Analysis Premier League

လန်ဒန်ပြန်လာတော့မယ့် အေဘရာမိုဗစ်ချ် ဖြေရှင်းပေးနိုင်မယ့် ချဲလ်ဆီးရဲ့ ပုစ္ဆာ ၅ ချက်

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်အနေနဲ့ အစ္စရေးနိုင်ငံက ထုတ်ပေးတဲ့ ဗီဇာကို အသုံးပြုပြီး သုံးနှစ်အတွင်း လန်ဒန်ကို ပထမဆုံးအကြိမ် ပြန်လာတော့မယ့်အချိန်မှာ အသင်းရဲ့ လက်ရှိအခြေအနေကနေ တိုးတက်စေမယ့် ကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့ ဘာတွေ လုပ်သွားမလဲဆိုတာ မေရာသတင်းဌာနက ခန့်မှန်းဖော်ပြထားပါတယ်။

၁။ ဇန်နဝါရီ အပြောင်းအရွှေ့အစီအစဉ်
အေဘရာမိုဗစ်ချ်အနေနဲ့ မာရီနာ ဂရာနော့ဗ်စကားယာနဲ့ ပူးပေါင်းပြီး အပြောင်းအရွှေ့ဈေးကွက်မှာ ငွေသုံးဖို့နဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အထောက်အကူ ကြီးကြီးမားမား လုပ်ဆောင်ပေးဖွယ်ရှိနိုင်ပါတယ်။ နည်းပြ သောမတ်စ် တူဟယ်လ်အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ခေါ်ယူထားပြီးဖြစ်ပေမယ့် အသင်းရဲ့ တိုက်စစ်ကို ဖန်တီးပေးနိုင်မယ့် Wing Back အသစ်တစ်ယောက်နဲ့ ကွင်းလယ်မှာ ဖန်တီးမှုကို ထပ်ပေါင်းထည့်ပေးမယ့် တိုက်စစ်အားသန်ကစားသမားမျိုးကို ခေါ်ယူပေးနိုင်ပြီး အပြောင်းအရွှေ့ ဈေးကွက်က ခက်ခဲနိုင်ပေမယ့် သူ့ရဲ့ အချိတ်အဆက် အရှိန်အဝါနဲ့ လုပ်ဆောင်ပေးနိုင်မှာပါ။

၂။ ကွန်ဒီဘက် ပြန်လှည့်တော့မလား
ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်မှာ နောက်ခံလူ ဂျူးလ် ကွန်ဒီကို ဘယ်လောက်တောင် အသည်းအသန်ချဉ်းကပ်ခဲ့ပြီးမှ ဆီဗီလာရဲ့ ဈေးဆစ်မရမှုကြောင့် လက်လျှော့ခဲ့ရတယ်ဆိုတာ အားလုံးသိကြပါတယ်။ သီယာဂို ဆေးလ်ဗားရဲ့ ရေရှည်အစားထိုးမှုနဲ့ လခကြီးကြီးလိုချင်နေတဲ့ ရူဒီဂါကို ခြိမ်းခြောက်မှုအဖြစ် ကွန်ဒီဟာ အဖြေတစ်ခုဖြစ်ပြီး သူမရောက်လာခဲ့သလို့သာ ဂျာမန်သားအနေနဲ့ ဇောင်းကြွလာခဲ့တာလို့လည်း ကောက်ချက်ယူ ဆွဲတွေးနိုင်ခဲ့တာပါ။ ဆီဗီလာရဲ့ သတ်မှတ်ဈေးက ခြောက်လတာ ကာလ လျော့ကျသွားချိန်မှာ အနည်းငယ်သက်သာလာနိုင်ပြီး မိုဗစ်ချ်ရဲ့ ငွေသုံးဖို့ ဆုံးဖြတ်ချက်နဲ့ တွေ့ဆုံနိုင်ခဲ့ရင် တစ်ခုခုတော့ အပေါင်းလက္ခဏာဆောင်လာနိုင်ဖို့ ရှိနေပါတယ်။

၃။ ရူဒီဂါအတွက် အဖြေရှိလာနိုင်ခြင်း
အပေါ်တစ်ပိုဒ်မှာ ပြောထားခဲ့တဲ့ လခကြီးကြီး တောင်းဆိုနေတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ တစ်ပတ်လုပ်ခ ပေါင်လေးသိန်းလောက်တော့ ခြေစွမ်းနဲ့စာရင် ဘယ်လိုမှ ခွင့်မပြုသင့်ဘူးလို့ ဝေဖန်တဲ့ ပရိသတ်တွေက ပိုများနေကြတာပါ။ အသင်းမှာ တစ်ပတ်ကို ပေါင်တစ်သိန်းကျော်ရရှိနေတဲ့ ဂျာမန် ခံစစ်မှူးကို ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်တို့က သူတောင်းဆိုတဲ့အတိုင်း ပေးမယ်လို့ လေသံပစ်နေချိန်မှာ အေဘရာမိုဗစ်ချ်အနေနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ပြီး သူ့ကို လက်လွှတ်ခံမလား၊ ဒါမှမဟုတ် ဇန်နဝါရီမှာ ကွန်ဒီလို လုပ်ခသိပ်မကြီးနိုင်တဲ့ ထိပ်တန်းခံစစ်မှူးတစ်ယောက် ခေါ်ပြပြီး ကိုယ့်ဘဝ ကိုယ်တွေးလို့ Psywar ကစားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၄။ အမ်ဘာပေအတွက် မျှော်လင့်ချက်
ပရီးမီးယားလိဂ်မှာ ချန်ပီယံစာရင်းထဲ ပါဝင်နေတဲ့ ချဲလ်ဆီးတို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလားကို ယူထားလိုက်နိုင်တာက သူတို့ရဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာကို မြင့်မားသွားစေပြီး ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်ဖို့ ပိုမိုအားသာချက်ရှိလာပါတယ်။ ရာသီကုန်မှာ အသင်းကနေ အလွတ်ပြောင်းနဲ့ ထွက်ခွာဖို့ ရှိနေတဲ့ PSG တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်က ထဲထဲဝင်ဝင် ချဉ်းကပ်ထားပေမယ့် ရုရှားသူဌေးကြီးကတော့ သူ့ရဲ့ သိက္ခာနဲ့ မာနအတွက် လိုအပ်မယ်ဆိုရင် ပြင်သစ်သားကို တူဟယ်လ်ဆီ လက်ဆောင်ပေးနိုင်ဖို့ ကြိုးစားသွားမှာကလည်း ဖြစ်နိုင်ခြေတစ်ခုလို့ ပြောနိုင်ပါတယ်။

၅။ ဆာအူးလ် နေမလား၊ သွားမလား
အသင်းသစ်မှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကတော့ အားလုံးရဲ့ မှန်းချက်တွေလောက် နှမ်းမထွက်နိုင်သေးဘဲ အရန်ခုံကို အပူပေးနေခဲ့တာပါ။ ချဲလ်ဆီးအသင်းမှာ ဂျော်ဂျင်ညိုနဲ့ရော အန်ဂိုလို ကွန်တေနဲ့ပါ တစ်လနီးပါးကြာတဲ့အထိ အချိတ်အဆက် မမိသေးတဲ့ အငှား ကွင်းလယ် ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းမြင့် ရစ်သမ်မှာ သင်ယူဖို့ အချိန်ယူရဖွယ်လည်း ရှိနေခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ အငှားကြေး ပေါင် ၃ သန်း၊ အပြီးသတ်ခေါ်ယူခွင့် ပေါင်သန်း ၃၀ နဲ့ သဘောတူညီထားခဲ့တဲ့ စပိန် လက်ရွေးစင်ဟာ ခုလိုမျိုး အရေးပါတဲ့ အခန်းကဏ္ဍနဲ့ ခပ်ဝေးဝေးမှာပဲ လာမယ့် သုံးလနီးပါး ကာလအတွင်းမှာလည်း ဖြစ်နေဦးမယ်ဆိုရင် ဆုံးဖြတ်ချက်တွေ ပြတ်သားဖို့ မာရီနာနဲ့ တူဟယ်လ်ကို မိုဗစ်ချ်က တွန်းအားပေးသွားနိုင်ပြီး နောက်ထပ်အသင့်သုံးတစ်ဦးဖြစ်တဲ့ မိုနာကိုရဲ့ ချွာမင်နီလို ကစားသမားမျိုးတွေကို ခေါ်ယူဖို့ အဆင်သင့်ပြင်ထားဖွယ်လည်း ရှိနေတယ်လို့ မေရာက ခန့်မှန်းဖော်ပြထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ အစၥေရးႏိုင္ငံက ထုတ္ေပးတဲ့ ဗီဇာကို အသုံးျပဳၿပီး သုံးႏွစ္အတြင္း လန္ဒန္ကို ပထမဆုံးအႀကိမ္ ျပန္လာေတာ့မယ့္အခ်ိန္မွာ အသင္းရဲ႕ လက္ရွိအေျခအေနကေန တိုးတက္ေစမယ့္ ကိစၥေတြကို လုပ္ေဆာင္ႏိုင္ဖို႔ ဘာေတြ လုပ္သြားမလဲဆိုတာ ေမရာသတင္းဌာနက ခန႔္မွန္းေဖာ္ျပထားပါတယ္။

၁။ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အစီအစဥ္
ေအဘရာမိုဗစ္ခ်္အေနနဲ႔ မာရီနာ ဂရာေနာ့ဗ္စကားယာနဲ႔ ပူးေပါင္းၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေငြသုံးဖို႔နဲ႔ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ဖို႔ အေထာက္အကူ ႀကီးႀကီးမားမား လုပ္ေဆာင္ေပးဖြယ္ရွိႏိုင္ပါတယ္။ နည္းျပ ေသာမတ္စ္ တူဟယ္လ္အတြက္ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ေခၚယူထားၿပီးျဖစ္ေပမယ့္ အသင္းရဲ႕ တိုက္စစ္ကို ဖန္တီးေပးႏိုင္မယ့္ Wing Back အသစ္တစ္ေယာက္နဲ႔ ကြင္းလယ္မွာ ဖန္တီးမႈကို ထပ္ေပါင္းထည့္ေပးမယ့္ တိုက္စစ္အားသန္ကစားသမားမ်ိဳးကို ေခၚယူေပးႏိုင္ၿပီး အေျပာင္းအေ႐ႊ႕ ေဈးကြက္က ခက္ခဲႏိုင္ေပမယ့္ သူ႔ရဲ႕ အခ်ိတ္အဆက္ အရွိန္အဝါနဲ႔ လုပ္ေဆာင္ေပးႏိုင္မွာပါ။

၂။ ကြန္ဒီဘက္ ျပန္လွည့္ေတာ့မလား
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီ ေဈးကြက္မွာ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ဘယ္ေလာက္ေတာင္ အသည္းအသန္ခ်ဥ္းကပ္ခဲ့ၿပီးမွ ဆီဗီလာရဲ႕ ေဈးဆစ္မရမႈေၾကာင့္ လက္ေလွ်ာ့ခဲ့ရတယ္ဆိုတာ အားလုံးသိၾကပါတယ္။ သီယာဂို ေဆးလ္ဗားရဲ႕ ေရရွည္အစားထိုးမႈနဲ႔ လခႀကီးႀကီးလိုခ်င္ေနတဲ့ ႐ူဒီဂါကို ၿခိမ္းေျခာက္မႈအျဖစ္ ကြန္ဒီဟာ အေျဖတစ္ခုျဖစ္ၿပီး သူမေရာက္လာခဲ့သလို႔သာ ဂ်ာမန္သားအေနနဲ႔ ေဇာင္းႂကြလာခဲ့တာလို႔လည္း ေကာက္ခ်က္ယူ ဆြဲေတြးႏိုင္ခဲ့တာပါ။ ဆီဗီလာရဲ႕ သတ္မွတ္ေဈးက ေျခာက္လတာ ကာလ ေလ်ာ့က်သြားခ်ိန္မွာ အနည္းငယ္သက္သာလာႏိုင္ၿပီး မိုဗစ္ခ်္ရဲ႕ ေငြသုံးဖို႔ ဆုံးျဖတ္ခ်က္နဲ႔ ေတြ႕ဆုံႏိုင္ခဲ့ရင္ တစ္ခုခုေတာ့ အေပါင္းလကၡဏာေဆာင္လာႏိုင္ဖို႔ ရွိေနပါတယ္။

၃။ ႐ူဒီဂါအတြက္ အေျဖရွိလာႏိုင္ျခင္း
အေပၚတစ္ပိုဒ္မွာ ေျပာထားခဲ့တဲ့ လခႀကီးႀကီး ေတာင္းဆိုေနတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ တစ္ပတ္လုပ္ခ ေပါင္ေလးသိန္းေလာက္ေတာ့ ေျခစြမ္းနဲ႔စာရင္ ဘယ္လိုမွ ခြင့္မျပဳသင့္ဘူးလို႔ ေဝဖန္တဲ့ ပရိသတ္ေတြက ပိုမ်ားေနၾကတာပါ။ အသင္းမွာ တစ္ပတ္ကို ေပါင္တစ္သိန္းေက်ာ္ရရွိေနတဲ့ ဂ်ာမန္ ခံစစ္မႉးကို ဂ်ဴဗင္တပ္စ္နဲ႔ ဘိုင္ယန္တို႔က သူေတာင္းဆိုတဲ့အတိုင္း ေပးမယ္လို႔ ေလသံပစ္ေနခ်ိန္မွာ ေအဘရာမိုဗစ္ခ်္အေနနဲ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္ၿပီး သူ႔ကို လက္လႊတ္ခံမလား၊ ဒါမွမဟုတ္ ဇန္နဝါရီမွာ ကြန္ဒီလို လုပ္ခသိပ္မႀကီးႏိုင္တဲ့ ထိပ္တန္းခံစစ္မႉးတစ္ေယာက္ ေခၚျပၿပီး ကိုယ့္ဘဝ ကိုယ္ေတြးလို႔ Psywar ကစားမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၄။ အမ္ဘာေပအတြက္ ေမွ်ာ္လင့္ခ်က္
ပရီးမီးယားလိဂ္မွာ ခ်န္ပီယံစာရင္းထဲ ပါဝင္ေနတဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ဖလားကို ယူထားလိုက္ႏိုင္တာက သူတို႔ရဲ႕ အစဥ္အလာနဲ႔ ဂုဏ္သိကၡာကို ျမင့္မားသြားေစၿပီး ထိပ္တန္းကစားသမားေတြကို ဆြဲေဆာင္ဖို႔ ပိုမိုအားသာခ်က္ရွိလာပါတယ္။ ရာသီကုန္မွာ အသင္းကေန အလြတ္ေျပာင္းနဲ႔ ထြက္ခြာဖို႔ ရွိေနတဲ့ PSG တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္က ထဲထဲဝင္ဝင္ ခ်ဥ္းကပ္ထားေပမယ့္ ႐ုရွားသူေဌးႀကီးကေတာ့ သူ႔ရဲ႕ သိကၡာနဲ႔ မာနအတြက္ လိုအပ္မယ္ဆိုရင္ ျပင္သစ္သားကို တူဟယ္လ္ဆီ လက္ေဆာင္ေပးႏိုင္ဖို႔ ႀကိဳးစားသြားမွာကလည္း ျဖစ္ႏိုင္ေျခတစ္ခုလို႔ ေျပာႏိုင္ပါတယ္။

၅။ ဆာအူးလ္ ေနမလား၊ သြားမလား
အသင္းသစ္မွာ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကေတာ့ အားလုံးရဲ႕ မွန္းခ်က္ေတြေလာက္ ႏွမ္းမထြက္ႏိုင္ေသးဘဲ အရန္ခုံကို အပူေပးေနခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းမွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ေရာ အန္ဂိုလို ကြန္ေတနဲ႔ပါ တစ္လနီးပါးၾကာတဲ့အထိ အခ်ိတ္အဆက္ မမိေသးတဲ့ အငွား ကြင္းလယ္ ကစားသမားဟာ ပရီးမီးယားလိဂ္ရဲ႕ ျမန္ႏႈန္းျမင့္ ရစ္သမ္မွာ သင္ယူဖို႔ အခ်ိန္ယူရဖြယ္လည္း ရွိေနခဲ့ပါတယ္။

အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးအခ်ိန္မွာ အငွားေၾကး ေပါင္ ၃ သန္း၊ အၿပီးသတ္ေခၚယူခြင့္ ေပါင္သန္း ၃၀ နဲ႔ သေဘာတူညီထားခဲ့တဲ့ စပိန္ လက္ေ႐ြးစင္ဟာ ခုလိုမ်ိဳး အေရးပါတဲ့ အခန္းက႑နဲ႔ ခပ္ေဝးေဝးမွာပဲ လာမယ့္ သုံးလနီးပါး ကာလအတြင္းမွာလည္း ျဖစ္ေနဦးမယ္ဆိုရင္ ဆုံးျဖတ္ခ်က္ေတြ ျပတ္သားဖို႔ မာရီနာနဲ႔ တူဟယ္လ္ကို မိုဗစ္ခ်္က တြန္းအားေပးသြားႏိုင္ၿပီး ေနာက္ထပ္အသင့္သုံးတစ္ဦးျဖစ္တဲ့ မိုနာကိုရဲ႕ ခြၽာမင္နီလို ကစားသမားမ်ိဳးေတြကို ေခၚယူဖို႔ အဆင္သင့္ျပင္ထားဖြယ္လည္း ရွိေနတယ္လို႔ ေမရာက ခန႔္မွန္းေဖာ္ျပထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.