းေရႊ႕သြားခဲ့ရတာျဖစ္ပါတယ္။

၂။ ဖာနန္ဒို ေတာရက္စ္

ေတာရက္စ္ဟာ ၂၀၁၁ ဇန္နဝါရီမွာ ခ်ဲလ္ဆီးကို ေပါင္သန္း ၅၀ နဲ႔ အျငင္းပြားဖြယ္ မေျပာင္းေရႊ႕မီ ကမၻာ့ေဘာလုံးေလာကမွာ ေၾကာက္မက္ဖြယ္အေကာင္းဆုံး အေထာင္တိုက္စစ္မႉးျဖစ္ခဲ့သူျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ ၁၄၂ ပြဲမွာ ၈၁ ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းရဲ့ ၾကယ္ပြင့္ကစားသမားကို အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲပ ေခၚယူခဲ့တာျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ေတာရက္စ္ဟာ လီဗာပူးလ္တုန္းက ေတာရက္စ္မဟုတ္ေတာ့ဘဲ ပထမရာသီဝက္မွာ ၁ ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအတြက္ စုစုေပါင္း ၁၇၂ ပြဲကစားေပးခဲ့ရာမွာ ၄၅ ဂိုးသာ စိတ္ပ်က္ဖြယ္သြင္းယူနိုင္ခဲ့တာေၾကာင့္ ေပးရတဲ့ေစ်းနဲ႔ မတန္ခဲ့တာျဖစ္ပါတယ္။

၃။ မီဆြတ္ အိုေဇးလ္

ဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ဟာ ရီးရဲလ္မက္ဒရစ္အတြက္ ၁၅၉ ပြဲမွာ သြင္းဂိုး ၂၇ ဂိုး၊ ဂိုးဖန္တီးမႈ အႀကိမ္ ၈၀ ျပဳလုပ္ေပးခဲ့ၿပီးေနာက္ ၂၀၁၃ ခုႏွစ္မွာ ႀကီးမားတဲ့ဂုဏ္သတင္းနဲ႔အတူ ေပါင္ ၄၂.၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူ​ ျဖစ္ပါတယ္။ ယခုႏွစ္ ဇန္နဝါရီအထိ အမ္းမရိတ္စ္မွာ ရွိေနခဲ့တဲ့ အိုေဇးလ္ဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရတဲ့ပြဲစဥ္မွာ ေပ်ာက္ေနၿပီး အက်ိဳးသက္ေရာက္မႈရွိေအာင္ လုပ္ျပဖို႔ ႐ုန္းကန္ေနရတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေရေပၚဆီကစားသမားဆိုတာ ျမင္သာလာေစခဲ့ပါတယ္။ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ေတြ မၾကာခဏ ဆက္တိုက္ျပသခဲ့ၿပီးေနာက္ ဇန္နဝါရီလမွာ အာဆင္နယ္နဲ႔ လမ္းခြဲခဲ့ၿပီး အဂၤလန္က ဆိုးရြားတဲ့ကာလကို အဆုံးသတ္ခဲ့သူျဖစ္ပါတယ္။

၄။ ကာကာ

ရီးရဲလ္မက္ဒရစ္အသင္းဟာ ကမၻာ့ဖလား၊ ခ်န္ပီယံလိဂ္၊ စီးရီးေအ၊ ဘယ္လြန္ေဒါဆုရွင္ ေမွာ္ဆရာေလး ကာကာကို ၂၀၀၉ ခုႏွစ္မွာ ၎တို႔ရဲ့ ေနာက္ဆုံး ၾကယ္စင္စုကစားသမားအျဖစ္ ေခၚယူခဲ့တာက အံ့အားသင့္ဖို႔ ခက္ခဲၿပီး ေအစီမီလန္ကေန ေပါင္သန္း ၆၀ နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဘယ္လိုပဲ ေျပာေျပာ ကမၻာ့အဆင့္ ကြင္းလယ္ၾကယ္ပြင့္ဟာ စပိန္မွာ ဆိုးဆိုးရြားရြား ေျခစြမ္းက်ဆင္းလာခဲ့ၿပီး အဓိကအားျဖင့္ ဒဏ္ရာျပႆနာေတြေၾကာင့္ ဘယ္ေတာ့မွ အရင္ေျခစြမ္းအတိုင္း ျပန္လည္ မျပသနိုင္ခဲ့ပါဘူး။ ရီးရဲလ္မက္ဒရစ္အတြက္ ပြဲ ၁၂၀ ပါဝင္ကစားေပးခဲ့ရာမွာ ၂၉ ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ကာကာဟာ ေအစီမီလန္ကို တစ္ရာသီ ျပန္ကစားခဲ့ၿပီး ကစားသမားဘဝ လက္က်န္အခ်ိန္ေတြကို ဘရာဇီးလ္နဲ႔ အေမရိကမွာ ကုန္ဆုံးခဲ့ပါတယ္။

၅။ ရာဒါမဲလ္ ဖယ္လ္ကာအို

ကိုလံဘီယာတိုက္စစ္မႉးဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ မိုနာကိုမွာ ကစားခဲ့တဲ့ အခ်ိန္ေတြမွာ ယွဥ္ကစားလို႔ မရလုနီးပါးအထိ ေကာင္းမြန္ခဲ့ၿပီး ၂ သင္းစလုံးအတြက္ ၂၃၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၅၃ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ကမၻာေပၚက အေကာင္းဆုံး အေထာင္တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ့ ေပါက္ကြဲထြက္ေနတဲ့ ေျခစြမ္းတိုးတက္မႈဟာ ၂၀၁၄ ခုႏွစ္ ဇန္နဝါရီလက မိုနာကိုမွာ ရရွိခဲ့တဲ့ ဒူးရြတ္အေရွ႕ပိုင္းစုတ္ျပဲဒဏ္ရာေၾကာင့္ ရပ္တန႔္သြားခဲ့ရၿပီး ၆ လေလာက္ နားခဲ့ရပါတယ္။ ဖယ္လ္ကာအို ေျခစြမ္းက်လာတာကို မိုနာကိုအသင္းက ျမင္ေတြ႕ခဲ့လို႔မ်ားလား မသိပါဘူး။ စက္တင္ဘာလမွာ မန္ခ်က္စတာယူနိုက္တက္ကို အငွားခ်ခဲ့ၿပီး ထူးထူးဆန္းဆန္းပဲ ယူနိုက္တက္အတြက္ ၂၉ ပြဲမွာ ၄ ဂိုးသာသြင္းယူနိုင္ခဲ့ၿပီးေနာက္ ေနာက္ရာသီမွာ ခ်ဲလ္ဆီးကိုလည္း အငွားထပ္ခ်ခဲ့တာျဖစ္ပါတယ္။ မိုနာကိုအသင္းဆီ ျပန္မသြားခင္ ခ်ဲလ္ဆီးအတြက္ ၁ ဂိုးပဲ သြင္းယူနိုင္ခဲ့တဲ့ ဖယ္လ္ကာအိုဟာ ျပင္သစ္ကို ျပန္ေရာက္ၿပီးေနာက္မွာေတာ့ အံ့အားသင့္ဖြယ္ ကစားသမားဘဝကို ျပန္လည္အသက္သြင္းနိုင္ခဲ့ပါတယ္။

၆။ အီဒင္ ဟာဇက္

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္မွာ ပရီးမီးယားလိဂ္ရဲ့အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ဟာဇက္ဟာ ခ်ဲလ္ဆီးမွာ ၇ ႏွစ္ၾကာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဂႏၲဝင္တစ္ဦးအျဖစ္ မွတ္ယူခံခဲ့ရပါတယ္။ ခ်ဲလ္ဆီးအတြက္ အဓိကဆုဖလားေတြ ယူေပးခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ ရီးရဲလ္ကို ေပါင္ ၁၀၃ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး အခုအခ်ိန္အထိ အိပ္မက္ဆိုးေတြထက္ပိုတယ္ဆိုတာကို သက္ေသအမွန္တကယ္ျပသေနတဲ့အရာကေတာ့ ဒဏ္ရာျပႆနာ ဆက္တိုက္ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံကစားသမားဟာ အသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့ပြဲထက္ နားေနခဲ့ရတဲ့ပြဲအေရအတြက္ ပိုမ်ားတဲ့အထိ ႏွိပ္စက္ေနတဲ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ဘာေနဗ်ဴးမွာ ထိပ္တန္းေျခစြမ္း ျပသနိုင္ျခင္းမရွိဘဲ အသင္းနဲ႔ လမ္းခြဲဖို႔ သတင္းေတြ ထြက္ေပၚလာသူျဖစ္ပါတယ္။

၇။ ရွက္ဗ္ခ်င္ကို

ေအစီမီလန္အတြက္ ၂၉၆ ပြဲမွာ ၁၇၃ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ ကူညီေပးခဲ့တဲ့ ယူကရိန္းတိုက္စစ္မႉး ရွက္ဗ္ခ်င္ကို ကို ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က ၂၀၀၆ ခုႏွစ္မွာ ေခၚယူခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ရွက္ဗ္ခ်င္ကိုအတြက္ ၂၀၀၆ ေႏြရာသီမွာ အဂၤလိပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၁ သန္းေပးေခ်ခဲ့ရေပမယ့္ အဲဒီအခ်ိန္မွာ အသက္ ၃၀ အရြယ္ရွိေနၿပီျဖစ္တဲ့ ရွက္ဗ္ခ်င္ကိုဟာ ၎ရဲ့အေကာင္းဆုံးေျခစြမ္းအေျခအေနမွာ မရွိေတာ့ဘူးဆိုတာ လ်င္လ်င္ျမန္ျမန္နဲ႔ ျပသလာပါေတာ့တယ္။ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂ ရာသီသာ အခ်ိန္ကုန္ဆုံးခဲ့ၿပီး ၇၆ ပြဲမွာ ၂၂ ဂိုး ဖ်စ္ဖ်စ္ျမည္ေအာင္ သြင္းယူခဲ့ရတဲ့ ရွက္ဗ္ခ်င္ကိုဟာ ၂၀၀၈ ခုႏွစ္မွာေတာ့ ေအစီမီလန္ကို အငွားနဲ႔ ျပန္သြားခဲ့ၿပီးေနာက္ ေနာက္တစ္ႏွစ္အၾကာမွာ ဒိုင္နမို ကိဗ္ကို အၿပီးသတ္ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

၈။ ေရာ္ဘင္ညိဳ

မန္ခ်က္စတာစီးတီးအသင္းဟာ ေငြေၾကးခ်မ္းသာႂကြယ္ဝတဲ့ အာရပ္ပိုင္ရွင္သစ္ေတြရဲ့ဝယ္ယူျခင္း ခံခဲ့ရၿပီးေနာက္ ၂၀၀၈ ခုႏွစ္ စက္တင္ဘာလ အေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔မွာ ခ်ဲလ္ဆီးအသင္းထက္ လက္ဦးမႈရယူၿပီး ေရာ္ဘင္ညိဳကို ေပါင္ ၃၃ သန္းနဲ႔ ေခၚယူခဲ့ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္မွာ ကစားခဲ့တဲ့ ၃ ႏွစ္အတြင္း ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္ရွိတဲ့ ဆမ္ဘာၾကယ္ပြင့္အျဖစ္ နာမည္ႀကီးခဲ့ၿပီး ပထမဆုံးရာသီမွာပဲ ၁၅ ဂိုးသြင္းယူၿပီး မန္စီးတီးကစားသမားဘဝကို အေကာင္းဆုံးစတင္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေရာ္ဘင္ညိဳရဲ့ ေျခစြမ္းဟာ ေနာက္ႏွစ္မွာေတာ့ ႐ုပ္ရွင္ဆန္ဆန္ က်ဆင္းသြားခဲ့ၿပီး ဒဏ္ရာေၾကာင့္ ၃ လၾကာ အနားယူခဲ့ရၿပီးေနာက္ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိျခင္းမရွိေတာ့ဘဲ ၂၀၁၀ ဇန္နဝါရီမွာ ဆန္းတို႔စ္အသင္းနဲ႔ ပူးေပါင္းဖို႔ ေမြးရပ္ေၿမ ဘရာဇီးလ္ကို ျပန္လည္ေျပာင္းေရႊ႕သြားခဲ့ပါတယ္။