Premier League

အာတီတာကို တူဟယ်ထက် ပိုကောင်းလို့ တစ်လတာအကောင်းဆုံးနည်းပြဖြစ်ခဲ့တယ်ဆိုနေကြ

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေဟာ ၎င်းတို့ရဲ့နည်းပြကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘရန့်တ်ဖို့ဒ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကို ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယား အောက်ခြေမှာ တစ်လလောက် ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီထက် ပိုဆိုးတာက အာဆင်နယ်အသင်းဟာ သြဂုတ်လ တစ်လလုံးမှာ တစ်ဂိုးတောင် မသွင်းနိုင်ခဲ့ဘဲ အမ်းမရိတ်စ်က တိုက်စစ်မှာ ဖန်တီးနိုင်စွမ်းတွေ လုံးဝ သေဆုံးနေခဲ့သလို ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလ နိုင်ငံတကာပွဲစဉ် အားလပ်ရက်တွေအပြီးမှာ အာဆင်နယ်အသင်းဟာ မတူညီတဲ့အသင်းတစ်သင်းပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး အာတီတာရဲ့ အမ်းမရိတ်စ်က ပရောဂျက်ဟာ နောက်ဆုံးမှာတော့ စတင်ပြီး အသက်ဝင်လှုပ်ရှားလာခဲ့ပုံ ပေါ်ပါတယ်။ နောဝစ်ချ်နဲ့ ဘန်လေကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့လက မြောက်လန်ဒန်ဒါဘီမှာ အလွန်ကောင်းမွန်တဲ့ခြေစွမ်းနဲ့ တော့တင်ဟမ်ဟော့စပါးကို ၃-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ စမစ်ရိုး၊ ဘူကာယို ဆာကာတို့၊ အသင်းခေါင်းဆောင် အူဘာမီယန်းတို့ဆီက သွင်းဂိုးတွေနဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ပထမပိုင်းမှာပဲ အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်ကွင်းထဲမှာ ပြင်းထန်တဲ့ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေနိုင်တဲ့ ကြီးမားတဲ့အင်အားမျိုးနဲ့ ကစားပြခဲ့တာဖြစ်ပါတယ်။

အဲဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ စက်တင်ဘာလကို ၁၀၀ ရာခိုင်နှုန်း အနိုင်စံချိန်နဲ့ ပြီးဆုံးနိုင်ခဲ့ပြီး အာတီတာဟာ ၎င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေဟာ ၎င်းတို့ရဲ့နည်းပြက အစောပိုင်း ဆိုးရွားတဲ့စတင်မှုကို တုံ့ပြန်နိုင်ခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး တော်တော်လေး ဂုဏ်ယူခဲ့ကြပြီး တွစ်တာလူမှုကွန်ရက်မှာ ချီူးကျူးဂုဏ်ပြုစကားတွေ အုံနဲ့ကျင်းနဲ့ တက်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အတွက်ကတော့ တူဟယ်ထက် ပိုကောင်းပါတယ်”လို့ ဟိုဆေးလို့ အမည်ရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ငါ့ရဲ့နည်းပြကွ။ အာတီတာ ထွက်သွားဆိုတဲ့ ကောင်တွေက အခုအထိ ဝါးလုံးခေါင်းထဲ လသာနေကြတုန်းပဲ”လို့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

“ဒီဆုက အားလုံး အတူတူ ခက်ခဲတဲ့ အခိုက်အတံ့မှာ အကောင်းမြင်စိတ်နဲ့ ဆက်ပြီး မှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာ၊ မှန်ကန်တဲ့ ရည်မှန်းချက်၊ မှန်ကန်တဲ့အလုပ်နဲ့ ဦးတည်ချက်တွေနဲ့ အလုပ်လုပ်ခဲ့တာကို ကိုယ်စားပြုတယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီဆုက သူတို့အတွက်ပါ။ ကျွန်တော် ဆုရပေမယ့် ဒီဆုက နောက်ကွယ်က လူတွေအားလုံးအတွက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းနည္းျပ အာတီတာဟာ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္ရဲ႕ တစ္လတာ အေကာင္းဆုံးနည္းျပအျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီး အာဆင္နယ္ပရိသတ္ေတြဟာ ၎တို႔ရဲ႕နည္းျပကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဘရန႔္တ္ဖို႔ဒ္၊ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ကို ၃ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္အမွတ္ေပးဇယား ေအာက္ေျခမွာ တစ္လေလာက္ ရပ္တည္ခဲ့ရတာျဖစ္ပါတယ္။ အဲဒီထက္ ပိုဆိုးတာက အာဆင္နယ္အသင္းဟာ ၾသဂုတ္လ တစ္လလုံးမွာ တစ္ဂိုးေတာင္ မသြင္းႏိုင္ခဲ့ဘဲ အမ္းမရိတ္စ္က တိုက္စစ္မွာ ဖန္တီးႏိုင္စြမ္းေတြ လုံးဝ ေသဆုံးေနခဲ့သလို ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီလ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ေတြအၿပီးမွာ အာဆင္နယ္အသင္းဟာ မတူညီတဲ့အသင္းတစ္သင္းပုံစံနဲ႔ ျပန္လာႏိုင္ခဲ့ၿပီး အာတီတာရဲ႕ အမ္းမရိတ္စ္က ပေရာဂ်က္ဟာ ေနာက္ဆုံးမွာေတာ့ စတင္ၿပီး အသက္ဝင္လႈပ္ရွားလာခဲ့ပုံ ေပၚပါတယ္။ ေနာဝစ္ခ်္နဲ႔ ဘန္ေလကို ၁-၀ နဲ႔ ခက္ခက္ခဲခဲ အႏိုင္ယူခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့လက ေျမာက္လန္ဒန္ဒါဘီမွာ အလြန္ေကာင္းမြန္တဲ့ေျခစြမ္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးကို ၃-၁ နဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ စမစ္႐ိုး၊ ဘူကာယို ဆာကာတို႔၊ အသင္းေခါင္းေဆာင္ အူဘာမီယန္းတို႔ဆီက သြင္းဂိုးေတြနဲ႔ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကို ပထမပိုင္းမွာပဲ အျပတ္အသတ္ ေခ်မႈန္းႏိုင္ခဲ့တာျဖစ္ၿပီး အမ္းမရိတ္စ္ကြင္းထဲမွာ ျပင္းထန္တဲ့ပတ္ဝန္းက်င္တစ္ခု ျဖစ္ေပၚလာေစႏိုင္တဲ့ ႀကီးမားတဲ့အင္အားမ်ိဳးနဲ႔ ကစားျပခဲ့တာျဖစ္ပါတယ္။

အဲဒီႏိုင္ပြဲေၾကာင့္ အာဆင္နယ္အသင္းဟာ စက္တင္ဘာလကို ၁၀၀ ရာခိုင္ႏႈန္း အႏိုင္စံခ်ိန္နဲ႔ ၿပီးဆုံးႏိုင္ခဲ့ၿပီး အာတီတာဟာ ၎ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးနည္းျပဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ပရိသတ္ေတြဟာ ၎တို႔ရဲ႕နည္းျပက အေစာပိုင္း ဆိုး႐ြားတဲ့စတင္မႈကို တုံ႔ျပန္ႏိုင္ခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေလး ဂုဏ္ယူခဲ့ၾကၿပီး တြစ္တာလူမႈကြန္ရက္မွာ ခ်ီဴးက်ဴးဂုဏ္ျပဳစကားေတြ အုံနဲ႔က်င္းနဲ႔ တက္လာခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္ကေတာ့ တူဟယ္ထက္ ပိုေကာင္းပါတယ္”လို႔ ဟိုေဆးလို႔ အမည္ရတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ငါ့ရဲ႕နည္းျပကြ။ အာတီတာ ထြက္သြားဆိုတဲ့ ေကာင္ေတြက အခုအထိ ဝါးလုံးေခါင္းထဲ လသာေနၾကတုန္းပဲ”လို႔ ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။

“ဒီဆုက အားလုံး အတူတူ ခက္ခဲတဲ့ အခိုက္အတံ့မွာ အေကာင္းျမင္စိတ္နဲ႔ ဆက္ၿပီး မွန္ကန္တဲ့စိတ္ပိုင္းဆိုင္ရာ၊ မွန္ကန္တဲ့ ရည္မွန္းခ်က္၊ မွန္ကန္တဲ့အလုပ္နဲ႔ ဦးတည္ခ်က္ေတြနဲ႔ အလုပ္လုပ္ခဲ့တာကို ကိုယ္စားျပဳတယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ ဒီဆုက သူတို႔အတြက္ပါ။ ကြၽန္ေတာ္ ဆုရေပမယ့္ ဒီဆုက ေနာက္ကြယ္က လူေတြအားလုံးအတြက္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.