Premier League

ချဲလ်ဆီးကြယ်ပွင့် ၅ ဦးထဲက ဘယ်သူ ဘယ်လွန်ဒေါရသင့်လဲဆိုတာ ထုတ်ပြောလိုက်တဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ယခုနှစ်အတွက် ဘယ်လွန်ဒေါဆုကို ထိုက်ထိုက်တန်တန်ရရှိသွားသင့်တယ်လို့ ထင်တဲ့ ကစားသမားနာမည်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီကစားသမားဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာပါ အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူဖြစ်တာကြောင့် အားလုံးရဲ့ ဆန္ဒနဲ့ ထပ်တူကျခဲ့ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ကစားသမား ၅ ဦးဟာ ၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး လူကာကူ၊ ကွန်တေ၊ မေဆန် မောင့်၊ အက်ဇ်ပလီကွေတာနဲ့ ဂျော်ဂျင်ညိုတို့ဟာ ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ဆန်ခါတင်စာရင်းထဲမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဂုဏ်သိက္ခာကြီးမားလှတဲ့ တစ်ဦးချင်းဆုကို ရရှိဖို့ ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုကို ထောက်ခံလိမ့်မယ်ဆိုတာ ပြောစရာမလိုလောက်အောင် ရှင်းလင်းနေပြီး ပရိသတ်အများစုကလည်း ယူရို ၂၀၂၀ ချန်ပီယံ အီတလီကွင်းလယ်ကြယ်ပွင့်ကို ဆုရရှိစေချင်နေကြတာဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြက အီတလီကွင်းလယ်ဖန်တီးရှင်ကို ချီးကျူး ပြောကြားခဲ့ပြီး နာပိုလီကွင်းလယ်ကစားသမားဟောင်းအနေနဲ့ ဘယ်လွန်ဒေါဆုကို ရရှိဖို့အတွက် ထိုက်တန်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဂျော်ဂျင်ညိုက ဘယ်လွန်ဒေါကို ရရှိဖို့အတွက် ထိုက်တန်ပါတယ်။ သူက အရမ်းကို ထက်မြက်တဲ့ကစားသမားဖြစ်ပြီး သူ့ရဲ့နည်းပြဖြစ်ရတာ ဝမ်းမြောက်စရာပါ”

“သူ့မှာ အရမ်းကောင်းတဲ့ ဘောလုံးအမြင်ရှိပါတယ်။ ကျွန်တော့်အတွက်တော့ တစ်ဦးချင်းဆုတံဆိပ်က ဘာမှ ကြီးကြီးမားမား ထူးခြားနေတာမဟုတ်ပါဘူး။ မတူညီတဲ့အခန်းကဏ္ဍမှာ ကစားတဲ့ ကစားသမားအများအပြားကြား အမှန်တကယ် နှိုင်းယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဂျော်ဂျင်ညိုက အရမ်းကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး အလွန်ကောင်းမွန်နတဲ့ ကစားသမားပါ။ ဒါပေမယ့်ာ ယေဘုယျအားဖြင့် အဲဒါက အရေးအပါဆုံးအရာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျော်ဂျင်ညိုဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့မှာ အောင်မြင်တဲ့ မယုံနိုင်ဖွယ်နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ အီတလီအသင်းကို ယူရို ၂၀၂၀ ဖလားရရှိအောင် မကူညီပေးမီ ချဲလ်ဆီးကို ချန်ပီယံလိဂ်ကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဘယ်လွန်ဒေါ ၆ ဆုရှင် လီယွန်နယ် မက်ဆီနဲ့ ဘယ်လွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်ဒိုတို့ကလည်း ယခုနှစ် ဘယ်လွန်ဒေါဆုကို ရရှိဖို့အတွက် ယှဉ်ပြိုင်နေကြတာဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီး၊ ဘိုနူချီ၊ ဒီ ဘရိုင်းနား၊ မိုဟာမက် ဆာလားတို့ကလည်း ဆန်ခါတင်စာရင်းထဲမှာလည်း ပါဝင်နေကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ယခုႏွစ္အတြက္ ဘယ္လြန္ေဒါဆုကို ထိုက္ထိုက္တန္တန္ရရွိသြားသင့္တယ္လို႔ ထင္တဲ့ ကစားသမားနာမည္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အဲဒီကစားသမားဟာ ကလပ္အသင္းနဲ႔ နိုင္ငံအသင္းမွာပါ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့သူျဖစ္တာေၾကာင့္ အားလုံးရဲ့ ဆႏၵနဲ႔ ထပ္တူက်ခဲ့ပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္ကစားသမား ၅ ဦးဟာ ၂၀၂၁ ခုႏွစ္ ဘယ္လြန္ေဒါဆုအတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းထဲမွာ ပါဝင္ခဲ့တာျဖစ္ၿပီး လူကာကူ၊ ကြန္ေတ၊ ေမဆန္ ေမာင့္၊ အက္ဇ္ပလီေကြတာနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ဟာ ၿပီးခဲ့တဲ့ရာသီက ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြေၾကာင့္ ဆန္ခါတင္စာရင္းထဲမွာ ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ဂုဏ္သိကၡာႀကီးမားလွတဲ့ တစ္ဦးခ်င္းဆုကို ရရွိဖို႔ ကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳကို ေထာက္ခံလိမ့္မယ္ဆိုတာ ေျပာစရာမလိုေလာက္ေအာင္ ရွင္းလင္းေနၿပီး ပရိသတ္အမ်ားစုကလည္း ယူရို ၂၀၂၀ ခ်န္ပီယံ အီတလီကြင္းလယ္ၾကယ္ပြင့္ကို ဆုရရွိေစခ်င္ေနၾကတာျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပက အီတလီကြင္းလယ္ဖန္တီးရွင္ကို ခ်ီးက်ဴး ေျပာၾကားခဲ့ၿပီး နာပိုလီကြင္းလယ္ကစားသမားေဟာင္းအေနနဲ႔ ဘယ္လြန္ေဒါဆုကို ရရွိဖို႔အတြက္ ထိုက္တန္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ေဂ်ာ္ဂ်င္ညိဳက ဘယ္လြန္ေဒါကို ရရွိဖို႔အတြက္ ထိုက္တန္ပါတယ္။ သူက အရမ္းကို ထက္ျမက္တဲ့ကစားသမားျဖစ္ၿပီး သူ႔ရဲ့နည္းျပျဖစ္ရတာ ဝမ္းေျမာက္စရာပါ”

“သူ႔မွာ အရမ္းေကာင္းတဲ့ ေဘာလုံးအျမင္ရွိပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ တစ္ဦးခ်င္းဆုတံဆိပ္က ဘာမွ ႀကီးႀကီးမားမား ထူးျခားေနတာမဟုတ္ပါဘူး။ မတူညီတဲ့အခန္းက႑မွာ ကစားတဲ့ ကစားသမားအမ်ားအျပားၾကား အမွန္တကယ္ ႏွိုင္းယွဥ္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး။ ၿပီးေတာ့ ေဂ်ာ္ဂ်င္ညိဳက အရမ္းေကာင္းတဲ့ပုဂၢိဳလ္ျဖစ္ၿပီး အလြန္ေကာင္းမြန္နတဲ့ ကစားသမားပါ။ ဒါေပမယ့္ာ ေယဘုယ်အားျဖင့္ အဲဒါက အေရးအပါဆုံးအရာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳဟာ ကလပ္အသင္းနဲ႔ နိုင္ငံအသင္းတို႔မွာ ေအာင္ျမင္တဲ့ မယုံနိုင္ဖြယ္ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ အီတလီအသင္းကို ယူရို ၂၀၂၀ ဖလားရရွိေအာင္ မကူညီေပးမီ ခ်ဲလ္ဆီးကို ခ်န္ပီယံလိဂ္ကို ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ဘယ္လြန္ေဒါ ၆ ဆုရွင္ လီယြန္နယ္ မက္ဆီနဲ႔ ဘယ္လြန္ေဒါ ၅ ဆုရွင္ ခရစၥတီယာနို ေရာ္နယ္ဒိုတို႔ကလည္း ယခုႏွစ္ ဘယ္လြန္ေဒါဆုကို ရရွိဖို႔အတြက္ ယွဥ္ၿပိဳင္ေနၾကတာျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီး၊ ဘိုႏူခ်ီ၊ ဒီ ဘရိုင္းနား၊ မိုဟာမက္ ဆာလားတို႔ကလည္း ဆန္ခါတင္စာရင္းထဲမွာလည္း ပါဝင္ေနၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.