Premier League

ေႏြရာသီမွာ ဝီလ္ဆင္ကို ေရာင္းခ်ၿပီး ကားတစ္ဂ်ဳံးစ္ကို ေနရာေပးမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ လက္ရွိ ဘုန္းေမာက္အသင္းကို အငွားခ်ထားတဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆင္ကို ေပါင္သန္း ၃၀ ပတ္ဝန္းက်င္နဲ႔ ေရာင္းခ်ၿပီး ေငြေၾကးထပ္မံရွာေဖြသြားႏုိင္သလို လူငယ္ကစားသမား ကားတစ္ ဂ်ဳံးစ္ကိုေတာ့ ေနရာပိုမိုေပးသြားဖြယ္ရွိေနပါတယ္။

အငွားခ်ခဲ့တဲ့ရတဲ့ ဒါဘီနဲ႔ ဘုန္းေမာက္အသင္းမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဝီလ္ဆင္ကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခ်က္ကေတာ့ လီဗာပူးလ္တို႔အတြက္ အနည္းငယ္ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္လည္းျဖစ္ေနခဲ့ၿပီး လက္ရွိေျခစြမ္းအရ သူ႕ကို ဘုန္းေမာက္အသင္းနဲ႔ တျခားအလယ္အလတ္ ပရီးမီးယားလိဂ္အသင္းေတြက ေခၚယူႏုိင္ဖို႔ ရွိေနပါတယ္။

ၿမဳိ႕ခံၿပဳိင္ဘက္ အဲဗာတန္အသင္းဘက္ကို လွပတဲ့ ဂိုးတစ္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ သတိထားမွဳကို ရရွိလာခဲ့တဲ့ ဂ်ဳံးစ္ဟာ ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ အသက္အငယ္ဆုံးအသင္းေခါင္းေဆာင္အျဖစ္ ၁၉ ႏွစ္နဲ႔ ၅ ရက္ အရြယ္မွာ ေဆာင္ရြက္ခဲ့ၿပီး ေျခစြမ္းျပသႏိုင္ခဲ့သလို သူ႕ကို အသင္းဂႏၴဝင္တုိက္စစ္မွဴး ေရာ္ဘီ ေဖာင္လာ ကလည္း ခ်ီးက်ဴးမွဳေတြ ျပဳလုပ္ထားခဲ့ပါတယ္။

ေဝးလ္စ္လက္ေရြးစင္အျဖစ္ ကစားခြင့္ရေနခဲ့တဲ့ ဝီလ္ဆင္အစား ကားတစ္ဂ်ဳံးစ္ကို ေရြးခ်ယ္တာကေတာ့ Local Hero လို႔ေခၚတဲ့ ေဒသခံ ကစားသမားျဖစ္ေနတာေၾကာင့္လည္းျဖစ္ႏုိင္ၿပီး ဇန္နဝါရီ ၃၀ မွာ ၁၉ ႏွစ္ျပည့္ခဲ့တဲ့ လီဗာပူးလ္ၿမဳိ႕သား ဂ်ဳံးစ္တစ္ေယာက္ လာမယ့္ရာသီမွာ ဘယ္လိုမ်ဳိး ပါဝင္ခြင့္ရႏုိင္မလဲဆိုတာ ေစာင့္ၾကည့္ရဖြယ္လည္းရွိေနပါတယ္။

ယာဂန္ ကေလာ့ပ္အေနနဲ႔ အသင္းရဲ႕ အဓိက ညာေနာက္ခံလူအျဖစ္ ထရင့္ အလက္ဇန္းဒါးအာႏုိးလ္ဒ္ကို ေအာင္ေအာင္ျမင္ျမင္ ေျမေတာင္ေျမႇာက္ေပးႏိုင္ခဲ့ၿပီး လူငယ္ကစားသမား ဂ်ဳံးစ္ကေတာ့ သူအားသန္တဲ့ ဘယ္ျခမ္းမွာ ေတာင္ပံကစားသမား ဆာဒီယို မာေနးရဲ႕ အရန္အျဖစ္ လာမယ့္ရာသီမွာ ကစားႏုိင္မယ္လုိ႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ လက်ရှိ ဘုန်းမောက်အသင်းကို အငှားချထားတဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆင်ကို ပေါင်သန်း ၃၀ ပတ်ဝန်းကျင်နဲ့ ရောင်းချပြီး ငွေကြေးထပ်မံရှာဖွေသွားနိုင်သလို လူငယ်ကစားသမား ကားတစ် ဂျုံးစ်ကိုတော့ နေရာပိုမိုပေးသွားဖွယ်ရှိနေပါတယ်။

အငှားချခဲ့တဲ့ရတဲ့ ဒါဘီနဲ့ ဘုန်းမောက်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝီလ်ဆင်ကို ရောင်းချဖို့ ဆုံးဖြတ်ချက်ကတော့ လီဗာပူးလ်တို့အတွက် အနည်းငယ်ထူးဆန်းတဲ့ ဆုံးဖြတ်ချက်လည်းဖြစ်နေခဲ့ပြီး လက်ရှိခြေစွမ်းအရ သူ့ကို ဘုန်းမောက်အသင်းနဲ့ တခြားအလယ်အလတ် ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းဘက်ကို လှပတဲ့ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ သတိထားမှုကို ရရှိလာခဲ့တဲ့ ဂျုံးစ်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် ၁၉ နှစ်နဲ့ ၅ ရက် အရွယ်မှာ ဆောင်ရွက်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သလို သူ့ကို အသင်းဂန္ထဝင်တိုက်စစ်မှူး ရော်ဘီ ဖောင်လာ ကလည်း ချီးကျူးမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

ဝေးလ်စ်လက်ရွေးစင်အဖြစ် ကစားခွင့်ရနေခဲ့တဲ့ ဝီလ်ဆင်အစား ကားတစ်ဂျုံးစ်ကို ရွေးချယ်တာကတော့ Local Hero လို့ခေါ်တဲ့ ဒေသခံ ကစားသမားဖြစ်နေတာကြောင့်လည်းဖြစ်နိုင်ပြီး ဇန်နဝါရီ ၃၀ မှာ ၁၉ နှစ်ပြည့်ခဲ့တဲ့ လီဗာပူးလ်မြို့သား ဂျုံးစ်တစ်ယောက် လာမယ့်ရာသီမှာ ဘယ်လိုမျိုး ပါဝင်ခွင့်ရနိုင်မလဲဆိုတာ စောင့်ကြည့်ရဖွယ်လည်းရှိနေပါတယ်။

ယာဂန် ကလော့ပ်အနေနဲ့ အသင်းရဲ့ အဓိက ညာနောက်ခံလူအဖြစ် ထရင့် အလက်ဇန်းဒါးအာနိုးလ်ဒ်ကို အောင်အောင်မြင်မြင် မြေတောင်မြှောက်ပေးနိုင်ခဲ့ပြီး လူငယ်ကစားသမား ဂျုံးစ်ကတော့ သူအားသန်တဲ့ ဘယ်ခြမ်းမှာ တောင်ပံကစားသမား ဆာဒီယို မာနေးရဲ့ အရန်အဖြစ် လာမယ့်ရာသီမှာ ကစားနိုင်မယ်လို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.