International Match Report

CR115 ရဲ့ ဆယ်ကြိမ်မြောက် ဟက်ထရစ်နဲ့ ဂိုးပြတ်နိုင်ပွဲဆင်ခဲ့တဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ လူဇင်ဘတ်ကို ရင်ဆိုင်ရာမှာတော့ ကာတာနဲ့ပွဲက ချန်ထားခဲ့တဲ့ ကစားသမားတွေကို ပြန်သုံးခဲ့သလို ခံစစ်မှာ ပီပီနဲ့ ဒီယက်စ်၊ အစွန်မှာ ကန်ဆယ်လိုနဲ့ မန်ဒက်စ်၊ ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်၊ မော်တင်ညိုနဲ့ ပယ်လင်ညာ၊ တိုက်စစ်မှာ ရော်နယ်လ်ဒို၊ ဘာနာဒို ဆေးလ်ဗားနဲ့ အန်ဒရီ ဆေးလ်ဗားတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားကို လူဇင်ဘတ်နောက်ခံလူနှစ်ယောက် ညှပ်ဖျက်တာက ပင်နယ်တီဧရိယာအပြင်မှာဖြစ်ခဲ့ပေမယ့် ပြင်သစ် ဒိုင်လူကြီးကတော့ အလွယ်တကူပဲ ပင်နယ်တီလက်ဆောင်ပေးသွားခဲ့ပြီး ဒါကို ပေါ်တူဂီကပ္ပတိန် ရော်နယ်လ်ဒိုက ပွဲချိန် ၈ မိနစ်မှာ ဂိုးသမား ဒိုက်ပစ်တာကို စောင့်ပြီး အလယ်တည့်တည့်ကို အမြင့်ဘော ကန်သွင်းယူသွားခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ တစ်ကိုယ်တော်လိမ်ခေါက်ပြီး ကန်ဖို့ ကြိုးစားတဲ့ ရော်နယ်လ်ဒိုရဲ့ ခြေထောက်ကိုပဲ ဖမ်းဆွဲမိတဲ့ လူဇင်ဘတ်ဂိုးသမား မောရစ်ကြောင့် ပင်နယ်တီထပ်ပေးခဲ့ရပြီး ရော်နယ်လ်ဒိုကိုယ်တိုင်ပဲ ကန်သွင်းခဲ့ရာမှာ ဘောလုံးမထိခင် ဧရိယာထဲမှာ ကစားသမားတွေ ဝင်ရောက်နေလို့ နောက်တစ်ကြိမ် ပြန်ကန်ခဲ့ရပြီး ဂိုးသမားနဲ့ နီးသွားခဲ့ပေမယ့် ဂိုးဝင်ခဲ့လို့ ပေါ်တူဂီတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာတော့ တောင်ပံကနေ ဘောလုံးဆွဲပြေးလာတဲ့ ဘာနာဒို ဆေးလ်ဗား ထိုးပေးတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က အတွင်းကို ချိုးပေးတော့မလိုလိုနဲ့ ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘော ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကာကွယ်ခဲ့ပေမယ့် လက်နဲ့ထိပြီးမှ ဂိုးဝင်သွားခဲ့ပြီး ပေါ်တူဂီတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာတော့ အိမ်ရှင် ပေါ်တူဂီရဲ့ ရော်နယ်လ်ဒိုတို့အဖွဲ့ ထပ်မံကြိုးစားခဲ့ကြသေးပေမယ့် တိုက်စစ်ပိုင်းက ကစားသမားတွေအနေနဲ့ ဂိုးဖြစ်လောက်တဲ့ အခွင့်အရေးမျိုးတွေကိုတော့ ဖန်တီးနိုင်ခြင်းမရှိခဲ့တာနဲ့ အဆုံးသတ် မသေချာမှုတချို့ကြောင့် ဂိုးထပ်မရခဲ့ဘဲ သုံးဂိုး-ဂိုးမရှိနဲ့ ကျေနပ်ခဲ့ရတာပါ။

ဘွန်ဒက်စ်လီဂါမှာ ဝါးလုံးခေါင်းထဲ လသာနေတဲ့ တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကတော့ အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် လီဗာပူးလ်တိုက်စစ်မှူး ဂျိုတာလိုမျိုး အားကိုးရခြင်းမရှိဘဲ အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိခဲ့သလို ပွဲချိန် ၄၈ မိနစ်မှာ ထောင့်ကန်ဘောကနေ အခွင့်အရေးရတာကိုလည်း ပေါ်တူဂီဘက်က အများအပြားရှိနေခဲ့ပေမယ့် ဂိုးဖြစ်အောင် မစွမ်းနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘောကို ရော်နယ်လ်ဒို တစ်ချက်ထိန်းပြီး နောက်ပြန်ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်သွားခဲ့လို့ နစ်နာခဲ့ရပေမယ့် ၆၉ မိနစ်မှာတော့ ပေါ်တူဂီတို့ စတုတ္ထဂိုးရယူနိုင်ခဲ့ပြီး ဒီကနေ ရတဲ့ ထောင့်ကန်ဘောကို ဘရူနို ဖာနန်ဒက်စ် ကန်တင်ပေးရာမှာ ပယ်လင်ညာက အနီးကပ်ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရူဘင် နီဗက်စ်က ကွင်းလယ်ကနေ အမြင့်ဘော တင်ပေးခဲ့ရာမှာ ရော်နယ်လ်ဒိုကပဲ လူဇင်ဘတ်နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးထွက်ပြီး အနီးကပ်ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဟက်ထရစ်နဲ့ ပဉ္စမဂိုးရရှိခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ငါးဂိုး-ဂိုးမရှိနဲ့ ပေါ်တူဂီတို့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

လူဇင်ဘတ်ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲက ရော်နယ်လ်ဒိုအတွက် နိုင်ငံတကာသွင်းဂိုး ၁၁၅ ဂိုးမြောက်နဲ့ ၁၀ ကြိမ်မြောက် ဟက်ထရစ်စံချိန်တွေကို ရရှိပြီး ပျော်ရွှင်စရာဖြစ်ခဲ့ပေမယ့် အုပ်စု(A)ကနေ ပေါ်တူဂီတို့ ခြေစစ်ပွဲအောင်မြင်ဖို့အတွက်တော့ လက်ကျန်နှစ်ပွဲမှာ အနည်းဆုံး နှစ်မှတ်၊ ဒါမှမဟုတ် နောက်ဆုံးပွဲဖြစ်တဲ့ ဆားဘီးယားနဲ့ အိမ်ကွင်းပွဲစဉ်ကို အနိုင်ကစားနိုင်ဖို့ လိုအပ်နေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ လူဇင္ဘတ္ကို ရင္ဆိုင္ရာမွာေတာ့ ကာတာနဲ႔ပြဲက ခ်န္ထားခဲ့တဲ့ ကစားသမားေတြကို ျပန္သုံးခဲ့သလို ခံစစ္မွာ ပီပီနဲ႔ ဒီယက္စ္၊ အစြန္မွာ ကန္ဆယ္လိုနဲ႔ မန္ဒက္စ္၊ ကြင္းလယ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္၊ ေမာ္တင္ညိဳနဲ႔ ပယ္လင္ညာ၊ တိုက္စစ္မွာ ေရာ္နယ္လ္ဒို၊ ဘာနာဒို ေဆးလ္ဗားနဲ႔ အန္ဒရီ ေဆးလ္ဗားတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ဘာနာဒို ေဆးလ္ဗားကို လူဇင္ဘတ္ေနာက္ခံလူႏွစ္ေယာက္ ညႇပ္ဖ်က္တာက ပင္နယ္တီဧရိယာအျပင္မွာျဖစ္ခဲ့ေပမယ့္ ျပင္သစ္ ဒိုင္လူႀကီးကေတာ့ အလြယ္တကူပဲ ပင္နယ္တီလက္ေဆာင္ေပးသြားခဲ့ၿပီး ဒါကို ေပၚတူဂီကပၸတိန္ ေရာ္နယ္လ္ဒိုက ပြဲခ်ိန္ ၈ မိနစ္မွာ ဂိုးသမား ဒိုက္ပစ္တာကို ေစာင့္ၿပီး အလယ္တည့္တည့္ကို အျမင့္ေဘာ ကန္သြင္းယူသြားခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ တစ္ကိုယ္ေတာ္လိမ္ေခါက္ၿပီး ကန္ဖို႔ ႀကိဳးစားတဲ့ ေရာ္နယ္လ္ဒိုရဲ႕ ေျခေထာက္ကိုပဲ ဖမ္းဆြဲမိတဲ့ လူဇင္ဘတ္ဂိုးသမား ေမာရစ္ေၾကာင့္ ပင္နယ္တီထပ္ေပးခဲ့ရၿပီး ေရာ္နယ္လ္ဒိုကိုယ္တိုင္ပဲ ကန္သြင္းခဲ့ရာမွာ ေဘာလုံးမထိခင္ ဧရိယာထဲမွာ ကစားသမားေတြ ဝင္ေရာက္ေနလို႔ ေနာက္တစ္ႀကိမ္ ျပန္ကန္ခဲ့ရၿပီး ဂိုးသမားနဲ႔ နီးသြားခဲ့ေပမယ့္ ဂိုးဝင္ခဲ့လို႔ ေပၚတူဂီတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ေတာင္ပံကေန ေဘာလုံးဆြဲေျပးလာတဲ့ ဘာနာဒို ေဆးလ္ဗား ထိုးေပးတဲ့ ေဘာလုံးကို ဘ႐ူႏို ဖာနန္ဒက္စ္က အတြင္းကို ခ်ိဳးေပးေတာ့မလိုလိုနဲ႔ ေထာင့္က်ဥ္းအေနအထားကေန အနိမ့္ေဘာ ျဖတ္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ကာကြယ္ခဲ့ေပမယ့္ လက္နဲ႔ထိၿပီးမွ ဂိုးဝင္သြားခဲ့ၿပီး ေပၚတူဂီတို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ အိမ္ရွင္ ေပၚတူဂီရဲ႕ ေရာ္နယ္လ္ဒိုတို႔အဖြဲ႕ ထပ္မံႀကိဳးစားခဲ့ၾကေသးေပမယ့္ တိုက္စစ္ပိုင္းက ကစားသမားေတြအေနနဲ႔ ဂိုးျဖစ္ေလာက္တဲ့ အခြင့္အေရးမ်ိဳးေတြကိုေတာ့ ဖန္တီးႏိုင္ျခင္းမရွိခဲ့တာနဲ႔ အဆုံးသတ္ မေသခ်ာမႈတခ်ိဳ႕ေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ သုံးဂိုး-ဂိုးမရွိနဲ႔ ေက်နပ္ခဲ့ရတာပါ။

ဘြန္ဒက္စ္လီဂါမွာ ဝါးလုံးေခါင္းထဲ လသာေနတဲ့ တိုက္စစ္မႉး အန္ဒရီ ေဆးလ္ဗားကေတာ့ အေရးဟဲ့ အေၾကာင္းဟဲ့ဆိုရင္ လီဗာပူးလ္တိုက္စစ္မႉး ဂ်ိဳတာလိုမ်ိဳး အားကိုးရျခင္းမရွိဘဲ အခြင့္အေရးေတြကို အသုံးခ်ႏိုင္ျခင္း မရွိခဲ့သလို ပြဲခ်ိန္ ၄၈ မိနစ္မွာ ေထာင့္ကန္ေဘာကေန အခြင့္အေရးရတာကိုလည္း ေပၚတူဂီဘက္က အမ်ားအျပားရွိေနခဲ့ေပမယ့္ ဂိုးျဖစ္ေအာင္ မစြမ္းႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ကန္ဆယ္လိုရဲ႕ ျဖတ္တင္ေဘာကို ေရာ္နယ္လ္ဒို တစ္ခ်က္ထိန္းၿပီး ေနာက္ျပန္ကန္ခ်က္ကို ဂိုးသမား ပုတ္ထုတ္သြားခဲ့လို႔ နစ္နာခဲ့ရေပမယ့္ ၆၉ မိနစ္မွာေတာ့ ေပၚတူဂီတို႔ စတုတၳဂိုးရယူႏိုင္ခဲ့ၿပီး ဒီကေန ရတဲ့ ေထာင့္ကန္ေဘာကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္တင္ေပးရာမွာ ပယ္လင္ညာက အနီးကပ္ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ႐ူဘင္ နီဗက္စ္က ကြင္းလယ္ကေန အျမင့္ေဘာ တင္ေပးခဲ့ရာမွာ ေရာ္နယ္လ္ဒိုကပဲ လူဇင္ဘတ္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေျပးထြက္ၿပီး အနီးကပ္ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဟက္ထရစ္နဲ႔ ပၪၥမဂိုးရရွိခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ငါးဂိုး-ဂိုးမရွိနဲ႔ ေပၚတူဂီတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

လူဇင္ဘတ္ကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရတဲ့ပြဲက ေရာ္နယ္လ္ဒိုအတြက္ ႏိုင္ငံတကာသြင္းဂိုး ၁၁၅ ဂိုးေျမာက္နဲ႔ ၁၀ ႀကိမ္ေျမာက္ ဟက္ထရစ္စံခ်ိန္ေတြကို ရရွိၿပီး ေပ်ာ္႐ႊင္စရာျဖစ္ခဲ့ေပမယ့္ အုပ္စု(A)ကေန ေပၚတူဂီတို႔ ေျခစစ္ပြဲေအာင္ျမင္ဖို႔အတြက္ေတာ့ လက္က်န္ႏွစ္ပြဲမွာ အနည္းဆုံး ႏွစ္မွတ္၊ ဒါမွမဟုတ္ ေနာက္ဆုံးပြဲျဖစ္တဲ့ ဆားဘီးယားနဲ႔ အိမ္ကြင္းပြဲစဥ္ကို အႏိုင္ကစားႏိုင္ဖို႔ လိုအပ္ေနေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.