Bundesliga Premier League Transfer News

ယာဂန္ ကေလာ့ပ္နဲ႔ တီမို ဗာနာတုိ႔ ဆက္သြယ္ေဆြးေႏြးထားေၾကာင္း ဂ်ာမန္ဂ်ာနယ္လစ္ထုတ္ေဖာ္

RB လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာနဲ႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္တုိ႔ဟာ အသင္းေျပာင္းေရႊ႕ဖို႔ကိစၥအတြက္ အျပင္မွာ မေတြ႕ဆုံရေသးေပမယ့္ အြန္လုိင္းမွာ ဆက္သြယ္ေဆြးေႏြးထားတယ္လို႔ ဂ်ာမန္ေဘာလုံးကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ ရာေဖးလ္ ဟိုနစၥတိန္းက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမနီလက္ေရြးစင္တုိက္စစ္မွဴးအေနနဲ႔ ဒီရာသီမွာ RB လိုက္ပ္ဇစ္အသင္းအတြက္ ေျခစြမ္းျပေနၿပီး လာမယ့္ရာသီမွာ လီဗာပူးလ္ကို ေျပာင္းေရႊ႕မယ္လို႔ မီဒီယာေတြက ခန္႔မွန္းေနၾကသလို သူကိုယ္တုိင္ကလည္း ယာဂန္ ကေလာ့ပ္နဲ႔ လက္တြဲခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားထားဖူးတာပါ။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မိုင့္ဇ္အသင္းနဲ႔ ဘြန္ဒက္စ္လီဂါအေဝးကြင္းပြဲစဥ္မွာ ေျခစြမ္းျပ ဟက္ထရစ္သြင္းယူခဲ့တဲ့ ဗာနာကို လီဗာပူးလ္အျပင္ တျခားအသင္းႀကီးေတြကလည္း ေစာင့္ၾကည့္ေနၾကၿပီး သူတုိ႔ခ်င္း အဆင္မေျပခဲ့ရင္ ၾကားဝင္ကမ္းလွမ္းဖို႔ ေစာင့္ၾကည့္ေနၾကခ်ိန္မွာ ခုလိုမ်ဳိး ဆက္သြယ္ ေဆြးေႏြးထားတယ္လုိ႔ သတင္းထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

ဟိုနစၥတိန္းက လီဗာပူးလ္အေနနဲ႔ ဗာနာကို ေခၚယူဖို႔ အားလုံးရဲ႕ ေရွ႕မွာ ရွိေနၿပီး ကစားသမားအေနနဲ႔ ဒီအသင္းကို ေျပာင္းေရႊ႕ခ်င္ေနသလို RB လိုက္ပ္ဇစ္အသင္းဘက္က ေလ်ာ္ေၾကးစာခ်ဳပ္ခ်ဳပ္ဆုိထားမွဳအရေတာ့ ႏွစ္သင္းၾကားမွာ ေပါင္ ၅၅ သန္းဆုိတာ သင့္ေတာ္တဲ့ ပမာဏျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္နည္းျပ ကေလာ့ပ္နဲ႔ ဗာနာတုိ႔ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းမွာ အြန္လုိင္းကတစ္ဆင့္ အနည္းဆုံးတစ္ႀကိမ္ေတာ့ ဆက္သြယ္ၿပီးၿပီလို႔ ဟိုနစၥတိန္းက ေျပာလိုက္ၿပီး ဘဏၰာေရးအေျခအေနေတြအရသာ ေႏွာင့္ေႏွးေနတာျဖစ္သလို အေျပာင္းအေရႊ႕ကာလကလည္း သာမန္ထက္ ပုိမိုၾကာျမင့္မွာျဖစ္လုိ႔ အခ်ိန္ယူလုပ္ေဆာင္ေနၾကတာျဖစ္ေၾကာင္းလည္း ေျပာၾကားသြားတယ္လုိ႔ သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာနဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်တို့ဟာ အသင်းပြောင်းရွှေ့ဖို့ကိစ္စအတွက် အပြင်မှာ မတွေ့ဆုံရသေးပေမယ့် အွန်လိုင်းမှာ ဆက်သွယ်ဆွေးနွေးထားတယ်လို့ ဂျာမန်ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ရာဖေးလ် ဟိုနစ္စတိန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ ဒီရာသီမှာ RB လိုက်ပ်ဇစ်အသင်းအတွက် ခြေစွမ်းပြနေပြီး လာမယ့်ရာသီမှာ လီဗာပူးလ်ကို ပြောင်းရွှေ့မယ်လို့ မီဒီယာတွေက ခန့်မှန်းနေကြသလို သူကိုယ်တိုင်ကလည်း ယာဂန် ကလော့ပ်နဲ့ လက်တွဲချင်တယ်လို့ ထုတ်ဖော်ပြောကြားထားဖူးတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိုင့်ဇ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါအဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဗာနာကို လီဗာပူးလ်အပြင် တခြားအသင်းကြီးတွေကလည်း စောင့်ကြည့်နေကြပြီး သူတို့ချင်း အဆင်မပြေခဲ့ရင် ကြားဝင်ကမ်းလှမ်းဖို့ စောင့်ကြည့်နေကြချိန်မှာ ခုလိုမျိုး ဆက်သွယ် ဆွေးနွေးထားတယ်လို့ သတင်းထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

ဟိုနစ္စတိန်းက လီဗာပူးလ်အနေနဲ့ ဗာနာကို ခေါ်ယူဖို့ အားလုံးရဲ့ ရှေ့မှာ ရှိနေပြီး ကစားသမားအနေနဲ့ ဒီအသင်းကို ပြောင်းရွှေ့ချင်နေသလို RB လိုက်ပ်ဇစ်အသင်းဘက်က လျော်ကြေးစာချုပ်ချုပ်ဆိုထားမှုအရတော့ နှစ်သင်းကြားမှာ ပေါင် ၅၅ သန်းဆိုတာ သင့်တော်တဲ့ ပမာဏဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်နည်းပြ ကလော့ပ်နဲ့ ဗာနာတို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အွန်လိုင်းကတစ်ဆင့် အနည်းဆုံးတစ်ကြိမ်တော့ ဆက်သွယ်ပြီးပြီလို့ ဟိုနစ္စတိန်းက ပြောလိုက်ပြီး ဘဏ္ဏာရေးအခြေအနေတွေအရသာ နှောင့်နှေးနေတာဖြစ်သလို အပြောင်းအရွှေ့ကာလကလည်း သာမန်ထက် ပိုမိုကြာမြင့်မှာဖြစ်လို့ အချိန်ယူလုပ်ဆောင်နေကြတာဖြစ်ကြောင်းလည်း ပြောကြားသွားတယ်လို့ သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.