Ligue1 Premier League

ဒီရာသီက မက်ဆီထက် ရော်နယ်ဒိုက ဆရာကျတယ်ဆိုတာ အဖြေပေးမယ့် ရာသီလို့ပြောလိုက်တဲ့ ဆားဗေ့ချ်

ဘလက်ဘန်း ကွင်းလယ်ကစားသမားဟောင်း ရော်ဘီ ဆားဗေ့ဂျ်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ ၂ ဦးထဲမှာ ဘယ်သူက တသက်တာအကောင်းဆုံးကစားသမားလဲဆိုတဲ့ ငြင်းခုံမှုမှာ ဒီရာသီက အဓိကဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ ယခုရာသီမှာ ပတ်ဝန်းကျင်အသစ်မှာ ယှဉ်ပြိုင်နေရတာဖြစ်ပြီး မက်ဆီက ဘာစီလိုနာကို စွန့်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့သလို ရော်နယ်ဒိုကလည်း ဂျူဗင်တပ်ကို စွန့်ခွာပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဘယ်လွန်ဒေါဆု ၆ ကြိမ် ရရှိထားချိန်မှာ ရော်နယ်ဒိုကတော့ ၅ ကြိမ် ရရှိထားပြီး တိုက်စစ်မှူး ၂ ဦးစလုံးဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့လှတဲ့ တစ်ဦးချင်းဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်ကွင်းလယ်ကစားသမားဟောင်း ဆားဗေ့ဂျ်က ပေါ်တူဂီကြယ်ပွင့်အနေနဲ့ ယခုရာသီမှာ မက်ဆီကစားနေတဲ့လိဂ်ထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ သွင်းယူနိုင်မယ်ဆိုရင် ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ ငြင်းခုံမှုတွေကို ဖြေရှင်းပြီးသားဖြစ်သွားမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ ရော်နယ်ဒိုက တသက်တာအကောင်းဆုံးကစားသမားအဖြစ် သရဖူဆောင်းမှာဖြစ်တဲ့ ဒီရာသီက အဓိကရာသီလို့ ထင်ပါတယ်။ မက်ဆီက ပီအက်စ်ဂျီမှာ စတင်ခဲ့တယ်။ ခင်ဗျား သိပါတယ်။ သူ့မှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး အကောင်းဆုံး စတင်မှုတော့ မဖြစ်ခဲ့ပါဘူး”

“ကျွန်တော် ပြောမယ်။ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုက အဲဒါကို စပိန်မှာလည်း လုပ်ခဲ့ပြီးပြီ။ သူ ပေါ်တူဂီမှာ စတင်ခဲ့တယ်။ ပရီးမီးယားလိဂ်ကို လာတယ်။ အီတလီကို သွားတယ်။ အခု အသက် ၃၆ နှစ်အရွယ်ကျမှ ပရီးမီးယားလိဂ်မှာ နောက်ထပ်တစ်ကြိမ် လုပ်ပြနေတယ်”

“ဒီရာသီက ဒီအကောင်းဆုံးကစားသမား ၂ ဦးထဲက ဘယ်သူအကောင်းဆုံးလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်မယ်ဆိုရင် ရော်နယ်ဒိုက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ သွင်းယူသွားမယ်။ မက်ဆီက လီဂူဝမ်းမှာ ရုန်းကန်နေရတယ်။ ကျွန်တော်ကတော့ ရော်နယ်ဒိုက တသက်တာအကောင်းဆုံးကစားသမားလို့ပဲ ပြောမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် တစ်ဂိုးတည်းသာ သွင်းယူထားနိုင်ချိန်မှာ ရော်နယ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းက လီဂူးဝမ်းဟာ ၎င်းကစားခဲ့တဲ့ လာလီဂါထက် ပိုမိုမြင့်မားတဲ့ အရည်အသွေးရှိတယ်လို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။

“လီဂူးဝမ်းက လာလီဂါထက်ပိုပြီး ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုများတဲ့ လိဂ်ပါ။ ဒီမှာ အသင်းတွေက ကျွန်တော့်အတွက် ပိုပြီး အင်အားကြီးသလို ဖြစ်နေပြီး ပွဲစဉ်တွေက နေရာလွတ်များများစားစားမရှိဘဲ အရမ်းကို ယှဉ်ပြိုင်မှု ပြင်းထန်နေပါတယ်။ ကစားသမား အများစုကလည်း အရမ်းကို သန်မာကြပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘလက္ဘန္း ကြင္းလယ္ကစားသမားေဟာင္း ေရာ္ဘီ ဆားေဗ့ဂ်္က ခရစၥတီယာနို ေရာ္နယ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ ၂ ဦးထဲမွာ ဘယ္သူက တသက္တာအေကာင္းဆုံးကစားသမားလဲဆိုတဲ့ ျငင္းခုံမႈမွာ ဒီရာသီက အဓိကျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ကစားသမား ၂ ဦးစလုံးဟာ ယခုရာသီမွာ ပတ္ဝန္းက်င္အသစ္မွာ ယွဥ္ၿပိဳင္ေနရတာျဖစ္ၿပီး မက္ဆီက ဘာစီလိုနာကို စြန႔္ခြာၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ခဲ့သလို ေရာ္နယ္ဒိုကလည္း ဂ်ဴဗင္တပ္ကို စြန႔္ခြာၿပီး အသင္းေဟာင္း မန္ခ်က္စတာယူနိုက္တက္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ဘယ္လြန္ေဒါဆု ၆ ႀကိမ္ ရရွိထားခ်ိန္မွာ ေရာ္နယ္ဒိုကေတာ့ ၅ ႀကိမ္ ရရွိထားၿပီး တိုက္စစ္မႉး ၂ ဦးစလုံးဟာ ေနာက္ဆုံးထြက္ေပၚလာတဲ့ ဂုဏ္သိကၡာႀကီးမားတဲ့လွတဲ့ တစ္ဦးခ်င္းဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ပရီးမီးယားလိဂ္ကြင္းလယ္ကစားသမားေဟာင္း ဆားေဗ့ဂ်္က ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ ယခုရာသီမွာ မက္ဆီကစားေနတဲ့လိဂ္ထက္ ပိုမိုၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၀ သြင္းယူနိုင္မယ္ဆိုရင္ ဘယ္သူအေကာင္းဆုံးလဲဆိုတဲ့ ျငင္းခုံမႈေတြကို ေျဖရွင္းၿပီးသားျဖစ္သြားမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ့္အတြက္ေတာ့ ေရာ္နယ္ဒိုက တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ သရဖူေဆာင္းမွာျဖစ္တဲ့ ဒီရာသီက အဓိကရာသီလို႔ ထင္ပါတယ္။ မက္ဆီက ပီအက္စ္ဂ်ီမွာ စတင္ခဲ့တယ္။ ခင္ဗ်ား သိပါတယ္။ သူ႔မွာ ဒဏ္ရာျပႆနာေတြ ရွိခဲ့ၿပီး အေကာင္းဆုံး စတင္မႈေတာ့ မျဖစ္ခဲ့ပါဘူး”

“ကၽြန္ေတာ္ ေျပာမယ္။ ဘာလို႔လဲဆိုေတာ့ ေရာ္နယ္ဒိုက အဲဒါကို စပိန္မွာလည္း လုပ္ခဲ့ၿပီးၿပီ။ သူ ေပၚတူဂီမွာ စတင္ခဲ့တယ္။ ပရီးမီးယားလိဂ္ကို လာတယ္။ အီတလီကို သြားတယ္။ အခု အသက္ ၃၆ ႏွစ္အရြယ္က်မွ ပရီးမီးယားလိဂ္မွာ ေနာက္ထပ္တစ္ႀကိမ္ လုပ္ျပေနတယ္”

“ဒီရာသီက ဒီအေကာင္းဆုံးကစားသမား ၂ ဦးထဲက ဘယ္သူအေကာင္းဆုံးလဲဆိုတာ အဆုံးအျဖတ္ေပးနိုင္မယ္ဆိုရင္ ေရာ္နယ္ဒိုက ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၀ သြင္းယူသြားမယ္။ မက္ဆီက လီဂူဝမ္းမွာ ႐ုန္းကန္ေနရတယ္။ ကၽြန္ေတာ္ကေတာ့ ေရာ္နယ္ဒိုက တသက္တာအေကာင္းဆုံးကစားသမားလို႔ပဲ ေျပာမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းအတြက္ တစ္ဂိုးတည္းသာ သြင္းယူထားနိုင္ခ်ိန္မွာ ေရာ္နယ္ဒိုကေတာ့ မန္ခ်က္စတာယူနိုက္တက္အတြက္ ၿပိဳင္ပြဲစုံမွာ ၅ ဂိုးအထိ သြင္းယူေပးထားနိုင္ခဲ့ၿပီျဖစ္ၿပီး ဘာစီလိုနာၾကယ္ပြင့္ေဟာင္းက လီဂူးဝမ္းဟာ ၎ကစားခဲ့တဲ့ လာလီဂါထက္ ပိုမိုျမင့္မားတဲ့ အရည္အေသြးရွိတယ္လို႔ မၾကာေသးမီက ေျပာၾကားခဲ့ပါတယ္။

“လီဂူးဝမ္းက လာလီဂါထက္ပိုၿပီး ႐ုပ္ပိုင္းဆိုင္ရာ ေတာင္းဆိုမႈမ်ားတဲ့ လိဂ္ပါ။ ဒီမွာ အသင္းေတြက ကၽြန္ေတာ့္အတြက္ ပိုၿပီး အင္အားႀကီးသလို ျဖစ္ေနၿပီး ပြဲစဥ္ေတြက ေနရာလြတ္မ်ားမ်ားစားစားမရွိဘဲ အရမ္းကို ယွဥ္ၿပိဳင္မႈ ျပင္းထန္ေနပါတယ္။ ကစားသမား အမ်ားစုကလည္း အရမ္းကို သန္မာၾကပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.