International Ligue1

ဥရုဂွေးနဲ့ပွဲမှာ တောင်အမေရိကရဲ့ အမြင့်မားဆုံး မှတ်တမ်းနဲ့ ဘုရင်ဘွဲ့ခံလိုက်တဲ့ မက်ဆီ

အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ဥရုဂွေးနဲ့ အိမ်ကွင်းပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရဖို့ စွမ်းဆောင်ပေးနိုင်ခဲ့သလို ဒီဒေသရဲ့ ဘုရင်အဖြစ် ဘယ်သူ့ထက်မဆို ခေါင်းတစ်လုံးပိုသာကြောင်း ပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ရွေးစင်အသင်းအတွက် ၁၅၅ ပွဲမြောက် ကစားခဲ့တဲ့ မက်ဆီဟာ အသက် ၃၄ နှစ်အရွယ်မှာလည်း ခြေစွမ်းပြသလို့ကောင်းဆဲဖြစ်ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲစဉ်တွေမှာ ၁၀ ပွဲကစားအပြီး ၆ ဂိုးသွင်းယူထားနိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း ပွဲချိန် ၃၈ မိနစ်မှာ သူတင်ပေးလိုက်တဲ့ ဘောလုံးက အာဂျင်တီးနားဘက်ကရော ဥရုဂွေးဘက်ကပါ တစ်ယောက်နဲ့မှ မထိလိုက်ဘဲ ဂိုးရရှိသွားခဲ့တာပါ။

ဒီဂိုးက သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး ၈၀ မြောက်လည်းဖြစ်ခဲ့ပြီး အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားသားကြီးအနေနဲ့ တောင်အမေရိကသားတွေထဲမှာ သွင်းဂိုးအများဆုံး စံချိန်ကို ရရှိနိုင်ခဲ့သလို ပြိုင်ဘက် ဘရာဇီးလ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူး ပီလီရဲ့ ၇၇ ဂိုး စံချိန်ကိုတော့ ပြီးခဲ့တဲ့ ဘိုလီဗီယားနဲ့ပွဲမှာ ဟက်ထရစ်ရယူစဉ်က ချိုးဖျက်ခဲ့ပြီးလည်းဖြစ်ပါတယ်။

တောင်အမေရိကသားတွေထဲမှာ ဘယ်သူကမှ သွင်းဂိုး ၈၀ အထိ လက်ရွေးစင်အသင်းအတွက် သွင်းယူပေးခဲ့ဖူးတာ မရှိခဲ့ဘဲ ပီလီရဲ့နောက်မှာ အနီးဆုံးပြိုင်ဘက်အဖြစ်ရှိနေတဲ့ မက်ဆီရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ နေမာ(ဘရာဇီးလ်)က ၆၉ ဂိုးနဲ့ လူးဝစ် ဆွာရက်ဇ်(ဥရုဂွေး)က ၆၄ ဂိုး သွင်းယူထားခဲ့သလို ရော်နယ်လ်ဒိုကြီးကတော့ ၆၂ ဂိုး ရရှိထားခဲ့တာပါ။

ပွဲအပြီးမှာတော့ ပီအက်စ်ဂျီ ကြယ်ပွင့်အနေနဲ့ သူ့ရဲ့ မှတ်တမ်းမှတ်ရာနဲ့ သွင်းဂိုးအတွက် အထူးတလည်ပြောကြားခြင်း မရှိခဲ့ဘဲ အသင်းဖော်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကိုသာ ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုတွေအတွက် အသင့်ရှိနေခဲ့ပြီး အသင်းဖော်တွေအတွက် အားအကိုးရဆုံးနဲ့ ကိုပါအမေရိကဖလားကိုလည်း ရယူခဲ့ရာမှာ အက်စ်တန်ဗီလာဂိုးသမားရဲ့ စွမ်းဆောင်ရည်တွေက အဓိကကျကြောင်း ထုတ်ဖော်ချီးကျူးသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ၿပီးခဲ့တဲ့ ေတာင္အေမရိကဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ကစားခဲ့တဲ့ ဥ႐ုေဂြးနဲ႔ အိမ္ကြင္းပြဲစဥ္မွာ အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရဖို႔ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ဒီေဒသရဲ႕ ဘုရင္အျဖစ္ ဘယ္သူ႔ထက္မဆို ေခါင္းတစ္လုံးပိုသာေၾကာင္း ျပသႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

လက္ေ႐ြးစင္အသင္းအတြက္ ၁၅၅ ပြဲေျမာက္ ကစားခဲ့တဲ့ မက္ဆီဟာ အသက္ ၃၄ ႏွစ္အ႐ြယ္မွာလည္း ေျခစြမ္းျပသလို႔ေကာင္းဆဲျဖစ္ၿပီး ၂၀၂၂ ကာတာ ကမာၻ႔ဖလားအတြက္ ေျခစစ္ပြဲစဥ္ေတြမွာ ၁၀ ပြဲကစားအၿပီး ၆ ဂိုးသြင္းယူထားႏိုင္ခဲ့သလို ဒီေန႔ပြဲမွာလည္း ပြဲခ်ိန္ ၃၈ မိနစ္မွာ သူတင္ေပးလိုက္တဲ့ ေဘာလုံးက အာဂ်င္တီးနားဘက္ကေရာ ဥ႐ုေဂြးဘက္ကပါ တစ္ေယာက္နဲ႔မွ မထိလိုက္ဘဲ ဂိုးရရွိသြားခဲ့တာပါ။

ဒီဂိုးက သူ႔ရဲ႕ ႏိုင္ငံတကာသြင္းဂိုး ၈၀ ေျမာက္လည္းျဖစ္ခဲ့ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားႀကီးအေနနဲ႔ ေတာင္အေမရိကသားေတြထဲမွာ သြင္းဂိုးအမ်ားဆုံး စံခ်ိန္ကို ရရွိႏိုင္ခဲ့သလို ၿပိဳင္ဘက္ ဘရာဇီးလ္ရဲ႕ ဂႏၴဝင္တိုက္စစ္မႉး ပီလီရဲ႕ ၇၇ ဂိုး စံခ်ိန္ကိုေတာ့ ၿပီးခဲ့တဲ့ ဘိုလီဗီယားနဲ႔ပြဲမွာ ဟက္ထရစ္ရယူစဥ္က ခ်ိဳးဖ်က္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

ေတာင္အေမရိကသားေတြထဲမွာ ဘယ္သူကမွ သြင္းဂိုး ၈၀ အထိ လက္ေ႐ြးစင္အသင္းအတြက္ သြင္းယူေပးခဲ့ဖူးတာ မရွိခဲ့ဘဲ ပီလီရဲ႕ေနာက္မွာ အနီးဆုံးၿပိဳင္ဘက္အျဖစ္ရွိေနတဲ့ မက္ဆီရဲ႕ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ ေနမာ(ဘရာဇီးလ္)က ၆၉ ဂိုးနဲ႔ လူးဝစ္ ဆြာရက္ဇ္(ဥ႐ုေဂြး)က ၆၄ ဂိုး သြင္းယူထားခဲ့သလို ေရာ္နယ္လ္ဒိုႀကီးကေတာ့ ၆၂ ဂိုး ရရွိထားခဲ့တာပါ။

ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီ ၾကယ္ပြင့္အေနနဲ႔ သူ႔ရဲ႕ မွတ္တမ္းမွတ္ရာနဲ႔ သြင္းဂိုးအတြက္ အထူးတလည္ေျပာၾကားျခင္း မရွိခဲ့ဘဲ အသင္းေဖာ္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကိုသာ ၿပိဳင္ဘက္ရဲ႕ ထိုးေဖာက္မႈေတြအတြက္ အသင့္ရွိေနခဲ့ၿပီး အသင္းေဖာ္ေတြအတြက္ အားအကိုးရဆုံးနဲ႔ ကိုပါအေမရိကဖလားကိုလည္း ရယူခဲ့ရာမွာ အက္စ္တန္ဗီလာဂိုးသမားရဲ႕ စြမ္းေဆာင္ရည္ေတြက အဓိကက်ေၾကာင္း ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.