Analysis International Match Report

စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ အီတလီရဲ့ နေးရှင်းလိဂ်ပွဲစဉ်က ခါးသီးခဲ့ရမှု 5 ချက်

အီတလီအသင်းအနေနဲ့ UEFA Nations League ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မီလန်မြို့က ဆန်စီရိုကွင်းကြီးမှာ စပိန်အသင်းကို အိမ်ရှင်အဖြစ် အားသာချက်နဲ့ လက်ခံကစားခွင့်ရခဲ့ပေမယ့် သူတို့အနေနဲ့ အားသာချက်တစ်ခုကိုမှ ရှာဖွေနိုင်ခြင်း မရှိဘဲ အရှုံးပေးခဲ့ရသလို နည်းပြ ရောဘတ်တို မန်ချီနိနဲ့ ပူပူနွေးနွေး ယူရိုချန်ပီယံတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

၁။ မန်ချီနီရဲ့ ၃၇ ပွဲစံချိန် ရပ်တန့်
ဒီပွဲမတိုင်ခင်မှာ နောက်ထပ်တစ်နှစ်ကျော်လောက်၊ ၂၀၂၂ နှစ်ကုန်လောက်အထိ ရှုံးပွဲမရှိဘဲ ကစားချင်တယ်လို့ ဆန္ဒပြုခဲ့တဲ့ မန်ချီနီတစ်ယောက် သူပြောပြီး နောက်တစ်ရက်မှာပဲ စံချိန်ရပ်တန့်ခဲ့ရတာပါ။ အီတလီတို့အနေနဲ့ ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တာဟာ ဘရာဇီးလ်အသင်းထက် တစ်ပွဲ အသာနဲ့ ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ စပိန်ကို တစ်ယောက်လျော့နဲ့ ကစားပြီး စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

၂။ ၁၄ နှစ်သားမှာ မြင်လိုက်ရတဲ့ အီတလီကို ပါဝင်ရပ်တန့်ခဲ့သူ
၂၀၁၈ ခုနှစ်က အီတလီတို့ရဲ့ ရှုံးပွဲမရှိမှတ်တမ်းကို စတင်မယ့် ယူကရိန်းနဲ့ တစ်ဂိုးစီ သရေပွဲကို အောက်တိုဘာလမှာ ကစားတုန်းက ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရတဲ့ စပိန်လူငယ်ကွင်းလယ်လူလေး ဂါဗီဟာ အသက် ၁၄ နှစ်အရွယ် ကလေးသာသာပဲ ရှိခဲ့သေးတာပါ။ ဒီနေ့မှာတော့ သူ့ရဲ့ ပထမဆုံး ကစားခွင့် ရရှိတဲ့ လက်ရွေးစင်အသင်းပွဲဟာ အီတလီမြေက အဝေးကွင်းပွဲစဉ်လည်းဖြစ်နေခဲ့ပြီး ဒီပွဲမှာ ဝါရင့်အီတလီကွင်းလယ်လူတွေဖြစ်တဲ့ ဂျော်ဂျင်ညို၊ ဗာရက်တီနဲ့ ဘာရဲလားတို့ကို ယှဉ်ပြိုင်ကစားပြီး ရှုံးပွဲမရှိမှတ်တမ်းကို ရပ်တန့်သူတွေထဲမှာ ပါဝင်သွားခဲ့တာဖြစ်ပါတယ်။

၃။ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ပါ ဆုံးခဲ့ရတဲ့ အီတလီ
အီတလီတို့အနေနဲ့ မိအေးနှစ်ခါနာတာ မကဘဲ စပိန်တို့ရဲ့ နိုင်ပွဲက တစ်ချက်ခုတ် သုံးချက်လောက် ပြတ်ခဲ့တာပါ။ ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရပြီး နေးရှင်းလိဂ်ဆုဖလားနဲ့ လွဲချော်ထွက်ခွာခဲ့ရသလို နောက်တစ်ခုကတော့ သူတို့ရဲ့ ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့နောက်ပိုင်း ချစ်ကြည်ရေး မဟုတ်တဲ့ ပြိုင်ပွဲကြီးတွေမှာ ရှုံးပွဲမရှိခဲ့တဲ့ အိမ်ကွင်းမှတ်တမ်းကောင်းပါ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ပါဝင်ခဲ့တဲ့ စပိန်အသင်းရဲ့ ကစားသမားတွေထဲက ပက်ဒရို ပေါ်ရို၊ ဖယ်ရန် တောရက်စ်၊ အဲရစ် ဂါစီယာ၊ ဘရိုင်ယန် ဟေးလ်၊ ယယ်ရမီ ပီနိုနဲ့ ဂါဗီတို့ဟာ အီတလီရဲ့ ဒိန်းမတ်ကို နေပယ်လ်က နာပိုလီရဲ့ ဆန်ပေါ်လိုကွင်းမှာ ရှုံးခဲ့ပြီးနောက်ပိုင်း အဲ့ဒီမှတ်တမ်းကို စတင်ရေတွက်တဲ့ အချိန်တုန်းက မွေးတောင် မမွေးခဲ့သေးတာလည်းပြီး သူတို့ထဲက အသက်အကြီးဆုံး ပေါ်ရိုကတော့ စက်တင်ဘာ ၁၃ ရက်နေ့မှာမှ မွေးဖွားခဲ့တာဖြစ်ပါတယ်။

၄။ အလဟဿနဲ့ အနီကတ်ထိတဲ့ ဘိုနူချီ
ဒီနေ့ပွဲမှာ အီတလီရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တဲ့ နောက်ခံလူ လီယိုနာဒို ဘိုနူချီဟာ မလိုအပ်ဘဲ နှစ်ဝါထိခဲ့ပြီး အသင်းကို အထိနာစေခဲ့သလို သူ့အတွက် ၂၀၁၄ ခုနှစ်က မော်လ်တာနဲ့ ပွဲနောက်ပိုင်း လက်ရွေးစင်ဘဝ ဒုတိယမြောက် အနီကတ်ကို စုဆောင်းမိခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာ ဒိုင်လူကြီး ဆာဂေး ကာရာဆက်ဗ်ကို စောဒကတက်လို့ အဝါထိခဲ့ပြီး ၄၃ မိနစ်မှာတော့ သူ့ရဲ့ လေထဲက ဘောလုံးလုယူမှုက စပိန်ကပ္ပတိန် ဆာဂျီယို ဘူးစကွက်စ်ရဲ့ မေးရိုးဘေးကို တံတောင်နဲ့ တိုက်မိခဲ့တာကြောင့် နောက်တစ်ဝါနဲ့ အထုတ်ခံခဲ့ရသလို အရေးကြီးတဲ့ပွဲမှာ ဒီအမှား နှစ်ခုစလုံးက မဖြစ်သင့်ခဲ့တာပါ။

၅။ ကလေးကိုတောင် မယှဉ်နိုင်ခဲ့တဲ့ အီတလီကွင်းလယ်
စပိန်ဘက် အသက် ၁၇ နှစ်နဲ့ ၆၂ ရက် အရွယ်မှာ ဝင်ကစားပြီး အသက်အငယ်ဆုံး စံချိန်တင်ခဲ့တဲ့ ကွင်းလယ်ကစားသမားလေး ဂါဗီဟာ ဒီနေ့ပွဲမှာ ဘောလုံးထိချက် ၆၈ ကြိမ်နဲ့ ပေးပို့မှု ၈၉ ရာခိုင်နှုန်း သေချာခဲ့ချိန်မှာ အီတလီရဲ့ ဆရာကြီးအုပ်စုကတော့ မယှဉ်သာဘဲဖြစ်ခဲ့ရတာပါ။ ဂျော်ဂျင်ညိုနဲ့ ဗာရက်တီတို့ဟာ ဒီနေ့ပွဲမှာ ဘောလုံးထိချက် ၃၄ ကြိမ်နဲ့ ၃၁ ကြိမ်စီ အသီးသီးရှိခဲ့ပြီး ဒီအရေအတွက်က နှစ်ဦးပေါင်းတာတောင် ဂါဗီကို မမီခဲ့ဘဲ မန်ချီနီရဲ့ ရှုံးပွဲမှာ မျက်နှာမလှဘဲဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင္းအေနနဲ႔ UEFA Nations League ရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ မီလန္ၿမိဳ႕က ဆန္စီ႐ိုကြင္းႀကီးမွာ စပိန္အသင္းကို အိမ္ရွင္အျဖစ္ အားသာခ်က္နဲ႔ လက္ခံကစားခြင့္ရခဲ့ေပမယ့္ သူတို႔အေနနဲ႔ အားသာခ်က္တစ္ခုကိုမွ ရွာေဖြႏိုင္ျခင္း မရွိဘဲ အရႈံးေပးခဲ့ရသလို နည္းျပ ေရာဘတ္တို မန္ခ်ီနိနဲ႔ ပူပူေႏြးေႏြး ယူ႐ိုခ်န္ပီယံေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

၁။ မန္ခ်ီနီရဲ႕ ၃၇ ပြဲစံခ်ိန္ ရပ္တန႔္
ဒီပြဲမတိုင္ခင္မွာ ေနာက္ထပ္တစ္ႏွစ္ေက်ာ္ေလာက္၊ ၂၀၂၂ ႏွစ္ကုန္ေလာက္အထိ ရႈံးပြဲမရွိဘဲ ကစားခ်င္တယ္လို႔ ဆႏၵျပဳခဲ့တဲ့ မန္ခ်ီနီတစ္ေယာက္ သူေျပာၿပီး ေနာက္တစ္ရက္မွာပဲ စံခ်ိန္ရပ္တန႔္ခဲ့ရတာပါ။ အီတလီတို႔အေနနဲ႔ ၃၇ ပြဲဆက္တိုက္ ရႈံးပြဲမရွိ ကစားႏိုင္ခဲ့တာဟာ ဘရာဇီးလ္အသင္းထက္ တစ္ပြဲ အသာနဲ႔ ကမာၻ႔စံခ်ိန္တင္ျဖစ္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ စပိန္ကို တစ္ေယာက္ေလ်ာ့နဲ႔ ကစားၿပီး စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းႏိုင္ျခင္း မရွိေတာ့တာ ျဖစ္ပါတယ္။

၂။ ၁၄ ႏွစ္သားမွာ ျမင္လိုက္ရတဲ့ အီတလီကို ပါဝင္ရပ္တန႔္ခဲ့သူ
၂၀၁၈ ခုႏွစ္က အီတလီတို႔ရဲ႕ ရႈံးပြဲမရွိမွတ္တမ္းကို စတင္မယ့္ ယူကရိန္းနဲ႔ တစ္ဂိုးစီ သေရပြဲကို ေအာက္တိုဘာလမွာ ကစားတုန္းက ဒီေန႔ပြဲမွာ ပြဲထြက္ခြင့္ရတဲ့ စပိန္လူငယ္ကြင္းလယ္လူေလး ဂါဗီဟာ အသက္ ၁၄ ႏွစ္အ႐ြယ္ ကေလးသာသာပဲ ရွိခဲ့ေသးတာပါ။ ဒီေန႔မွာေတာ့ သူ႔ရဲ႕ ပထမဆုံး ကစားခြင့္ ရရွိတဲ့ လက္ေ႐ြးစင္အသင္းပြဲဟာ အီတလီေျမက အေဝးကြင္းပြဲစဥ္လည္းျဖစ္ေနခဲ့ၿပီး ဒီပြဲမွာ ဝါရင့္အီတလီကြင္းလယ္လူေတြျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳ၊ ဗာရက္တီနဲ႔ ဘာရဲလားတို႔ကို ယွဥ္ၿပိဳင္ကစားၿပီး ရႈံးပြဲမရွိမွတ္တမ္းကို ရပ္တန႔္သူေတြထဲမွာ ပါဝင္သြားခဲ့တာျဖစ္ပါတယ္။

၃။ အိမ္ကြင္းရႈံးပြဲမရွိစံခ်ိန္ပါ ဆုံးခဲ့ရတဲ့ အီတလီ
အီတလီတို႔အေနနဲ႔ မိေအးႏွစ္ခါနာတာ မကဘဲ စပိန္တို႔ရဲ႕ ႏိုင္ပြဲက တစ္ခ်က္ခုတ္ သုံးခ်က္ေလာက္ ျပတ္ခဲ့တာပါ။ ရႈံးပြဲမရွိစံခ်ိန္ ရပ္တန႔္ခဲ့ရၿပီး ေနးရွင္းလိဂ္ဆုဖလားနဲ႔ လြဲေခ်ာ္ထြက္ခြာခဲ့ရသလို ေနာက္တစ္ခုကေတာ့ သူတို႔ရဲ႕ ၁၉၉၉ ခုႏွစ္ စက္တင္ဘာလ ၈ ရက္ေန႔ေနာက္ပိုင္း ခ်စ္ၾကည္ေရး မဟုတ္တဲ့ ၿပိဳင္ပြဲႀကီးေတြမွာ ရႈံးပြဲမရွိခဲ့တဲ့ အိမ္ကြင္းမွတ္တမ္းေကာင္းပါ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ပါဝင္ခဲ့တဲ့ စပိန္အသင္းရဲ႕ ကစားသမားေတြထဲက ပက္ဒ႐ို ေပၚ႐ို၊ ဖယ္ရန္ ေတာရက္စ္၊ အဲရစ္ ဂါစီယာ၊ ဘ႐ိုင္ယန္ ေဟးလ္၊ ယယ္ရမီ ပီႏိုနဲ႔ ဂါဗီတို႔ဟာ အီတလီရဲ႕ ဒိန္းမတ္ကို ေနပယ္လ္က နာပိုလီရဲ႕ ဆန္ေပၚလိုကြင္းမွာ ရႈံးခဲ့ၿပီးေနာက္ပိုင္း အဲ့ဒီမွတ္တမ္းကို စတင္ေရတြက္တဲ့ အခ်ိန္တုန္းက ေမြးေတာင္ မေမြးခဲ့ေသးတာလည္းၿပီး သူတို႔ထဲက အသက္အႀကီးဆုံး ေပၚ႐ိုကေတာ့ စက္တင္ဘာ ၁၃ ရက္ေန႔မွာမွ ေမြးဖြားခဲ့တာျဖစ္ပါတယ္။

၄။ အလဟႆနဲ႔ အနီကတ္ထိတဲ့ ဘိုႏူခ်ီ
ဒီေန႔ပြဲမွာ အီတလီရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူကစားခဲ့တဲ့ ေနာက္ခံလူ လီယိုနာဒို ဘိုႏူခ်ီဟာ မလိုအပ္ဘဲ ႏွစ္ဝါထိခဲ့ၿပီး အသင္းကို အထိနာေစခဲ့သလို သူ႔အတြက္ ၂၀၁၄ ခုႏွစ္က ေမာ္လ္တာနဲ႔ ပြဲေနာက္ပိုင္း လက္ေ႐ြးစင္ဘဝ ဒုတိယေျမာက္ အနီကတ္ကို စုေဆာင္းမိခဲ့တာလည္း ျဖစ္ပါတယ္။ ပြဲခ်ိန္ မိနစ္ ၃၀ မွာ ဒိုင္လူႀကီး ဆာေဂး ကာရာဆက္ဗ္ကို ေစာဒကတက္လို႔ အဝါထိခဲ့ၿပီး ၄၃ မိနစ္မွာေတာ့ သူ႔ရဲ႕ ေလထဲက ေဘာလုံးလုယူမႈက စပိန္ကပၸတိန္ ဆာဂ်ီယို ဘူးစကြက္စ္ရဲ႕ ေမး႐ိုးေဘးကို တံေတာင္နဲ႔ တိုက္မိခဲ့တာေၾကာင့္ ေနာက္တစ္ဝါနဲ႔ အထုတ္ခံခဲ့ရသလို အေရးႀကီးတဲ့ပြဲမွာ ဒီအမွား ႏွစ္ခုစလုံးက မျဖစ္သင့္ခဲ့တာပါ။

၅။ ကေလးကိုေတာင္ မယွဥ္ႏိုင္ခဲ့တဲ့ အီတလီကြင္းလယ္
စပိန္ဘက္ အသက္ ၁၇ ႏွစ္နဲ႔ ၆၂ ရက္ အ႐ြယ္မွာ ဝင္ကစားၿပီး အသက္အငယ္ဆုံး စံခ်ိန္တင္ခဲ့တဲ့ ကြင္းလယ္ကစားသမားေလး ဂါဗီဟာ ဒီေန႔ပြဲမွာ ေဘာလုံးထိခ်က္ ၆၈ ႀကိမ္နဲ႔ ေပးပို႔မႈ ၈၉ ရာခိုင္ႏႈန္း ေသခ်ာခဲ့ခ်ိန္မွာ အီတလီရဲ႕ ဆရာႀကီးအုပ္စုကေတာ့ မယွဥ္သာဘဲျဖစ္ခဲ့ရတာပါ။ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဗာရက္တီတို႔ဟာ ဒီေန႔ပြဲမွာ ေဘာလုံးထိခ်က္ ၃၄ ႀကိမ္နဲ႔ ၃၁ ႀကိမ္စီ အသီးသီးရွိခဲ့ၿပီး ဒီအေရအတြက္က ႏွစ္ဦးေပါင္းတာေတာင္ ဂါဗီကို မမီခဲ့ဘဲ မန္ခ်ီနီရဲ႕ ရႈံးပြဲမွာ မ်က္ႏွာမလွဘဲျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.