Premier League

ရာသီကုန္အထိ အနားေပးလုိက္တဲ့ ကြန္ေတကို အားလုံးက ေလးစားမွဳထားၾကေၾကာင္း ကာဘယ္လာ႐ိုဆို

ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္အတြက္ စတင္ေလ့က်င့္မွဳမွာ ပါဝင္ဖို႔ ျငင္းဆန္ထားခဲ့ၿပီးတဲ့ေနာက္ အသင္းကေန ရာသီကုန္အထိ အနားယူခြင့္ျပဳလုိက္တဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို မိမိတို႔ အသင္းသားအားလုံးက ေလးစားေၾကာင္းနဲ႔ ေထာက္ခံအားေပးမွဳေတြ ျပဳလုပ္ထားခဲ့ေၾကာင္း ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုက ေျပာၾကားလုိက္ပါတယ္။

ကာဘယ္လာ႐ိုဟာ အသင္းရဲ႕ ဝါရင့္ကစားသမားတစ္ဦးပီပီ ကြင္းလယ္လူ ကြန္ေတရဲ႕ အေျခအေနအရပ္ရပ္ကိုလည္း ရွဳျမင္နားလည္သူျဖစ္ၿပီး ကစားသမားအေနနဲ႔ ကြင္းျပင္ပမွာ စတင္ျဖစ္ေပၚလာခဲ့တဲ့ မိသားစုနဲ႔ ပတ္သက္တဲ့ စိတ္ထိခိုက္စရာေတြက လက္ရွိအေနအထားကို တြန္းပုိ႔ေနသလို ျဖစ္ခဲ့တယ္လို႔လည္း ဆုိပါတယ္။

ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းသားအားလုံးကို ကို႐ိုနာဗိုင္းရပ္စစ္ေဆးစဥ္က နက္ဂတစ္ ျပသခဲ့တဲ့ ကြန္ေတအေနနဲ႔ ဒီေရာဂါရဲ႕ လကၡဏာတခ်ဳိ႕ကို ခံစားခဲ့ရတာေၾကာင့္ စိုးရိမ္စိတ္ ႀကီးမားေနၿပီး သူ႕ကိုယ္သူ မယုံလို႔ သူကေနတစ္ဆင့္ အသင္းေဖာ္ေတြကို ကူးစက္တာမ်ဳိးျဖစ္လာမွာကိုလည္း ထိတ္လန္႔ေနတယ္လို႔ ကာဘယ္လာ႐ိုက ဆုိပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ျပင္သစ္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ ႏွစ္ရာသီအတြင္းမွာ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မွဳလည္း အနည္းငယ္က်ဆင္းလာခဲ့ၿပီး ဒါဟာ သူ႕ရဲ႕ အစ္ကိုျဖစ္သူကို ႏွလုံးေရာဂါနဲ႔ ၂၀၁၈ အတြင္းက ဆုံးရွဳံးလုိက္ရတာက စတင္ခဲ့ၿပီး ႐ုရွားကမာၻ႕ဖလားမတုိင္ခင္မွာ ခ်ဲလ္ဆီးရဲ႕ ေကာ့ဘ္ဟမ္ ေလ့က်င့္ေရးကြင္းမွာ လဲက်ဖူးခဲ့သလို ႏွလုံးနဲ႔ ပတ္သက္တဲ့ စုိးရိမ္စရာတခ်ဳိ႕ရွိဖူးတယ္လုိ႔လည္း သတင္းေတြအရ သိရပါတယ္။

ကာဘယ္လာ႐ိုကေတာ့ အသင္းသားေတြအားလုံးအေနနဲ႔ ကြန္ေတကို ခ်စ္ခင္ေလးစားၾကၿပီး သူ႕အေနနဲ႔ ေလ့က်င့္ေရးကြင္းကို သက္ေတာင့္သက္သာ ျပန္လာႏုိင္တဲ့အထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆုိင္းသြားၾကမွာျဖစ္သလို ႏွိမ့္ႏွိမ့္ခ်ခ်နဲ႔ ႀကဳိးစားတတ္သူ ျပင္သစ္သားအတြက္ အားလုံးက လက္တြဲေခၚယူဖို႔နဲ႔ အားေပးဖို႔ အဆင္သင့္ရွိေနၾကတယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်အတွက် စတင်လေ့ကျင့်မှုမှာ ပါဝင်ဖို့ ငြင်းဆန်ထားခဲ့ပြီးတဲ့နောက် အသင်းကနေ ရာသီကုန်အထိ အနားယူခွင့်ပြုလိုက်တဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို မိမိတို့ အသင်းသားအားလုံးက လေးစားကြောင်းနဲ့ ထောက်ခံအားပေးမှုတွေ ပြုလုပ်ထားခဲ့ကြောင်း ဂိုးသမား ဝီလီ ကာဘယ်လာရိုက ပြောကြားလိုက်ပါတယ်။

ကာဘယ်လာရိုဟာ အသင်းရဲ့ ဝါရင့်ကစားသမားတစ်ဦးပီပီ ကွင်းလယ်လူ ကွန်တေရဲ့ အခြေအနေအရပ်ရပ်ကိုလည်း ရှုမြင်နားလည်သူဖြစ်ပြီး ကစားသမားအနေနဲ့ ကွင်းပြင်ပမှာ စတင်ဖြစ်ပေါ်လာခဲ့တဲ့ မိသားစုနဲ့ ပတ်သက်တဲ့ စိတ်ထိခိုက်စရာတွေက လက်ရှိအနေအထားကို တွန်းပို့နေသလို ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်းသားအားလုံးကို ကိုရိုနာဗိုင်းရပ်စစ်ဆေးစဉ်က နက်ဂတစ် ပြသခဲ့တဲ့ ကွန်တေအနေနဲ့ ဒီရောဂါရဲ့ လက္ခဏာတချို့ကို ခံစားခဲ့ရတာကြောင့် စိုးရိမ်စိတ် ကြီးမားနေပြီး သူ့ကိုယ်သူ မယုံလို့ သူကနေတစ်ဆင့် အသင်းဖော်တွေကို ကူးစက်တာမျိုးဖြစ်လာမှာကိုလည်း ထိတ်လန့်နေတယ်လို့ ကာဘယ်လာရိုက ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းမှာ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုလည်း အနည်းငယ်ကျဆင်းလာခဲ့ပြီး ဒါဟာ သူ့ရဲ့ အစ်ကိုဖြစ်သူကို နှလုံးရောဂါနဲ့ ၂၀၁၈ အတွင်းက ဆုံးရှုံးလိုက်ရတာက စတင်ခဲ့ပြီး ရုရှားကမ္ဘာ့ဖလားမတိုင်ခင်မှာ ချဲလ်ဆီးရဲ့ ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ လဲကျဖူးခဲ့သလို နှလုံးနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာတချို့ရှိဖူးတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

ကာဘယ်လာရိုကတော့ အသင်းသားတွေအားလုံးအနေနဲ့ ကွန်တေကို ချစ်ခင်လေးစားကြပြီး သူ့အနေနဲ့ လေ့ကျင့်ရေးကွင်းကို သက်တောင့်သက်သာ ပြန်လာနိုင်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားကြမှာဖြစ်သလို နှိမ့်နှိမ့်ချချနဲ့ ကြိုးစားတတ်သူ ပြင်သစ်သားအတွက် အားလုံးက လက်တွဲခေါ်ယူဖို့နဲ့ အားပေးဖို့ အဆင်သင့်ရှိနေကြတယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.