International La Liga

စပိန်ရဲ့ အသက်အငယ်ဆုံးကစားသမားလေး ဂါဗီဆိုတာ ဘယ်သူလဲနဲ့ သိကောင်းစရာများ

စပိန်လက်ရွေးစင်အသင်းကြီးအတွက် အီတလီကို နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ စတင်ပွဲထွက်ခဲ့ပြီး အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားစံချိန်ကို ချိုးဖျက်ခဲ့တဲ့ ကွင်းလယ်ကစားသမားလေး ဂါဗီဟာ ဒီနေ့မှာ ဘောလုံးပရိသတ်တွေအတွက် ပြောစမှတ်ဖြစ်ခဲ့သလို သူနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို စိတ်ဝင်စားနေကြမှာဖြစ်လို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

“ဂါဗီ”ဆိုတာ သူ့ရဲ့ အမည်ရင်းတော့ မဟုတ်ပါဘူး။ ချစ်စနိုးအမည် Nick Name တစ်ခုသာဖြစ်ပြီး မှတ်ပုံတင်ထဲက နာမည်ကတော့ ပါဘလို မာတင် ပါအက်ဇ် ဂါဗီရာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ လူငယ်ကွင်းလယ်လူဟာ မိခင်ရဲ့ မိသားစုနာမည်ဖြစ်တဲ့ ဂါဗီရာကနေ “ဂါဗီ”လို့ အမည်ယူခဲ့ပြီး ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီကနေ ဩဂုတ်လ ၂၉ ရက်နေ့မှာ လူမြင်ကွင်းထဲ ရောက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၁၀ နှစ်အရွယ်မှာမှ ရီးရဲလ်ဘက်တစ်အသင်းရဲ့ အကယ်ဒမီကို ရောက်လာခဲ့တဲ့ ဂါဗီဟာ လာမာစီယာအကယ်ဒမီကိုတော့ ၂၀၁၅ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာဘီအသင်းမှာ ၂၀၂၀ ကနေမှ ၃ ပွဲသာ ကစားဖူးခဲ့သေးချိန်မှာ နည်းပြ ရော်နယ်လ် ကိုးမန်းရဲ့ ရွေးချယ်မှုနဲ့ လာလီဂါမှာ ၅ ပွဲ ကစားထားခဲ့ပြီဖြစ်ပြီး ကွင်းလယ်နဲ့ ညာတောင်ပံတွေမှာ ကစားနိုင်သူလည်းဖြစ်ပါတယ်။

စပိန်လူငယ်အသင်းတွေမှာ သက်တမ်းလိုက် ပါဝင်ထားခဲ့တဲ့ ဂါဗီဟာ ယူ-၁၈ အသင်းနဲ့ ၂၀၂၁ ခုနှစ်ထဲမှာ နောက်ဆုံးကစားထားခဲ့ပြီး အသင်းကြီး အတွက် အသက်အငယ်ဆုံးပွဲထွက်သူအဖြစ် နှစ်ပေါင်း ၈၅ နှစ်တိုင်တိုင် တည်ရှိနေခဲ့တဲ့ တိုက်စစ်မှူးဟောင်း အန်ဟဲလ် ဇူဘီယေတာရဲ့ စံချိန်ကို နည်းပြ လူးဝစ် အန်ရီကေရဲ့ အံ့အားသင့်စရာ ရွေးချယ်မှုနဲ့အတူ ဒီနေ့မှာ ချိုးဖျက်လိုက်နိုင်တာပါ။

ကွင်းလယ်မှာ စပိန်နဲ့ ဘာစီလိုနာရဲ့ နောက်ဆုံးထွက် ကြယ်ပွင့် ပက်ဒရီကို ကျော်လွန်တောက်ပလာခဲ့ပြီး သူတို့ရဲ့ ရှေ့က အလားအလာရှိသူ တစ်ဦးဖြစ်တဲ့ ရီကီပုဂျ်ကိုတော့ နားထားလိုက်တော့လို့ ပြောနိုင်ခဲ့တဲ့ ဂါဗီဟာ အီတလီအသင်းနဲ့ ကစားချိန်မှာ အသက် ၁၇ နှစ်နဲ့ ၆၂ ရက်သာ ရှိသေးပြီး သူ့ရှေ့က အသင်းဖော် အန်ဆူ ဖာတီရဲ့ ၁၇ နှစ်နဲ့ ၃၀၈ ရက်မှာမှ ရွေးချယ်ခံခဲ့ရလို့ မချိုးနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးစံချိန်ကိုလည်း ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။

အန်ဆူ ဖာတီကတော့ ပွဲထွက်မှာ ဂျာမနီအသင်းဘက်ကို ၄၅ မိနစ် လူစားဝင်အဖြစ် ကစားခဲ့ပြီး နောက်တစ်ပွဲဖြစ်တဲ့ ယူကရိန်းအသင်းကို သုံးရက် အကြာမှာ အသက်အငယ်ဆုံးဂိုးသွင်းရှင်အဖြစ် တစ်ဂိုးရယူနိုင်ခဲ့တာကြောင့် ဂါဗီအနေနဲ့ ဒီစံချိန်ကို မီနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ဂိုးရခဲ့ရင်တော့ နောက်ထပ်အသက်အငယ်ဆုံးသစ်ကိုပါ ရရှိနိုင်ဦးမှာဖြစ်သလို သူ့ရဲ့ အသက် ၁၇ နှစ်နဲ့ ၃၁၀ ရက်ရှိမယ့် ၂၀၂၂ ဇွန်လလယ်လောက်အထိ အခွင့်အရေး ရှိနေသေးတာပါ။

နည်းပြ အန်ရီကေကတော့ “ကဲ… ခင်ဗျားတို့ စပိန်က ကလေးတွေ ဘယ်လောက်ကောင်းသလဲဆိုတာ မြင်ပြီ မဟုတ်လား။ သူ့လိုမျိုး ယုံကြည်မှု ပြည့်ဝတဲ့ ပုံစံမျိုးနဲ့ ပွဲဦးထွက်မှာ ကစားနိုင်တာဟာ သာမန်တော့ မဟုတ်ဘူးဗျ။ ဂါဗီဟာ စပိန်အသင်းရဲ့ အနာဂတ်လို့ ဆိုနိုင်ပြီလို့ ပြောရမှာဖြစ်သလို ပစ္စုပ္ပန် အတွက်ပါ ထည့်သွင်းစဉ်းစားနိုင်ပါပြီ”လို့ ဆိုခဲ့ပြီး “သူ့ရဲ့ Idol ကတော့ မာကို ဗာရက်တီပါ”လို့ အီတလီရုပ်သံ RAI က ပြုလုပ်တဲ့ ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကာတာလန်သားတွေအတွက် ပြိုင်ပွဲစုံ ၇ ပွဲ ကစားအပြီးမှာ ဂိုးသွင်းယူပေးနိုင်ဖို့တော့ လိုအပ်နေဆဲဖြစ်တဲ့ ဂါဗီကို ဘာစီလိုနာအသင်းမှာတော့ သူတို့ရဲ့ ဂန္ထဝင်ကွင်းလယ်လူ၊ လက်ရှိ ကာတာကလပ် အယ်လ်ဆတ်ဒ်နည်းပြ ဇာဗီ အာနန်ဒက်ဇ်နဲ့ နှိုင်းယှဉ်နေကြပြီး သူနဲ့ ပက်ဒရီတို့ကတော့ ခေတ်သစ် ဇာဗီနဲ့ အင်နီယေစတာတို့ ဖြစ်လာမလား စောင့်ကြည့်ရတော့မှာပါ။

ပြီးခဲ့တဲ့ စပိန်အသင်းရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲမှာတော့ ဂါဗီနဲ့အတူ လူငယ်နောက်တစ်ဦး ပွဲထွက်ခဲ့သေးသလို သူကတော့ ပွဲချိန် ၄၉ မိနစ်မှာ ဖယ်ရန် တောရက်စ်အစား လူစားဝင်ခဲ့တဲ့ ဗီလာရီးရဲလ်တောင်ပံကစားသမား ယယ်ရမီ ပီနိုပဲဖြစ်ပြီး ၁၈ နှစ်နဲ့ ၃၅၁ ရက်သားအနေနဲ့ တောင်ပံမှာ သူ့ရဲ့ ခြေယောင်ပြ ကစားပုံတွေနဲ့ တောက်ပခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္လက္ေ႐ြးစင္အသင္းႀကီးအတြက္ အီတလီကို ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္မွာ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ စတင္ပြဲထြက္ခဲ့ၿပီး အသင္းရဲ႕ အသက္အငယ္ဆုံး ကစားသမားစံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တဲ့ ကြင္းလယ္ကစားသမားေလး ဂါဗီဟာ ဒီေန႔မွာ ေဘာလုံးပရိသတ္ေတြအတြက္ ေျပာစမွတ္ျဖစ္ခဲ့သလို သူနဲ႔ ပတ္သက္တဲ့ သိေကာင္းစရာေတြကို စိတ္ဝင္စားေနၾကမွာျဖစ္လို႔ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

“ဂါဗီ”ဆိုတာ သူ႔ရဲ႕ အမည္ရင္းေတာ့ မဟုတ္ပါဘူး။ ခ်စ္စႏိုးအမည္ Nick Name တစ္ခုသာျဖစ္ၿပီး မွတ္ပုံတင္ထဲက နာမည္ကေတာ့ ပါဘလို မာတင္ ပါအက္ဇ္ ဂါဗီရာျဖစ္ပါတယ္။ ၂၀၀၄ ခုႏွစ္ ဩဂုတ္လ ၅ ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ လူငယ္ကြင္းလယ္လူဟာ မိခင္ရဲ႕ မိသားစုနာမည္ျဖစ္တဲ့ ဂါဗီရာကေန “ဂါဗီ”လို႔ အမည္ယူခဲ့ၿပီး ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီကေန ဩဂုတ္လ ၂၉ ရက္ေန႔မွာ လူျမင္ကြင္းထဲ ေရာက္လာခဲ့တာျဖစ္ပါတယ္။

အသက္ ၁၀ ႏွစ္အ႐ြယ္မွာမွ ရီးရဲလ္ဘက္တစ္အသင္းရဲ႕ အကယ္ဒမီကို ေရာက္လာခဲ့တဲ့ ဂါဗီဟာ လာမာစီယာအကယ္ဒမီကိုေတာ့ ၂၀၁၅ ခုႏွစ္မွာ ေရာက္ရွိလာခဲ့ၿပီး ဘာစီလိုနာဘီအသင္းမွာ ၂၀၂၀ ကေနမွ ၃ ပြဲသာ ကစားဖူးခဲ့ေသးခ်ိန္မွာ နည္းျပ ေရာ္နယ္လ္ ကိုးမန္းရဲ႕ ေ႐ြးခ်ယ္မႈနဲ႔ လာလီဂါမွာ ၅ ပြဲ ကစားထားခဲ့ၿပီျဖစ္ၿပီး ကြင္းလယ္နဲ႔ ညာေတာင္ပံေတြမွာ ကစားႏိုင္သူလည္းျဖစ္ပါတယ္။

စပိန္လူငယ္အသင္းေတြမွာ သက္တမ္းလိုက္ ပါဝင္ထားခဲ့တဲ့ ဂါဗီဟာ ယူ-၁၈ အသင္းနဲ႔ ၂၀၂၁ ခုႏွစ္ထဲမွာ ေနာက္ဆုံးကစားထားခဲ့ၿပီး အသင္းႀကီး အတြက္ အသက္အငယ္ဆုံးပြဲထြက္သူအျဖစ္ ႏွစ္ေပါင္း ၈၅ ႏွစ္တိုင္တိုင္ တည္ရွိေနခဲ့တဲ့ တိုက္စစ္မႉးေဟာင္း အန္ဟဲလ္ ဇူဘီေယတာရဲ႕ စံခ်ိန္ကို နည္းျပ လူးဝစ္ အန္ရီေကရဲ႕ အံ့အားသင့္စရာ ေ႐ြးခ်ယ္မႈနဲ႔အတူ ဒီေန႔မွာ ခ်ိဳးဖ်က္လိုက္ႏိုင္တာပါ။

ကြင္းလယ္မွာ စပိန္နဲ႔ ဘာစီလိုနာရဲ႕ ေနာက္ဆုံးထြက္ ၾကယ္ပြင့္ ပက္ဒရီကို ေက်ာ္လြန္ေတာက္ပလာခဲ့ၿပီး သူတို႔ရဲ႕ ေရွ႕က အလားအလာရွိသူ တစ္ဦးျဖစ္တဲ့ ရီကီပုဂ်္ကိုေတာ့ နားထားလိုက္ေတာ့လို႔ ေျပာႏိုင္ခဲ့တဲ့ ဂါဗီဟာ အီတလီအသင္းနဲ႔ ကစားခ်ိန္မွာ အသက္ ၁၇ ႏွစ္နဲ႔ ၆၂ ရက္သာ ရွိေသးၿပီး သူ႔ေရွ႕က အသင္းေဖာ္ အန္ဆူ ဖာတီရဲ႕ ၁၇ ႏွစ္နဲ႔ ၃၀၈ ရက္မွာမွ ေ႐ြးခ်ယ္ခံခဲ့ရလို႔ မခ်ိဳးႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံးစံခ်ိန္ကိုလည္း ရရွိႏိုင္ခဲ့တာျဖစ္ပါတယ္။

အန္ဆူ ဖာတီကေတာ့ ပြဲထြက္မွာ ဂ်ာမနီအသင္းဘက္ကို ၄၅ မိနစ္ လူစားဝင္အျဖစ္ ကစားခဲ့ၿပီး ေနာက္တစ္ပြဲျဖစ္တဲ့ ယူကရိန္းအသင္းကို သုံးရက္ အၾကာမွာ အသက္အငယ္ဆုံးဂိုးသြင္းရွင္အျဖစ္ တစ္ဂိုးရယူႏိုင္ခဲ့တာေၾကာင့္ ဂါဗီအေနနဲ႔ ဒီစံခ်ိန္ကို မီႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဂိုးရခဲ့ရင္ေတာ့ ေနာက္ထပ္အသက္အငယ္ဆုံးသစ္ကိုပါ ရရွိႏိုင္ဦးမွာျဖစ္သလို သူ႔ရဲ႕ အသက္ ၁၇ ႏွစ္နဲ႔ ၃၁၀ ရက္ရွိမယ့္ ၂၀၂၂ ဇြန္လလယ္ေလာက္အထိ အခြင့္အေရး ရွိေနေသးတာပါ။

နည္းျပ အန္ရီေကကေတာ့ “ကဲ… ခင္ဗ်ားတို႔ စပိန္က ကေလးေတြ ဘယ္ေလာက္ေကာင္းသလဲဆိုတာ ျမင္ၿပီ မဟုတ္လား။ သူ႔လိုမ်ိဳး ယုံၾကည္မႈ ျပည့္ဝတဲ့ ပုံစံမ်ိဳးနဲ႔ ပြဲဦးထြက္မွာ ကစားႏိုင္တာဟာ သာမန္ေတာ့ မဟုတ္ဘူးဗ်။ ဂါဗီဟာ စပိန္အသင္းရဲ႕ အနာဂတ္လို႔ ဆိုႏိုင္ၿပီလို႔ ေျပာရမွာျဖစ္သလို ပစၥဳပၸန္ အတြက္ပါ ထည့္သြင္းစဥ္းစားႏိုင္ပါၿပီ”လို႔ ဆိုခဲ့ၿပီး “သူ႔ရဲ႕ Idol ကေတာ့ မာကို ဗာရက္တီပါ”လို႔ အီတလီ႐ုပ္သံ RAI က ျပဳလုပ္တဲ့ ပြဲၿပီး အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါတယ္။

ကာတာလန္သားေတြအတြက္ ၿပိဳင္ပြဲစုံ ၇ ပြဲ ကစားအၿပီးမွာ ဂိုးသြင္းယူေပးႏိုင္ဖို႔ေတာ့ လိုအပ္ေနဆဲျဖစ္တဲ့ ဂါဗီကို ဘာစီလိုနာအသင္းမွာေတာ့ သူတို႔ရဲ႕ ဂႏၴဝင္ကြင္းလယ္လူ၊ လက္ရွိ ကာတာကလပ္ အယ္လ္ဆတ္ဒ္နည္းျပ ဇာဗီ အာနန္ဒက္ဇ္နဲ႔ ႏႈိင္းယွဥ္ေနၾကၿပီး သူနဲ႔ ပက္ဒရီတို႔ကေတာ့ ေခတ္သစ္ ဇာဗီနဲ႔ အင္နီေယစတာတို႔ ျဖစ္လာမလား ေစာင့္ၾကည့္ရေတာ့မွာပါ။

ၿပီးခဲ့တဲ့ စပိန္အသင္းရဲ႕ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ပြဲမွာေတာ့ ဂါဗီနဲ႔အတူ လူငယ္ေနာက္တစ္ဦး ပြဲထြက္ခဲ့ေသးသလို သူကေတာ့ ပြဲခ်ိန္ ၄၉ မိနစ္မွာ ဖယ္ရန္ ေတာရက္စ္အစား လူစားဝင္ခဲ့တဲ့ ဗီလာရီးရဲလ္ေတာင္ပံကစားသမား ယယ္ရမီ ပီႏိုပဲျဖစ္ၿပီး ၁၈ ႏွစ္နဲ႔ ၃၅၁ ရက္သားအေနနဲ႔ ေတာင္ပံမွာ သူ႔ရဲ႕ ေျခေယာင္ျပ ကစားပုံေတြနဲ႔ ေတာက္ပခဲ့တာကိုလည္း ေတြ႕ရွိခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.