La Liga Premier League

စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ဟာဇက် ပြန်လာမှာကို အေဘရာမိုဗစ်ချ် ဘယ်လို သဘောထားလဲ

ချဲလ်ဆီးအသင်းဟာ ဘာနေဗျူးမှာ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်ကို ပြန်လည်ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အစောပိုင်းမှာ တရားဝင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်လက်ရုန်းကန်နေရမှုကြောင့် ချဲလ်ဆီးအသင်းကို ပြန်လည်ပြောင်းရွှေ့မယ့်သတင်းတွေက ကာလာဟလတွေက ပျောက်ကွယ်သွားခြင်းမရှိတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတောင်ပံကြယ်ပွင့်ဟာ ဘာနေဗျူးကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ဒဏ်ရာပြဿနာတွေရဲ့ ဖိစီးမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်က ၅၁ ပွဲသာ ရှိခဲ့ပေမယ့် လွဲချော်ခဲ့တဲ့ပွဲစဉ်ကတော့ ၅၇ ပွဲအထိ ရှိနေခဲ့တာဖြစ်ပါတယ်။

အီဒင် ဟာဇက်ရဲ့ ချဲလ်ဆီးအသင်းမှာ ပြသခဲ့တဲ့ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်ကို ပြန်လည်ပြသနိုင်စွမ်းမရှိခြင်းက စပိန်က ဘယ်လ်ဂျီယံတောင်ပံကစားသမားရဲ့အချိန်တွေဟာ အနှေးနဲ့ အမြန် ကုန်ဆုံးတော့မှာဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေကို ထွက်ပေါ်စေခဲ့တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်လည်ပြောင်းရွှေ့ဖို့က ဘယ်လ်ဂျီယံတောင်ပံကစားသမားအတွက် အဖြစ်နိုင်ဆုံး နေရာအဖြစ် ခန့်မှန်းခြင်းခံခဲ့ရတာဖြစ်ပြီး El Nacional က ချဲလ်ဆီးအသင်းဟာ ဟာဇက်ကို ပြန်ခေါ်ဖို့ ရီးရဲလ်မက်ဒစ်နဲ့ အစောပိုင်းမှာ တရားဝင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကို ဖော်ပြခဲ့ပြီးနောက် ယခုအပတ်မှာ ကောလာဟလကနေ အမှန်တကယ်လိုလို ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်က အသက် ၃၀ အရွယ် တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်ကိုသာ ပြန်လာခဲ့မယ်ဆိုိရင် နောက်ထပ်တစ်ကြိမ် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သက်သေပြသနိုင်ဦးမယ်လို့ ယုံကြည်မှုတွေ တိုးမြင့်လာနေတယ်လို့ သိရပြီး နည်းပြ တူဟယ်ကလည်း ပြီးခဲ့တဲ့ရာသီ ရီးရဲလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးပွဲစဉ်မတိုင်မီ ၎င်းဟာ ဟာဇက်ရဲ့အမာခံပရိသတ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူက ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပြီး ဒီအသင်းနဲ့ ကမ္ဘာပေါ်က အခက်ခဲဆုံးဖြစ်တဲ့ ဒီလိဂ်မှာ နှစ်ပေါင်းများစွာ အဓိကကစားသမားဖြစ်ခဲ့တဲ့သူပါ။ အရမ်း ခြေစွမ်းတည်ငြိမ်တဲ့သူပါ။ သူ့အတွက် ကျွန်တော့်မှာ အကြီးမားဆုံး လေးစားမှု ရှိပါတယ်။ သူက ထိပ်သီး ကစားသမားပါ။ သူ့ကို ကောင်းကောင်းသိတဲ့သူတွေ ကျွန်တော်တို့ဆီမှာ အများကြီးရှိပါတယ်။ သူက ဒီအသင်းအတွက် အဓိကကစားသမားဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးနေပါတယ်”လို့ တူဟယ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဖြစ်တဲ့ ဂယ်ရီ နဗီးလ်ကလည်း ၂၀၁၉ ခုနှစ်တုန်းက ဘယ်လ်ဂျီယံကြယ်ပွင့်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ပရီးမီးယားလိဂ်မှာ ဟာဇက် ကစားခဲ့တဲ့အချိန်တွေကို အလွန်အမင်း ချီးကျူးပြောကြားခဲ့ပြီး အကောင်းဆုံးပုံစံနဲ့ ကစားနေတဲ့အချိန်များဆို ကဗျာဆန်တယ်လို့တောင် ယုံကြည်နေတာဖြစ်ပါတယ်။

“သန့်ရှင်းပြီး သန့်စင်တဲ့ ဘောလုံးကစားပုံကြည့်ဖို့ဆို ခင်ဗျား အသက် ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်အရွယ်လောက်တုန်းက ဒေးဗစ် ဆေးလ်ဗားနဲ့အတူ ကစားတာကို စောင့်ကြည့်ဖို့အတွက် သူက အကောင်းဆုံးကစားသမားပါ။ အဲဒါက ကဗျာရွတ်နေသလိုပဲ။ သူတို့တွေ သူတို့ကိုယ်ကို ကွင်းတွင်းကွင်းပြင် သယ်ဆောင်သွားတဲ့ပုံစံက လုံးဝကို ပျော်ရွှင်စရာကောင်းပါတယ်။”

“ကျွန်တော့်အတွက်တော့ သူတို့ ၂ ယောက်ကို ဘယ်လိုမှ ခွဲခြားထားလို့ မရပေမယ့် ၂ ယောက်စလုံး ကစားတာကို ကြည့်ရတာ အရမ်းစိတ်ပျော်ရွှင်ရပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဘာေနဗ်ဴးမွာ ႐ုန္းကန္ေနရတဲ့ ဘယ္လ္ဂ်ီယံၾကယ္ပြင့္ကို ျပန္လည္ေခၚယူဖို႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အေစာပိုင္းမွာ တရားဝင္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။

အီဒင္ ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ဆက္လက္႐ုန္းကန္ေနရမႈေၾကာင့္ ခ်ဲလ္ဆီးအသင္းကို ျပန္လည္ေျပာင္းေရႊ႕မယ့္သတင္းေတြက ကာလာဟလေတြက ေပ်ာက္ကြယ္သြားျခင္းမရွိတာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံေတာင္ပံၾကယ္ပြင့္ဟာ ဘာေနဗ်ဴးကို ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက ဒဏ္ရာျပႆနာေတြရဲ့ ဖိစီးမႈေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္က ၅၁ ပြဲသာ ရွိခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့တဲ့ပြဲစဥ္ကေတာ့ ၅၇ ပြဲအထိ ရွိေနခဲ့တာျဖစ္ပါတယ္။

အီဒင္ ဟာဇက္ရဲ့ ခ်ဲလ္ဆီးအသင္းမွာ ျပသခဲ့တဲ့ ကမၻာ့အဆင့္ စြမ္းေဆာင္ရည္ကို ျပန္လည္ျပသနိုင္စြမ္းမရွိျခင္းက စပိန္က ဘယ္လ္ဂ်ီယံေတာင္ပံကစားသမားရဲ့အခ်ိန္ေတြဟာ အေႏွးနဲ႔ အျမန္ ကုန္ဆုံးေတာ့မွာျဖစ္တယ္ဆိုတဲ့ ေကာလာဟလေတြကို ထြက္ေပၚေစခဲ့တာျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ျပန္လည္ေျပာင္းေရႊ႕ဖို႔က ဘယ္လ္ဂ်ီယံေတာင္ပံကစားသမားအတြက္ အျဖစ္နိုင္ဆုံး ေနရာအျဖစ္ ခန႔္မွန္းျခင္းခံခဲ့ရတာျဖစ္ၿပီး El Nacional က ခ်ဲလ္ဆီးအသင္းဟာ ဟာဇက္ကို ျပန္ေခၚဖို႔ ရီးရဲလ္မက္ဒစ္နဲ႔ အေစာပိုင္းမွာ တရားဝင္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တယ္ဆိုတဲ့သတင္းကို ေဖာ္ျပခဲ့ၿပီးေနာက္ ယခုအပတ္မွာ ေကာလာဟလကေန အမွန္တကယ္လိုလို ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ရိုမန္ ေအဘရာမိုဗစ္ခ်္က အသက္ ၃၀ အရြယ္ ေတာင္ပံကစားသမားဟာ ပရီးမီးယားလိဂ္ကိုသာ ျပန္လာခဲ့မယ္ဆိုိရင္ ေနာက္ထပ္တစ္ႀကိမ္ ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးအျဖစ္ သက္ေသျပသနိုင္ဦးမယ္လို႔ ယုံၾကည္မႈေတြ တိုးျမင့္လာေနတယ္လို႔ သိရၿပီး နည္းၿပ တူဟယ္ကလည္း ၿပီးခဲ့တဲ့ရာသီ ရီးရဲလ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးပြဲစဥ္မတိုင္မီ ၎ဟာ ဟာဇက္ရဲ့အမာခံပရိသတ္ျဖစ္ေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူက ထိပ္တန္းအရည္အေသြးရွိတဲ့ ကစားသမားျဖစ္ၿပီး ဒီအသင္းနဲ႔ ကမၻာေပၚက အခက္ခဲဆုံးျဖစ္တဲ့ ဒီလိဂ္မွာ ႏွစ္ေပါင္းမ်ားစြာ အဓိကကစားသမားျဖစ္ခဲ့တဲ့သူပါ။ အရမ္း ေျခစြမ္းတည္ၿငိမ္တဲ့သူပါ။ သူ႔အတြက္ ကၽြန္ေတာ့္မွာ အႀကီးမားဆုံး ေလးစားမႈ ရွိပါတယ္။ သူက ထိပ္သီး ကစားသမားပါ။ သူ႔ကို ေကာင္းေကာင္းသိတဲ့သူေတြ ကၽြန္ေတာ္တို႔ဆီမွာ အမ်ားႀကီးရွိပါတယ္။ သူက ဒီအသင္းအတြက္ အဓိကကစားသမားျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးေနပါတယ္”လို႔ တူဟယ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမားျဖစ္တဲ့ ဂယ္ရီနဗီကလည္း ၂၀၁၉ ခုႏွစ္တုန္းက ဘယ္လ္ဂ်ီယံၾကယ္ပြင့္နဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ရာမွာ ပရီးမီးယားလိဂ္မွာ ဟာဇက္ ကစားခဲ့တဲ့အခ်ိန္ေတြကို အလြန္အမင္း ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး အေကာင္းဆုံးပုံစံနဲ႔ ကစားေနတဲ့အခ်ိန္မ်ားဆို ကဗ်ာဆန္တယ္လို႔ေတာင္ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သန႔္ရွင္းၿပီး သန႔္စင္တဲ့ ေဘာလုံးကစားပုံၾကည့္ဖို႔ဆို ခင္ဗ်ား အသက္ ၅ ႏွစ္၊ ၆ ႏွစ္၊ ၇ ႏွစ္အရြယ္ေလာက္တုန္းက ေဒးဗစ္ ေဆးလ္ဗားနဲ႔အတူ ကစားတာကို ေစာင့္ၾကည့္ဖို႔အတြက္ သူက အေကာင္းဆုံးကစားသမားပါ။ အဲဒါက ကဗ်ာရြတ္ေနသလိုပဲ။ သူတို႔ေတြ သူတို႔ကိုယ္ကို ကြင္းတြင္း၊ ကြင္းျပင္ သယ္ေဆာင္သြားတဲ့ပုံစံက လုံးဝကို ေပ်ာ္ရႊင္စရာေကာင္းပါတယ္။”

“ကၽြန္ေတာ့္အတြက္ေတာ့ သူတို႔ ၂ ေယာက္ကို ဘယ္လိုမွ ခြဲျခားထားလို႔ မရေပမယ့္ ၂ ေယာက္စလုံး ကစားတာကို ၾကည့္ရတာ အရမ္းစိတ္ေပ်ာ္ရႊင္ရပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.