Bundesliga Premier League Transfer News

လီယြန္ ဘိုင္လီကို ဆာေနးရဲ႕ အစားထိုးမွဳအျဖစ္ ရွဳျမင္ထားတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီရာသီကုန္မွာ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနး အသင္းကေန ထြက္ခြာသြားခဲ့ရင္ ျပန္လည္ အစားထိုးဖို႔ ကစားသမားေတြကို ရွာေဖြေနရာမွာ ေဘယာေလဗာကူဆင္အသင္းရဲ႕ လီယြန္ ဘုိင္လီကို ပစ္မွတ္တစ္ခုအျဖစ္ ရွဳျမင္ထားတယ္လို႔ သိရပါတယ္။

အသင္းရဲ႕ ဘယ္ေတာင္ပံေရာ ညာေတာင္ပံမွာပါ သက္ေတာင့္သက္သာ ကစားႏုိင္တဲ့ ဆာေနးဟာ အဓိကအားျဖင့္ေတာ့ ဘယ္ေျခနဲ႔ ဘယ္ေတာင္ပံမွာ အဓိက ကစားရသူျဖစ္ၿပီး သူသာ ထြက္ခြာသြားခဲ့ရင္ သူလုိမ်ဳိး ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏုိင္တဲ့ ဘိုင္လီကို ေခၚယူသြားႏုိင္ဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဂ်ာမန္ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပသထားႏုိင္တဲ့ ဘုိင္လီဟာ ေလဗာကူဆင္အသင္းအတြက္ ၁၀၇ ပြဲမွာ ၂၄ ဂိုး သြင္းယူေပးထားၿပီး အသင္းနဲ႔ ၄ ရာသီ ကစားၿပီးခ်ိန္မွာ ပရီးမီးယားလိဂ္ကို လာေရာက္ဖို႔ စိတ္ဝင္စားေနသလုိ ဒီဘက္က အသင္းေတြကလည္း ေခၚယူလိုေနၿပီး မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြလည္း ပါဝင္ေနပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ကင္းစတန္ခ်က္ျမႇဳပ္ ဂ်ေမကာေတာင္ပံကစားသမားဟာ မန္စီးတီးရဲ႕ အဂၤလန္ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္နဲ႔ တစ္ၿမဳိ႕တည္းသားေတြလည္းျဖစ္ၾကၿပီး တကယ္လို႔ သူသာ ေျပာင္းေရႊ႕လာခဲ့ရင္ အေျခက်ေအာင္ ကူညီႏုိင္မယ့္ လူခံတစ္ေယာက္ အသင္းမွာ ရွိေနမယ္လို႔လည္း ယူဆရပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ေပါင္သန္း ၄၀ က်သင့္မယ့္ ဘုိင္လီအျပင္ ပရီးမီးယားလိဂ္ ဝုလ္ဗ္စ္အသင္းမွာ ေျခစြမ္းျပေနတဲ့ မာလီႏြယ္ဖြား စပိန္လက္ေရြးစင္ အဒါမာ ထရာအုိေရးကိုလည္း ေစာင့္ၾကည့္စာရင္းမွာ ထည့္သြင္းထားၿပီး ပရိသတ္ေတြကေတာ့ ေတာင္ပံသမားတစ္ဦးနဲ႔ မလုိက္ေအာင္ ႀကံ့ခိုင္ေတာင့္တင္းလြန္းတဲ့ သူ႕ကို ပိုမိုသေဘာက်ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီကုန်မှာ တောင်ပံကစားသမား လီရွိုင်း ဆာနေး အသင်းကနေ ထွက်ခွာသွားခဲ့ရင် ပြန်လည် အစားထိုးဖို့ ကစားသမားတွေကို ရှာဖွေနေရာမှာ ဘေယာလေဗာကူဆင်အသင်းရဲ့ လီယွန် ဘိုင်လီကို ပစ်မှတ်တစ်ခုအဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။

အသင်းရဲ့ ဘယ်တောင်ပံရော ညာတောင်ပံမှာပါ သက်တောင့်သက်သာ ကစားနိုင်တဲ့ ဆာနေးဟာ အဓိကအားဖြင့်တော့ ဘယ်ခြေနဲ့ ဘယ်တောင်ပံမှာ အဓိက ကစားရသူဖြစ်ပြီး သူသာ ထွက်ခွာသွားခဲ့ရင် သူလိုမျိုး တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ ဘိုင်လီကို ခေါ်ယူသွားနိုင်ဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြသထားနိုင်တဲ့ ဘိုင်လီဟာ လေဗာကူဆင်အသင်းအတွက် ၁၀၇ ပွဲမှာ ၂၄ ဂိုး သွင်းယူပေးထားပြီး အသင်းနဲ့ ၄ ရာသီ ကစားပြီးချိန်မှာ ပရီးမီးယားလိဂ်ကို လာရောက်ဖို့ စိတ်ဝင်စားနေသလို ဒီဘက်က အသင်းတွေကလည်း ခေါ်ယူလိုနေပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေလည်း ပါဝင်နေပါတယ်။

အသက် ၂၂ နှစ်အရွယ် ကင်းစတန်ချက်မြှုပ် ဂျမေကာတောင်ပံကစားသမားဟာ မန်စီးတီးရဲ့ အင်္ဂလန်တောင်ပံကစားသမား ရာဟင်းမ် စတာလင်နဲ့ တစ်မြို့တည်းသားတွေလည်းဖြစ်ကြပြီး တကယ်လို့ သူသာ ပြောင်းရွှေ့လာခဲ့ရင် အခြေကျအောင် ကူညီနိုင်မယ့် လူခံတစ်ယောက် အသင်းမှာ ရှိနေမယ်လို့လည်း ယူဆရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပေါင်သန်း ၄၀ ကျသင့်မယ့် ဘိုင်လီအပြင် ပရီးမီးယားလိဂ် ဝုလ်ဗ်စ်အသင်းမှာ ခြေစွမ်းပြနေတဲ့ မာလီနွယ်ဖွား စပိန်လက်ရွေးစင် အဒါမာ ထရာအိုရေးကိုလည်း စောင့်ကြည့်စာရင်းမှာ ထည့်သွင်းထားပြီး ပရိသတ်တွေကတော့ တောင်ပံသမားတစ်ဦးနဲ့ မလိုက်အောင် ကြံ့ခိုင်တောင့်တင်းလွန်းတဲ့ သူ့ကို ပိုမိုသဘောကျနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.