Analysis Premier League

ဒီရာသီမှာ မျှော်မှန်းထားတာထက် ပိုကောင်းနေတဲ့ အာဆင်နယ်ကြယ်ပွင့် ၃ ဦး

ပရီးမီးယားလိဂ်ရာသီကတော့ အခုမှ အစပဲ ရှိသေးလို့ ဆက်သွားရမယ့်ခရီးလမ်းက အရှည်ကြီး ကျန်နေသေးပြီး အာဆင်နယ်အသင်းဟာ လက်ရှိ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်လက်စောင့်မျှော်နေဆဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ရာသီက ဘာတွေဖြစ်ခဲ့လဲဆိုရင် ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲမှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပေမယ့် အဲဒီ ၃ ပွဲနောက်ပိုင်း သိသိသာသာ မတိုးတက်လာပေမယ့် ကောင်းကောင်းမကစားနိုင်တဲ့အခြေအနေမှာတောင် အမှတ်ပေးဇယားမှာ သူတို့ရဲ့ အထက်မှာ ရပ်တည်နေတဲ့အသင်းကို အဝေးကွင်းမှာ သရေ ၁ မှတ် ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် လက်ရှိအနေအထားက အတက်ဘက်မှာပဲရှိနေတယ်ဆိုပေမယ့် ပွဲစဉ် ၈ အဖြစ် ပဲလေ့စ်နဲ့ ကစားရမယ့်ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ပြီးမှ ရဲရဲပြောနိုင်မှာဖြစ်ပါတယ်။

အသင်းလူစာရင်းထဲက ကစားသမားအချို့ကတော့ အပတ်တိုင်းမှာ ပိုမိုထက်မြက်လာပုံပေါ်နေပြီး အချို့ကတော့ ပြီးခဲ့တဲ့ရာသီတွေကတည်းက ပြသခဲ့တဲ့ ခြေစွမ်းအတိုင်း ပြန်လည်ပြသဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ အာတီတာအနေနဲ့ လက်ရှိအချိန်မှာတော့ ချာကာမပါဝင်တာကလွဲလို့ သူ့ရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းကို အခိုင်အမာ ရရှိနေပြီဖြစ်ပြီး အချို့ ကစားသမားတစ်ဦးချင်းစီအတွက်တော့ ၂၀၂၁-၂၀၂၂ ရာသီကို အလွန်ကောင်းမွန်တဲ့စတင်မှုအချို့ ပြုလုပ်နိုင်ခဲ့တဲ့အတွက် အထူးသဖြင့် ကစားသမား ၃ ဦးဟာ မျှော်မှန်းထားတာထက် ကျော်လွန်ပြီး စွမ်းဆောင်ရည်ကောင်းပြသနေခဲ့တာဖြစ်ပါတယ်။

ကောက်ချက်ဆွဲဖို့ကတော့ စောလွန်းနေပြီး ရာသီကလည်း အများကြီးကျန်သေးတာကြောင့် ခြေစွမ်းကျဆင်းသွားဖို့ အချိန်များစွာ ကျန်ရှိနေသေးပေမယ့် အခု ဖော်ပြပေးသွားမယ့် ကစားသမား ၃ ဦးကတော့ ဒီရာသီမှာ အများစု မြင်ထားတာထက်ကို ကျော်လွန်တဲ့ အဆင့်အတန်းမှာ စွမ်းဆောင်ပြထားတယ်လို့ ရဲရဲကြီး ပြောနိုင်ပါတယ်။

၁။ အာရွန် ရမ်းစ်ဒေးလ်

အာရွန် ရမ်းစ်ဒေးလ်ဟာ လူတွေ အများအပြားကို မထင်မှတ်ထားတဲ့ပုံစံနဲ့ အံ့အားသင့်အောင် ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး အာဆင်နယ်အတွက် ပါဝင်ကစားပေးခဲ့တဲ့ ၅ ပွဲစလုံးမှာ အထူးလက်စွမ်းပြသခဲ့တာဖြစ်ပါတယ်။ အဲဒါနဲ့ပဲ သူက သူမတူဘဲ ထူးချွန်တဲ့ ဂိုးသမားဖြစ်ပြီး ပေါင်သန်း ၃၀ သုံးစွဲခဲ့တာ တန်သွားပြီလားဆိုရင်တော့ မပြောနိုင်သေးဘူးလို့ ဆိုရမှာဖြစ်ပေမယ့် မျှော်မှန်းထားတာထက်တော့ ကျော်လွန်ပြီး စွမ်းဆောင်ပြခဲ့တယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။

အများစုက ရမ်းစ်ဒေးလ်အနေနဲ့ လီနိုကြောင့် ဖလားပြိုင်ပွဲတွေနဲ့ အခါအားလျော်စွာ ပရီးမီးယားလိဂ်ပွဲစဉ်အချို့မှာ ဝင်ကစားပေးရင်း တဖြည်းဖြည်း နေရာရအောင် ကြိုးပမ်းရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့် မမျှော်လင့်ထားလောက်အောင်ဘဲ မြန်မြန်ဆန်ဆန်နဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ လီနိုမှာ အမြဲတမ်း ကင်းမဲ့နေခဲ့တဲ့ နောက်ခံကစားသမားတွေနဲ့ စည်းလုံးမှု၊ ထိန်းချုပ်မှုနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ပင်နယ်တီဧရိယာအတွင်း ညွှန်ကြားရင်း လုပ်ပြနိုင်ခဲ့တာပါ။ ရမ်းစ်ဒေးလ်ရဲ့ သွင်ပြင်နဲ့ ခံယူချက်အပိုင်းကို ပရိသတ်တွေက စပါးနဲ့ပွဲစဉ်မှာ အလွန်နှစ်ခြိုက်ခဲ့ကြပြီး လက်ရှိမှာတော့ အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ သံသယရှိခဲ့ကြသူတွေအားလုံးကို တိတ်ဆိတ်စေခဲ့ပြီဖြစ်ပါတယ်။

၂။ တာကဲဟီရို တိုမိယာစု

အာဆင်နယ်အသင်းက အာရှနောက်ခံကစားသမားကို ခေါ်ယူခဲ့တဲ့အချိန်မှာ ကစားသမားသစ်ခေါ်ယူတဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိခဲ့ပြီး ကစားသမားဘဝကို အဓိကအားဖြင့် ဗဟိုခံစစ်နဲ့ ဗဟိုခံစစ်ဘယ်ခြမ်းမှာ ကစားခဲ့တဲ့ ကစားသမားတစ်ယောက်ကို ညာနောက်ခံကစားသမားအသစ်အဖြစ် ကစားစေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။ အာတီတာရဲ့ အာဆင်နယ်အတွက် ဂျပန်လက်ရွေးစင်နောက်ခံကစားသမားဟာ သင့်တော်တဲ့သူမဟုတ်ဘူးလို့ ယုံကြည်ခဲ့တဲ့သူတွေကို နောဝစ်ချ်အသင်းနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးနောက် ဘန်လေနဲ့ပွဲမှာ နောက်ထပ် ပြင်းထန်တဲ့ ထိတွေ့မှု၊ ခံစစ်နည်းဗျူဟာပိုင်းကို ကျေညက်မှုတို့အတူ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသခဲ့တာဖြစ်ပါတယ်။

စပါးနဲ့ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲဦးထွက်မှာလည်း တိုမိယာစုဟာ အလွန်ကောင်းမွန်ခဲ့ပြီး တစ်လတာအကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့ပါတယ်။ ဘိုလော့ဂ်ညာမှာတုန်းကနဲ့ အလွန်ဆင်တူတဲ့စနစ်မှာ ကစားရခြင်းရဲ့ အကျိုးအမြတ်အဖြစ် အင်္ဂလိပ်ဘောလုံးလောကမှ အသင်းဖော်သစ်တွေနဲ့ ပတ်ဝန်းကျင်ကို လျင်လျင်မြန်မြန်နဲ့ အသားကျခဲ့ပြီး သူ့ရဲ့ကစားပုံကိုကြည့်လိုက်တာနဲ့ဘောလုံးကို ဘယ်လောက်တောင် ရူးသွပ်လဲဆိုတာ သိမြင်နိုင်တဲ့အထိဖြစ်ပါတယ်။

၃။ ဂါဘရီယယ်လ် မာဂါလိုင်စ်

ဂါဘရီယယ်လ်ဟာ ဒူးဒဏ်ရာကြောင့် အိုလံပစ်နဲ့ သြဂုတ်လ ပရီးမီယားလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ပေမယ့် အဲဒီကတည်းက ပွဲစဉ်တိုင်းမှာ အထူးခြေစွမ်း ပြသခဲ့သူဖြစ်ပါတယ်။ အားလုံးက ပြီးခဲ့တဲ့ရာသီမှာ ပြသခဲ့တဲ့ သူ့ရဲ့ ပါရမီတွေကို သိရှိခဲ့ကြပြီး အလောတကြီး ပုံစံကြောင့် ဘောလုံးဆုံးရှုံးရတဲ့အတွက် မကြာခဏ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ မာဂါလိုင်စ်ဟာ ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒေးဗစ် လူးဝဇ်ထက် အခြားဘယ်နောက်ခံကစားသမားတွေနဲ့အတူ ကစားရမလဲဆိုတာကို စိုးရိမ်မှုတွေနဲ့ပဲ ရာသီပြီးဆုံးခဲ့ရပြီး ဒီရာသီမှာတော့ အသင်းဖော်သစ်တွေနဲ့အတူ အသင်းကို ပြောင်းရွှေ့ခဲ့တဲ့အချိန်တုန်းက အပေါင်းလက္ခဏာဆောင်တဲ့ အံ့အားသင့်ဖွယ်တွေအတိုင်း အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။

ဂါဘရီယယ်လ်ဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ထိပ်တန်းနောက်ခံကစားသမား ဘယ်တုန်းကမှ မဖြစ်ခဲ့ဘဲ တစ်နှစ်ကြာခဲ့ပြီးနောက် အချိန်နဲ့အမျှ တိုးတက်လာဖို့နဲ့ အသင်းမှာ တစ်နေရာအခိုင်အမာရဖို့ကိုပဲ ရည်မှန်းချက်ထားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လာခဲ့တဲ့အချိန်ကတည်းက တွဲဘက်အသစ်နဲ့အတူ အထိုင်ကျနေပြီး နောက်ဆုံး ၄ ပွဲမှာ အမှားအယွင်းမရှိလုနီးပါးအထိ စွမ်းဆောင်ပြနိုင်ခဲ့တဲ့ မာဂါလိုင်စ်ဟာ အာဆင်နယ်ရဲ့ တိုးတက်လာတဲ့ရလဒ်တွေရဲ့ ကျောထောက်နောက်ခံတစ်ခုကို တည်ဆောက်ရာမှာ ကူညီပေးခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရီးမီးယားလိဂ္ရာသီကေတာ့ အခုမွ အစပဲ ရွိေသးလို႔ ဆက္သြားရမယ့္ခရီးလမ္းက အရွည္ႀကီး က်န္ေနေသးၿပီး အာဆင္နယ္အသင္းဟာ လက္ရွိ နိုင္ငံတကာပြဲစဥ္အားလပ္ရက္အၿပီးမွာ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ဆက္လက္ေစာင့္ေမၽွာ္ေနဆဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ့ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ရာသီက ဘာေတြျဖစ္ခဲ့လဲဆိုရင္ ပရီးမီးယားလိဂ္အဖြင့္ ၃ ပြဲမွာ ဆိုးဆိုးရြားရြားျဖစ္ခဲ့ေပမယ့္ အဲဒီ ၃ ပြဲေနာက္ပိုင္း သိသိသာသာ မတိုးတက္လာေပမယ့္ ေကာင္းေကာင္းမကစားနိုင္တဲ့အေျခအေနမွာေတာင္ အမွတ္ေပးဇယားမွာ သူတို႔ရဲ့ အထက္မွာ ရပ္တည္ေနတဲ့အသင္းကို အေဝးကြင္းမွာ သေရ ၁ မွတ္ ရယူနိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းအတြက္ လက္ရွိအေနအထားက အတက္ဘက္မွာပဲရွိေနတယ္ဆိုေပမယ့္ ပြဲစဥ္ ၈ အျဖစ္ ပဲေလ့စ္နဲ႔ ကစားရမယ့္ပြဲမွာ ဘာေတြျဖစ္လာမလဲဆိုတာကို ၾကည့္ၿပီးမွ ရဲရဲေျပာနိုင္မွာျဖစ္ပါတယ္။

အသင္းလူစာရင္းထဲက ကစားသမားအခ်ိဳ႕ကေတာ့ အပတ္တိုင္းမွာ ပိုမိုထက္ျမက္လာပုံေပၚေနၿပီး အခ်ိဳ႕ကေတာ့ ၿပီးခဲ့တဲ့ရာသီေတြကတည္းက ျပသခဲ့တဲ့ ေျခစြမ္းအတိုင္း ျပန္လည္ျပသဖို႔အတြက္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ အာတီတာအေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ခ်ာကာမပါဝင္တာကလြဲလို႔ သူ႔ရဲ့ ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းကို အခိုင္အမာ ရရွိေနၿပီျဖစ္ၿပီး အခ်ိဳ႕ ကစားသမားတစ္ဦးခ်င္းစီအတြက္ေတာ့ ၂၀၂၁-၂၀၂၂ ရာသီကို အလြန္ေကာင္းမြန္တဲ့စတင္မႈအခ်ိဳ႕ ျပဳလုပ္နိုင္ခဲ့တဲ့အတြက္ အထူးသျဖင့္ ကစားသမား ၃ ဦးဟာ ေမၽွာ္မွန္းထားတာထက္ ေက်ာ္လြန္ၿပီး စြမ္းေဆာင္ရည္ေကာင္းျပသေနခဲ့တာျဖစ္ပါတယ္။

ေကာက္ခ်က္ဆြဲဖို႔ကေတာ့ ေစာလြန္းေနၿပီး ရာသီကလည္း အမ်ားႀကီးက်န္ေသးတာေၾကာင့္ ေျခစြမ္းက်ဆင္းသြားဖို႔ အခ်ိန္မ်ားစြာ က်န္ရွိေနေသးေပမယ့္ အခု ေဖာ္ျပေပးသြားမယ့္ ကစားသမား ၃ ဦးကေတာ့ ဒီရာသီမွာ အမ်ားစု ျမင္ထားတာထက္ကို ေက်ာ္လြန္တဲ့ အဆင့္အတန္းမွာ စြမ္းေဆာင္ျပထားတယ္လို႔ ရဲရဲႀကီး ေျပာနိုင္ပါတယ္။

၁။ အာရြန္ ရမ္းစ္ေဒးလ္

အာရြန္ ရမ္းစ္ေဒးလ္ဟာ လူေတြ အမ်ားအျပားကို မထင္မွတ္ထားတဲ့ပုံစံနဲ႔ အံ့အားသင့္ေအာင္ ျပဳလုပ္နိုင္ခဲ့သူျဖစ္ၿပီး အာဆင္နယ္အတြက္ ပါဝင္ကစားေပးခဲ့တဲ့ ၅ ပြဲစလုံးမွာ အထူးလက္စြမ္းျပသခဲ့တာျဖစ္ပါတယ္။ အဲဒါနဲ႔ပဲ သူက သူမတူဘဲ ထူးခၽြန္တဲ့ ဂိုးသမားျဖစ္ၿပီး ေပါင္သန္း ၃၀ သုံးစြဲခဲ့တာ တန္သြားၿပီလားဆိုရင္ေတာ့ မေျပာနိုင္ေသးဘူးလို႔ ဆိုရမွာျဖစ္ေပမယ့္ ေမၽွာ္မွန္းထားတာထက္ေတာ့ ေက်ာ္လြန္ၿပီး စြမ္းေဆာင္ျပခဲ့တယ္ဆိုတာေတာ့ ျငင္းလို႔မရနိုင္ပါဘူး။

အမ်ားစုက ရမ္းစ္ေဒးလ္အေနနဲ႔ လီနိုေၾကာင့္ ဖလားၿပိဳင္ပြဲေတြနဲ႔ အခါအားေလ်ာ္စြာ ပရီးမီးယားလိဂ္ပြဲစဥ္အခ်ိဳ႕မွာ ဝင္ကစားေပးရင္း တျဖည္းျဖည္း ေနရာရေအာင္ ႀကိဳးပမ္းရလိမ့္မယ္လို႔ ေမၽွာ္မွန္းခဲ့ၾကေပမယ့္ မေမၽွာ္လင့္ထားေလာက္ေအာင္ဘဲ ျမန္ျမန္ဆန္ဆန္နဲ႔ အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ လီနိုမွာ အျမဲတမ္း ကင္းမဲ့ေနခဲ့တဲ့ ေနာက္ခံကစားသမားေတြနဲ႔ စည္းလုံးမႈ၊ ထိန္းခ်ဳပ္မႈနဲ႔ ဆက္သြယ္ေျပာဆိုမႈေတြကို ပင္နယ္တီဧရိယာအတြင္း ညႊန္ၾကားရင္း လုပ္ျပနိုင္ခဲ့တာပါ။ ရမ္းစ္ေဒးလ္ရဲ့ သြင္ျပင္နဲ႔ ခံယူခ်က္အပိုင္းကို ပရိသတ္ေတြက စပါးနဲ႔ပြဲစဥ္မွာ အလြန္ႏွစ္ၿခိဳက္ခဲ့ၾကၿပီး လက္ရွိမွာေတာ့ အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမားဟာ သံသယရွိခဲ့ၾကသူေတြအားလုံးကို တိတ္ဆိတ္ေစခဲ့ၿပီျဖစ္ပါတယ္။

၂။ တာကဲဟီရို တိုမိယာစု

အာဆင္နယ္အသင္းက အာရွေနာက္ခံကစားသမားကို ေခၚယူခဲ့တဲ့အခ်ိန္မွာ ကစားသမားသစ္ေခၚယူတဲ့ နည္းဗ်ဴဟာနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္မႈေတြ ရွိခဲ့ၿပီး ကစားသမားဘဝကို အဓိကအားျဖင့္ ဗဟိုခံစစ္နဲ႔ ဗဟိုခံစစ္ဘယ္ျခမ္းမွာ ကစားခဲ့တဲ့ ကစားသမားတစ္ေယာက္ကို ညာေနာက္ခံကစားသမားအသစ္အျဖစ္ ကစားေစမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္အေပၚ အံ့အားသင့္ခဲ့ၾကတာျဖစ္ပါတယ္။ အာတီတာရဲ့ အာဆင္နယ္အတြက္ ဂ်ပန္လက္ေရြးစင္ေနာက္ခံကစားသမားဟာ သင့္ေတာ္တဲ့သူမဟုတ္ဘူးလို႔ ယုံၾကည္ခဲ့တဲ့သူေတြကို ေနာဝစ္ခ်္အသင္းနဲ႔ပြဲမွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ဘန္ေလနဲ႔ပြဲမွာ ေနာက္ထပ္ ျပင္းထန္တဲ့ ထိေတြ႕မႈ၊ ခံစစ္နည္းဗ်ဴဟာပိုင္းကို ေက်ညက္မႈတို႔အတူ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသခဲ့တာျဖစ္ပါတယ္။

စပါးနဲ႔ ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲဦးထြက္မွာလည္း တိုမိယာစုဟာ အလြန္ေကာင္းမြန္ခဲ့ၿပီး တစ္လတာအေကာင္းဆုံးကစားသမားဆုကို ထိုက္ထိုက္တန္တန္နဲ႔ ရရွိခဲ့ပါတယ္။ ဘိုေလာ့ဂ္ညာမွာတုန္းကနဲ႔ အလြန္ဆင္တူတဲ့စနစ္မွာ ကစားရျခင္းရဲ့ အက်ိဳးအျမတ္အျဖစ္ အဂၤလိပ္ေဘာလုံးေလာကမွ အသင္းေဖာ္သစ္ေတြနဲ႔ ပတ္ဝန္းက်င္ကို လ်င္လ်င္ျမန္ျမန္နဲ႔ အသားက်ခဲ့ၿပီး သူ႔ရဲ့ကစားပုံကိုၾကည့္လိုက္တာနဲ႔ေဘာလုံးကို ဘယ္ေလာက္ေတာင္ ႐ူးသြပ္လဲဆိုတာ သိျမင္နိုင္တဲ့အထိျဖစ္ပါတယ္။

၃။ ဂါဘရီယယ္လ္ မာဂါလိုင္စ္

ဂါဘရီယယ္လ္ဟာ ဒူးဒဏ္ရာေၾကာင့္ အိုလံပစ္နဲ႔ ၾသဂုတ္လ ပရီးမီယားလိဂ္ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ေပမယ့္ အဲဒီကတည္းက ပြဲစဥ္တိုင္းမွာ အထူးေျခစြမ္း ျပသခဲ့သူျဖစ္ပါတယ္။ အားလုံးက ၿပီးခဲ့တဲ့ရာသီမွာ ျပသခဲ့တဲ့ သူ႔ရဲ့ ပါရမီေတြကို သိရွိခဲ့ၾကၿပီး အေလာတႀကီး ပုံစံေၾကာင့္ ေဘာလုံးဆုံးရႈံးရတဲ့အတြက္ မၾကာခဏ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ မာဂါလိုင္စ္ဟာ ေျခစြမ္းတည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ေဒးဗစ္ လူးဝဇ္ထက္ အျခားဘယ္ေနာက္ခံကစားသမားေတြနဲ႔အတူ ကစားရမလဲဆိုတာကို စိုးရိမ္မႈေတြနဲ႔ပဲ ရာသီၿပီးဆုံးခဲ့ရၿပီး ဒီရာသီမွာေတာ့ အသင္းေဖာ္သစ္ေတြနဲ႔အတူ အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္တုန္းက အေပါင္းလကၡဏာေဆာင္တဲ့ အံ့အားသင့္ဖြယ္ေတြအတိုင္း အေကာင္းဆုံးပုံစံကို ျပသနိုင္ခဲ့ပါတယ္။

ဂါဘရီယယ္လ္ဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ ထိပ္တန္းေနာက္ခံကစားသမား ဘယ္တုန္းကမွ မျဖစ္ခဲ့ဘဲ တစ္ႏွစ္ၾကာခဲ့ၿပီးေနာက္ အခ်ိန္နဲ႔အမၽွ တိုးတက္လာဖို႔နဲ႔ အသင္းမွာ တစ္ေနရာအခိုင္အမာရဖို႔ကိုပဲ ရည္မွန္းခ်က္ထားခဲ့တာျဖစ္ပါတယ္။ ဒဏ္ရာကေန ျပန္လာခဲ့တဲ့အခ်ိန္ကတည္းက တြဲဘက္အသစ္နဲ႔အတူ အထိုင္က်ေနၿပီး ေနာက္ဆုံး ၄ ပြဲမွာ အမွားအယြင္းမရွိလုနီးပါးအထိ စြမ္းေဆာင္ျပနိုင္ခဲ့တဲ့ မာဂါလိုင္စ္ဟာ အာဆင္နယ္ရဲ့ တိုးတက္လာတဲ့ရလဒ္ေတြရဲ့ ေက်ာေထာက္ေနာက္ခံတစ္ခုကို တည္ေဆာက္ရာမွာ ကူညီေပးခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.