Bundesliga La Liga Ligue1 Premier League Serie A

သရဲနီ၊ ကြိုးကြာနီတပ်သားတွေနဲ့ မက်ဆီ အားပြိုင်နေရတဲ့ ဘယ်လွန်ဒေါဆန်ခါတင် ၃၀ ဦးစာရင်း

လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ ထူးခြားဆန်းကြယ်တဲ့ ကစားသမားဘဝတလျှောက် ဘယ်လွန်ဒေါဆုကို ၆ ကြိမ် ရရှိခဲ့ပြီး ယခုအတည်ပြုထွက်ပေါ်လာတဲ့ ဆန်ခါတင် ၃၀ ဦးစာရင်းမှာလည်း ပရီးမီးယားလိဂ်ကစားသမားတွေအများအပြားနဲ့ အပြိုင် နောက်ထပ်တစ်ကြိမ် ထပ်မံရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီအနေနဲ့ သတ္တမအကြိမ်မြောက် ဘယ်လွန်ဒေါကို ရရှိဖို့အတွက် ယှဉ်ပြိုင်ရမယ့် ဆန်ခါတင်စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေချိန်မှာ ပရီးမီးယားလိဂ်ကြယ်ပွင့်အများအပြားဆီကနေ ယှဉ်ပြိုင်မှုတွေ ရင်ဆိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

၂၀၁၉ ဘယ်လွန်ဒေါတုန်းက အဆင့် ၄ နေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ယခုနှစ်မှာတော့ မက်ဆီနဲ့ အပြိုင် ရရှိသွားဖို့အတွက် တစ်ကြိုပေးခြင်း ခံထားရသူဖြစ်ပြီး ယခုနှစ် လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ထိပ်တန်းခြေစွမ်း ပြသနေပြီး ထွက်ပေါ်လာတဲ့ ဆန်ခါတင် ၃၀ ဦးစာရင်းထဲမှာ ပရီးမီးယားလိဂ်က ချဲလ်ဆီး၊ မန်ချက်စတာစီးတီးအသင်းက ကစားသမားတွေ အနည်းဆုံး ၅ ဦးစီ ပါဝင်နေတာကို မြင်တွေ့ရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ လူစာရင်းထဲက အက်ဇ်ပလီကွေတာ၊ ကွန်တေ၊ ဂျော်ဂျင်ညိုနဲ့ မေဆန် မောင့်တို့ ဆန်ခါတင်စာရင်းထဲ ပါဝင်လာပြီး ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ၂၄ ဂိုးသွင်းယူပေးပြီး အင်တာမီလန်ကို ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေဖလား ပြန်လည်ရယူပေးခဲ့တဲ့ ပေါင်၉၇.၅ သန်းတန်တိုက်စစ်မှူး လူကာကူကလည်း ပါဝင်နေပါတယ်။

ဒါပေမယ့်လည်း ချန်ပီယံလိဂ်ပွဲစဉ် ၁၂ ပွဲမှာ ၁၀ ပွဲအထိ ပေးဂိုးမရှိ စံချိန်ရရှိခဲ့တဲ့ မန်ဒီအတွက်တော့ ဆန်ခါတင်စာရင်းထဲမှာ နေရာမရှိခဲ့ဘဲ အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ဖလားကို ရရှိခဲ့တဲ့ ဒွန်နာရမ်းမားတစ်ဦးတည်းသာ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်တဲ့ တစ်ဦးတည်းသော ဂိုးသမား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကတော့ ဂွါဒီယိုလာ ကိုင်တွယ်ပြီးကတည်းက နှစ်တိုင်း ကစားသမားတွေ ဆန်ခါတင်စာရင်းထဲ ပါဝင်တဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး ရူဘင် ဒီယက်စ်၊ မာရက်ဇ်၊ ဒီဘရိုင်းနား၊ စတာလင်းနဲ့ ဖီးလ် ဖိုဒန်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံအတွက် အားကောင်းတဲ့နှစ်တစ်နှစ်ဖြစ်အောင် ကူညီပေးခဲ့ပြီးနောက် ဆန်ခါတင်စာရင်းထဲ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပေါ်တူဂီကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကလည်း ၎င်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၂၃ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့တဲ့ ဟာရီ ကိန်းကတော့ မေဆန် မောင့်၊ စတာလင်းတို့နဲ့အတူ ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော အင်္ဂလိပ်ကစားသမားဖြစ်ခဲ့ပါတယ်။ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကလည်း ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုး ၄၁ ဂိုးနဲ့ ဂတ် မူလာရဲ့စံချိန်ကို ချိုးဖျက်ခဲ့ပြီါ်နောက် ဘယ်လွန်ဒေါဆုအတွက် ထိပ်ဆုံးကနေ စိန်ခေါ်သူတွေထဲမှာ ပါဝင်လိမ့်မယ်လို့ ထင်မြင်ရပါတယ်။

၂၀၂၀ မှာ ကိုဗစ်ကြောင့် ဆုပေးပွဲ မကျင်းပခဲ့တာက လီဗန်ဒေါ့ဗ်စကီးအတွက် ကျိန်းသေပေါက် ဆုရမယ့်နှစ်မှ လွဲချော်ခဲ့တာဖြစ်ပြီး အခု အတည်ပြုကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် ဘယ်လွန်ဒေါဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဆီဇာ အက်ဇ်ပလီကွေတာ(စပိန်၊ ချဲလ်ဆီး)

နီကိုလို ဘာရယ်လာ(အီတလီ၊ အင်တာမီလန်)

ကာရင် ဘန်ဇီးမား(ပြင်သစ်၊ ရီးရဲလ်မက်ဒရစ်)

လီယိုနာဒို ဘိုနူချီ(အီတလီ၊ ဂျူဗင်တပ်)

ကီဗင် ဒီ ဘရိုင်းနား(ဘယ်လ်ဂျီယံ၊ မန်ချက်စတာစီးတီး)

ဂျော်ဂျီယို ခေလီနီ(အီတလီ၊ ဂျူဗင်တပ်)

ခရစ္စတီယာနို ရော်နယ်ဒို(ပေါ်တူဂီ၊ မန်ချက်စတာယူနိုက်တက်)

ရူဘင် ဒီယက်စ်(ပေါ်တူဂီ၊ မန်ချက်စတာစီးတီး)

ဒွန်နာရမ်းမား(အီတလီ၊ ပီအက်စ်ဂျီ)

ဘရူနို ဖာနန်ဒက်စ်(ပေါ်တူဂီ၊ မန်ချက်စတာယူနိုက်တက်)

ဖီးလ် ဖိုဒန်(အင်္ဂလန်၊ မန်ချက်စတာစီးတီး)

အာလင်း ဟာလန်း(နော်ဝေ၊ ဒေါ့မွန်)

ဟာရီ ကိန်း(အင်္ဂလန်၊ တော့တင်ဟမ်)

ဂျော်ဂျင်ညို(အီတလီ၊ ချဲလ်ဆီး)

အန်ဂိုလို ကွန်တေ(ပြင်သစ်၊ ချဲလ်ဆီး)

ဆီမွန် ကရား(ဒိန်းမတ်၊ အေစီမီလန်)

ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ပိုလန်၊ ဘိုင်ယန်မြူးနစ်)

လူကာကူး(ဘယ်လ်ဂျီယံ၊ ချဲလ်ဆီး)

မာရက်ဇ်(အယ်လ်ဂျီးရီးယား၊ မန်ချက်စတာစီးတီး)

လော်တာရို မာတီနက်ဇ်(အာဂျင်တီးနား၊ အင်တာမီလန်)

ခီလီယန် အမ်ဘာပေ(ပြင်သစ်၊ ပီအက်စ်ဂျီ)

လီယွန်နယ် မက်ဆီ(အာဂျင်တီးနား၊ ပီအက်စ်ဂျီ)

လူကာ မိုဒရစ်(ခရိုအေးရှား၊ ရီးရဲလ်မက်ဒရစ်)

ဂျရတ် မိုရီနို(စပိန်၊ ဗီလာရီးရဲလ်)

မေဆန် မောင့်(အင်္ဂလန်၊ ချဲလ်ဆီး)

နေမာ(ဘရာဇီးလ်၊ ပီအက်စ်ဂျီ)

ပီဒရီ(စပိန်၊ ဘာစီလိုနာ)

မိုဟာမက် ဆာလား(အီဂျစ်၊ လီဗာပူးလ်)

ရာဟင်း စတာလင်း(အင်္ဂလန်၊ မန်ချက်စတာစီးတီး)

လူးဝစ္စ ဆွာရက်ဇ်(ဥရုဂွေး၊ အက်သလက်တီကို မက်ဒရစ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ ၎ရဲ့ ထူးျခားဆန္းၾကယ္တဲ့ ကစားသမားဘဝတေလၽွာက္ ဘယ္လြန္ေဒါဆုကို ၆ ႀကိမ္ ရရွိခဲ့ၿပီး ယခုအတည္ျပဳထြက္ေပၚလာတဲ့ ဆန္ခါတင္ ၃၀ ဦးစာရင္းမွာလည္း ပရီးမီးယားလိဂ္ကစားသမားေတြအမ်ားအျပားနဲ႔ အၿပိဳင္ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံရရွိဖို႔ ေရပန္းစားေနတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီအေနနဲ႔ သတၱမအႀကိမ္ေျမာက္ ဘယ္လြန္ေဒါကို ရရွိဖို႔အတြက္ ယွဥ္ၿပိဳင္ရမယ့္ ဆန္ခါတင္စာရင္း ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ထပ္မံရရွိဖို႔ ေရပန္းအစားဆုံးျဖစ္ေနခ်ိန္မွာ ပရီးမီးယားလိဂ္ၾကယ္ပြင့္အမ်ားအျပားဆီကေန ယွဥ္ၿပိဳင္မႈေတြ ရင္ဆိုင္ရဖြယ္ရွိေနတာျဖစ္ပါတယ္။

၂၀၁၉ ဘယ္လြန္ေဒါတုန္းက အဆင့္ ၄ ေနရာနဲ႔သာ ေက်နပ္ခဲ့ရတဲ့ လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ ယခုႏွစ္မွာေတာ့ မက္ဆီနဲ႔ အၿပိဳင္ ရရွိသြားဖို႔အတြက္ တစ္ႀကိဳေပးျခင္း ခံထားရသူျဖစ္ၿပီး ယခုႏွစ္ လီဗာပူးလ္အသင္းရဲ့ အဓိက ကစားသမားအျဖစ္ ထိပ္တန္းေျခစြမ္း ျပသေနၿပီး ထြက္ေပၚလာတဲ့ ဆန္ခါတင္ ၃၀ ဦးစာရင္းထဲမွာ ပရီးမီးယားလိဂ္က ခ်ဲလ္ဆီး၊ မန္ခ်က္စတာစီးတီးအသင္းက ကစားသမားေတြ အနည္းဆုံး ၅ ဦးစီ ပါဝင္ေနတာကို ျမင္ေတြ႕ရပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ့ ခ်န္ပီယံလိဂ္ဖလားရရွိခဲ့တဲ့ လူစာရင္းထဲက အက္ဇ္ပလီေကြတာ၊ ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေမဆန္ ေမာင့္တို႔ ဆန္ခါတင္စာရင္းထဲ ပါဝင္လာၿပီး ၿပီးခဲ့တဲ့ရာသီ စီးရီးေအမွာ ၂၄ ဂိုးသြင္းယူေပးၿပီး အင္တာမီလန္ကို ၁၀ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ စီးရီးေအဖလား ျပန္လည္ရယူေပးခဲ့တဲ့ ေပါင္၉၇.၅ သန္းတန္တိုက္စစ္မႉး လူကာကူကလည္း ပါဝင္ေနပါတယ္။

ဒါေပမယ့္လည္း ခ်န္ပီယံလိဂ္ပြဲစဥ္ ၁၂ ပြဲမွာ ၁၀ ပြဲအထိ ေပးဂိုးမရွိ စံခ်ိန္ရရွိခဲ့တဲ့ မန္ဒီအတြက္ေတာ့ ဆန္ခါတင္စာရင္းထဲမွာ ေနရာမရွိခဲ့ဘဲ အီတလီအသင္းနဲ႔ ယူရို ၂၀၂၀ ဖလားကို ရရွိခဲ့တဲ့ ဒြန္နာရမ္းမားတစ္ဦးတည္းသာ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္တဲ့ တစ္ဦးတည္းေသာ ဂိုးသမား ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကေတာ့ ဂြါဒီယိုလာ ကိုင္တြယ္ၿပီးကတည္းက ႏွစ္တိုင္း ကစားသမားေတြ ဆန္ခါတင္စာရင္းထဲ ပါဝင္တဲ့ အစဥ္အလာကို ဆက္လက္ထိန္းသိမ္းခဲ့ၿပီး ႐ူဘင္ ဒီယက္စ္၊ မာရက္ဇ္၊ ဒီဘရိုင္းနား၊ စတာလင္းနဲ႔ ဖီးလ္ ဖိုဒန္တို႔ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံအတြက္ အားေကာင္းတဲ့ႏွစ္တစ္ႏွစ္ျဖစ္ေအာင္ ကူညီေပးခဲ့ၿပီးေနာက္ ဆန္ခါတင္စာရင္းထဲ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ရဲ့ ေပၚတူဂီၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ခရစၥတီယာနို ေရာ္နယ္ဒိုနဲ႔ ဘ႐ူနို ဖာနန္ဒက္စ္တို႔ကလည္း ၎တို႔ရဲ့ ႀကိဳးစားအားထုတ္မႈအတြက္ အသိအမွတ္ျပဳျခင္းခံခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ၂၃ ဂိုးသြင္းၿပီး ေရႊဖိနပ္ဆုရခဲ့တဲ့ ဟာရီ ကိန္းကေတာ့ ေမဆန္ ေမာင့္၊ စတာလင္းတို႔နဲ႔အတူ ဆန္ခါတင္စာရင္းထဲ ပါဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ အဂၤလိပ္ကစားသမားျဖစ္ခဲ့ပါတယ္။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကလည္း ၿပီးခဲ့တဲ့ရာသီ ဘြန္ဒက္စ္လီဂါမွာ သြင္းဂိုး ၄၁ ဂိုးနဲ႔ ဂတ္ မူလာရဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ၿပီၚေနာက္ ဘယ္လြန္ေဒါဆုအတြက္ ထိပ္ဆုံးကေန စိန္ေခၚသူေတြထဲမွာ ပါဝင္လိမ့္မယ္လို႔ ထင္ျမင္ရပါတယ္။

၂၀၂၀ မွာ ကိုဗစ္ေၾကာင့္ ဆုေပးပြဲ မက်င္းပခဲ့တာက လီဗန္ေဒါ့ဗ္စကီးအတြက္ က်ိန္းေသေပါက္ ဆုရမယ့္ႏွစ္မွ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အခု အတည္ျပဳေၾကညာခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြက္ ဘယ္လြန္ေဒါဆုအတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ဆီဇာ အက္ဇ္ပလီေကြတာ(စပိန္၊ ခ်ဲလ္ဆီး)

နီကိုလို ဘာရယ္လာ(အီတလီ၊ အင္တာမီလန္)

ကာရင္ ဘန္ဇီးမား(ျပင္သစ္၊ ရီးရဲလ္မက္ဒရစ္)

လီယိုနာဒို ဘိုႏူခ်ီ(အီတလီ၊ ဂ်ဴဗင္တပ္)

ကီဗင္ ဒီ ဘရိုင္းနား(ဘယ္လ္ဂ်ီယံ၊ မန္ခ်က္စတာစီးတီး)

ေဂ်ာ္ဂ်ီယို ေခလီနီ(အီတလီ၊ ဂ်ဴဗင္တပ္)

ခရစၥတီယာနို ေရာ္နယ္ဒို(ေပၚတူဂီ၊ မန္ခ်က္စတာယူနိုက္တက္)

႐ူဘင္ ဒီယက္စ္(ေပၚတူဂီ၊ မန္ခ်က္စတာစီးတီး)

ဒြန္နာရမ္းမား(အီတလီ၊ ပီအက္စ္ဂ်ီ)

ဘ႐ူနို ဖာနန္ဒက္စ္(ေပၚတူဂီ၊ မန္ခ်က္စတာယူနိုက္တက္)

ဖီးလ္ ဖိုဒန္(အဂၤလန္၊ မန္ခ်က္စတာစီးတီး)

အာလင္း ဟာလန္း(ေနာ္ေဝ၊ ေဒါ့မြန္)

ဟာရီ ကိန္း(အဂၤလန္၊ ေတာ့တင္ဟမ္)

ေဂ်ာ္ဂ်င္ညိဳ(အီတလီ၊ ခ်ဲလ္ဆီး)

အန္ဂိုလို ကြန္ေတ(ျပင္သစ္၊ ခ်ဲလ္ဆီး)

ဆီမြန္ ကရား(ဒိန္းမတ္၊ ေအစီမီလန္)

ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး(ပိုလန္၊ ဘိုင္ယန္ျမဴးနစ္)

လူကာကူး(ဘယ္လ္ဂ်ီယံ၊ ခ်ဲလ္ဆီး)

မာရက္ဇ္(အယ္လ္ဂ်ီးရီးယား၊ မန္ခ်က္စတာစီးတီး)

ေလာ္တာရို မာတီနက္ဇ္(အာဂ်င္တီးနား၊ အင္တာမီလန္)

ခီလီယန္ အမ္ဘာေပ(ျပင္သစ္၊ ပီအက္စ္ဂ်ီ)

လီယြန္နယ္ မက္ဆီ(အာဂ်င္တီးနား၊ ပီအက္စ္ဂ်ီ)

လူကာ မိုဒရစ္(ခရိုေအးရွား၊ ရီးရဲလ္မက္ဒရစ္)

ဂ်ရတ္ မိုရီနို(စပိန္၊ ဗီလာရီးရဲလ္)

ေမဆန္ ေမာင့္(အဂၤလန္၊ ခ်ဲလ္ဆီး)

ေနမာ(ဘရာဇီးလ္၊ ပီအက္စ္ဂ်ီ)

ပီဒရီ(စပိန္၊ ဘာစီလိုနာ)

မိုဟာမက္ ဆာလား(အီဂ်စ္၊ လီဗာပူးလ္)

ရာဟင္း စတာလင္း(အဂၤလန္၊ မန္ခ်က္စတာစီးတီး)

လူးဝစၥ ဆြာရက္ဇ္(ဥ႐ုေဂြး၊ အက္သလက္တီကို မက္ဒရစ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.