Bundesliga Premier League

ပိုအောင်မြင်ပြီး ဆုဖလားတွေရဖို့ ယူနိုက်တက်အစား လီဗာပူးလ်ကို ရွေးချယ်ဖို့ တိုက်တွန်းခံရတဲ့ ဘယ်လင်ဂမ်

ဒေါ့မွန်လူငယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဂမ်ရဲ့ ကစားသမားဘဝဟာ ၎င်းရဲ့ မြင့်မားတဲ့အလားအလာကြောင့် အခြားအသင်းတွေထက်စာရင် လီဗာပူးလ်အသင်းကိုပဲ ပြောင်းရွှေ့တာ ပိုမိုကောင်းမွန်လိမ့်မယ်လို့ ချဲလ်ဆီးကစားသမားဟောင်း ဂလန်း ဂျွန်ဆန်က ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့်ကို ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်နောက်ခံကစားသမားဟောင်းက ၎င်းရဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့တာက အကောင်းဆုံးအပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

ဘယ်လင်ဂမ်အတွက် ဘယ်အသင်းက အကောင်းဆုံး အံဝင်မယ့်အသင်းဖြစ်မလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဂလင်း ဂျွန်ဆန်က “ကျွန်တော်ကတော့ လီဗာပူးလ်လို့ပဲ ပြောရမှာပါ။ လီဗာပူးလ်မှာ စူပါစတား ကစားသမားတွေ ရှိနေတယ်ဆိုပေမယ့်လည်း သူတို့မှာလည်း သေးငယ်တဲ့ လူစာရင်းရှိနေပြီး အဲဒီစူပါစတားတွေထဲက အရန်ခုံပေါ်မှာ ထိုင်နေမယ့်သူမျိုး မရှိပါဘူး။ အဲဒီတော့ လူစာရင်းကို ပျော်ရွှင်နေအောင်ထားဖို့ ပိုပြီး လွယ်ကူသွားတာပေါ့”

“ဂျုဒ်သာ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူတို့တွေက သူ့ကို တခြား ခေါ်ယူချင်တဲ့အသင်းတွေထက် ပိုကောင်းမွန်လာအောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပြီး သူ လိုအပ်ေ်နတဲ့ ပွဲကစားချိန်ကိုလည်း ပိုပြီး ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူသာ ချဲလ်ဆီး ဒါမှမဟုတ် မန်စီးတီးကို သွားခဲ့မယ်ဆိုရင် ဖိအားတွေက သူ့အပေါ်ကို ချက်ချင်းရောက်လာမှာဖြစ်တဲ့အတွက် သူ တန်းပြီး ခြေစွမ်းပြနိုင်မှာ မဟုတ်ပါဘူး။ သူ အဲဒီလိုနဲ့ ဘေးရောက်သွားပြီး တခြားတစ်ယောက်က သူ့နေရာ ဝင်ယူသွားပါလိမ့်မယ်”

“လီဗာပူးလ်က လူစာရင်းပိုသေးငယ်တာကြောင့် သူ့အတွက် အကူအညီဖြစ်စေပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ ဂလင်း ဂျွန်ဆန်က အဓိကပြိုင်ဘက်အသင်းတွေရဲ့ ငွေကြေးသုံးစွဲနေမှုနဲ့ပတ်သက်ပြီး ပြောစရာရှိနေတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ယခုရာသီမှာ ကွင်းလယ်အင်အားတောင့်တင်းကြောင်းကို လိဂ်ပွဲစဉ် ၇ ပွဲမှာ မတူညီတဲ့ ကွင်းလယ်ရွေးချယ်စရာ အပြောင်းအလဲ ၈ ခုနဲ့ စတင်ခဲ့ပြီး အသင်းရဲ့လူစာရင်းကို အထင်ကြီးအောင် ပြုလုပ်ပြနိုင်ဖို့ အခွင့်အရေးပေးချင်တဲ့ဆန္ဒရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ဘာမင်ဂမ်အသင်းဟာ ဘယ်လင်ဂမ်ကို ပေါင် ၂၅ သန်းနဲ့ ဘွန်ဒက်စ်လီဂါအသင်းထံ ရောင်းချခဲ့ရာမှာ ရောင်းကြေးရရှိမယ့်အချက်ထည့်သွင်းနိုင်ခဲ့တာကြောင့် နောက်ထပ်အပြောင်းအရွှေ့ပြုလုပ်ရင် အကျိုးအမြတ် ရရှိဦးမှာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက်ရာသီမှာပဲ ဥရောပရဲ့ အလားအလာအရှိဆုံး ပါရမီရှင် ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ယခုရာသီမှာလည်း ၁၁ ပွဲပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဒါ့မြန္လူငယ္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဂမ္ရဲ့ ကစားသမားဘဝဟာ ၎ရဲ့ ျမင့္မားတဲ့အလားအလာေၾကာင့္ အျခားအသင္းေတြထက္စာရင္ လီဗာပူးလ္အသင္းကိုပဲ ေျပာင္းေရႊ႕တာ ပိုမိုေကာင္းမြန္လိမ့္မယ္လို႔ ခ်ဲလ္ဆီးကစားသမားေဟာင္း ဂလန္း ဂၽြန္ဆန္က ေျပာၾကားခဲ့ပါတယ္။

ေဒါ့မြန္ကြင္းလယ္ၾကယ္ပြင့္ကို ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္လည္း အဂၤလန္ေနာက္ခံကစားသမားေဟာင္းက ၎ရဲ့ အသင္းေဟာင္းတစ္သင္းျဖစ္တဲ့ လီဗာပူးလ္ကို ေျပာင္းေရႊ႕တာက အေကာင္းဆုံးအေျပာင္းအေရႊ႕ျဖစ္လိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

ဘယ္လင္ဂမ္အတြက္ ဘယ္အသင္းက အေကာင္းဆုံး အံဝင္မယ့္အသင္းျဖစ္မလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ဂလင္း ဂၽြန္ဆန္က “ကၽြန္ေတာ္ကေတာ့ လီဗာပူးလ္လို႔ပဲ ေျပာရမွာပါ။ လီဗာပူးလ္မွာ စူပါစတား ကစားသမားေတြ ရွိေနတယ္ဆိုေပမယ့္လည္း သူတို႔မွာလည္း ေသးငယ္တဲ့ လူစာရင္းရွိေနၿပီး အဲဒီစူပါစတားေတြထဲက အရန္ခုံေပၚမွာ ထိုင္ေနမယ့္သူမ်ိဳး မရွိပါဘူး။ အဲဒီေတာ့ လူစာရင္းကို ေပ်ာ္ရႊင္ေနေအာင္ထားဖို႔ ပိုၿပီး လြယ္ကူသြားတာေပါ့”

“ဂ်ဳဒ္သာ လီဗာပူးလ္ကို ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္ သူတို႔ေတြက သူ႔ကို တျခား ေခၚယူခ်င္တဲ့အသင္းေတြထက္ ပိုေကာင္းမြန္လာေအာင္ ျပဳစုပ်ိဳးေထာင္ေပးနိုင္မွာျဖစ္ၿပီး သူ လိုအပ္ေ္နတဲ့ ပြဲကစားခ်ိန္ကိုလည္း ပိုၿပီး ေပးနိုင္မယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္။ သူသာ ခ်ဲလ္ဆီး ဒါမွမဟုတ္ မန္စီးတီးကို သြားခဲ့မယ္ဆိုရင္ ဖိအားေတြက သူ႔အေပၚကို ခ်က္ခ်င္းေရာက္လာမွာျဖစ္တဲ့အတြက္ သူ တန္းၿပီး ေျခစြမ္းျပနိုင္မွာ မဟုတ္ပါဘူး။ သူ အဲဒီလိုနဲ႔ ေဘးေရာက္သြားၿပီး တျခားတစ္ေယာက္က သူ႔ေနရာ ဝင္ယူသြားပါလိမ့္မယ္”

“လီဗာပူးလ္က လူစာရင္းပိုေသးငယ္တာေၾကာင့္ သူ႔အတြက္ အကူအညီျဖစ္ေစပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဂလင္း ဂၽြန္ဆန္က အဓိကၿပိဳင္ဘက္အသင္းေတြရဲ့ ေငြေၾကးသုံးစြဲေနမႈနဲ႔ပတ္သက္ၿပီး ေျပာစရာရွိေနတာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က ယခုရာသီမွာ ကြင္းလယ္အင္အားေတာင့္တင္းေၾကာင္းကို လိဂ္ပြဲစဥ္ ၇ ပြဲမွာ မတူညီတဲ့ ကြင္းလယ္ေရြးခ်ယ္စရာ အေျပာင္းအလဲ ၈ ခုနဲ႔ စတင္ခဲ့ၿပီး အသင္းရဲ့လူစာရင္းကို အထင္ႀကီးေအာင္ ျပဳလုပ္ျပနိုင္ဖို႔ အခြင့္အေရးေပးခ်င္တဲ့ဆႏၵရွိေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

ဘာမင္ဂမ္အသင္းဟာ ဘယ္လင္ဂမ္ကို ေပါင္ ၂၅ သန္းနဲ႔ ဘြန္ဒက္စ္လီဂါအသင္းထံ ေရာင္းခ်ခဲ့ရာမွာ ေရာင္းေၾကးရရွိမယ့္အခ်က္ထည့္သြင္းနိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္အေျပာင္းအေရႊ႕ျပဳလုပ္ရင္ အက်ိဳးအျမတ္ ရရွိဦးမွာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီ ေဒါ့မြန္အသင္းနဲ႔ ပြဲဦးထြက္ရာသီမွာပဲ ဥေရာပရဲ့ အလားအလာအရွိဆုံး ပါရမီရွင္ ကစားသမားေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသနိုင္ခဲ့သူျဖစ္ၿပီး ယခုရာသီမွာလည္း ၁၁ ပြဲပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.