Premier League

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ပရီးမီးယားလိဂ်က ရွေးချယ်တဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဒီပြိုင်ပွဲကို တစ်ကျော့ပြန် ခြေချချချင်းမှာပဲ စက်တင်ဘာလအတွက် ရယူသွားနိုင်ခဲ့ပြီလို့ သိရပါတယ်။

နယူးကာဆယ်လ်နဲ့ ပွဲမှာ စတင်ပွဲထွက်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးဟာ သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ်ပွဲထွက်မှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်တစ်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း တစ်ဂိုး ရယူနိုင်ခဲ့ပြီး ကျန်တဲ့ နှစ်ပွဲမှာတော့ ကစားပုံက ရှေ့နှစ်ပွဲလို မကောင်းခဲ့ပေမယ့် ၄ ပွဲမှာ ၃ ဂိုးသွင်းတဲ့ မှတ်တမ်းကို ရရှိခဲ့တာပါ။

တိုက်ဆိုင်မှုတစ်ရပ်အဖြစ်တော့ မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီသားတွေရဲ့ ကံစပ်မှုဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ဒီဆုကို ရယူနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ရောက်ရောက်ချင်းလမှာ ဆွတ်ခူးခဲ့မှုလိုပဲ ရော်နယ်လ်ဒိုအနေနဲ့ တူညီစွာ ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီသားကြီးအတွက် ဒီလမှာ ပြိုင်ဘက်တွေဖြစ်ကြတဲ့ မန်စီးတီးရဲ့ ဂျာအို ကန်ဆယ်လို၊ ချဲလ်ဆီးရဲ့ အန်တိုနီယို ရူဒီဂါ၊ နယူးကာဆယ်လ်ရဲ့ အယ်လန် စန်မက်ဇီမန်၊ လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလားနဲ့ ဝတ်ဖို့ဒ်ရဲ့ အစ္စမိုင်လာ ဆားရ်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီးမှာ သူ့ရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုကို ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာပါ။

ရော်နယ်လ်ဒိုအနေနဲ့ ဒီဆုကို အများဆုံး ရရှိသူစာရင်းမှာ တတိယမြောက်အဖြစ်လည်း ရော်ဘင် ဗန်ပါစီ၊ ဝိန်းရွန်နီတို့နဲ့ ၅ ကြိမ်စီပူးတွဲရပ်တည်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပထမအကြိမ် ကစားစဉ်မှာ ၂၀၀၆ နိုဝင်ဘာနဲ့ ဒီဇင်ဘာ၊ ၂၀၀၈ ဇန်နဝါရီနဲ့ မတ်လတွေမှာ လေးကြိမ် ဆွတ်ခူးထားဖူးခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ပရီးမီးယားလိဂ္က ေ႐ြးခ်ယ္တဲ့ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို ဒီၿပိဳင္ပြဲကို တစ္ေက်ာ့ျပန္ ေျခခ်ခ်ခ်င္းမွာပဲ စက္တင္ဘာလအတြက္ ရယူသြားႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။

နယူးကာဆယ္လ္နဲ႔ ပြဲမွာ စတင္ပြဲထြက္ခဲ့တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးဟာ သူ႔ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ပြဲထြက္မွာ ႏွစ္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ေနာက္တစ္ပြဲျဖစ္တဲ့ ဝက္စ္ဟမ္းအသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာလည္း တစ္ဂိုး ရယူႏိုင္ခဲ့ၿပီး က်န္တဲ့ ႏွစ္ပြဲမွာေတာ့ ကစားပုံက ေရွ႕ႏွစ္ပြဲလို မေကာင္းခဲ့ေပမယ့္ ၄ ပြဲမွာ ၃ ဂိုးသြင္းတဲ့ မွတ္တမ္းကို ရရွိခဲ့တာပါ။

တိုက္ဆိုင္မႈတစ္ရပ္အျဖစ္ေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေပၚတူဂီသားေတြရဲ႕ ကံစပ္မႈျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလက ဒီဆုကို ရယူႏိုင္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေရာက္ေရာက္ခ်င္းလမွာ ဆြတ္ခူးခဲ့မႈလိုပဲ ေရာ္နယ္လ္ဒိုအေနနဲ႔ တူညီစြာ ရယူသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေပၚတူဂီသားႀကီးအတြက္ ဒီလမွာ ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ မန္စီးတီးရဲ႕ ဂ်ာအို ကန္ဆယ္လို၊ ခ်ဲလ္ဆီးရဲ႕ အန္တိုနီယို ႐ူဒီဂါ၊ နယူးကာဆယ္လ္ရဲ႕ အယ္လန္ စန္မက္ဇီမန္၊ လီဗာပူးလ္ရဲ႕ မိုဟာမက္ ဆာလားနဲ႔ ဝတ္ဖို႔ဒ္ရဲ႕ အစၥမိုင္လာ ဆားရ္တို႔နဲ႔ ယွဥ္ၿပိဳင္ခဲ့ရၿပီးမွာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံးဆုကို ၅ ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့တာပါ။

ေရာ္နယ္လ္ဒိုအေနနဲ႔ ဒီဆုကို အမ်ားဆုံး ရရွိသူစာရင္းမွာ တတိယေျမာက္အျဖစ္လည္း ေရာ္ဘင္ ဗန္ပါစီ၊ ဝိန္း႐ြန္နီတို႔နဲ႔ ၅ ႀကိမ္စီပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ပထမအႀကိမ္ ကစားစဥ္မွာ ၂၀၀၆ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာ၊ ၂၀၀၈ ဇန္နဝါရီနဲ႔ မတ္လေတြမွာ ေလးႀကိမ္ ဆြတ္ခူးထားဖူးခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.