Premier League

စက်တင်ဘာတစ်လတာ အကောင်းဆုံး နည်းပြဆုကို အာဆင်နယ်ရဲ့ အာတီတာ ဆွတ်ခူး

အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ စက်တင်ဘာလအတွက် အကောင်းဆုံး နည်းပြဆုကို ရယူသွားနိုင်ခဲ့ပါပြီ။ ပရီးမီးယားလိဂ်က ပေးအပ်ခဲ့တဲ့ ဒီဆုကို စပိန်သားအနေနဲ့ တစ်လတာအတွင်း ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ သရေနဲ့ ပေးဂိုးမရှိ ၂ ပွဲ ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် နည်းပြအနေနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက အာဆင်နယ်အသင်းကို ရောက်ရှိလာအပြီးမှာ အသိအမှတ်ပြုမှုတွေ ရရှိခဲ့ပေမယ့် ဒီလိုမျိုး ဂုဏ်ခံစရာ တရားဝင်ဆုမျိုးကိုတော့ ရယူနိုင်ခြင်း မရှိခဲ့သေးတာလည်းဖြစ်ပြီး ဒီနှစ် စက်တင်ဘာလကတော့ သူ့အတွက် လှပတဲ့ အလှည့်အပြောင်းတွေနဲ့ လတစ်လလည်း ဖြစ်ခဲ့တာပါ။

အာဆင်နယ်အသင်းအတွက်တော့ ဒီဆုကို ၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ နောက်ဆုံး ရရှိခဲ့တဲ့ ပြင်သစ်နည်းပြကြီး အာဆင်းဝင်းဂါးရဲ့ ဆုအပြီး ခြောက်နှစ်တိတိအကြာမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့ အသင်းခေါင်းဆောင်ဟောင်းက ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြ အာတီတာအနေနဲ့ ဒီဆုကို ရရှိဖို့အတွက် မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာ၊ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်၊ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တာ၊ အက်စတန်ဗီလာနည်းပြ ဒင်းန် စမစ်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ခုလို ရရှိနိုင်ခဲ့တဲ့အတွက် အသင်းမှာ ပါဝင်သူတွေအားလုံးကို ချီးကျူးသွားခဲ့ပြီး နည်းပြအဖွဲ့ဝင်တွေနဲ့အတူ အမှတ်တရ ဓာတ်ပုံလည်း ရိုက်ကူးသွားခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ နော့ဝစ်ချ်နဲ့ တော့တင်ဟမ်အသင်းတွေကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့တာဖြစ်ပြီး ဘန်လေကိုတော့ အဝေးကွင်းမှာ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့သလို ပြီးခဲ့တဲ့လအတွင်း Form တက်နေခဲ့တဲ့ ဘရိုက်တန်ကိုတော့ အဝေးကွင်းမှာ သရေကစားနိုင်ခဲ့လို့ နည်းပြ အာတီတာအတွက် ဒီဆုက ထိုက်တန်နိုင်ခဲ့တယ်လို့ ပြောဆိုနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ စက္တင္ဘာလအတြက္ အေကာင္းဆုံး နည္းျပဆုကို ရယူသြားႏိုင္ခဲ့ပါၿပီ။ ပရီးမီးယားလိဂ္က ေပးအပ္ခဲ့တဲ့ ဒီဆုကို စပိန္သားအေနနဲ႔ တစ္လတာအတြင္း ကစားခဲ့တဲ့ ၄ ပြဲမွာ ၃ ပြဲႏိုင္ ၁ သေရနဲ႔ ေပးဂိုးမရွိ ၂ ပြဲ ရရွိေအာင္ ကိုင္တြယ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္ နည္းျပအေနနဲ႔ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလက အာဆင္နယ္အသင္းကို ေရာက္ရွိလာအၿပီးမွာ အသိအမွတ္ျပဳမႈေတြ ရရွိခဲ့ေပမယ့္ ဒီလိုမ်ိဳး ဂုဏ္ခံစရာ တရားဝင္ဆုမ်ိဳးကိုေတာ့ ရယူႏိုင္ျခင္း မရွိခဲ့ေသးတာလည္းျဖစ္ၿပီး ဒီႏွစ္ စက္တင္ဘာလကေတာ့ သူ႔အတြက္ လွပတဲ့ အလွည့္အေျပာင္းေတြနဲ႔ လတစ္လလည္း ျဖစ္ခဲ့တာပါ။

အာဆင္နယ္အသင္းအတြက္ေတာ့ ဒီဆုကို ၆ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ စက္တင္ဘာလမွာ ေနာက္ဆုံး ရရွိခဲ့တဲ့ ျပင္သစ္နည္းျပႀကီး အာဆင္းဝင္းဂါးရဲ႕ ဆုအၿပီး ေျခာက္ႏွစ္တိတိအၾကာမွာ တိုက္တိုက္ဆိုင္ဆိုင္ပဲ သူ႔ရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းက ရယူေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

နည္းျပ အာတီတာအေနနဲ႔ ဒီဆုကို ရရွိဖို႔အတြက္ မန္စီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာ၊ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္၊ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တာ၊ အက္စတန္ဗီလာနည္းျပ ဒင္းန္ စမစ္တို႔နဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး ခုလို ရရွိႏိုင္ခဲ့တဲ့အတြက္ အသင္းမွာ ပါဝင္သူေတြအားလုံးကို ခ်ီးက်ဴးသြားခဲ့ၿပီး နည္းျပအဖြဲ႕ဝင္ေတြနဲ႔အတူ အမွတ္တရ ဓာတ္ပုံလည္း ႐ိုက္ကူးသြားခဲ့တာပါ။

အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းမွာ ေနာ့ဝစ္ခ်္နဲ႔ ေတာ့တင္ဟမ္အသင္းေတြကို အိမ္ကြင္းမွာ အႏိုင္ကစားႏိုင္ခဲ့တာျဖစ္ၿပီး ဘန္ေလကိုေတာ့ အေဝးကြင္းမွာ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိခဲ့သလို ၿပီးခဲ့တဲ့လအတြင္း Form တက္ေနခဲ့တဲ့ ဘ႐ိုက္တန္ကိုေတာ့ အေဝးကြင္းမွာ သေရကစားႏိုင္ခဲ့လို႔ နည္းျပ အာတီတာအတြက္ ဒီဆုက ထိုက္တန္ႏိုင္ခဲ့တယ္လို႔ ေျပာဆိုေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.