International Match Report

ချဲလ်ဆီးတိုက်စစ် ခြေစွမ်းပြပြီး ဥရောပဇုန်ကနေ ပထမဆုံး ခြေစစ်ပွဲအောင်ခဲ့တဲ့ ဂျာမနီ

ဂျာမနီအသင်းမှာတော့ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ တီမို ဗာနာနဲ့ ခိုင်ဟာဗတ်ဇ်တို့ ခြေစွမ်းပြခဲ့ပြီး အဝေးကွင်းမှာ မြောက်မက်ဆီဒိုးနီးယားကို ဂိုးပြတ်အနိုင်ရရှိခဲ့သလို အိမ်ကွင်းမှာတုန်းက ခံလိုက်ရတဲ့ ရှုံးကြွေးကိုပါ ပြန်ဆပ်နိုင်ခဲ့ပြီး ဥရောပဇုန်ကနေ ပထမဆုံး ခြေစစ်ပွဲအောင်တဲ့ အသင်းလည်းဖြစ်လာခဲ့ပါတယ်။

အုပ်စု(J)ရဲ့ တစ်သင်းတည်းသော အင်အားကြီးဖြစ်ခဲ့တဲ့ ဂျာမနီဟာ အိုက်စလန်တို့ ရေနစ်ပြီး ရိုမေးနီးယားက ပြိုင်ဘက်မဟုတ်ချိန်မှာ ပွဲစဉ်(၃) မှာတုန်းက ခြေချော်ခဲ့ရတဲ့ မြောက်မက်ဆီဒိုးနီးယားဆီ ပြန်သွားကစားဖို့ကိုတော့ သေသေချာချာ ပြင်ဆင်လာခဲ့ပြီး နည်းပြ ဟန်ဆီ ဖလစ်ခ်အနေနဲ့ ကလပ်အသင်းတွေမှာ ပုံစံကောင်းရနေသူတွေနဲ့ ချဲလ်ဆီး၊ ဘိုင်ယန်တိုက်စစ်အတွဲတွေကို ရွေးချယ်ပွဲထုတ်ခဲ့ပါတယ်။

တိုက်စစ်ပိုင်းအတွက် ချဲလ်ဆီးရဲ့ ဗာနာနဲ့ ဟာဗတ်ဇ်၊ ပံ့ပိုးမှုအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ဂနာဘရီနဲ့ မူလာ၊ ကွင်းလယ်အထိုင်မှာ ဂိုရက်ဇ်ကာနဲ့ ကင်းမစ်ချ်တို့ ကစားခဲ့ကြပြီး စောစောစီးစီးမှာကတည်းက ထိုးဖောက်မှုတွေနဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သလို မက်ဆီဒိုးနီးယားတို့ကတော့ ခံစစ်ကစားပြီး ကောင်တာဖောက်နိုင်ဖို့ပဲ ကြိုးစားနေခဲ့တာပါ။

ပထမပိုင်းမှာ ကင်းမစ်ချ်၊ မူလာ၊ ဂနာဘရီတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ ရရှိခဲ့ အခွင့်အရေးကောင်းကိုလည်း အာဆင်နယ်ကစားသမားဟောင်းအနေနဲ့ ဘောလုံးထိန်းပုံ မသေသပ်ခဲ့တာကြောင့် တီမို ဗာနာဆီကို နောက်ကျမှ ပေးနိုင်ခဲ့ပြီး ကန်ခွင့်သိပ်မကောင်းခဲ့လို့ မက်ဆီဒိုးနီးယားတို့ သက်သာသွားခဲ့သလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဂျာမနီတို့ ခြေစစ်ပွဲအောင်မယ့် နိုင်ပွဲအတွက် ပိုပြီး တင်ကစားလာခဲ့သလို ပွဲချိန်မိနစ် ၅၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ဂနာဘရီ ထိုးပေးလိုက်တာကို မူလာက ဂိုးရှေ့အထိ ဆွဲပြေးပြီး ဘေးက ပါလာတဲ့ ဟာဗတ်ဇ်ကို ထိုးပေးခဲ့ရာမှာ ချဲလ်ဆီးတိုက်စစ်မှူးက အသာအယာ ပိတ်သွင်းပြီး အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂိုရက်ဇ်ကာအစား ဖလိုရီယန် ဗာ့ဇ်နဲ့ ဟာဗတ်ဇ်အစား အဒီယီမီတို့ လူစားဝင်ကစားခဲ့ပြီး တိုက်စစ်က ပိုသွက်လာခဲ့သလို ပွဲချိန် မိနစ် ၇၀ မှာတော့ မူလာချပေးတာကို ဗာနာက မက်ဆီဒိုးနီးယားခံစစ်ကြားက ပြေးထွက်ပြီး ဂိုးသမားနဲ့ အနီးကပ် Volley ကန်သွင်းယူခဲ့လို့ သူ့အတွက် လက်ရွေးစင်သွင်းဂိုး ၂၀ မြောက်နဲ့ ဂျာမနီတို့အတွက် ဒုတိယဂိုး ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဂနာဘရီရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို လူစားဝင် လူငယ်တိုက်စစ်မှူး ဗာ့ဇ်က ပြန်ချပေးခဲ့ရာမှာ ဘယ်ခြမ်းကနေ လှုပ်ရှားနေတဲ့ ဗာနာက အဝေးတိုင်ဘက်ကို လှမ်းကန်သွင်းခဲ့ရာမှာ မက်ဆီဒိုးနီးယားဂိုးသမား အငိုက်မိသွားခဲ့လို့ ဂျာမနီတို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး သူ့ကိုတော့ တစ်မိနစ်အကြာမှာ မူစီယာလာနဲ့ လူစားလဲပြီး အနားပေးသွားခဲ့ပါတယ်။

ဒီဂိုးနောက်ပိုင်းမှာတော့ ဂျာမနီဘက်က ဗာနာအစား မူစီယာလာ၊ ဂနာဘရီနဲ့ မူလာအစား မွန်ချန်ဂလာဘက်ချ်အတွဲဖြစ်တဲ့ ဟော့ဖ်မန်းနဲ့ နွိုင်ဟော့စ်တို့ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ အဒီယီမီရဲ့ ပေးပို့မှုကို ၁၈ နှစ်သား မူစီယာလာက မက်ဆီဒိုးနီးယားနောက်တန်း နှစ်ယောက်ကြားကနေ တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းပြီး စတုတ္ထဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂျာမနီတို့ အဝေးကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ၈ ပွဲကစား ၇ ပွဲနိုင် ၁ ပွဲရှုံး၊ ရမှတ် ၂၁ မှတ်နဲ့ အုပ်စု(J)မှာ ဒုတိယ နေရာက ရိုမေးနီးယားကို ၂ ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ ၇ မှတ်ဖြတ်ပြီး ဦးဆောင်ခဲ့သလို ဥရောပဇုန်ကနေ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို သွားရောက်ဖို့ လေယာဉ်လက်မှတ်ကို ရယူနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမနီအသင္းမွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ တီမို ဗာနာနဲ႔ ခိုင္ဟာဗတ္ဇ္တို႔ ေျခစြမ္းျပခဲ့ၿပီး အေဝးကြင္းမွာ ေျမာက္မက္ဆီဒိုးနီးယားကို ဂိုးျပတ္အႏိုင္ရရွိခဲ့သလို အိမ္ကြင္းမွာတုန္းက ခံလိုက္ရတဲ့ ရႈံးေႂကြးကိုပါ ျပန္ဆပ္ႏိုင္ခဲ့ၿပီး ဥေရာပဇုန္ကေန ပထမဆုံး ေျခစစ္ပြဲေအာင္တဲ့ အသင္းလည္းျဖစ္လာခဲ့ပါတယ္။

အုပ္စု(J)ရဲ႕ တစ္သင္းတည္းေသာ အင္အားႀကီးျဖစ္ခဲ့တဲ့ ဂ်ာမနီဟာ အိုက္စလန္တို႔ ေရနစ္ၿပီး ႐ိုေမးနီးယားက ၿပိဳင္ဘက္မဟုတ္ခ်ိန္မွာ ပြဲစဥ္(၃) မွာတုန္းက ေျခေခ်ာ္ခဲ့ရတဲ့ ေျမာက္မက္ဆီဒိုးနီးယားဆီ ျပန္သြားကစားဖို႔ကိုေတာ့ ေသေသခ်ာခ်ာ ျပင္ဆင္လာခဲ့ၿပီး နည္းျပ ဟန္ဆီ ဖလစ္ခ္အေနနဲ႔ ကလပ္အသင္းေတြမွာ ပုံစံေကာင္းရေနသူေတြနဲ႔ ခ်ဲလ္ဆီး၊ ဘိုင္ယန္တိုက္စစ္အတြဲေတြကို ေ႐ြးခ်ယ္ပြဲထုတ္ခဲ့ပါတယ္။

တိုက္စစ္ပိုင္းအတြက္ ခ်ဲလ္ဆီးရဲ႕ ဗာနာနဲ႔ ဟာဗတ္ဇ္၊ ပံ့ပိုးမႈအတြက္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ဂနာဘရီနဲ႔ မူလာ၊ ကြင္းလယ္အထိုင္မွာ ဂိုရက္ဇ္ကာနဲ႔ ကင္းမစ္ခ်္တို႔ ကစားခဲ့ၾကၿပီး ေစာေစာစီးစီးမွာကတည္းက ထိုးေဖာက္မႈေတြနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္ခဲ့သလို မက္ဆီဒိုးနီးယားတို႔ကေတာ့ ခံစစ္ကစားၿပီး ေကာင္တာေဖာက္ႏိုင္ဖို႔ပဲ ႀကိဳးစားေနခဲ့တာပါ။

ပထမပိုင္းမွာ ကင္းမစ္ခ်္၊ မူလာ၊ ဂနာဘရီတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ကေန ရရွိခဲ့ အခြင့္အေရးေကာင္းကိုလည္း အာဆင္နယ္ကစားသမားေဟာင္းအေနနဲ႔ ေဘာလုံးထိန္းပုံ မေသသပ္ခဲ့တာေၾကာင့္ တီမို ဗာနာဆီကို ေနာက္က်မွ ေပးႏိုင္ခဲ့ၿပီး ကန္ခြင့္သိပ္မေကာင္းခဲ့လို႔ မက္ဆီဒိုးနီးယားတို႔ သက္သာသြားခဲ့သလို ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ဂ်ာမနီတို႔ ေျခစစ္ပြဲေအာင္မယ့္ ႏိုင္ပြဲအတြက္ ပိုၿပီး တင္ကစားလာခဲ့သလို ပြဲခ်ိန္မိနစ္ ၅၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဂနာဘရီ ထိုးေပးလိုက္တာကို မူလာက ဂိုးေရွ႕အထိ ဆြဲေျပးၿပီး ေဘးက ပါလာတဲ့ ဟာဗတ္ဇ္ကို ထိုးေပးခဲ့ရာမွာ ခ်ဲလ္ဆီးတိုက္စစ္မႉးက အသာအယာ ပိတ္သြင္းၿပီး အဖြင့္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဂိုရက္ဇ္ကာအစား ဖလိုရီယန္ ဗာ့ဇ္နဲ႔ ဟာဗတ္ဇ္အစား အဒီယီမီတို႔ လူစားဝင္ကစားခဲ့ၿပီး တိုက္စစ္က ပိုသြက္လာခဲ့သလို ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ မူလာခ်ေပးတာကို ဗာနာက မက္ဆီဒိုးနီးယားခံစစ္ၾကားက ေျပးထြက္ၿပီး ဂိုးသမားနဲ႔ အနီးကပ္ Volley ကန္သြင္းယူခဲ့လို႔ သူ႔အတြက္ လက္ေ႐ြးစင္သြင္းဂိုး ၂၀ ေျမာက္နဲ႔ ဂ်ာမနီတို႔အတြက္ ဒုတိယဂိုး ရွာေဖြေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဂနာဘရီရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို လူစားဝင္ လူငယ္တိုက္စစ္မႉး ဗာ့ဇ္က ျပန္ခ်ေပးခဲ့ရာမွာ ဘယ္ျခမ္းကေန လႈပ္ရွားေနတဲ့ ဗာနာက အေဝးတိုင္ဘက္ကို လွမ္းကန္သြင္းခဲ့ရာမွာ မက္ဆီဒိုးနီးယားဂိုးသမား အငိုက္မိသြားခဲ့လို႔ ဂ်ာမနီတို႔ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး သူ႔ကိုေတာ့ တစ္မိနစ္အၾကာမွာ မူစီယာလာနဲ႔ လူစားလဲၿပီး အနားေပးသြားခဲ့ပါတယ္။

ဒီဂိုးေနာက္ပိုင္းမွာေတာ့ ဂ်ာမနီဘက္က ဗာနာအစား မူစီယာလာ၊ ဂနာဘရီနဲ႔ မူလာအစား မြန္ခ်န္ဂလာဘက္ခ်္အတြဲျဖစ္တဲ့ ေဟာ့ဖ္မန္းနဲ႔ ႏြိဳင္ေဟာ့စ္တို႔ ဝင္ေရာက္ကစားခဲ့ၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ အဒီယီမီရဲ႕ ေပးပို႔မႈကို ၁၈ ႏွစ္သား မူစီယာလာက မက္ဆီဒိုးနီးယားေနာက္တန္း ႏွစ္ေယာက္ၾကားကေန တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းၿပီး စတုတၳဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ ဂ်ာမနီတို႔ အေဝးကြင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ၈ ပြဲကစား ၇ ပြဲႏိုင္ ၁ ပြဲရႈံး၊ ရမွတ္ ၂၁ မွတ္နဲ႔ အုပ္စု(J)မွာ ဒုတိယ ေနရာက ႐ိုေမးနီးယားကို ၂ ပြဲသာ ကစားဖို႔ က်န္ေတာ့ခ်ိန္မွာ ၇ မွတ္ျဖတ္ၿပီး ဦးေဆာင္ခဲ့သလို ဥေရာပဇုန္ကေန ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ ပထမဆုံးအသင္း ျဖစ္လာခဲ့ၿပီး ၂၀၂၂ ကာတာကမာၻ႔ဖလားကို သြားေရာက္ဖို႔ ေလယာဥ္လက္မွတ္ကို ရယူႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.