Premier League

နယူးကာဆယ်လ် တန်ခိုးထွားလာမှာ ကြိုမြင်လို့ ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၄ သင်း

နယူးကာဆယ်လ်အသင်းကို ဆော်ဒီလုပ်ငန်းစုက ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူခဲ့တဲ့ကိစ္စဟာ အသင်းပရိသတ်တွေအတွက် အလွန်ပျော်ရွှင်စရာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် စိန့်ဂျိမ်းစ်ပါ့ခ်မှာ အသင်းပိုင်ရှင်သစ် ရောက်လာမယ့်အပေါ် အခြားပရီးမီးယားလိဂ်ပြိုင်ဘက် ၁၉ သင်းက ခါးခါးသီးသီး ဆန့်ကျင်ခဲ့ပြီး ၄ သင်းကဆိုရင် သဘောတူညီမှုမရအောင် တားဆီးဖို့တောင် ကြိုးပမ်းခဲ့ကြပါတယ်။

The Guardian ရဲ့ သတင်းအရ နယူးကာဆယ်လ်အသင်းရဲ့ ပြိုင်ဘက် ကျန် ၁၉ သင်းစလုံးဟာ အသင်းကို ပိုင်ရှင်အသစ်ထံ လွှဲပြောင်းရောင်းချမယ့်ကိစ္စကို ဆန့်ကျင်ခဲ့ကြပြီး ဘာကြောင့် ရောင်းချခွင့်ပေးခြင်းခံခဲ့ရတာလဲဆိုပြီး ပရီးမီးယားလိဂ်ဆီကနေ အဖြေကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့မှာ လက်လွှဲရောင်းချဖို့ အလွန်နီးစပ်နေပြီဆိုတာကို သိရှိခဲ့ကြပြီးနောက် လာမယ့်အပတ်မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ဖို့အတွက် ဆန္ဒရှိခဲ့ကြပေမယ့်လည်း ကြာသပတေးနေ့ နံနက်မှာတော့ နယူးကာဆယ်အသင်းကို ဆော်ဒီအခြေစိုက် လုပ်ငန်းစုက လက်လွှဲရယူလိုက်ပြီလို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အလုပ်အမှုဆောင်ချုပ် ရစ်ချက် မာစတာ၊ ဥက္ကဌ ဂယ်ရီ ဟော့ဖ်မန်းတို့ဟာ နယူးကာဆယ်လ်အသင်းကို လက်လွှဲရောင်းချမယ့်ကိစ္စကို ခွင့်ပြုချက်ပေးခဲ့တယ်ဆိုတာ မသိခဲ့ရတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဆီကနေ စောဒကတက်စာတွေကို လက်ခံရရှိခဲ့ပြီး လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ဟာ နယူးကာဆယ်အသင်းကို လက်လွှဲရောင်းချမယ့်ကိစ္စမှာ အသံအထွက်ဆုံးနဲ့ သဘောတူညီမှုမဖြစ်မြောက်အောင် ခွင့်ပြုချက်မပေးဖို့ ပရီးမီးယားလိဂ်ကို လှုံ့ဆော်ခဲ့တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နယူးကာဆယ်လ်အသင်း ပိုင်ရှင်အသစ်တွေဟာ ကျန်ပရီးမီးယားလိဂ်အသင်း ၁၉ သင်းအားလုံးပေါင်းထားတာထက် များပြားတဲ့ စုစုပေါင်း ပေါင် ၃၂၀ ဘီလီယံအထိ ချမ်းသာကြွယ်ဝပြီး နယူးကာဆယ်လ်အသင်းကို အရှင်မွေးတော့ နေ့ချင်းကြီးဆိုသလို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။

လက်လွှဲရောင်းချတဲ့ အငြင်းပွားဖွယ်ကိစ္စဟာ ဆော်ဒီအာရေဗျတွေရဲ့ ကြောက်မက်ဖွယ် လူ့အခွင့်အရေးမှတ်တမ်းတွေကြောင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဆီကနေ ဆန့်ကျင်မှုအများအပြားလည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နယူးကာဆယ်လ်အသင်းကို လက်လွှဲဝယ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပြီး သိပ်မကြာမီမှာပဲ ပရီးမီးယားလိဂ်ကို အသင်းပိုင်ရှင်နဲ့ အသင်းဒါရိုက်တာဖြစ်လာဖို့ တစ်ဦးချင်းစီအတွက် တားမြစ်ထားတဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီလိုဖြစ်နေချိန်မှာပဲ အသင်းရဲ့ LGBTQ လူမှုအသိုင်းအဝိုင်းနဲ့ နယူးကာဆယ်လ်အသင်းပိုင်ရှင်သစ်တွေနဲ့ ဆက်ဆံမှုက ဘယ်လိုဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီးလည်း စိုးရိမ်ပူပင်မှုတွေ ရှိနေခဲ့ပြီး လိင်တူဆက်ဆံမှုဟာ ဆော်ဒီအာရေဗျမှာ တရားမဝင်တဲ့ကိစ္စအဖြစ် ရှိနေဆဲဖြစ်ပေမယ့် နယူးးကာဆယ်လ်ရဲ့ ဂုဏ်ယူမှုနဲ့အတူ ပေါင်းစည်းမှုအဖွဲ့က ဒီလွှဲပြောင်းရယူမှုက LGBTQ အသိုင်းအဝိုင်းနဲ့ နိုင်ငံရဲ့ ရှိပြီးသားဆက်ဆံရေးကြောင့် အခြေအနေတွေ တိုးတက်လာနိုင်တယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ inews.co.uk က ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်လ်ရဲ့ ပိုင်ရှင်သစ်လက်အောက်မှာ ပထမဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက် ၆ ရက်အကြာမှာ ပဲလေ့စ် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ချဲလ်ဆီးကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:နယူးကာဆယ္လ္အသင္းကို ေဆာ္ဒီလုပ္ငန္းစုက ေပါင္သန္း ၃၀၀ နဲ႔ ဝယ္ယူခဲ့တဲ့ကိစၥဟာ အသင္းပရိသတ္ေတြအတြက္ အလြန္ေပ်ာ္ရႊင္စရာျဖစ္ေကာင္း ျဖစ္နိုင္ေပမယ့္ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ အသင္းပိုင္ရွင္သစ္ ေရာက္လာမယ့္အေပၚ အျခားပရီးမီးယားလိဂ္ၿပိဳင္ဘက္ ၁၉ သင္းက ခါးခါးသီးသီး ဆန႔္က်င္ခဲ့ၿပီး ၄ သင္းကဆိုရင္ သေဘာတူညီမႈမရေအာင္ တားဆီးဖို႔ေတာင္ ႀကိဳးပမ္းခဲ့ၾကပါတယ္။

The Guardian ရဲ့ သတင္းအရ နယူးကာဆယ္လ္အသင္းရဲ့ ၿပိဳင္ဘက္ က်န္ ၁၉ သင္းစလုံးဟာ အသင္းကို ပိုင္ရွင္အသစ္ထံ လႊဲေျပာင္းေရာင္းခ်မယ့္ကိစၥကို ဆန႔္က်င္ခဲ့ၾကၿပီး ဘာေၾကာင့္ ေရာင္းခ်ခြင့္ေပးျခင္းခံခဲ့ရတာလဲဆိုၿပီး ပရီးမီးယားလိဂ္ဆီကေန အေျဖကို ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

ဗုဒၶဟူးေန႔မွာ လက္လႊဲေရာင္းခ်ဖို႔ အလြန္နီးစပ္ေနၿပီဆိုတာကို သိရွိခဲ့ၾကၿပီးေနာက္ လာမယ့္အပတ္မွာ အေရးေပၚအစည္းအေဝး ျပဳလုပ္ဖို႔အတြက္ ဆႏၵရွိခဲ့ၾကေပမယ့္လည္း ၾကာသပေတးေန႔ နံနက္မွာေတာ့ နယူးကာဆယ္လ္အသင္းကို ေဆာ္ဒီအေျခစိုက္ လုပ္ငန္းစုက လက္လႊဲရယူလိုက္ၿပီလို႔ အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အလုပ္အမႈေဆာင္ခ်ဳပ္ ရစ္ခ်က္ မာစတာ၊ ဥကၠဌ ဂယ္ရီ ေဟာ့ဖ္မန္းတို႔ဟာ နယူးကာဆယ္လ္အသင္းကို လက္လႊဲေရာင္းခ်မယ့္ကိစၥကို ခြင့္ျပဳခ်က္ေပးခဲ့တယ္ဆိုတာ မသိခဲ့ရတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဆီကေန ေစာဒကတက္စာေတြကို လက္ခံရရွိခဲ့ၿပီး လီဗာပူးလ္၊ မန္ခ်က္စတာယူနိုက္တက္၊ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္တို႔ဟာ နယူးကာဆယ္လ္အသင္းကို လက္လႊဲေရာင္းခ်မယ့္ကိစၥမွာ အသံအထြက္ဆုံးနဲ႔ သေဘာတူညီမႈမျဖစ္ေျမာက္ေအာင္ ခြင့္ျပဳခ်က္မေပးဖို႔ ပရီးမီးယားလိဂ္ကို လႈံ႔ေဆာ္ခဲ့တယ္လို႔ Daily Mail ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

နယူးကာဆယ္လ္အသင္း ပိုင္ရွင္အသစ္ေတြဟာ က်န္ပရီးမီးယားလိဂ္အသင္း ၁၉ သင္းအားလုံးေပါင္းထားတာထက္ မ်ားျပားတဲ့ စုစုေပါင္း ေပါင္ ၃၂၀ ဘီလီယံအထိ ခ်မ္းသာႂကြယ္ဝၿပီး နယူးကာဆယ္လ္အသင္းကို အရွင္ေမြးေတာ့ ေန႔ခ်င္းႀကီးဆိုသလို ျပဳျပင္ေျပာင္းလဲေပးနိုင္စြမ္းရွိသူေတြျဖစ္ပါတယ္။

လက္လႊဲေရာင္းခ်တဲ့ အျငင္းပြားဖြယ္ကိစၥဟာ ေဆာ္ဒီအာေရဗ်ေတြရဲ့ ေၾကာက္မက္ဖြယ္ လူ႔အခြင့္အေရးမွတ္တမ္းေတြေၾကာင့္ နိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ဆီကေန ဆန႔္က်င္မႈအမ်ားအျပားလည္း ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ နိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က နယူးကာဆယ္လ္အသင္းကို လက္လႊဲဝယ္ယူနိုင္ခဲ့ၿပီလို႔ ေၾကညာခဲ့ၿပီး သိပ္မၾကာမီမွာပဲ ပရီးမီးယားလိဂ္ကို အသင္းပိုင္ရွင္နဲ႔ အသင္းဒါရိုက္တာျဖစ္လာဖုိ႔ တစ္ဦးခ်င္းစီအတြက္ တားျမစ္ထားတဲ့ လုိအပ္ခ်က္ေတြကို ျပင္ဆင္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အဲဒီလိုျဖစ္ေနခ်ိန္မွာပဲ အသင္းရဲ့ LGBTQ လူမႈအသိုင္းအဝိုင္းနဲ႔ နယူးကာဆယ္လ္အသင္းပိုင္ရွင္သစ္ေတြနဲ႔ ဆက္ဆံမႈက ဘယ္လိုျဖစ္လာမလဲဆိုတာနဲ႔ပတ္သက္ၿပီးလည္း စိုးရိမ္ပူပင္မႈေတြ ရွိေနခဲ့ၿပီး လိင္တူဆက္ဆံမႈဟာ ေဆာ္ဒီအာေရဗ်မွာ တရားမဝင္တဲ့ကိစၥအျဖစ္ ရွိေနဆဲျဖစ္ေပမယ့္ နယူးးကာဆယ္လ္ရဲ့ ဂုဏ္ယူမႈနဲ႔အတူ ေပါင္းစည္းမႈအဖြဲ႕က ဒီလႊဲေျပာင္းရယူမႈက LGBTQ အသိုင္းအဝိုင္းနဲ႔ နိုင္ငံရဲ့ ရွိၿပီးသားဆက္ဆံေရးေၾကာင့္ အေျခအေနေတြ တိုးတက္လာနိုင္တယ္လို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔ inews.co.uk က ေဖာ္ျပခဲ့ပါတယ္။

နယူးကာဆယ္လ္ရဲ့ ပိုင္ရွင္သစ္လက္ေအာက္မွာ ပထမဆုံးပြဲစဥ္အျဖစ္ ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ ေတာ့တင္ဟမ္ေဟာ့စပါးကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ေနာက္ ၆ ရက္အၾကာမွာ ပဲေလ့စ္ အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ၿပီးေနာက္ ေအာက္တိုဘာ ၃၀ ရက္ေန႔မွာေတာ့ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.