Article Premier League

ဆာလားရဲ့ စာချုပ်သစ်ဆုံးဖြတ်ချက်ဟာ လီဗာပူးလ်အဝတ်လဲခန်းအတွင်း စည်းလုံးမှုကို ထိခိုက်စေမှာလား

မိုဟာမက် ဆာလားဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဆိုတာ မေးခွန်းထုတ်စရာမလိုသူဖြစ်ပြီး အသင်းရဲ့လစာအမြင့်မားဆုံးကစားသမားဖြစ်လာစေမယ့် စာချုပ်သစ် ကမ်းလှမ်းခြင်းခံခဲ့ရတာနဲ့ပတ်သက်ပြီး လီဗာပူးလ်အဝတ်လဲခန်းအတွင်းမှာ မကျေမနပ်ဖြစ်မယ့်သူ တစ်ယောက်မှ မရှိဘူးလို့ ထင်မြင်ရပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ တကိုယ်တော်သွင်းဂိုးနဲ့ပတ်သက်ပြီး ပြောစရာတွေ ဖြစ်ခဲ့ပြီး အဲဒီနေရာမှာ လီယွန်နယ် မက်ဆီ သို့မဟုတ် ရော်နယ်ဒိုသာဖြစ်နေခဲ့မယ်ဆိုရင် ဒီထက်ပိုပြီး ပြောစရာတောင် ဖြစ်ဦးမှာသေချာပါတယ်။ ကျဉ်းကြပ်တဲ့နေရာမှာ အလွန်ကောင်းမွန်တဲ့ အထိန်းအသိမ်းတွေနဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ မြန်နှုန်း၊ ပရိယာယ်အနည်းငယ်နဲ့ ကျော်ကြားတဲ့အဆုံးသတ်တို့ ပေါင်းဆုံခဲ့ရာမှာ အလွန်လှပသေသပ်တဲ့ မိုဟာမက် ဆာလားရဲ့ တကိုယ်တော်သွင်းဂိုး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ဆာလားကို စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စနဲ့ပတ်သက်ပြီး ကန့်လန့်တိုက်တဲ့စကားတွေကို ကြားချင်မယ်လို့ မထင်ပေမယ့် ဘဏ္ဍာရေးပိုင်းရှုထောင့်ကနေဆိုရင် အသင်းအနေနဲ့ ရေရှည်ဖြစ်လာမယ့်အရာတွေကို မျှော်တွေးမှာဖြစ်ပါတယ်။ အဲဒီတော့ စာချုပ်သစ် ချုပ်ဖို့က လျင်လျင်မြန်မြန် သဘောတူညီမှုရမှာမဟုတ်ဘူးဆိုတာ အမှန်ပဲဖြစ်ပြီး အားလုံးကတော့ အနှေးနဲ့အမြန် စာချုပ်ချုပ်လေ ပိုကောင်းလေလို့ မှတ်ယူထားကြမှာဖြစ်ပါတယ်။

အရင်တုန်းက အဝတ်လဲခန်းအတွင်းမှာ ကစားသမားတစ်ဦးက ကျန်တဲ့ ကစားသမားတွေအားလုံးထက် ဝင်ငွေပိုမိုရရှိတာနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့ကြတာတွေ ရှိခဲ့ကြတယ်ဆိုတာ အမှန်ဖြစ်ပေမယ့် အခုအခြေအနေမှာတော့ လီဗာပူးလ်အနေနဲ့ မိုဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်နေပြီဆိုတာကို သိထားရမှာဖြစ်ပါတယ်။ အဝတ်လဲခန်းအတွင်းက ကစားသမားတွေရဲ့ များပြားလှတဲ့ ရှုထောင့်တွေထဲကို ဝင်ကြည့်မယ်ဆိုရင် မိုအနေနဲ့ အန်းဖီးမှာ လစာအများဆုံးရတဲ့ကစားသမားဖြစ်လာမှာက ပြဿနာမရှိလောက်ဘူးလို့ ထင်မိပါတယ်။

ဘယ်သူကမှ မိုဟာ သာမန်ကစားသမားတစ်ယောက်သာဖြစ်တာကြောင့် လစာအများဆုံးကစားသမားဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောမယ့်သူ မရှိနိုင်တာဖြစ််ပြီး ၎င်းရဲ့ ကမ္ဘာ့အဆင့်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်တဲ့ စာချုပ်မျိုးကို ရဖို့ မထိုက်တန်ဘူးလို့ ပြောရလောက်တဲ့ မစ္ဆရိယစိတ်များတဲ့ ကစားသမားမျိုးလည်း လီဗာပူးလ် အဝတ်လဲခန်းအတွင်းမှာ မရှိလောက်ဘူးလို့ မျှော်လင့်ရပါတယ်။

ဆာလားနဲ့ပတ်သက်ပြီး သူမတူတဲ့ပုံစံနဲ့ အရမ်းကောင်းမွန်တဲ့အရာက ဘယ်လိုတောင် သူ လုပ်ခဲ့တာလဲဆိုပြီး တွေးရလောက်အောင် ထူးဆန်းတဲ့အရာတွေကို ပြုလုပ်တတ်တာဖြစ်ပြီး အချို့အချိန်တွေမှာ မိုအနေနဲ့ ဘောလုံးနဲ့ သက်တောင့်သက်သာဖြစ်ပုံမပေါ်ဘဲ ဘောလုံးဆုံးရှုံးလိုက်ရတဲ့အခါမှာ ဖြစ်သလိုမျိုး တုံ့ပြန်တတ်ပါတယ်။

ရုတ်တရက်ပဲ သူ ဘောလုံးပြန်ရသွားရင်တော့ ရပ်တန့်လို့မရတော့တဲ့ ပံုပေါ်ပြီး အဲဒါက ဘောလုံးက သူနဲ့အယေးကို ထွက်သွားသလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပြီးတဲ့နောက်မှာတော့ ရုတ်တရက်ပဲ ဘောလုံးက ဂိုးပိုက်ထဲ ရောက်နေသလိုမျိုးပါ။ အဲဒီလိုမျိုး ဘုရားသခင်ကောင်းချီးပေးခံထားရတဲ့ ကစားသမားမျိုးတွေရှိခဲ့ပေမယ့် မိုရဲ့ စတိုလ်နဲ့တော့ မတူကြဘဲ သူ့ပုံစံဟာ နည်းစနစ်ပိုင်းအရ အရမ်းကောင်းပုံမပေါ်ပေမယ့် မယုံနိုင်အောင် လျင်မြန်ပြီး သန်မာတာကြောင့် အဲဒါက ပြဿနာမဟုတ်တော့ပါဘူး။

အဝတ်လဲခန်းထဲက ဘယ်သူတစ်ယောက်ကမှ၊ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဘယ်သူတစ်ယောက်ကမှ ဆာလားကို လစာတိုး စာချုပ်သစ် တောင်းနေတဲ့သူဖြစ်လိမ့်မယ်လို့ ပြောမှာမဟုတ်ပါဘူး။ မိုက သူ့ကိုယ်သူ တောင်ပံကစားသမားလို့ ခေါ်ပေမယ့် တိုက်စစ်မှာ ကစားနေတာကြောင့် သူဟာ တောင်ပံကစားသမားမဟုတ်တော့ဘဲ အရမ်းကောင်းတဲ့အသင်းရဲ့ ရှေ့တန်းမှာ ကစားနေတာလို့ပဲ သတ်မှတ်ပါတယ်။

မိနစ်တိုင်းမှာ အကောင်းဆုံးပုံစံပြသနေတဲ့ လီဗာပူးလ်အတွက် မိုက အဓိက ဓာတ်ကူပစ္စည်းဖြစ်ပြီး သူ များများတောက်လောက်နိုင်လေ လီဗာပူးလ်က မြင်တွေ့ခဲ့ဖူးသမျှထဲက အကောင်းဆုံး လီဗာပူးလ်အသင်းဖြစ်လေဆိုသလိုမျိုးပါ။ အရင်တုန်းက အရမ်းကောင်းမွန်တဲ့အသင်းအချို့ရှိခဲ့ပေမယ့် ဒီလိုမျိုး ကစားသမားတစ်ယောက် သူတို့နဲ့ရှိနေပြီး နည်းပြကလည်း အရမ်းကောင်းမွန်နေတာဖြစ်ပါတယ်။

အချိန်တိုင်းမှာ ဆာလားအနေနဲ့ သူ ရရှိဖို့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ ရရှိခဲ့ရဲ့လားဆိုတာနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိနေပြီး လီဗာပူးလ်ရဲ့အမြင်မှာတော့ ဆာလားလ်ဟာ ကိုးကွယ်ဆည်းကပ်ရမယ့်သူဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ မိုဟာမက် ဆာလားကို အသင်းမှာ ကြာနိုင်သမျှ ကြာကြာ ရှိနေစေချင်မှာဖြစ်ပြီး အသင်းရဲ့ လစာအကောင်းဆုံးကစားသမားဖြစ်လာမှာကိုလည်း ပျော်ရွှင်ကြလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်မိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ ဆာလားဟာ ကမၻာ့အဆင့္တိုက္စစ္မႉးဆိုတာ ေမးခြန္းထုတ္စရာမလိုသူျဖစ္ၿပီး အသင္းရဲ့လစာအျမင့္မားဆုံးကစားသမားျဖစ္လာေစမယ့္ စာခ်ဳပ္သစ္ ကမ္းလွမ္းျခင္းခံခဲ့ရတာနဲ႔ပတ္သက္ၿပီး လီဗာပူးလ္အဝတ္လဲခန္းအတြင္းမွာ မေက်မနပ္ျဖစ္မယ့္သူ တစ္ေယာက္မွ မရွိဘူးလို႔ ထင္ျမင္ရပါတယ္။

မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ တကိုယ္ေတာ္သြင္းဂိုးနဲ႔ပတ္သက္ၿပီး ေျပာစရာေတြ ျဖစ္ခဲ့ၿပီး အဲဒီေနရာမွာ လီယြန္နယ္ မက္ဆီ သို႔မဟုတ္ ေရာ္နယ္ဒိုသာျဖစ္ေနခဲ့မယ္ဆိုရင္ ဒီထက္ပိုၿပီး ေျပာစရာေတာင္ ျဖစ္ဦးမွာေသခ်ာပါတယ္။ က်ဥ္းၾကပ္တဲ့ေနရာမွာ အလြန္ေကာင္းမြန္တဲ့ အထိန္းအသိမ္းေတြနဲ႔ ကိုယ္ခႏၶာႀကံ့ခိုင္မႈ၊ ျမန္ႏႈန္း၊ ပရိယာယ္အနည္းငယ္နဲ႔ ေက်ာ္ၾကားတဲ့အဆုံးသတ္တို႔ ေပါင္းဆုံခဲ့ရာမွာ အလြန္လွပေသသပ္တဲ့ မိုဟာမက္ ဆာလားရဲ့ တကိုယ္ေတာ္သြင္းဂိုး ျဖစ္လာခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ ဆာလားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကိစၥနဲ႔ပတ္သက္ၿပီး ကန႔္လန႔္တိုက္တဲ့စကားေတြကို ၾကားခ်င္မယ္လို႔ မထင္ေပမယ့္ ဘ႑ာေရးပိုင္းရႈေထာင့္ကေနဆိုရင္ အသင္းအေနနဲ႔ ေရရွည္ျဖစ္လာမယ့္အရာေတြကို ေမၽွာ္ေတြးမွာျဖစ္ပါတယ္။ အဲဒီေတာ့ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔က လ်င္လ်င္ျမန္ျမန္ သေဘာတူညီမႈရမွာမဟုတ္ဘူးဆိုတာ အမွန္ပဲျဖစ္ၿပီး အားလုံးကေတာ့ အေႏွးနဲ႔အျမန္ စာခ်ဳပ္ခ်ဳပ္ေလ ပိုေကာင္းေလလို႔ မွတ္ယူထားၾကမွာျဖစ္ပါတယ္။

အရင္တုန္းက အဝတ္လဲခန္းအတြင္းမွာ ကစားသမားတစ္ဦးက က်န္တဲ့ ကစားသမားေတြအားလုံးထက္ ဝင္ေငြပိုမိုရရွိတာနဲ႔ ပတ္သက္ၿပီး မေက်မနပ္ျဖစ္ခဲ့ၾကတာေတြ ရွိခဲ့ၾကတယ္ဆိုတာ အမွန္ျဖစ္ေပမယ့္ အခုအေျခအေနမွာေတာ့ လီဗာပူးလ္အေနနဲ႔ မိုဟာ ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္ေနၿပီဆိုတာကို သိထားရမွာျဖစ္ပါတယ္။ အဝတ္လဲခန္းအတြင္းက ကစားသမားေတြရဲ့ မ်ားျပားလွတဲ့ ရႈေထာင့္ေတြထဲကို ဝင္ၾကည့္မယ္ဆိုရင္ မိုအေနနဲ႔ အန္းဖီးမွာ လစာအမ်ားဆုံးရတဲ့ကစားသမားျဖစ္လာမွာက ျပႆနာမရွိေလာက္ဘူးလို႔ ထင္မိပါတယ္။

ဘယ္သူကမွ မိုဟာ သာမန္ကစားသမားတစ္ေယာက္သာျဖစ္တာေၾကာင့္ လစာအမ်ားဆုံးကစားသမားျဖစ္ဖို႔ မထိုက္တန္ဘူးလို႔ ေျပာမယ့္သူ မရွိနိုင္တာျဖစ္္ၿပီး ၎ရဲ့ ကမၻာ့အဆင့္ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ လိုက္ဖက္တဲ့ စာခ်ဳပ္မ်ိဳးကို ရဖို႔ မထိုက္တန္ဘူးလို႔ ေျပာရေလာက္တဲ့ မစၧရိယစိတ္မ်ားတဲ့ ကစားသမားမ်ိဳးလည္း လီဗာပူးလ္ အဝတ္လဲခန္းအတြင္းမွာ မရွိေလာက္ဘူးလို႔ ေမၽွာ္လင့္ရပါတယ္။

ဆာလားနဲ႔ပတ္သက္ၿပီး သူမတူတဲ့ပုံစံနဲ႔ အရမ္းေကာင္းမြန္တဲ့အရာက ဘယ္လိုေတာင္ သူ လုပ္ခဲ့တာလဲဆိုၿပီး ေတြးရေလာက္ေအာင္ ထူးဆန္းတဲ့အရာေတြကို ျပဳလုပ္တတ္တာျဖစ္ၿပီး အခ်ိဳ႕အခ်ိန္ေတြမွာ မိုအေနနဲ႔ ေဘာလုံးနဲ႔ သက္ေတာင့္သက္သာျဖစ္ပုံမေပၚဘဲ ေဘာလုံးဆုံးရႈံးလိုက္ရတဲ့အခါမွာ ျဖစ္သလိုမ်ိဳး တုံ႔ျပန္တတ္ပါတယ္။

႐ုတ္တရက္ပဲ သူ ေဘာလုံးျပန္ရသြားရင္ေတာ့ ရပ္တန႔္လို႔မရေတာ့တဲ့ ပံုေပၚၿပီး အဲဒါက ေဘာလုံးက သူနဲ႔အေယးကို ထြက္သြားသလိုမ်ိဳး ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ၿပီးတဲ့ေနာက္မွာေတာ့ ႐ုတ္တရက္ပဲ ေဘာလုံးက ဂိုးပိုက္ထဲ ေရာက္ေနသလိုမ်ိဳးပါ။ အဲဒီလိုမ်ိဳး ဘုရားသခင္ေကာင္းခ်ီးေပးခံထားရတဲ့ ကစားသမားမ်ိဳးေတြရွိခဲ့ေပမယ့္ မိုရဲ့ စတိုလ္နဲ႔ေတာ့ မတူၾကဘဲ သူ႔ပုံစံဟာ နည္းစနစ္ပိုင္းအရ အရမ္းေကာင္းပုံမေပၚေပမယ့္ မယုံနိုင္ေအာင္ လ်င္ျမန္ၿပီး သန္မာတာေၾကာင့္ အဲဒါက ျပႆနာမဟုတ္ေတာ့ပါဘူး။

အဝတ္လဲခန္းထဲက ဘယ္သူတစ္ေယာက္ကမွ၊ ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ဘယ္သူတစ္ေယာက္ကမွ ဆာလားကို လစာတိုး စာခ်ဳပ္သစ္ ေတာင္းေနတဲ့သူျဖစ္လိမ့္မယ္လို႔ ေျပာမွာမဟုတ္ပါဘူး။ မိုက သူ႔ကိုယ္သူ ေတာင္ပံကစားသမားလို႔ ေခၚေပမယ့္ တိုက္စစ္မွာ ကစားေနတာေၾကာင့္ သူဟာ ေတာင္ပံကစားသမားမဟုတ္ေတာ့ဘဲ အရမ္းေကာင္းတဲ့အသင္းရဲ့ ေရွ႕တန္းမွာ ကစားေနတာလို႔ပဲ သတ္မွတ္ပါတယ္။

မိနစ္တိုင္းမွာ အေကာင္းဆုံးပုံစံျပသေနတဲ့ လီဗာပူးလ္အတြက္ မိုက အဓိက ဓာတ္ကူပစၥည္းျဖစ္ၿပီး သူ မ်ားမ်ားေတာက္ေလာက္နိုင္ေလ လီဗာပူးလ္က ျမင္ေတြ႕ခဲ့ဖူးသမၽွထဲက အေကာင္းဆုံး လီဗာပူးလ္အသင္းျဖစ္ေလဆိုသလိုမ်ိဳးပါ။ အရင္တုန္းက အရမ္းေကာင္းမြန္တဲ့အသင္းအခ်ိဳ႕ရွိခဲ့ေပမယ့္ ဒီလိုမ်ိဳး ကစားသမားတစ္ေယာက္ သူတို႔နဲ႔ရွိေနၿပီး နည္းျပကလည္း အရမ္းေကာင္းမြန္ေနတာျဖစ္ပါတယ္။

အခ်ိန္တိုင္းမွာ ဆာလားအေနနဲ႔ သူ ရရွိဖို႔ ထိုက္တန္တဲ့ ခ်ီးက်ဴးမႈေတြ ရရွိခဲ့ရဲ့လားဆိုတာနဲ႔ပတ္သက္ၿပီး ေျပာဆိုမႈေတြ ရွိေနၿပီး လီဗာပူးလ္ရဲ့အျမင္မွာေတာ့ ဆာလားလ္ဟာ ကိုးကြယ္ဆည္းကပ္ရမယ့္သူဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ဒါေၾကာင့္ လီဗာပူးလ္အေနနဲ႔ မိုဟာမက္ ဆာလားကို အသင္းမွာ ၾကာနိုင္သမၽွ ၾကာၾကာ ရွိေနေစခ်င္မွာျဖစ္ၿပီး အသင္းရဲ့ လစာအေကာင္းဆုံးကစားသမားျဖစ္လာမွာကိုလည္း ေပ်ာ္ရႊင္ၾကလိမ့္မယ္လို႔ အျပည့္အဝ ယုံၾကည္မိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.