International Premier League

လူကာကူးရဲ့ဒဏ်ရာပြဿနာကြောင့် ခေါင်းကိုက်နေတဲ့ တူဟယ်အတွက် အလင်းပြခဲ့တဲ့ ဟန်ဆီ ဖလစ်

ချဲလ်ဆီးအသင်းတိုက်စစ်မှူး လူကာကူးဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း ကြံ့ခိုင်မှုအတွက် ရုန်းကန်နေရတာကြောင့် နည်းပြ သောမတ်စ် တူဟယ်အနေနဲ့ တိုက်စစ်ကို ဦးဆောင်မယ့်သူတစ်ယောက်ကို ရှာဖွေကောင်း ရှာဖွေရတော့မှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အီတလီအသင်းနဲ့ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံရဲ့ နေးရှင်းလိဂ်ပွဲစဉ်မတိုင်မီ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း လူကာကူရဲ့ ကြံ့ခိုင်မှုဟာ မရေမရာဖြစ်နေတာကြောင့် တူဟယ်အနေနဲ့ ၎င်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးနေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ အဓိကအားဖြင့်တော့ ၎င်းမပါဝင်ဘဲ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းက ၎င်းတို့မှာ တိုက်စစ်ရဲ့ဗဟိုဆုံချက်ဖြစ်လာပြီး ဂိုးပုံမှန်သွင်းယူပေးနိုင်မယ့် ကျောနံပါတ် ၉ မရှိဘူးလို့ ခံစားရတာကြောင့် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

စတန်းဖို့ဒ် ဘရစ်ဂျ်က ပထမဆုံး ရာသီမှာ တီမို ဗာနာ ရုန်းကန်ခဲ့ရမှုအများစုဟာ အံ့အားသင့်ဖွယ် လွဲချော်မှုအချို့နဲ့ VAR ရဲ့ မျက်နှာသာပေးခြင်းမခံရမှုတို့ကြောင့် ဖြစ်ခဲ့တာဖြစ်ပြီး သောကြာနေ့ညက ရိုမေးနီးယားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဗာနာဟာ ဂျာမနီတိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းအနေနဲ့ ထည့်သွင်းအသုံးပြုနိုင်မယ့် တိုက်စစ်မှူးစစ်စစ်ရှိလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဟန်ဆီ ဖလစ်က တိုးတက်အောင်လုပ်ဖို့ လိုအပ်နေတဲ့ နေရာအချို့ရှိနေပေမယ့်လည်း လိုက်ပ်ဇစ်ဂိုးသွင်းစက်ဟောင်းဟာ တိုက်စစ်မှူးနေရာတွက် အရေးပါတဲ့အရည်အချင်းအများအပြားရှိတယ်ဆိုတာကို အလျင်အမြန်ပဲ ထောက်ပြခဲ့တာဖြစ်ပါတယ်။

“ပြီးပြည့်စုံတဲ့ အထောင်တိုက်စစ်မှူးဆိုတာ ဘာလဲ။ တီမိုက ကြပ်နေတဲ့နေရာထဲမှာ နေရာလွတ် ရှာဖွေနိုင်စွမ်း ကျိန်းသေရှိပြီး သူက ခုန်ပေါက်နေတဲ့ ဒါမှမဟုတ် လွတ်ထွက်လာတဲ့ ဘောလုံးကို ဂိုးသွင်းဖို့ ရှိနေတဲ့သူ တစ်ယောက်ပါ။ သူ့မှာ အဲဒီအတွက် အမြင်ရှိပါတယ်”

“သူက အမြဲတမ်းတော့ ခင်ဗျား သူ့ကို ရှိနေစေချင်တဲ့နေရာမှာ ရှိချင်မှလည်း ရှိနိုင်မှာပါ။ သူက အချို့အချိန်မှာ ဂိုးသွင်းဖို့အတွက် အရမ်းနီးစပ်ခဲ့ပြီး သူ ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ သူ အဲဒီလို လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လေ့ကျင့်ရေးမှာ ကျွန်တော်တို့ ဒီကိစ္စအတွက် လုပ်ဆောင်သွားဖို့ လိုအပ်မှာပါ။ နေရာလွတ် ဖန်တီးဖို့နဲ့ နောက်ထပ်တစ်ကြိမ် လုပ်ရမယ့်ဟာတွေကို လုပ်ဆောင်သွားဖို့ဖြစ်ပြီး နောက်ထပ်တစ်ကြိမ် တည်ငြိမ်တဲ့ ခံစစ်နဲ့ ရင်ဆိုင်ဖို့ပါပဲ။ သူက အရမ်းကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီးမှာ ဘရန့်တ်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တီမို ဗာနာအနေနဲ့ ဘယ်လို အစမ်းသပ်ခံနိုင်မလဲဆိုတာကို သက်သေပြရမယ့် အရေးကြီးတဲ့ပွဲစဉ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးကြယ်ပွင့်တိုက်စစ်မှူးရဲ့ ရိုမေးနီးယားအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီ ပြစ်ဒဏ်ဘော တောင်းဆိုမှုကို VAR က ဒိုင်ဗင်ထိုးမှုအဖြစ် သတ်မှတ်ခဲ့ပြီး “ကျွန်တော်တို့ ၅ မိနစ်လောက် စစ်ဆေးကြည့်ရှုခဲ့သလိုမျိုး ခံစားရတဲ့ ပင်နယ်တီကို ပြောနေတာပါ။ အဲဒီတော့ အဲဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်မဖြစ်နိုင်ပါဘူး။ ခင်ဗျားက ဒီလို မြန်နှုန်းနဲ့ ရွေ့လျားနေချိန်မှာ အသေးငယ်ဆုံးသောထိတွေ့မှုကတောာင် ခင်ဗျားကို လဲကျသွားစေနိုင်ပါတယ်”လို့ ဟန်ဆီ ဖလစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

“အသင်းအဖွဲ့အနေနဲ့ ကျွန်တော်တို့အားလုံး တီမိုရဲ့နောက်မှာ ရှိနေပါတယ်။ တစ်ခါတရံ သူ့မှာ ကံကောင်းမှု နည်းနည်းကင်းမဲ့နေခဲ့ပါတယ်။ သူက သူ့ကိုယ်သူ အရှိန်မြှင့်တင်နေပြီး အဲဒါက အရေးအကြီးဆုံးအရာပါ”လို့ လက်ရွေးစင်အသင်းဖော် ဂနာဘရီက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းတိုက္စစ္မႉး လူကာကူးဟာ နိုင္ငံတကာပြဲစဥ္ အားလပ္ရက္အတြင္း ႀကံ့ခိုင္မႈအတြက္ ႐ုန္းကန္ေနရတာေၾကာင့္ နည္းၿပ ေသာမတ္စ္ တူဟယ္အေနနဲ႔ တိုက္စစ္ကို ဦးေဆာင္မယ့္သူတစ္ေယာက္ကို ရွာေဖြေကာင္း ရွာေဖြရေတာ့မွာျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ အီတလီအသင္းနဲ႔ ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံရဲ့ ေနးရွင္းလိဂ္ပြဲစဥ္မတိုင္မီ အသင္းလူစာရင္းကေန ႏုတ္ထြက္ခဲ့ၿပီးေနာက္ပိုင္း လူကာကူရဲ့ ႀကံ့ခိုင္မႈဟာ မေရမရာျဖစ္ေနတာေၾကာင့္ တူဟယ္အေနနဲ႔ ၎ရဲ့ ၾကယ္ပြင့္တိုက္စစ္မႉးေနရာမွာ ဘယ္သူ႔ကို အစားထိုးမလဲဆိုတဲ့ ေမးခြန္းေတြ ေပၚလာခဲ့တာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္တိုက္စစ္မႉးဟာ အဓိကအားျဖင့္ေတာ့ ၎မပါဝင္ဘဲ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမႇာက္နိုင္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းက ၎တို႔မွာ တိုက္စစ္ရဲ့ဗဟိုဆုံခ်က္ျဖစ္လာၿပီး ဂိုးပုံမွန္သြင္းယူေပးနိုင္မယ့္ ေက်ာနံပါတ္ ၉ မရွိဘူးလို႔ ခံစားရတာေၾကာင့္ ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။

စတန္းဖို႔ဒ္ ဘရစ္ဂ်္က ပထမဆုံး ရာသီမွာ တီမို ဗာနာ ႐ုန္းကန္ခဲ့ရမႈအမ်ားစုဟာ အံ့အားသင့္ဖြယ္ လြဲေခ်ာ္မႈအခ်ိဳ႕နဲ႔ VAR ရဲ့ မ်က္ႏွာသာေပးျခင္းမခံရမႈတို႔ေၾကာင့္ ျဖစ္ခဲ့တာျဖစ္ၿပီး ေသာၾကာေန႔ညက ရိုေမးနီးယားကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဗာနာဟာ ဂ်ာမနီတိုက္စစ္ကို ဦးေဆာင္ခဲ့ေပမယ့္ ဂိုးမသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ သတင္းစာရွင္းလင္းပြဲမွာ ဂ်ာမနီလက္ေရြးစင္အသင္းအေနနဲ႔ ထည့္သြင္းအသုံးျပဳနိုင္မယ့္ တိုက္စစ္မႉးစစ္စစ္ရွိလားဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီလက္ေရြးစင္အသင္းနည္းၿပ ဟန္ဆီ ဖလစ္က တိုးတက္ေအာင္လုပ္ဖို႔ လိုအပ္ေနတဲ့ ေနရာအခ်ိဳ႕ရွိေနေပမယ့္လည္း လိုက္ပ္ဇစ္ဂိုးသြင္းစက္ေဟာင္းဟာ တိုက္စစ္မႉးေနရာတြက္ အေရးပါတဲ့အရည္အခ်င္းအမ်ားအျပားရွိတယ္ဆိုတာကို အလ်င္အျမန္ပဲ ေထာက္ျပခဲ့တာျဖစ္ပါတယ္။

“ၿပီးျပည့္စုံတဲ့ အေထာင္တိုက္စစ္မႉးဆိုတာ ဘာလဲ။ တီမိုက ၾကပ္ေနတဲ့ေနရာထဲမွာ ေနရာလြတ္ ရွာေဖြနိုင္စြမ္း က်ိန္းေသရွိၿပီး သူက ခုန္ေပါက္ေနတဲ့ ဒါမွမဟုတ္ လြတ္ထြက္လာတဲ့ ေဘာလုံးကို ဂိုးသြင္းဖို႔ ရွိေနတဲ့သူ တစ္ေယာက္ပါ။ သူ႔မွာ အဲဒီအတြက္ အျမင္ရွိပါတယ္”

“သူက အျမဲတမ္းေတာ့ ခင္ဗ်ား သူ႔ကို ရွိေနေစခ်င္တဲ့ေနရာမွာ ရွိခ်င္မွလည္း ရွိနိုင္မွာပါ။ သူက အခ်ိဳ႕အခ်ိန္မွာ ဂိုးသြင္းဖို႔အတြက္ အရမ္းနီးစပ္ခဲ့ၿပီး သူ ပိုေကာင္းေအာင္ လုပ္နိုင္ပါတယ္။ ကၽြန္ေတာ္တို႔ သူ အဲဒီလို လုပ္နိုင္မယ္လို႔ ေမၽွာ္မွန္းထားပါတယ္။ ေလ့က်င့္ေရးမွာ ကၽြန္ေတာ္တို႔ ဒီကိစၥအတြက္ လုပ္ေဆာင္သြားဖို႔ လိုအပ္မွာပါ။ ေနရာလြတ္ ဖန္တီးဖို႔နဲ႔ ေနာက္ထပ္တစ္ႀကိမ္ လုပ္ရမယ့္ဟာေတြကို လုပ္ေဆာင္သြားဖို႔ျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ တည္ၿငိမ္တဲ့ ခံစစ္နဲ႔ ရင္ဆိုင္ဖို႔ပါပဲ။ သူက အရမ္းေကာင္းေကာင္း ကစားနိုင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ နိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီးမွာ ဘရန႔္တ္ဖို႔ဒ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး တီမို ဗာနာအေနနဲ႔ ဘယ္လို အစမ္းသပ္ခံနိုင္မလဲဆိုတာကို သက္ေသျပရမယ့္ အေရးႀကီးတဲ့ပြဲစဥ္လည္း ျဖစ္လာမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးၾကယ္ပြင့္တိုက္စစ္မႉးရဲ့ ရိုေမးနီးယားအသင္းနဲ႔ပြဲစဥ္မွာ ပင္နယ္တီ ျပစ္ဒဏ္ေဘာ ေတာင္းဆိုမႈကို VAR က ဒိုင္ဗင္ထိုးမႈအျဖစ္ သတ္မွတ္ခဲ့ၿပီး “ကၽြန္ေတာ္တို႔ ၅ မိနစ္ေလာက္ စစ္ေဆးၾကည့္ရႈခဲ့သလိုမ်ိဳး ခံစားရတဲ့ ပင္နယ္တီကို ေျပာေနတာပါ။ အဲဒီေတာ့ အဲဒါက မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္မျဖစ္နိုင္ပါဘူး။ ခင္ဗ်ားက ဒီလို ျမန္ႏႈန္းနဲ႔ ေရြ႕လ်ားေနခ်ိန္မွာ အေသးငယ္ဆုံးေသာထိေတြ႕မႈကေတာာင္ ခင္ဗ်ားကို လဲက်သြားေစနိုင္ပါတယ္”လို႔ ဟန္ဆီ ဖလစ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

“အသင္းအဖြဲ႕အေနနဲ႔ ကၽြန္ေတာ္တို႔အားလုံး တီမိုရဲ့ေနာက္မွာ ရွိေနပါတယ္။ တစ္ခါတရံ သူ႔မွာ ကံေကာင္းမႈ နည္းနည္းကင္းမဲ့ေနခဲ့ပါတယ္။ သူက သူ႔ကိုယ္သူ အရွိန္ျမႇင့္တင္ေနၿပီး အဲဒါက အေရးအႀကီးဆုံးအရာပါ”လို႔ လက္ေရြးစင္အသင္းေဖာ္ ဂနာဘရီက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.