Analysis Ligue1 Premier League

ပင်နယ်တီမပါဘဲ တစ်ရာသီကို မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူဂိုးပိုသွင်းနိုင်လဲ

ခရစ္စတီယာနိုု ရော်နယ်ဒိုဟာ လူမှုကွန်ရက်မှာ ပင်နယ်ဒိုလို့ မကြာခဏ လှောင်ပြောင် ခေါ်ဝေါ်ခံရသူဖြစ်ပြီး ပင်နယ်တီ အဆုံးသတ်သေချာလွန်းလို့ ပြိုင်ဘက်တွေက မနာလိုခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီလို ခေါ်ဝေါ်ကြသူတွေကလည်း လီယွန်နယ် မက်ဆီရဲ့ ပရိသတ်တွေဖြစ်ကောင်း ဖြစ်နိုင်ပြီး မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တိုက်စစ်မှူးဟာ ပင်နယ်တီ သွင်းဂိုးတွေအပေါ်မှာ အားထားနေရတယ်လို့ အပုပ်ချချင်ပုံ ပေါ်ပါတယ်။ အဲဒီလို ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးလည်း ဒီဆောင်းပါးရဲ့ နေရာအများစုမှာ သင့်အနေနဲ့ သွင်းဂိုးစုစုပေါင်းမှာ ပင်နယ်တီ ဘယ်လောက်ပါဝင်သင့်တယ်ထင်လဲဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ တွေ့လာရမှာဖြစ်ပါတယ်။

ပင်နယ်တီဂိုးတွေက အရေးပါလား

အဲဒီလို ပြောမယ်ဆိုရင် ဥပမာအားဖြင့် ၂၀၁၃-၂၀၁၄ ရာသီမှာ လီဗာပူးလ်အတွက် လူးဝစ္စ ဆွာရက်ဇ်က ပရီးမီးယားလိဂ်သွင်းဂိုး ၃၁ ဂိုးသွင်းယူပေးခဲ့ပြီး အထင်ကြီးစရာအကောင်းဆုံးအချက်က ပင်နယ်တီတစ်လုံးမှ မပါဝင်ခဲ့တာပါ။ အခု ကြည့်။ ဘယ်သူကမှ ပင်နယ်တီက ဘယ်လိုနေနေ သွင်းဖို့ လွယ်တယ်လို့ မပြောကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ အကောင်းဆုံးကစားသမားတွေတောင် ပင်နယ်တီကို လွဲချော်နိုင်လို့ပါ။ ဒါပေမယ့် ကစားကွက်ကနေ ဂိုးသွင်းယူတာထက် ပင်နယ်တီကန်ရတာက ပိုပြီး ရိုးရှင်းတယ်လို့ ပြောဖို့ကလည်း မလွယ်ကူပါဘူး။

တစ်နည်းပြောရရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေရဲ့ ပင်နယ်တီမပါဝင်တဲ့ သွင်းဂိုး အချက်အလက်တွေကို ကြည့်ပြီး ဝေဖန်တာမျိုး လုံးဝမဟုတ်ဘဲ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှိုင်းယှဉ်မှုကို မနေနိုင်မထိုင်နိုင် ပြုလုပ်ချင်စိတ်ကို မတားဆီးနိုင်တာသာဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ MESSIVSRONALDO.APP မှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ တစ်ရာသီစီမှာ ပင်နယ်တီမပါတဲ့ သွင်းဂိုးတွေ ဘယ်လောက်သွင်းယူနိုင်ခဲ့လဲဆိုတဲ့ ကိန်းဂဏန်းအတိအကျကို နှိုင်းယှဉ်နိုင်တဲ့ tool ပါဝင်နေတာဖြစ်ပါတယ်။

ပင်နယ်တီမပါတဲ့သွင်းဂိုး ရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုသွင်းထားလဲ

Transfermarkt ကနေတဆင့် အတည်ပြုထားတဲ့ ကလပ်ဘောလုံးအဆင့်တစ်ခုတည်းအပေါ် အာရုံစိုက်ထားတဲ့ အချက်အလက်တွေကို ထောက်ရှုပြီး ဘယ်ကစားသမားက ပင်နယ်တီသွင်းဂိုးမပါဝင်ဘဲ အခြားကစားသမားထက် ပိုကောင်းမွန်တဲ့ကစားသမားလဲဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

မက်ဆီအတွက် ပဲ့တင်ထပ်နေတဲ့ အောင်ပွဲ

၂၀၀၇-၂၀၀၈ မှာ ရော်နယ်ဒိုက ၎င်းရဲ့ ပထမဆုံး ဘယ်လွန်ဒေါဆုကို ရရှိခဲ့ပြီးကတည်းက ပီအက်စ်ဂျီကြယ်ပွင့်ဟာ မဟာပြိုင်ဘက်ကြီးနဲ့ ၁၃ ရာသီ ယှဉ်ပြိုင်ရာမှာ ၁၁ ရာသီ ပိုမိုကောင်းမွန်ခဲ့ပါတယ်။ အမှန်တော့ ရော်နယ်ဒိုဟာ ကစားကွက်ကနေ မက်ဆီထက် ဂိုးပိုမိုသွင်းယူနိုင်ခဲ့တာ မန်ချက်စတာယူနိုက်တက်နဲ့ တောက်ပခဲ့တဲ့ပထမအကြိမ် နှစ်အပိုင်းအခြားတွေအပြီး ၂ ရာသီပဲ ရှိခဲ့တာဖြစ်ပြီး အဲဒီရာသီတွေက ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့ ၂၀၁၃-၂၀၁၄ရာသီနဲ့ ၂၀၁၅-၂၀၁၆ ရာသီတို့မှာဖြစ်ပါတယ်။

အဲဒါက ကစားကွက်ကနေ သွင်းယူထားတဲ့ဂိုးကို ဘယ်လောက်အထိ အရေးပါတဲ့နေရာမှာ သင်က ထားထားလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကိုယ်ပိုင် ကောက်ချက်ကို ချနိုင်ပြီး ရော်နယ်ဒိုကို ပင်နယ်ဒိုလို့ ခေါ်ဝေါ်တာက လူမှုကွန်ရက်က အပေါစားဆန်တဲ့ အသုံးအနှုန်းဖြစ်ပေမယ့် အချက်အလက်တွေကတော့ ပေါ်တူဂီကြယ်ပွင့်ဟာ မက်ဆီထက်ပိုပြီး ပင်နယ်တီကို မှီခိုနေရတယ်ဆိုတာကို ပြသနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနိုု ေရာ္နယ္ဒိုဟာ လူမႈကြန္ရက္မွာ ပင္နယ္ဒိုလို႔ မၾကာခဏ ေလွာင္ေျပာင္ ေခၚေဝၚခံရသူျဖစ္ၿပီး ပင္နယ္တီ အဆုံးသတ္ေသခ်ာလြန္းလို႔ ၿပိဳင္ဘက္ေတြက မနာလိုျခင္း ခံခဲ့ရသူျဖစ္ပါတယ္။ အဲဒီလို ေခၚေဝၚၾကသူေတြကလည္း လီယြန္နယ္ မက္ဆီရဲ့ ပရိသတ္ေတြျဖစ္ေကာင္း ျဖစ္နိုင္ၿပီး မန္ခ်က္စတာယူနိုက္တက္ ၾကယ္ပြင့္တိုက္စစ္မႉးဟာ ပင္နယ္တီ သြင္းဂိုးေတြအေပၚမွာ အားထားေနရတယ္လို႔ အပုပ္ခ်ခ်င္ပုံ ေပၚပါတယ္။ အဲဒီလို ေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီးလည္း ဒီေဆာင္းပါးရဲ့ ေနရာအမ်ားစုမွာ သင့္အေနနဲ႔ သြင္းဂိုးစုစုေပါင္းမွာ ပင္နယ္တီ ဘယ္ေလာက္ပါဝင္သင့္တယ္ထင္လဲဆိုတာနဲ႔ပတ္သက္ၿပီး စဥ္းစားစရာေတြ ေတြ႕လာရမွာျဖစ္ပါတယ္။

ပင္နယ္တီဂိုးေတြက အေရးပါလား

အဲဒီလို ေျပာမယ္ဆိုရင္ ဥပမာအားျဖင့္ ၂၀၁၃-၂၀၁၄ ရာသီမွာ လီဗာပူးလ္အတြက္ လူးဝစၥ ဆြာရက္ဇ္က ပရီးမီးယားလိဂ္သြင္းဂိုး ၃၁ ဂိုးသြင္းယူေပးခဲ့ၿပီး အထင္ႀကီးစရာအေကာင္းဆုံးအခ်က္က ပင္နယ္တီတစ္လုံးမွ မပါဝင္ခဲ့တာပါ။ အခု ၾကည့္။ ဘယ္သူကမွ ပင္နယ္တီက ဘယ္လိုေနေန သြင္းဖို႔ လြယ္တယ္လို႔ မေျပာၾကေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ အေကာင္းဆုံးကစားသမားေတြေတာင္ ပင္နယ္တီကို လြဲေခ်ာ္နိုင္လို႔ပါ။ ဒါေပမယ့္ ကစားကြက္ကေန ဂိုးသြင္းယူတာထက္ ပင္နယ္တီကန္ရတာက ပိုၿပီး ရိုးရွင္းတယ္လို႔ ေျပာဖို႔ကလည္း မလြယ္ကူပါဘူး။

တစ္နည္းေျပာရရင္ ကမၻာ့အေကာင္းဆုံး ကစားသမားေတြရဲ့ ပင္နယ္တီမပါဝင္တဲ့ သြင္းဂိုး အခ်က္အလက္ေတြကို ၾကည့္ၿပီး ေဝဖန္တာမ်ိဳး လုံးဝမဟုတ္ဘဲ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ႏွိုင္းယွဥ္မႈကို မေနနိုင္မထိုင္နိုင္ ျပဳလုပ္ခ်င္စိတ္ကို မတားဆီးနိုင္တာသာျဖစ္ပါတယ္။ ကံေကာင္းစြာနဲ႔ပဲ MESSIVSRONALDO.APP မွာ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ တစ္ရာသီစီမွာ ပင္နယ္တီမပါတဲ့ သြင္းဂိုးေတြ ဘယ္ေလာက္သြင္းယူနိုင္ခဲ့လဲဆိုတဲ့ ကိန္းဂဏန္းအတိအက်ကို ႏွိုင္းယွဥ္နိုင္တဲ့ tool ပါဝင္ေနတာျဖစ္ပါတယ္။

ပင္နယ္တီမပါတဲ့သြင္းဂိုး ေရာ္နယ္ဒိုနဲ႔မက္ဆီ ဘယ္သူပိုသြင္းထားလဲ

Transfermarkt ကေနတဆင့္ အတည္ျပဳထားတဲ့ ကလပ္ေဘာလုံးအဆင့္တစ္ခုတည္းအေပၚ အာ႐ုံစိုက္ထားတဲ့ အခ်က္အလက္ေတြကို ေထာက္ရႈၿပီး ဘယ္ကစားသမားက ပင္နယ္တီသြင္းဂိုးမပါဝင္ဘဲ အျခားကစားသမားထက္ ပိုေကာင္းမြန္တဲ့ကစားသမားလဲဆိုတာ ရွင္းရွင္းလင္းလင္း သိေအာင္ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

မက္ဆီအတြက္ ပဲ့တင္ထပ္ေနတဲ့ ေအာင္ပြဲ

၂၀၀၇-၂၀၀၈ မွာ ေရာ္နယ္ဒိုက ၎ရဲ့ ပထမဆုံး ဘယ္လြန္ေဒါဆုကို ရရွိခဲ့ၿပီးကတည္းက ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ မဟာၿပိဳင္ဘက္ႀကီးနဲ႔ ၁၃ ရာသီ ယွဥ္ၿပိဳင္ရာမွာ ၁၁ ရာသီ ပိုမိုေကာင္းမြန္ခဲ့ပါတယ္။ အမွန္ေတာ့ ေရာ္နယ္ဒိုဟာ ကစားကြက္ကေန မက္ဆီထက္ ဂိုးပိုမိုသြင္းယူနိုင္ခဲ့တာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ေတာက္ပခဲ့တဲ့ပထမအႀကိမ္ ႏွစ္အပိုင္းအျခားေတြအၿပီး ၂ ရာသီပဲ ရွိခဲ့တာျဖစ္ၿပီး အဲဒီရာသီေတြက ရီးရဲလ္မက္ဒရစ္မွာ ကစားခဲ့တဲ့ ၂၀၁၃-၂၀၁၄ရာသီနဲ႔ ၂၀၁၅-၂၀၁၆ ရာသီတို႔မွာျဖစ္ပါတယ္။

အဲဒါက ကစားကြက္ကေန သြင္းယူထားတဲ့ဂိုးကို ဘယ္ေလာက္အထိ အေရးပါတဲ့ေနရာမွာ သင္က ထားထားလဲဆိုတဲ့အေပၚမွာ မူတည္ၿပီး ကိုယ္ပိုင္ ေကာက္ခ်က္ကို ခ်နိုင္ၿပီး ေရာ္နယ္ဒိုကို ပင္နယ္ဒိုလို႔ ေခၚေဝၚတာက လူမႈကြန္ရက္က အေပါစားဆန္တဲ့ အသုံးအႏႈန္းျဖစ္ေပမယ့္ အခ်က္အလက္ေတြကေတာ့ ေပၚတူဂီၾကယ္ပြင့္ဟာ မက္ဆီထက္ပိုၿပီး ပင္နယ္တီကို မွီခိုေနရတယ္ဆိုတာကို ျပသေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.