Analysis Bundesliga Ligue1 Premier League

ကာရေဂါ ပြောသလို မိုဟာမက် ဆာလားက လက်ရှိကမ္ဘာ့အကောင်းဆုံးဆိုတာ တကယ်လား

မိုဟာမက် ဆလားက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်စီးတီးနဲ့ပွဲမှာ ကြောက်မက်ဖွယ်ခြေစွမ်းပြသခဲ့ပြီး လီဗာပူးလ်ဂန္တဝင် နောက်ခံကစားသမား ဂျေမီ ကာရေဂါက လက်ရှိခြေစွမ်းအရ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးက ရာသီအစပထမဆုံးပွဲကတည်းက အကောင်းဆုံးစွမ်းဆောင်ရည်ပြသပြီး လီဗာပူးလ်ရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်လက်နက်တစ်ခု ဖြစ်နေခဲ့တယ်ဆိုတာ မန်စီးတီးနဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲက နောက်ခံကစားသမားတွေကို ကျော်ဖြတ်ပြီး တကိုယ်တော်သွင်းယူသွားတဲ့ သွင်းဂိုးက သက်သေခံနေပါတယ်။ ဒါပေမယ့် ဆာလားက လက်ရှိ ဥရောပမှာ အကောင်းဆုံးကစားသမားအဖြစ် မြင်နေတဲ့ ကာရေဂါရဲ့အမြင်က ကိန်းဂဏန်းအချက်အလက်တွေနဲ့ ကိုက်ညီရဲ့လား။

မတူညီတဲ့လိဂ်တွေကြားက အချက်အလက်တွေကို နှိုင်းယှဉ်ဖို့ဆိုတာ မဖြစ်နိုင်တာ မှန်ပေမယ့် ဆာလားကို တခြား ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ရာမှာတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အဓိက နွေရာသီအပြောင်းအရွှေ့ ၂ ခုဖြစ်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အခုအချိန်အထိ ဆန့်ကျင်ဘက်အခြေအနေ ဖြစ်နေကြပါတယ်။

မက်ဆီက ပဲရစ်မှာ လက်ရှိအချိန်အထိ မိနစ် ၃၇၀ ပဲ ကစားခွင့်ရသေးပြီး ပဲရစ်မှာ ပုံမှန်ခြေစွမ်းရဖို့ ကြိုးစားနေရဆဲဖြစ်ပေမယ့် မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ အံ့အားသင့်ဖွယ် သွင်းဂိုးကို သွင်းယူပြခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ရာသီက အစပိုင်းသာရှိသေးတာကြောင့် ကိန်းဂဏန်းတွေကို မြှင့်တင်နိုင်စွမ်းရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် အဓိကပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုကို မီအောင် လိုက်ရဦးမှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးအရေအတွက်နဲ့ စတင်နိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ၅ ဂိုးသွင်းယူပေးထားတဲ့ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ၅ ကြိမ်ကန်လိုက်တိုင်း ၁ ကြိမ် ဂိုးဝင်ထားသူဖြစ်ပေမယ့် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပါ ပြုလုပ်ထားနိုင်တဲ့ ဆာလားကိုတော့ လိုက်မီအောင် ကြိုးပမ်းရပါဦးမယ်။

အဲဒီတော့ ဆာလားကို ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းတွေက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ကြည့်ရတော့မှာဖြစ်ပြီး ပထမဆုံးအနေနဲ့ နာဂယ်စ်မန်းလက်အောက်မှာ ကစားနေတဲ့ လီဗန်ဒေါ့ဗ်စကီးနဲ့ ချိန်ထိုးကြည့်ပါမယ်။

လက်ရှိအချိန်အထိ ၁၃ ဂိုးအထိ သွင်းယူထားတဲ့ လီဗန်ဒေါ့ဗ်စကီးဟာ နာရီတိုင်းမှာ ပျမ်းမျှအားဖြင့် သွင်းဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပေမယ့် ဟာလန်းရဲ့ ဂိုးသွင်းဖို့ ပျမ်းမျှမိနစ်က ပိုလို့တောင် ကောင်းမွန်နေတာဖြစ်ပါတယ်။ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတဲ့ ဟာလန်းဟာ ၅၁ မိနစ်တိုင်းမှာ ပျမ်းမျှခြင်းအားဖြင့် သွင်းဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာဖြစ်ပြီး ဒေါ့မွန်တိုက်စစ်မှူးဟာ လီဗန်ဒေါ့ဗ်စကီးနည်းတူ သွင်းဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့နှုန်းနဲ့ ဂိုးအရေအတွက်မှာတော့ ဆာလားထက် အသာစီးရနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဆာလားက ဘွန်ဒက်စ်လီဂါတိုက်စစ်မှူး ၂ ဦးထက် သိသိသာသာ သာလွန်နေတဲ့နေရာကတော့ မိနစ် ၉၀ တိုင်းမှာ အခွင့်အရေးတစ်ကြိမ် ဖန်တီးနိုင်တာဖြစ်ပြီး ယခုရာသီမှာ တကိုယ်ကောင်းဆန်မှု ပိုနည်းသွားတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဆာလားဟာ ပျမ်းမျှအားဖြင့် တစ်ပွဲမှာ အခွင့်အရေး ၂.၅ ခု ကြိမ်ပြုလုပ်ခဲ့ပေမယ့် လီဗန်ဒေါ့ဗ်စကီးက ၁.၈၊ ဟာလန်းက ၁.၄ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်တောင်ပံကြယ်ပွင့်နဲ့ အခွင့်အရေးဖန်တီးမှုမှာ အနီးစပ်ဆုံးဖြစ်တဲ့ တစ်ဦးတည်းသောကစားသမားက ကာရင် ဘန်ဇီးမားဖြစ်ပြီး မိနစ် ၉၀ မှာ အခွင့်အရေး ၂.၄ ကြိမ် ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘန်ဇီးမားက ပြိုင်ဘက်တွေရဲ့ ဂိုးဖန်တီးမှုထက် ၂ ဆ ပိုမိုပြုလုပ်နိုင်ခဲ့ပြီး သွင်းဂိုး ၁၀ ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုကလည်း ၇ ကြိမ်တောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘန်ဇီးမားအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ အခြား ကမ္ဘာ့အဆင့်ကစားသမားတွေထက် ၎င်းရဲ့မျှော်မှန်းသွင်းဂိုးထက် ပိုမိုသာလွန်အောင် သွင်းယူထားနိုင်ပြီး မျှော်မှန်းသွင်းဂိုး ၅.၆ မှာ ၁၀ ဂိုးသွင်းယူထားတာကြောင့် ၂ ဆနီးပါး သွင်းယူထားတာလည်းဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ၈၈၈ မိနစ်လည်း ကစားထားတာကြောင့် အခြားတိုက်စစ်မှူးတွေထက် ပိုမိုကစားထားပြီး ဆာလားထက် ပွဲစဉ်အတွင်း အကျိုးသက်ရောက်မှု ပိုမိုရှိနေတာဖြစ်ပါတယ်။

နောက်ထပ် နှိုင်းယှဉ်ရမယ့်သူကတော့ လူကာကူးဖြစ်ပြီး ချဲလ်ဆီးကို ပြန်လည်ပြောင်းရွှေ့ပြီးနောက် အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး ၅ ပွဲမှာတော့ ဂိုးပေါက်ပျောက်နေခဲ့တဲ့သူပါ။ ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့ နည်းပြဟောင်းဖြစ်တဲ့ အင်တာမီလန်နည်းပြ ကွန်တီကတောင် ချဲလ်ဆီးနည်းပြ တူဟယ်က လူကာကူးဆီကနေ အကောင်းဆုံးပုံစံ ရအောင် ဘယ်လိုလုပ်ရမှန်းမသိဘူးလို့ ဝေဖန်ထိုးနှက်ခဲ့ပါသေးတယ်။ လူကာကူးရဲ့ မကြာသေးမီက ဂိုးပေါက်ပျောက်ဆုံးနေမှုက ဆာလားအတွက် ကဏ္ဍတိုင်းမှာ အသာစီး ရစေခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဆာလားရဲ့ ၆၅ မိနစ်နဲ့ နှိုင်းယှဉ်ရင် ၁၈၄ မိနစ်မှ သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်တာဖြစ်ပြီး မျှော်မှန်းသွင်းဂိုးထက်လည်း အနည်းငယ် လျော့နည်းနေတာဖြစ်ပါတယ်။

အခုအချိန်မှာ မိုဟာမက် ဆာလားက ဥရောပမှာ အကောင်းဆုံးကစားသမားလို့ ကာရေဂါလိုမျိုး ယုံကြည်လာဖို့ အခြား ခိုင်မာတဲ့ကိန်းဂဏန်းတွေကလည်း ရှိနေသေးတာ အမှန်ပါပဲ။ အီဂျစ်တိုက်စစ်မှူးဟာ ခက်ခဲကြမ်းတမ်းတဲ့ အတိုက်အခံပြုမှုမျိုးကို ရင်ဆိုင်ခဲ့ရပြီး သမားရိုးကျ ဗဟိုတိုက်စစ်နေရာထက် တောင်ပံနေရာကနေ မယုံနိုင်ဖွယ် သွင်းဂိုးအရေအတွက်တွေကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆာလားရဲ့ လက်ရှိခြေစွမ်းဟာ ကမ္ဘာ့အကောင်းဆုံးခြေစွမ်း ပြသနေတယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ယခုရာသီမှာ လီဗာပူးလ် ဖလားရမယ်ဆိုရင် ဆာလားအနေနဲ့ ရော်နယ်ဒို၊ မက်ဆီ၊ လီဗန်ဒေါ့ဗ်စကီးနဲ့ တခြား ကမ္ဘာ့ထိပ်သီးတိုက်စစ်မှူးတွေနဲ့ တစ်တန်းတည်း ထားဖို့ ထိုက်တန်ကောင်း ထိုက်တန်တဲ့ တိုက်စစ်မှူး ဖြစ်လာဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ ဆလားက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က မန္စီးတီးနဲ႔ပြဲမွာ ေၾကာက္မက္ဖြယ္ေျခစြမ္းျပသခဲ့ၿပီး လီဗာပူးလ္ဂႏၲဝင္ ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက လက္ရွိေျခစြမ္းအရ ကမၻာ့ေဘာလုံးေလာကမွာ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးက ရာသီအစပထမဆုံးပြဲကတည္းက အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသၿပီး လီဗာပူးလ္ရဲ့ အႏၲရာယ္အရွိဆုံး တိုက္စစ္လက္နက္တစ္ခု ျဖစ္ေနခဲ့တယ္ဆိုတာ မန္စီးတီးနဲ႔ တဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲက ေနာက္ခံကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး တကိုယ္ေတာ္သြင္းယူသြားတဲ့ သြင္းဂိုးက သက္ေသခံေနပါတယ္။ ဒါေပမယ့္ ဆာလားက လက္ရွိ ဥေရာပမွာ အေကာင္းဆုံးကစားသမားအျဖစ္ ျမင္ေနတဲ့ ကာေရဂါရဲ့အျမင္က ကိန္းဂဏန္းအခ်က္အလက္ေတြနဲ႔ ကိုက္ညီရဲ့လား။

မတူညီတဲ့လိဂ္ေတြၾကားက အခ်က္အလက္ေတြကို ႏွိုင္းယွဥ္ဖို႔ဆိုတာ မျဖစ္နိုင္တာ မွန္ေပမယ့္ ဆာလားကို တျခား ထိပ္တန္းတိုက္စစ္မႉးေတြနဲ႔ ႏွိုင္းယွဥ္ရာမွာေတာ့ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ အဓိက ေႏြရာသီအေျပာင္းအေရႊ႕ ၂ ခုျဖစ္ခဲ့တဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ အခုအခ်ိန္အထိ ဆန႔္က်င္ဘက္အေျခအေန ျဖစ္ေနၾကပါတယ္။

မက္ဆီက ပဲရစ္မွာ လက္ရွိအခ်ိန္အထိ မိနစ္ ၃၇၀ ပဲ ကစားခြင့္ရေသးၿပီး ပဲရစ္မွာ ပုံမွန္ေျခစြမ္းရဖို႔ ႀကိဳးစားေနရဆဲျဖစ္ေပမယ့္ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာေတာ့ အံ့အားသင့္ဖြယ္ သြင္းဂိုးကို သြင္းယူျပခဲ့ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ရာသီက အစပိုင္းသာရွိေသးတာေၾကာင့္ ကိန္းဂဏန္းေတြကို ျမႇင့္တင္နိုင္စြမ္းရွိတယ္ဆိုတာ သံသယျဖစ္စရာမရွိေပမယ့္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ေရာ္နယ္ဒိုကို မီေအာင္ လိုက္ရဦးမွာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ အိုးထရက္ဖို႔ဒ္မွာ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးအေရအတြက္နဲ႔ စတင္နိုင္ခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၅ ဂိုးသြင္းယူေပးထားတဲ့ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ၅ ႀကိမ္ကန္လိုက္တိုင္း ၁ ႀကိမ္ ဂိုးဝင္ထားသူျဖစ္ေပမယ့္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ပါ ျပဳလုပ္ထားနိုင္တဲ့ ဆာလားကိုေတာ့ လိုက္မီေအာင္ ႀကိဳးပမ္းရပါဦးမယ္။

အဲဒီေတာ့ ဆာလားကို ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းေတြက ကမၻာ့အဆင့္တိုက္စစ္မႉးေတြနဲ႔ ႏွိုင္းယွဥ္ၾကည့္ရေတာ့မွာျဖစ္ၿပီး ပထမဆုံးအေနနဲ႔ နာဂယ္စ္မန္းလက္ေအာက္မွာ ကစားေနတဲ့ လီဗန္ေဒါ့ဗ္စကီးနဲ႔ ခ်ိန္ထိုးၾကည့္ပါမယ္။

လက္ရွိအခ်ိန္အထိ ၁၃ ဂိုးအထိ သြင္းယူထားတဲ့ လီဗန္ေဒါ့ဗ္စကီးဟာ နာရီတိုင္းမွာ ပ်မ္းမၽွအားျဖင့္ သြင္းဂိုး သို႔မဟုတ္ ဂိုးဖန္တီးမႈ ျပဳလုပ္ထားတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ေပမယ့္ ဟာလန္းရဲ့ ဂိုးသြင္းဖို႔ ပ်မ္းမၽွမိနစ္က ပိုလို႔ေတာင္ ေကာင္းမြန္ေနတာျဖစ္ပါတယ္။ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားတဲ့ ဟာလန္းဟာ ၅၁ မိနစ္တိုင္းမွာ ပ်မ္းမၽွျခင္းအားျဖင့္ သြင္းဂိုး သို႔မဟုတ္ ဂိုးဖန္တီးမႈ ျပဳလုပ္ထားတာျဖစ္ၿပီး ေဒါ့မြန္တိုက္စစ္မႉးဟာ လီဗန္ေဒါ့ဗ္စကီးနည္းတူ သြင္းဂိုးအျဖစ္ေျပာင္းလဲနိုင္တဲ့ႏႈန္းနဲ႔ ဂိုးအေရအတြက္မွာေတာ့ ဆာလားထက္ အသာစီးရေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ဆာလားက ဘြန္ဒက္စ္လီဂါတိုက္စစ္မႉး ၂ ဦးထက္ သိသိသာသာ သာလြန္ေနတဲ့ေနရာကေတာ့ မိနစ္ ၉၀ တိုင္းမွာ အခြင့္အေရးတစ္ႀကိမ္ ဖန္တီးနိုင္တာျဖစ္ၿပီး ယခုရာသီမွာ တကိုယ္ေကာင္းဆန္မႈ ပိုနည္းသြားတယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ဆာလားဟာ ပ်မ္းမၽွအားျဖင့္ တစ္ပြဲမွာ အခြင့္အေရး ၂.၅ ခု ႀကိမ္ျပဳလုပ္ခဲ့ေပမယ့္ လီဗန္ေဒါ့ဗ္စကီးက ၁.၈၊ ဟာလန္းက ၁.၄ ႀကိမ္သာ ျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ေတာင္ပံၾကယ္ပြင့္နဲ႔ အခြင့္အေရးဖန္တီးမႈမွာ အနီးစပ္ဆုံးျဖစ္တဲ့ တစ္ဦးတည္းေသာကစားသမားက ကာရင္ ဘန္ဇီးမားျဖစ္ၿပီး မိနစ္ ၉၀ မွာ အခြင့္အေရး ၂.၄ ႀကိမ္ ဖန္တီးနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဘန္ဇီးမားက ၿပိဳင္ဘက္ေတြရဲ့ ဂိုးဖန္တီးမႈထက္ ၂ ဆ ပိုမိုျပဳလုပ္နိုင္ခဲ့ၿပီး သြင္းဂိုး ၁၀ ဂိုး သြင္းယူထားနိုင္သလို ဂိုးဖန္တီးမႈကလည္း ၇ ႀကိမ္ေတာင္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ဘန္ဇီးမားအေနနဲ႔ ဒီစာရင္းထဲမွာ ပါဝင္ေနတဲ့ အျခား ကမၻာ့အဆင့္ကစားသမားေတြထက္ ၎ရဲ့ေမၽွာ္မွန္းသြင္းဂိုးထက္ ပိုမိုသာလြန္ေအာင္ သြင္းယူထားနိုင္ၿပီး ေမၽွာ္မွန္းသြင္းဂိုး ၅.၆ မွာ ၁၀ ဂိုးသြင္းယူထားတာေၾကာင့္ ၂ ဆနီးပါး သြင္းယူထားတာလည္းျဖစ္ပါတယ္။ ဘန္ဇီးမားဟာ ၈၈၈ မိနစ္လည္း ကစားထားတာေၾကာင့္ အျခားတိုက္စစ္မႉးေတြထက္ ပိုမိုကစားထားၿပီး ဆာလားထက္ ပြဲစဥ္အတြင္း အက်ိဳးသက္ေရာက္မႈ ပိုမိုရွိေနတာျဖစ္ပါတယ္။

ေနာက္ထပ္ ႏွိုင္းယွဥ္ရမယ့္သူကေတာ့ လူကာကူးျဖစ္ၿပီး ခ်ဲလ္ဆီးကို ျပန္လည္ေျပာင္းေရႊ႕ၿပီးေနာက္ အလြန္ေကာင္းမြန္တဲ့ပုံစံနဲ႔ စတင္နိုင္ခဲ့ေပမယ့္လည္း ေနာက္ဆုံး ၅ ပြဲမွာေတာ့ ဂိုးေပါက္ေပ်ာက္ေနခဲ့တဲ့သူပါ။ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးရဲ့ နည္းျပေဟာင္းျဖစ္တဲ့ အင္တာမီလန္နည္းၿပ ကြန္တီကေတာင္ ခ်ဲလ္ဆီးနည္းၿပ တူဟယ္က လူကာကူးဆီကေန အေကာင္းဆုံးပုံစံ ရေအာင္ ဘယ္လိုလုပ္ရမွန္းမသိဘူးလို႔ ေဝဖန္ထိုးႏွက္ခဲ့ပါေသးတယ္။ လူကာကူးရဲ့ မၾကာေသးမီက ဂိုးေပါက္ေပ်ာက္ဆုံးေနမႈက ဆာလားအတြက္ က႑တိုင္းမွာ အသာစီး ရေစခဲ့ၿပီး ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာ ဆာလားရဲ့ ၆၅ မိနစ္နဲ႔ ႏွိုင္းယွဥ္ရင္ ၁၈၄ မိနစ္မွ သြင္းဂိုး ဒါမွမဟုတ္ ဂိုးဖန္တီးမႈ ျပဳလုပ္ထားနိုင္တာျဖစ္ၿပီး ေမၽွာ္မွန္းသြင္းဂိုးထက္လည္း အနည္းငယ္ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။

အခုအခ်ိန္မွာ မိုဟာမက္ ဆာလားက ဥေရာပမွာ အေကာင္းဆုံးကစားသမားလို႔ ကာေရဂါလိုမ်ိဳး ယုံၾကည္လာဖို႔ အျခား ခိုင္မာတဲ့ကိန္းဂဏန္းေတြကလည္း ရွိေနေသးတာ အမွန္ပါပဲ။ အီဂ်စ္တိုက္စစ္မႉးဟာ ခက္ခဲၾကမ္းတမ္းတဲ့ အတိုက္အခံျပဳမႈမ်ိဳးကို ရင္ဆိုင္ခဲ့ရၿပီး သမားရိုးက် ဗဟိုတိုက္စစ္ေနရာထက္ ေတာင္ပံေနရာကေန မယုံနိုင္ဖြယ္ သြင္းဂိုးအေရအတြက္ေတြကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ ဆာလားရဲ့ လက္ရွိေျခစြမ္းဟာ ကမၻာ့အေကာင္းဆုံးေျခစြမ္း ျပသေနတယ္ဆိုတာ သံသယျဖစ္စရာမရွိဘဲ ယခုရာသီမွာ လီဗာပူးလ္ ဖလားရမယ္ဆိုရင္ ဆာလားအေနနဲ႔ ေရာ္နယ္ဒို၊ မက္ဆီ၊ လီဗန္ေဒါ့ဗ္စကီးနဲ႔ တျခား ကမၻာ့ထိပ္သီးတိုက္စစ္မႉးေတြနဲ႔ တစ္တန္းတည္း ထားဖို႔ ထိုက္တန္ေကာင္း ထိုက္တန္တဲ့ တိုက္စစ္မႉး ျဖစ္လာဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.