Analysis Article Premier League

အာဆင်နယ်ရဲ့ ရလဒ်ကောင်းတွေအတွက် သီးပွင့်ဝေဆာခဲ့ကြသူ ကစားသမား ၃ ဦး

အာဆင်နယ်အသင်းရဲ့ သုံးပွဲဆက်တိုက် အဖွင့်မလှဘဲ ရှုံးနိမ့်ခဲ့ရတဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး လက်ရှိအချိန်မှာလို ပရိသတ်တွေ မျှော်လင့်နိုင်တဲ့ အသင်းမျိုးဆီကို ကူးပြောင်းသွားခဲ့အောင်၊ နည်းပြ မီခယ်လ် အာတီတာရဲ့ စကားအရဆိုရင် သင်္ဘောကို တစ်ပတ်လည်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သူတွေ သုံးဦးအထိ ရှိခဲ့ပြီး ဒီကစားသမားတွေအနေနဲ့ အသင်းရဲ့ အပြောင်းအလဲတွေမှာ အလွန်အရေးပါခဲ့ပါတယ်။

အဓိကအားဖြင့်တော့ အာဆင်နယ်ရဲ့ ရလဒ်တွေကို ခံစစ်ပိုင်းက ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ရာသီအစမှာ ဝင်ဖမ်းခွင့် မရသေးတဲ့ ဂိုးသမား၊ မဝယ်ရသေးလို့ အသင်းကို ရောက်မလာသေးတဲ့ နောက်ခံလူနဲ့ ဒဏ်ရာရနေလို့ မကစားပေးနိုင်သေးတဲ့ နောက်ခံလူ၊ ရဲသုံးဖော်ဟာ ၄ ပွဲမှာ ၁၀ မှတ် စုဆောင်းပေးနိုင်ခဲ့တဲ့ နည်းပြ အာတီတာအတွက်တော့ ထောက်တိုင်တွေလည်းဖြစ်ခဲ့ပါတယ်။

၁။ အာရွန် ရမ်းစ်ဒေးလ်
အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့စဉ်တုန်းက ၁ လိုလို ၂ လိုလို မရေမရာနဲ့ အသင်းဘက်က ရူးချင်ယောင်ဆောင်ခဲ့ပေမယ့် စောင့်ကြည့်သူတွေကတော့ ပေါင်သန်း ၃၀ ဆိုတာ အရန်ဂိုးသမားတစ်ယောက်ရဲ့ တန်ကြေး မဟုတ်ဘူးလို့ ဆိုခဲ့ကြတာပါ။ ဘုန်းမောက်၊ ရှက်ဖီးလ်ဒ်တို့လို အသင်းငယ်တွေနဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ကာကွယ်မှုကောင်းတွေ လုပ်ဆောင်ခဲ့တဲ့ ရမ်းစ်ဒေးလ်ဟာ လျှော့တွက်ရမယ့်သူ မဟုတ်ကြောင်း ဆိုခဲ့ကြပေမယ့် တချို့က သူ့ရဲ့ တန်းဆင်းမှတ်တမ်းကို အထင်သေးခဲ့ကြပါတယ်။

ဒီလိုနဲ့ ပရီးမီးယားလိဂ်မှာ ဘန်းဒ် လီနိုတစ်ယောက် အသင်းရဲ့ ခံစစ်ကို မထိန်းကျောင်းနိုင်ဘဲ ရလဒ်တွေ ဆိုးခဲ့ချိန်မှာ ကာရာဘောင်းမှာ Clean Sheet နဲ့ အဖွင့်လှခဲ့တဲ့ ရမ်းစ်ဒေးလ်က ပွဲစဉ် ၄ မှာ နော့ဝစ်ချ်ကို စတင်ရင်ဆိုင်ခဲ့ပြီး သူ့ရဲ့ ရှေ့က နောက်တန်းတွေကို အဆက်မပြတ် အော်ဟစ်ညွှန်ကြားတဲ့ ပုံစံက ပရိသတ်တွေကို စတင်ကိုင်လှုပ်ခဲ့ပါတယ်။

အင်္ဂလိပ်ဂိုးသမားတစ်ယောက်ရဲ့ မိခင်ဘာသာစကားနဲ့ ညွှန်ကြားမှုက တခြားနိုင်ငံတွေက ဂိုးသမားတွေထက်တော့ ပိုကောင်းနိုင်တာပဲလို့ ပရိသတ်တွေကို ရိုးရိုးလေးတွေးမိစေခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တံခါးပေါက်ကို ခေါက်ဖို့အတွက် ဂျာမန်အသင်းဖော်ဂိုးသမားကို ဖယ်ထုတ်ခဲ့တဲ့ ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းနဲ့ အသင်းရဲ့ တိုးတက်လာတဲ့ ခံစစ်စွမ်းဆောင်ရည်တွေက လက်ရှိအာဆင်နယ်အားပေးသူတွေကြား လူပြောများနေခဲ့တာပါ။

၂။ တစ်လတာအကောင်းဆုံး တိုမီယာစု
အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ အပြောင်းအရွှေ့ မပိတ်ခင်မှာမှ ရောက်ရှိလာခဲ့တဲ့ နောက်ခံလူသစ် တာကဲဟီရို တိုမီယာစုကတော့ အသင်းရဲ့ လူခေါ်ပုံ ဗျူဟာပိုင်းကို သံသယဝင်စေခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ကျွမ်းကျင်သူတွေရဲ့ သို့လောသို့လောတွေထဲမှာ ကူးခတ်နေဆဲဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ လှည့်ကြည့်စရာမလိုတဲ့ ဂျပန်သားကို နည်းပြ အာတီတာနဲ့ TD အီဒူးတို့ ခေါ်ယူခဲ့တာက ဗဟိုနောက်ခံလူဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် အားလုံးက ချီးကျူးကြဖို့ ရာနှုန်းပြည့်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဝေဖန်လိုသူတွေ ပေါများဆဲဖြစ်နေပါတယ်။

ဂန်းနားပရိသတ်တွေကြားမှာတော့ သူ့ရဲ့ ခံစစ်ပိုင်းမှာ ကြိုးစားပုံကို အားလုံးက နှစ်သက်ကြပြီး တိုက်စစ်ပိုင်းကို သိပ်ပါမလာနိုင်သေးတာကိုတော့ အချိန်တန်ရင် ပြောင်းလဲလာမယ်လို့ မျှော်လင့်ထားကြသလို အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ပွဲတွေက စွမ်းဆောင်ရည်ကိုတော့ တစ်လအတွင်းမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ဟာ စီးရီးအေထက် မြန်နှုန်းမြင့်တဲ့ ပြိုင်ပွဲဖြစ်နေတာကြောင့် ဘိုလော့ညာမှာ ကစားတုန်းက ညာတောင်ပံတိုက်စစ်ဆင်မှုမျိုးကိုတော့ မြင်တွေ့ရဖို့ စောင့်ရဦးမယ်လို့ သုံးသပ်နေကြပေမယ့် ၂၂ နှစ်သားအတွက်တော့ စိန်ခေါ်မှုတွေကို နောက်မတွန့်ဘဲ ရင်ဆိုင်ဖို့ နစ်ပွန်တွေရဲ့ နာမည်ကြီး ဘူရှီဒို စစ်သည်တော်စိတ်ဓာတ်က အစမ်းသပ်ခံနိုင်မယ်လို့ တစ်ပေးထားကြပါတယ်။

၃။ ခံစစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဘရာဇီးလ်သား
ဂါဘရီယယ်လ် မာဂါလိုင်စ်ကတော့ အသင်းရဲ့ ပြောင်းလဲမှုတွေမှာ ခံစစ်ကို ဦးဆောင်ပေးခဲ့တာဖြစ်ပေမယ့် အာဆင်နယ်အသင်းရဲ့ ရာသီကြိုကို ဘရာဇီးလ်အိုလံပစ်အသင်းနဲ့ လေ့ကျင့်စဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့တာကြောင့် ပြန်လာရင် ခြေစွမ်းပုံမှန် ရှိနိုင်ပါ့မလားလို့ ပရိသတ်တွေရဲ့ စိုးရိမ်မှုနဲ့ ကြုံတွေ့ခဲ့ရသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဒေးဗစ် လူးဝစ်ဇ်နဲ့ တွဲကစားရင်း အလွဲတွေ ရှိခဲ့တာကလွဲလို့ ပုံမှန်ခြေစွမ်းပြနိုင်တဲ့ အသက် ၂၃ နှစ်အရွယ် နောက်ခံလူဟာ အသင်းရဲ့ အနာဂတ်ခေါင်းဆောင်လို့ပါ တချို့က သတ်မှတ်ထားခဲ့ကြတာပါ။

ဒါပေမယ့် သူပြန်ကစားတဲ့ နော့ဝစ်ချ်နဲ့ပွဲကစပြီး ရမ်းစ်ဒေးလ်၊ တိုမီယာစုတို့လို ပွဲထွက်သူတွေနဲ့ ကစားသမားသစ် ဘန်ဝှိုက်တို့ကြားမှာ အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပြီး သူ့ရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်နဲ့ လျင်လျင်မြန်မြန် ချိန်ဆဖျက်ထုတ်နိုင်မှုတွေက အသင်းရဲ့ ရလဒ်ကောင်းတွေဆီ ပြောင်းလဲမှုမှာ အခရာကျခဲ့သလို လာမယ့်ပွဲတွေမှာလည်း ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်ဦးမလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ သုံးပြဲဆက္တိုက္ အဖြင့္မလွဘဲ ရႈံးနိမ့္ခဲ့ရတဲ့ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ၿပီး လက္ရွိအခ်ိန္မွာလို ပရိသတ္ေတြ ေမွ်ာ္လင့္ႏိုင္တဲ့ အသင္းမ်ိဳးဆီကို ကူးေျပာင္းသြားခဲ့ေအာင္၊ နည္းျပ မီခယ္လ္ အာတီတာရဲ႕ စကားအရဆိုရင္ သေဘၤာကို တစ္ပတ္လည္ေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့သူေတြ သုံးဦးအထိ ရွိခဲ့ၿပီး ဒီကစားသမားေတြအေနနဲ႔ အသင္းရဲ႕ အေျပာင္းအလဲေတြမွာ အလြန္အေရးပါခဲ့ပါတယ္။

အဓိကအားျဖင့္ေတာ့ အာဆင္နယ္ရဲ႕ ရလဒ္ေတြကို ခံစစ္ပိုင္းက ေျပာင္းလဲေပးခဲ့တာျဖစ္ၿပီး ရာသီအစမွာ ဝင္ဖမ္းခြင့္ မရေသးတဲ့ ဂိုးသမား၊ မဝယ္ရေသးလို႔ အသင္းကို ေရာက္မလာေသးတဲ့ ေနာက္ခံလူနဲ႔ ဒဏ္ရာရေနလို႔ မကစားေပးႏိုင္ေသးတဲ့ ေနာက္ခံလူ၊ ရဲသုံးေဖာ္ဟာ ၄ ပြဲမွာ ၁၀ မွတ္ စုေဆာင္းေပးႏိုင္ခဲ့တဲ့ နည္းျပ အာတီတာအတြက္ေတာ့ ေထာက္တိုင္ေတြလည္းျဖစ္ခဲ့ပါတယ္။

၁။ အာ႐ြန္ ရမ္းစ္ေဒးလ္
အသက္ ၂၃ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့စဥ္တုန္းက ၁ လိုလို ၂ လိုလို မေရမရာနဲ႔ အသင္းဘက္က ႐ူးခ်င္ေယာင္ေဆာင္ခဲ့ေပမယ့္ ေစာင့္ၾကည့္သူေတြကေတာ့ ေပါင္သန္း ၃၀ ဆိုတာ အရန္ဂိုးသမားတစ္ေယာက္ရဲ႕ တန္ေၾကး မဟုတ္ဘူးလို႔ ဆိုခဲ့ၾကတာပါ။ ဘုန္းေမာက္၊ ရွက္ဖီးလ္ဒ္တို႔လို အသင္းငယ္ေတြနဲ႔ ကစားသမားဘဝကို ျဖတ္သန္းခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ကာကြယ္မႈေကာင္းေတြ လုပ္ေဆာင္ခဲ့တဲ့ ရမ္းစ္ေဒးလ္ဟာ ေလွ်ာ့တြက္ရမယ့္သူ မဟုတ္ေၾကာင္း ဆိုခဲ့ၾကေပမယ့္ တခ်ိဳ႕က သူ႔ရဲ႕ တန္းဆင္းမွတ္တမ္းကို အထင္ေသးခဲ့ၾကပါတယ္။

ဒီလိုနဲ႔ ပရီးမီးယားလိဂ္မွာ ဘန္းဒ္ လီႏိုတစ္ေယာက္ အသင္းရဲ႕ ခံစစ္ကို မထိန္းေက်ာင္းႏိုင္ဘဲ ရလဒ္ေတြ ဆိုးခဲ့ခ်ိန္မွာ ကာရာေဘာင္းမွာ Clean Sheet နဲ႔ အဖြင့္လွခဲ့တဲ့ ရမ္းစ္ေဒးလ္က ပြဲစဥ္ ၄ မွာ ေနာ့ဝစ္ခ်္ကို စတင္ရင္ဆိုင္ခဲ့ၿပီး သူ႔ရဲ႕ ေရွ႕က ေနာက္တန္းေတြကို အဆက္မျပတ္ ေအာ္ဟစ္ၫႊန္ၾကားတဲ့ ပုံစံက ပရိသတ္ေတြကို စတင္ကိုင္လႈပ္ခဲ့ပါတယ္။

အဂၤလိပ္ဂိုးသမားတစ္ေယာက္ရဲ႕ မိခင္ဘာသာစကားနဲ႔ ၫႊန္ၾကားမႈက တျခားႏိုင္ငံေတြက ဂိုးသမားေတြထက္ေတာ့ ပိုေကာင္းႏိုင္တာပဲလို႔ ပရိသတ္ေတြကို ႐ိုး႐ိုးေလးေတြးမိေစခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ တံခါးေပါက္ကို ေခါက္ဖို႔အတြက္ ဂ်ာမန္အသင္းေဖာ္ဂိုးသမားကို ဖယ္ထုတ္ခဲ့တဲ့ ရမ္းစ္ေဒးလ္ရဲ႕ လက္စြမ္းနဲ႔ အသင္းရဲ႕ တိုးတက္လာတဲ့ ခံစစ္စြမ္းေဆာင္ရည္ေတြက လက္ရွိအာဆင္နယ္အားေပးသူေတြၾကား လူေျပာမ်ားေနခဲ့တာပါ။

၂။ တစ္လတာအေကာင္းဆုံး တိုမီယာစု
အာဆင္နယ္အသင္းရဲ႕ ခံစစ္မွာ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာမွ ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူသစ္ တာကဲဟီ႐ို တိုမီယာစုကေတာ့ အသင္းရဲ႕ လူေခၚပုံ ဗ်ဴဟာပိုင္းကို သံသယဝင္ေစခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ကြၽမ္းက်င္သူေတြရဲ႕ သို႔ေလာသို႔ေလာေတြထဲမွာ ကူးခတ္ေနဆဲျဖစ္ပါတယ္။ ခံစစ္ပိုင္းမွာ လွည့္ၾကည့္စရာမလိုတဲ့ ဂ်ပန္သားကို နည္းျပ အာတီတာနဲ႔ TD အီဒူးတို႔ ေခၚယူခဲ့တာက ဗဟိုေနာက္ခံလူဆိုတဲ့ ေခါင္းစဥ္ေအာက္မွာဆိုရင္ အားလုံးက ခ်ီးက်ဴးၾကဖို႔ ရာႏႈန္းျပည့္ျဖစ္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေဝဖန္လိုသူေတြ ေပါမ်ားဆဲျဖစ္ေနပါတယ္။

ဂန္းနားပရိသတ္ေတြၾကားမွာေတာ့ သူ႔ရဲ႕ ခံစစ္ပိုင္းမွာ ႀကိဳးစားပုံကို အားလုံးက ႏွစ္သက္ၾကၿပီး တိုက္စစ္ပိုင္းကို သိပ္ပါမလာႏိုင္ေသးတာကိုေတာ့ အခ်ိန္တန္ရင္ ေျပာင္းလဲလာမယ္လို႔ ေမွ်ာ္လင့္ထားၾကသလို ေအာက္တိုဘာလအတြင္း ကစားခဲ့တဲ့ ပြဲေတြက စြမ္းေဆာင္ရည္ကိုေတာ့ တစ္လအတြင္းမွာ အေကာင္းဆုံးအျဖစ္ သတ္မွတ္ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ဟာ စီးရီးေအထက္ ျမန္ႏႈန္းျမင့္တဲ့ ၿပိဳင္ပြဲျဖစ္ေနတာေၾကာင့္ ဘိုေလာ့ညာမွာ ကစားတုန္းက ညာေတာင္ပံတိုက္စစ္ဆင္မႈမ်ိဳးကိုေတာ့ ျမင္ေတြ႕ရဖို႔ ေစာင့္ရဦးမယ္လို႔ သုံးသပ္ေနၾကေပမယ့္ ၂၂ ႏွစ္သားအတြက္ေတာ့ စိန္ေခၚမႈေတြကို ေနာက္မတြန႔္ဘဲ ရင္ဆိုင္ဖို႔ နစ္ပြန္ေတြရဲ႕ နာမည္ႀကီး ဘူရွီဒို စစ္သည္ေတာ္စိတ္ဓာတ္က အစမ္းသပ္ခံႏိုင္မယ္လို႔ တစ္ေပးထားၾကပါတယ္။

၃။ ခံစစ္ေခါင္းေဆာင္ျဖစ္လာတဲ့ ဘရာဇီးလ္သား
ဂါဘရီယယ္လ္ မာဂါလိုင္စ္ကေတာ့ အသင္းရဲ႕ ေျပာင္းလဲမႈေတြမွာ ခံစစ္ကို ဦးေဆာင္ေပးခဲ့တာျဖစ္ေပမယ့္ အာဆင္နယ္အသင္းရဲ႕ ရာသီႀကိဳကို ဘရာဇီးလ္အိုလံပစ္အသင္းနဲ႔ ေလ့က်င့္စဥ္မွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာေၾကာင့္ ျပန္လာရင္ ေျခစြမ္းပုံမွန္ ရွိႏိုင္ပါ့မလားလို႔ ပရိသတ္ေတြရဲ႕ စိုးရိမ္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရသူလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီမွာ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ တြဲကစားရင္း အလြဲေတြ ရွိခဲ့တာကလြဲလို႔ ပုံမွန္ေျခစြမ္းျပႏိုင္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ အသင္းရဲ႕ အနာဂတ္ေခါင္းေဆာင္လို႔ပါ တခ်ိဳ႕က သတ္မွတ္ထားခဲ့ၾကတာပါ။

ဒါေပမယ့္ သူျပန္ကစားတဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲကစၿပီး ရမ္းစ္ေဒးလ္၊ တိုမီယာစုတို႔လို ပြဲထြက္သူေတြနဲ႔ ကစားသမားသစ္ ဘန္ဝႈိက္တို႔ၾကားမွာ အေကာင္းဆုံး ထိန္းေက်ာင္းႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ဦးေဆာင္ႏိုင္မႈ စြမ္းရည္နဲ႔ လ်င္လ်င္ျမန္ျမန္ ခ်ိန္ဆဖ်က္ထုတ္ႏိုင္မႈေတြက အသင္းရဲ႕ ရလဒ္ေကာင္းေတြဆီ ေျပာင္းလဲမႈမွာ အခရာက်ခဲ့သလို လာမယ့္ပြဲေတြမွာလည္း ဘယ္ေလာက္အထိ စြမ္းေဆာင္ျပႏိုင္ဦးမလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.