Premier League

ဆိုးလ်ရှားရဲ့ယူနိုက်တက်က ဘာမှမလုပ်နိုင်တဲ့အသင်းလို့ ဝေဖန်လိုက်တဲ့ ဒန်နီ ဘလင်း

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ဒါလေ ဘလင်းရဲ့ဖခင်ဖြစ်တဲ့ ဒန်နီ ဘလင်းက အိုလေ ဂန်နာ ဆိုးရှားလ်ရဲ့ အသင်းဟာ ဝိသေသကင်းမဲ့နေပြီး အခုထက်ထိ ဘာမှ မတုံ့ပြန်နိုင်ဘဲ နေလွန်းအားကြီးတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဟော်လန်လက်ထောက်နည်းပြဖြစ်တဲ့ ဒန်နီ ဘလင်းဟာ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ပြီး နောက်ထပ် ဖိအားတွေ ထပ်မံတိုးမြင့်လာစေခဲ့တာဖြစ်ပြီး နော်ဝေလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေက စွမ်းဆောင်ရည်ကြောင့် နည်းပြရာထူးအတွက် စိုးရိမ်စရာတွေ ရှိလာခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်နည်းပြဟောင်း လူးဝစ္စ ဗန်ဟားလ်လက်အောက်မှာ အလုပ်လုပ်နေတဲ့ ဒန်နီ ဘလင်းက ဆိုးလ်ရှားရဲ့ နည်းဗျူဟာ ချဉ်းကပ်ပုံကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်လူမျိုး လက်ထောက်နည်းပြဟာ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဝိသေသကင်းမဲ့နေပြီး ဘာမှမတုံ့ပြန်ဘဲ နေစိမ့်လွန်းအားကြီးတယ်လို့ ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပါတယ်။ “ဒီအသင်းရဲ့ ဝိသေသက ဘာလဲ။ သူ့ရဲ့ အစီအစဉ်ကရော ဘာလဲ။ အဲဒါက ဆိုးလ်ရှား ပျောက်ဆုံးနေတဲ့အရာဆိုတာ အသေအချာပဲ”

“သူ့မှာ ဘာမှ နည်းဗျူဟာကျတဲ့ အစီအစဉ်မရှိဘူး။ သူ့အသင်းက မန်ချက်စတာစီးတီးလို ပြိုင်ဘက်အသင်းတွေအပေါ်မှာ ဖိအား မပေးနိုင်ပါဘူး။ အမြဲတမ်း ဖိနေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလို ဖိနေတာကို တခါမှကို မတွေ့ရပါဘူး။ ယူနိုက်တက်အသင်းမှာ ရှိသမျှအရာအားလုံးက ကစားသမားတွေရဲ့ တစ်ဦးချင်းအရည်အသွေးတွေကို အခြေခံထားတာပါ”

“သူတို့မှာ အဲဒီလို အရည်အသွေးရှိတဲ့ကစားသမားတွေရှိပြီး အဲဒီကစားသမားတွေက မကြာခဏ အသင်းအတွက် ရလဒ်တွေ ရယူပေးပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ အသင်းလိုက်ရလဒ်မဖြစ်ခဲ့ပါဘူး။ ပွဲတွေများလာရင် အဲဒါက အဆင်ပြေမယ့်ပုံ မပေါ်တော့ပါဘူး။ ယူနိုက်တက်က လွှမ်းမိုးနိုင်ဖို့အတွက် ရုန်းကန်နေရပြီး ဒီပြဿနာတစ်ခုလုံးက အဲဒါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒန်နီ ဘလင်းရဲ့ သားဖြစ်သူ ဒါလေ ဘလင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၄ နှစ်ကြာ ကစားပေးခဲ့ဖူးသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အေဂျက်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဒန်နီ ဘလင်းဟာ နယ်သာလန်နိုင်ငံမှာတော့ ဂန္တဝင်တစ်ယောက်အဖြစ် ယူဆခြင်းခံထားရသူဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှာ စပါတာ ရော့တာဒမ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူဖြစ်ပေမယ့် အေဂျက်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးကစားသမားဟာ အေဂျက်အသင်းရဲ့ ကျော်ကြားတဲ့ ၁၉၉၅ ခုနှစ် ချန်ပီယံလိဂ်အောင်ပွဲမှာ အက်ဒွင် ဗန် ဒါဆား၊ အိုဗားမားစ်၊ ကလဲရင့်စ် ဆီးဒေါ့ဖ်တို့နဲ့အတူ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ ဘလင်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ နယ်သာလန်အသင်းကို နည်းပြပေးခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့နောက် နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမားေဟာင္း ဒါေလ ဘလင္းရဲ့ဖခင္ျဖစ္တဲ့ ဒန္နီ ဘလင္းက အိုေလ ဂန္နာ ဆိုးရွားလ္ရဲ့ အသင္းဟာ ဝိေသသကင္းမဲ့ေနၿပီး အခုထက္ထိ ဘာမွ မတုံ႔ျပန္နိုင္ဘဲ ေနလြန္းအားႀကီးတယ္လို႔ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

ေဟာ္လန္လက္ေထာက္နည္းျပျဖစ္တဲ့ ဒန္နီ ဘလင္းဟာ မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားကို ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ၿပီး ေနာက္ထပ္ ဖိအားေတြ ထပ္မံတိုးျမင့္လာေစခဲ့တာျဖစ္ၿပီး ေနာ္ေဝလူမ်ိဳးနည္းျပဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြက စြမ္းေဆာင္ရည္ေၾကာင့္ နည္းျပရာထူးအတြက္ စိုးရိမ္စရာေတြ ရွိလာခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲမွာ ၁ ပြဲသာ အနိုင္ရရွိခဲ့ၿပီး ယူနိုက္တက္နည္းျပေဟာင္း လူးဝစၥ ဗန္ဟားလ္လက္ေအာက္မွာ အလုပ္လုပ္ေနတဲ့ ဒန္နီ ဘလင္းက ဆိုးလ္ရွားရဲ့ နည္းဗ်ဴဟာ ခ်ဥ္းကပ္ပုံကို ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳး လက္ေထာက္နည္းျပဟာ ဆိုးလ္ရွားရဲ့ မန္ခ်က္စတာယူနိုက္တက္ဟာ ဝိေသသကင္းမဲ့ေနၿပီး ဘာမွမတုံ႔ျပန္ဘဲ ေနစိမ့္လြန္းအားႀကီးတယ္လို႔ ျပစ္တင္ေဝဖန္လိုက္တာျဖစ္ပါတယ္။ “ဒီအသင္းရဲ့ ဝိေသသက ဘာလဲ။ သူ႔ရဲ့ အစီအစဥ္ကေရာ ဘာလဲ။ အဲဒါက ဆိုးလ္ရွား ေပ်ာက္ဆုံးေနတဲ့အရာဆိုတာ အေသအခ်ာပဲ”

“သူ႔မွာ ဘာမွ နည္းဗ်ဴဟာက်တဲ့ အစီအစဥ္မရွိဘူး။ သူ႔အသင္းက မန္ခ်က္စတာစီးတီးလို ၿပိဳင္ဘက္အသင္းေတြအေပၚမွာ ဖိအား မေပးနိုင္ပါဘူး။ အျမဲတမ္း ဖိေနရမယ္လို႔ ေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒီလို ဖိေနတာကို တခါမွကို မေတြ႕ရပါဘူး။ ယူနိုက္တက္အသင္းမွာ ရွိသမၽွအရာအားလုံးက ကစားသမားေတြရဲ့ တစ္ဦးခ်င္းအရည္အေသြးေတြကို အေျခခံထားတာပါ”

“သူတို႔မွာ အဲဒီလို အရည္အေသြးရွိတဲ့ကစားသမားေတြရွိၿပီး အဲဒီကစားသမားေတြက မၾကာခဏ အသင္းအတြက္ ရလဒ္ေတြ ရယူေပးပါတယ္။ ဒါေပမယ့္ ဘယ္တုန္းကမွ အသင္းလိုက္ရလဒ္မျဖစ္ခဲ့ပါဘူး။ ပြဲေတြမ်ားလာရင္ အဲဒါက အဆင္ေျပမယ့္ပုံ မေပၚေတာ့ပါဘူး။ ယူနိုက္တက္က လႊမ္းမိုးနိုင္ဖို႔အတြက္ ႐ုန္းကန္ေနရၿပီး ဒီျပႆနာတစ္ခုလုံးက အဲဒါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒန္နီ ဘလင္းရဲ့ သားျဖစ္သူ ဒါေလ ဘလင္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ၄ ႏွစ္ၾကာ ကစားေပးခဲ့ဖူးသူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ ေအဂ်က္အသင္းကို ျပန္လည္ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။ ဒန္နီ ဘလင္းဟာ နယ္သာလန္နိုင္ငံမွာေတာ့ ဂႏၲဝင္တစ္ေယာက္အျဖစ္ ယူဆျခင္းခံထားရသူျဖစ္ၿပီး ၁၉၇၀ ျပည့္ႏွစ္ေႏွာင္းပိုင္းမွာ စပါတာ ေရာ့တာဒမ္အကယ္ဒမီကေန ထြက္ေပၚခဲ့သူျဖစ္ေပမယ့္ ေအဂ်က္အသင္းမွာ ကစားသမားဘဝကို စတင္ခဲ့သူျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးကစားသမားဟာ ေအဂ်က္အသင္းရဲ့ ေက်ာ္ၾကားတဲ့ ၁၉၉၅ ခုႏွစ္ ခ်န္ပီယံလိဂ္ေအာင္ပြဲမွာ အက္ဒြင္ ဗန္ ဒါဆား၊ အိုဗားမားစ္၊ ကလဲရင့္စ္ ဆီးေဒါ့ဖ္တို႔နဲ႔အတူ ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။ ဘလင္းဟာ ၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ နယ္သာလန္အသင္းကို နည္းျပေပးခဲ့ေပမယ့္ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့တဲ့ေနာက္ နည္းျပရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.