Article La Liga Other Leagues Premier League

၂၁ ရာစုရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်း ၅ သင်း

ခေတ်အဆက်ဆက် အရမ်းကောင်းတဲ့ဘောလုံးအသင်းတွေက ကျွန်တော်တို့ရဲ့ အမြင်အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဂျိုဟန် ခရိုက်ဖ်ရဲ့ ဘာစီလိုနာအိပ်မက်အသင်း၊ လူးဝစ္စ ဗန်ဟားလ်ရဲ့ လူငယ်တွေနဲ့ပြည့်နေတဲ့ အေဂျက်အသင်းတို့က ၉၀ ကျော်ကာလတွေရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အသင်းတွေပါ။

၂၁ ရာစုကို ရောက်ရှိလာပြီးကတည်းက အမှတ်ရဖွယ်စွမ်းဆောင်ရည်တွေ၊ အောင်မြင်မှုတွေနဲ့ အားလုံးရဲ့ စိတ်အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့အသင်း ၅ သင်းက ဘယ်အသင်းတွေများဖြစ်မလဲ…

၅။ အေဂျက်(၂၀၁၈-၂၀၁၉)

၂၀၁၈-၂၀၁၉ ရာသီမှာ မြင်တွေ့ခဲ့ရတဲ့ အဲရစ် တန်း ဟက်ဂ်ရဲ့ အသင်းက စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပြီး ဖရန်ကီ ဒီ ဂျောင်၊ ဒီ လိုက်တ်၊ ဗန်ဒီဘိခ်၊ ဟာကင်း ဇီယက်ရှ်၊ ဒေးဗစ် နီးရက်စ်တို့အပါအဝင် လူငယ်ပါရမီရှင်တွေ တင်းကြမ်းပြည့်နေခဲ့တာပါ။ ဒီအစုအဖွဲ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်၊ ဘောလုံးအပေးအယူ သပ်ရပ်တာ၊ ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်တာတွေက ပြိုင်ဘက်အသင်းအပေါ် လုံးဝလွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲရစ် တန်း ဟက်ဂ်ရဲ့လူငယ်အစုအဖွဲ့ဟာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ စပါးကို ကပ်ရှုံးလို့ ဗိုလ်လုပွဲမတက်ခဲ့ရပေမယ့် ပြည်တွင်းဖလား ၂ လုံးရခဲ့ပါတယ်။

၄။ လီဗာပူးလ်(၂၀၁၈-လက်ရှိ)

ကလော့ပ် တည်ဆောက်ခဲ့တဲ့ မယုံနိုင်ဖွယ်အသင်းဟာ အလွန်ထက်မြက်ပြီး၊ ဘောလုံးအမြန်ပေး၊ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဖိအားပြင်းပြင်းပေး၊ တိုက်စစ်တရကြမ်းဆင်တတ်တဲ့အသင်းပါ။ မို ဆာလား၊ မာနေးတို့ ပါဝင်တဲ့ တိုက်စစ်အတွဲနဲ့ လီဗာပူးလ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အောင်မြင်မှုတွေ ကြီးကြီးမားမား ရခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ရာသီမှာ ချန်ပီယံလိဂ်ရပြီး နောက်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ရခဲ့သလို ယူအီးအက်ဖ် စူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကိုလည်း ရခဲ့ပါတယ်။

၃။ ရီးရဲလ်မက်ဒရစ်(၂၀၁၅-၂၀၁၈)

ရီးရဲလ်မက်ဒရစ်ရဲ့ ဒီ ၃ နှစ်ထဲမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေက မယုံနိုင်စရာဖြစ်ပြီး ချန်ပီယံလိဂ်ကို ၃ နှစ်ဆက်ရတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်ဟာ လာလီဂါဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၂ ကြိမ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလား ၂ ကြိမ် အပါအဝင် ဖလားတွေအများအပြားရခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်ကို ဘန်ဇီးမားနဲ့ ဘေးလ်တို့က အထောက်အပံ့ပေးခဲ့ပြီး မိုဒရစ်၊ ခရူးစ်၊ ကက်စ်မဲရိုးတို့နဲ့ အလိုက်ဖက်ဆုံးဖြစ်ခဲ့ပါတယ်။ နည်းပြ ဇီဒန်ကလည်း နည်းဗျူဟာထက်မြက်သူဖြစ်ကြောင်း သက်သေပြခဲ့လို့ ဥရောပမှာ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ၃ နှစ်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။

၂။ မန်ချက်စတာစီးတီး(၂၀၁၇-လက်ရှိ)

အခုအချိန် မန်ချက်စတာစီးတီးလောက် ဥရောပမှာ စိတ်လှုပ်ရှားစရာ ဘောလုံးကစားပုံမျိုး ဘယ်သူမှ မလုပ်နိုင်ပါဘူး။ မန်စီးတီးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ဂွါဒီယိုလာလက်အောက်မှာ ကြီးမားတဲ့တပ်ဖွဲ့တစ်ခုဖြစ်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအခြေခံပြီး ပြင်လွယ်ပြောင်းလွယ်စနစ်ဟာ အင်္ဂလိပ်နဲ့ ဥရောပဘောလုံးပြိုင်ပွဲမှာပါ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဂွါဒီိယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ကို ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ရရှိခဲ့ပြီး ကားလင်းဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်တို့ကိုလည်း ရရှိခဲ့ပါတယ်။

၁။ ဘာစီလိုနာ(၂၀၀၈-၂၀၁၂)

ဘောလုံးသမိုင်းမှာ အကောင်းဆုံးအသင်းဆိုတာ ငြင်းစရာမရှိခဲ့တဲ့ ဂန္တဝင်ဘာစီလိုနာအသင်းဖြစ်ပြီး ဂွါဒီယိုလာရဲ့ဦးဆောင်မှုအောက်က တီကီတာကာကစားကွက်နဲ့ ကမ္ဘာ့ဘောလုံးလောကကို တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဘာစီလိုနာဟာ ပြိုင်ဘက်အသင်းတွေကို လွယ်လွယ်နဲ့ ခွေးရူးကစားသလို ကစားပြီး အဓိက ဆုဖလားတွေ ရယူသွားခဲ့တာပါ။ တစ်နှစ်အတွင်း ဆုဖလား ၆ လုံးအထိ ရရှိတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ချန်ပီယံလိဂ်၊ လာလီဂါ၊ ကိုပါဒယ်ရေး၊ ကလပ်ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ် စူပါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရရှိခဲ့တာပါ။ ဂွါဒီယိုလာဟာ ၂၀၁၂ ခုနှစ်မှာ အသင်းကို မစွန့်ခွာမီ ၄ နှစ်အတွင်း ဆုဖလား ၁၄ လုံး ယူပေးသွားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေခတ္အဆက္ဆက္ အရမ္းေကာင္းတဲ့ေဘာလုံးအသင္းေတြက ကၽြန္ေတာ္တို႔ရဲ့ အျမင္အာ႐ုံကို ဆြဲေဆာင္ထားနိုင္ခဲ့ၿပီး ဂ်ိဳဟန္ ခရိုက္ဖ္ရဲ့ ဘာစီလိုနာအိပ္မက္အသင္း၊ လူးဝစၥ ဗန္ဟားလ္ရဲ့ လူငယ္ေတြနဲ႔ျပည့္ေနတဲ့ ေအဂ်က္အသင္းတို႔က ၉၀ ေက်ာ္ကာလေတြရဲ့ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး အသင္းေတြပါ။

၂၁ ရာစုကို ေရာက္ရွိလာၿပီးကတည္းက အမွတ္ရဖြယ္စြမ္းေဆာင္ရည္ေတြ၊ ေအာင္ျမင္မႈေတြနဲ႔ အားလုံးရဲ့ စိတ္အာ႐ုံကို ဆြဲေဆာင္ထားနိုင္ခဲ့တဲ့အသင္း ၅ သင္းက ဘယ္အသင္းေတြမ်ားျဖစ္မလဲ…

၅။ ေအဂ်က္(၂၀၁၈-၂၀၁၉)

၂၀၁၈-၂၀၁၉ ရာသီမွာ ျမင္ေတြ႕ခဲ့ရတဲ့ အဲရစ္ တန္း ဟက္ဂ္ရဲ့ အသင္းက စိတ္လႈပ္ရွားစရာအေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ၿပီး ဖရန္ကီ ဒီ ေဂ်ာင္၊ ဒီ လိုက္တ္၊ ဗန္ဒီဘိခ္၊ ဟာကင္း ဇီယက္ရွ္၊ ေဒးဗစ္ နီးရက္စ္တို႔အပါအဝင္ လူငယ္ပါရမီရွင္ေတြ တင္းၾကမ္းျပည့္ေနခဲ့တာပါ။ ဒီအစုအဖြဲ႕ရဲ့ ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္၊ ေဘာလုံးအေပးအယူ သပ္ရပ္တာ၊ ျပင္းျပင္းထန္ထန္ ဖိအားေပးနိုင္တာေတြက ၿပိဳင္ဘက္အသင္းအေပၚ လုံးဝလႊမ္းမိုးနိုင္ခဲ့ပါတယ္။ အဲရစ္ တန္း ဟက္ဂ္ရဲ့လူငယ္အစုအဖြဲ႕ဟာ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္တို႔ကို အနိုင္ယူၿပီး ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ စပါးကို ကပ္ရႈံးလို႔ ဗိုလ္လုပြဲမတက္ခဲ့ရေပမယ့္ ျပည္တြင္းဖလား ၂ လုံးရခဲ့ပါတယ္။

၄။ လီဗာပူးလ္(၂၀၁၈-လက္ရွိ)

ကေလာ့ပ္ တည္ေဆာက္ခဲ့တဲ့ မယုံနိုင္ဖြယ္အသင္းဟာ အလြန္ထက္ျမက္ၿပီး၊ ေဘာလုံးအျမန္ေပး၊ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ ဖိအားျပင္းျပင္းေပး၊ တိုက္စစ္တရၾကမ္းဆင္တတ္တဲ့အသင္းပါ။ မို ဆာလား၊ မာေနးတို႔ ပါဝင္တဲ့ တိုက္စစ္အတြဲနဲ႔ လီဗာပူးလ္ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ေအာင္ျမင္မႈေတြ ႀကီးႀကီးမားမား ရခဲ့ပါတယ္။ ၂၀၁၈-၂၀၁၉ ရာသီမွာ ခ်န္ပီယံလိဂ္ရၿပီး ေနာက္ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ပထမဆုံးအႀကိမ္ရခဲ့သလို ယူအီးအက္ဖ္ စူပါဖလားနဲ႔ ဖီဖာကလပ္ကမၻာ့ဖလားကိုလည္း ရခဲ့ပါတယ္။

၃။ ရီးရဲလ္မက္ဒရစ္(၂၀၁၅-၂၀၁၈)

ရီးရဲလ္မက္ဒရစ္ရဲ့ ဒီ ၃ ႏွစ္ထဲမွာ ရရွိခဲ့တဲ့ေအာင္ျမင္မႈေတြက မယုံနိုင္စရာျဖစ္ၿပီး ခ်န္ပီယံလိဂ္ကို ၃ ႏွစ္ဆက္ရတဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ပါတယ္။ ရီးရဲလ္ဟာ လာလီဂါဖလား ၁ ႀကိမ္၊ ကလပ္ကမၻာ့ဖလား ၂ ႀကိမ္နဲ႔ ယူအီးအက္ဖ္ေအ စူပါဖလား ၂ ႀကိမ္ အပါအဝင္ ဖလားေတြအမ်ားအျပားရခဲ့ပါတယ္။ ခရစၥတီယာနို ေရာ္နယ္ဒို ဦးေဆာင္တဲ့ တိုက္စစ္ကို ဘန္ဇီးမားနဲ႔ ေဘးလ္တို႔က အေထာက္အပံ့ေပးခဲ့ၿပီး မိုဒရစ္၊ ခ႐ူးစ္၊ ကက္စ္မဲရိုးတို႔နဲ႔ အလိုက္ဖက္ဆုံးျဖစ္ခဲ့ပါတယ္။ နည္းၿပ ဇီဒန္ကလည္း နည္းဗ်ဴဟာထက္ျမက္သူျဖစ္ေၾကာင္း သက္ေသျပခဲ့လို႔ ဥေရာပမွာ တိုက္စစ္အေကာင္းဆုံးအသင္းအျဖစ္ ၃ ႏွစ္ၾကာ ရပ္တည္နိုင္ခဲ့ပါတယ္။

၂။ မန္ခ်က္စတာစီးတီး(၂၀၁၇-လက္ရွိ)

အခုအခ်ိန္ မန္ခ်က္စတာစီးတီးေလာက္ ဥေရာပမွာ စိတ္လႈပ္ရွားစရာ ေဘာလုံးကစားပုံမ်ိဳး ဘယ္သူမွ မလုပ္နိုင္ပါဘူး။ မန္စီးတီးဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက ဂြါဒီယိုလာလက္ေအာက္မွာ ႀကီးမားတဲ့တပ္ဖြဲ႕တစ္ခုျဖစ္လာခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈအေျခခံၿပီး ျပင္လြယ္ေျပာင္းလြယ္စနစ္ဟာ အဂၤလိပ္နဲ႔ ဥေရာပေဘာလုံးၿပိဳင္ပြဲမွာပါ အက်ိဳးသက္ေရာက္မႈရွိတယ္ဆိုတာ သက္ေသျပနိုင္ခဲ့ပါတယ္။ ဂြါဒီိယိုလာရဲ့အသင္းဟာ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္ကို ၿပီးခဲ့တဲ့ ၄ ႏွစ္အတြင္း ရရွိခဲ့ၿပီး ကားလင္းဖလား ၄ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္၊ ကြန္ျမဴနတီဒိုင္း ၂ ႀကိမ္တို႔ကိုလည္း ရရွိခဲ့ပါတယ္။

၁။ ဘာစီလိုနာ(၂၀၀၈-၂၀၁၂)

ေဘာလုံးသမိုင္းမွာ အေကာင္းဆုံးအသင္းဆိုတာ ျငင္းစရာမရွိခဲ့တဲ့ ဂႏၲဝင္ဘာစီလိုနာအသင္းျဖစ္ၿပီး ဂြါဒီယိုလာရဲ့ဦးေဆာင္မႈေအာက္က တီကီတာကာကစားကြက္နဲ႔ ကမၻာ့ေဘာလုံးေလာကကို တစ္ေခတ္ဆန္းေစခဲ့တာပါ။ ဘာစီလိုနာဟာ ၿပိဳင္ဘက္အသင္းေတြကို လြယ္လြယ္နဲ႔ ေခြး႐ူးကစားသလို ကစားၿပီး အဓိက ဆုဖလားေတြ ရယူသြားခဲ့တာပါ။ တစ္ႏွစ္အတြင္း ဆုဖလား ၆ လုံးအထိ ရရွိတဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာ ခ်န္ပီယံလိဂ္၊ လာလီဂါ၊ ကိုပါဒယ္ေရး၊ ကလပ္ကမၻာ့ဖလား၊ ယူအီးအက္ဖ္ စူပါဖလားနဲ႔ စပိန္စူပါဖလားတို႔ကို ရရွိခဲ့တာပါ။ ဂြါဒီယိုလာဟာ ၂၀၁၂ ခုႏွစ္မွာ အသင္းကို မစြန႔္ခြာမီ ၄ ႏွစ္အတြင္း ဆုဖလား ၁၄ လုံး ယူေပးသြားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.