International Match Report

ဘယ်လ်ဂျီယမ်ကို Come Back နိုင်ပွဲယူပြီး လှလှပပ ဗိုလ်လုပွဲတက်တဲ့ ပြင်သစ်

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ သူတို့ရဲ့ ၃-၄-၃ မှာ မရိုးနိုင်သေးတဲ့ ဘယ်တောင်ပံခံစစ်သမားကို အလယ်တန်း၊ ညာတောင်ပံခံစစ်သမားကို နောက်ခံလူသုံးတဲ့ အကွက်ကြီးနဲ့ ဆက်လက်ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာတော့ အသင်းခေါင်းဆောင် ဟာဇတ်နဲ့အတူ လူကာကူး၊ ဒီဘရိုင်းနားတို့ကို နည်းပြ မာတီနက်ဇ်က အီတလီမြေမှာ ခင်းကျင်းလာခဲ့ပါတယ်။

ပြင်သစ်ကလည်း ၃-၄-၃ ကစားကွက်ကိုပဲ သုံးစွဲခဲ့ပြီး ခံစစ်မှာ ဟာနန်ဒက်ဇ် ညီအစ်ကိုနှစ်ယောက်စလုံး ပါဝင်လာခဲ့သလို ဗာရွန်း၊ ကွန်ဒီနဲ့ ပါဗတ်တို့ကို ပွဲထုတ်ခဲ့ချိန်မှာ ကွင်းလယ်မှာတော့ ပေါ့ဘာနဲ့ ရာဗျိုတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘန်ဇီးမား၊ ဂရစ်ဇ်မန်းနဲ့ အမ်ဘာပေတို့ကို နည်းပြ ဒေးရွှမ့်စ်က ရွေးချယ်ခဲ့တာပါ။

ပွဲစတယ်ဆိုတာနဲ့ ဘယ်လ်ဂျီယမ်တို့ တိုက်စစ်ဆင်ခဲ့ရာမှာ ပြင်သစ်နောက်တန်းက ဖရိုဖရဲဖြစ်နေခဲ့ပြီး ပွဲချိန် ၄ မိနစ်မှာ ညာခြမ်းက လူကာကူးရဲ့ ဖြတ်တင်ဘောကို ခံစစ်က မရှင်းထုတ်နိုင်ခဲ့တာကို ဒီဘရိုင်းနား ပိတ်သွင်းခဲ့ပေမယ့် ဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ပြီး ထောင့်ကန်ဘောပဲ ဖြစ်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပြင်သစ်တို့ တိုက်စစ်ပြန်ကစားလာခဲ့ပြီး အမ်ဘာပေနဲ့ ပါဗတ်တို့ရဲ့ ထိုးဖောက်မှုတွေကို ဂိုးသမား ကူထွာ ကာကွယ်ခဲ့ရသလို ဘယ်လ်ဂျီယမ်ဘက်ကတော့ လူကာကူးနဲ့ ဒီဘရိုင်းနားတို့ လွဲချော်နေခဲ့တာကြောင့် ဂိုးရဖို့က ဝေးနေခဲ့ပြီး နှစ်ဖက်တိုက်စစ်တွေကတော့ ဖြုန်းတီးမှုတွေ များနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဘယ်လ်ဂျီယမ်တို့ အဖွင့်ဂိုးရခဲ့ပြီး ဟာဇက်၊ တီးလီးမန်းစ်တို့ အပေးအယူလုပ်ပြီး ဒီဘရိုင်းနားက သူရလာတဲ့ ဘောလုံးကို ဘယ်ခြမ်းက ကာရက်စ်ကိုဆီ ပေးရာမှာ အက်သလက်တီကိုတောင်ပံသမားက အတွင်းကို တစ်ချက်ဆွဲဝင်ပြီး အနီးတိုင်ဆီ ချိုးကန်သွင်းခဲ့ရာမှာ ပြင်သစ်ရဲ့ ခံစစ်တွေနဲ့ ဂိုးသမား လိုရစ်တို့ အငိုက်မိခဲ့ကြလို့ ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ ဘယ်လ်ဂျီယမ်တို့ပဲ နောက်တစ်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ဘောလုံးကိုင်ကစားနေတဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်ကနေ ဒီဘရိုင်းနား ပေးလိုက်တဲ့ ဘောလုံးကို လူကာကူးက သူ့ကို ကပ်ထားတဲ့ လူကာ ဟာနန်ဒက်ဇ်ကို လှည့်ထွက်ပြီး ဂိုးသမား လိုရစ်နဲ့အတွေ့မှာ အပေါ်ဘက် ဂိုးအမိုးထဲကို ကန်ထည့်သွားခဲ့လို့ ပထမပိုင်းအပြီးမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ပြင်သစ်တို့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာ ကွင်းလယ်ကြောကနေ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက အဝေးကန်ချက်နဲ့ အကဲစမ်းမှုနဲ့ ဂရစ်ဇ်မန်းရဲ့ အနီးကပ် ပိတ်သွင်းမှုတွေက လွဲချော်သွားခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာလည်း ဘယ်လ်ဂျီယမ်တိုက်စစ်မှူး လူကာကူးရဲ့ ကန်ချက်က ဂိုးပေါက်အလယ်မှာဖြစ်နေလို့ လိုရစ် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ကစားအားကျလာတဲ့ ဘယ်လ်ဂျီယမ်တို့ ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရပြီး ဘယ်ခြမ်းကနေ အမ်ဘာပေရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပြီး ပေးပို့မှုကို ဘန်ဇီးမားက ပင်နယ်တီအမှတ်နားကနေ သူ့ကို ကပ်ထားတဲ့ နောက်ခံလူတွေကြားက ကန်သွင်းခဲ့ရာမှာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော် ကူတွာ ကာကွယ်ပုံ နှေးနေခဲ့တာကြောင့် ပြင်သစ်တို့ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ကွင်းလယ်ကနေ တီးလီးမန်းစ် ဘောလုံးထိန်းပုံ မကောင်းတာကြောင့် ပေါ့ဘာက လုယူခဲ့ရာမှာ ထွက်လာတဲ့ ဘောလုံးကို အမ်ဘာပေရပြီး ကန်သွင်းခဲ့တာက နောက်ခံလူတွေနဲ့ ထိပြီး ပြန်ထွက်လာတာကို ဂရစ်ဇ်မန်း ရယူချိန်မှာ တီးလီးမန်းစ်ပဲ အမှားထပ်လုပ်ခဲ့ပြီး နောက်ကနေ ဘောလုံးမထိဘဲ ဖျက်ခဲ့မိတာကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။

ဘယ်လ်ဂျီယမ်တို့ စောဒတက်ခဲ့ကြလို့ VAR ကြည့်ပြီးမှ ထပ်မံအတည်ပြုခဲ့ရတဲ့ ဒီပင်နယ်တီကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ အမ်ဘာပေက ဂိုးသမား ကူတွာရဲ့ အပေါ်ဘက် ညာထောင့်ကို အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ပြင်သစ်တို့ သရေရယူနိုင်ခဲ့ပြီး မိနစ် ၂၀ သာ ကျန်တော့တဲ့ အချိန်မှာ ပွဲက အကြိတ်အနယ်ဖြစ်နေခဲ့ပါတယ်။

နည်းပြ မာတီနက်ဇ်ကတော့ သူ့အသင်းကို တိုက်စစ်မြှင့်ဖို့ ပြင်သစ်ထက်အရင် အပြောင်းအလဲလုပ်ခဲ့ပြီး အမှားများနေတဲ့ တီးလီးမန်းအစား ဗာနာကင်၊ ပွဲချိန်ကြာလို့ ကစားပုံကျလာတဲ့ ကပ္ပတိန် ဟာဇတ်အစား ထရော့ဆတ်တို့ကို ထည့်ကစားလာခဲ့သလို ဒေးရွှမ့်စ်ကတော့ သိပ်မကြာခင်မှာ အလုပ်မဖြစ်တဲ့ ကွင်းလယ်လူ ရာဗျိုအစား ချွာမင်နီကို ထည့်ခဲ့တာပါ။

ဘယ်လ်ဂျီယမ်တို့ရဲ့ တိုက်စစ်ဆင်မှုက ဒီဘရိုင်းနားရဲ့ ကန်ချက်ကို ဂိုးသမား လိုရစ် ပုတ်ထုတ်ခဲ့ရသလို ပြင်သစ်တို့ရဲ့ ပြန်လည်တိုက်စစ်ဆင်မှုမှာလည်း ဂရစ်ဇ်မန်းရဲ့ အနီးကပ် ပိတ်သွင်းမှုကို ခံစစ်က ပိတ်ဆို့ခဲ့ရပြီး ပြန်ထွက်လာတာကို ချွာမင်နီ ကန်ခဲ့ပေမယ့် ဂိုးသမား ကူတွာ ကာကွယ်နိုင်ခဲ့လို့ ဂိုးထပ်မရဘဲဖြစ်နေခဲ့ပါတယ်။

လူကာကူးရဲ့ သွင်းဂိုးနှစ်ဂိုးစလုံး လူကျွံနေခဲ့တာကတော့ ဘယ်လ်ဂျီယမ်တို့ ကံဆိုးခဲ့သလို ပြင်သစ်ဘက်ကတော့ တိုက်စစ်ဆင်ခွင့်တွေ ပိုမိုရရှိခဲ့ပေမယ့် အမ်ဘာပေနဲ့ ဂရစ်ဇ်မန်းတို့ ဖြုန်းတီးနေခဲ့လို့ ဂိုးမရဘဲဖြစ်နေခဲ့ပြီး ပေါ့ဘာရဲ့ မိနစ် ၉၀ ဖရီးကစ်ကလည်း ဘားထိထွက်ခဲ့လို့ အချိန်ပို ကစားရမယ့် ပုံစံတောင်ဖြစ်လာခဲ့တာပါ။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဘယ်လ်ဂျီယမ်တွေရဲ့ ဘယ်ခြမ်းတိုက်စစ်က မသေမသပ်လုပ်ရာကနေ ဘောလုံးပြန်ရခဲ့တဲ့ ပြင်သစ်တို့ ညာခြမ်းက ပြန်လည်တိုက်စစ်ဆင်ခဲ့ကြပြီး ပါဗတ်ရဲ့ ဖြတ်တင်ဘောကို အယ်လ်ဒါဗီရယ်လ် မထိတထိ ဖျက်ထုတ်ရာက ထွက်လာတဲ့ ဘောလုံးကို ဘယ်တောင်ပံ ခံစစ်မှူး သီယို ဟာနန်ဒက်ဇ်က တစ်ချက်ထိန်းပြီးမှ အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကူတွာ လက်နဲ့ ထိခဲ့ပေမယ့် ဂိုးဝင်သွားခဲ့လို့ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၇ မိနစ်အထိ ပေးခဲ့ရာမှာတော့ ဘယ်လ်ဂျီယမ်တို့ ဘက်ရွှာယီကို ထပ်ထည့်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ပြင်သစ်ကလည်း ခံစစ်ကို အားဖြည့်တဲ့ လူစားလဲမှုတွေအဖြစ် ပါဗတ်နဲ့ ဘန်ဇီးမားတို့နေရာမှာ ဒူဘွာနဲ့ ဗယ်ရယ်တူတို့ကို ထည့်သွင်းပြီး ထိန်းကစားသွားခဲ့လို့ ပွဲချိန်အပြည့်မှာ ပြင်သစ်တို့ အောင်ပွဲခံခဲ့ကြပြီး ဗိုလ်လုပွဲဆီကို Come Back Win နဲ့အတူ လှလှပပ တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘယ္လ္ဂ်ီယမ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၃-၄-၃ မွာ မ႐ိုးႏိုင္ေသးတဲ့ ဘယ္ေတာင္ပံခံစစ္သမားကို အလယ္တန္း၊ ညာေတာင္ပံခံစစ္သမားကို ေနာက္ခံလူသုံးတဲ့ အကြက္ႀကီးနဲ႔ ဆက္လက္ပြဲထြက္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အသင္းေခါင္းေဆာင္ ဟာဇတ္နဲ႔အတူ လူကာကူး၊ ဒီဘ႐ိုင္းနားတို႔ကို နည္းျပ မာတီနက္ဇ္က အီတလီေျမမွာ ခင္းက်င္းလာခဲ့ပါတယ္။

ျပင္သစ္ကလည္း ၃-၄-၃ ကစားကြက္ကိုပဲ သုံးစြဲခဲ့ၿပီး ခံစစ္မွာ ဟာနန္ဒက္ဇ္ ညီအစ္ကိုႏွစ္ေယာက္စလုံး ပါဝင္လာခဲ့သလို ဗာ႐ြန္း၊ ကြန္ဒီနဲ႔ ပါဗတ္တို႔ကို ပြဲထုတ္ခဲ့ခ်ိန္မွာ ကြင္းလယ္မွာေတာ့ ေပါ့ဘာနဲ႔ ရာဗ်ိဳတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘန္ဇီးမား၊ ဂရစ္ဇ္မန္းနဲ႔ အမ္ဘာေပတို႔ကို နည္းျပ ေဒး႐ႊမ့္စ္က ေ႐ြးခ်ယ္ခဲ့တာပါ။

ပြဲစတယ္ဆိုတာနဲ႔ ဘယ္လ္ဂ်ီယမ္တို႔ တိုက္စစ္ဆင္ခဲ့ရာမွာ ျပင္သစ္ေနာက္တန္းက ဖ႐ိုဖရဲျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၄ မိနစ္မွာ ညာျခမ္းက လူကာကူးရဲ႕ ျဖတ္တင္ေဘာကို ခံစစ္က မရွင္းထုတ္ႏိုင္ခဲ့တာကို ဒီဘ႐ိုင္းနား ပိတ္သြင္းခဲ့ေပမယ့္ ဂိုးသမား လိုရစ္ ကာကြယ္ႏိုင္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ၿပီး ေထာင့္ကန္ေဘာပဲ ျဖစ္သြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ျပင္သစ္တို႔ တိုက္စစ္ျပန္ကစားလာခဲ့ၿပီး အမ္ဘာေပနဲ႔ ပါဗတ္တို႔ရဲ႕ ထိုးေဖာက္မႈေတြကို ဂိုးသမား ကူထြာ ကာကြယ္ခဲ့ရသလို ဘယ္လ္ဂ်ီယမ္ဘက္ကေတာ့ လူကာကူးနဲ႔ ဒီဘ႐ိုင္းနားတို႔ လြဲေခ်ာ္ေနခဲ့တာေၾကာင့္ ဂိုးရဖို႔က ေဝးေနခဲ့ၿပီး ႏွစ္ဖက္တိုက္စစ္ေတြကေတာ့ ျဖဳန္းတီးမႈေတြ မ်ားေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ဟာဇက္၊ တီးလီးမန္းစ္တို႔ အေပးအယူလုပ္ၿပီး ဒီဘ႐ိုင္းနားက သူရလာတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ကာရက္စ္ကိုဆီ ေပးရာမွာ အက္သလက္တီကိုေတာင္ပံသမားက အတြင္းကို တစ္ခ်က္ဆြဲဝင္ၿပီး အနီးတိုင္ဆီ ခ်ိဳးကန္သြင္းခဲ့ရာမွာ ျပင္သစ္ရဲ႕ ခံစစ္ေတြနဲ႔ ဂိုးသမား လိုရစ္တို႔ အငိုက္မိခဲ့ၾကလို႔ ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ပဲ ေနာက္တစ္ဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ေဘာလုံးကိုင္ကစားေနတဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္ကေန ဒီဘ႐ိုင္းနား ေပးလိုက္တဲ့ ေဘာလုံးကို လူကာကူးက သူ႔ကို ကပ္ထားတဲ့ လူကာ ဟာနန္ဒက္ဇ္ကို လွည့္ထြက္ၿပီး ဂိုးသမား လိုရစ္နဲ႔အေတြ႕မွာ အေပၚဘက္ ဂိုးအမိုးထဲကို ကန္ထည့္သြားခဲ့လို႔ ပထမပိုင္းအၿပီးမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ျပင္သစ္တို႔ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး မၾကာခင္မွာ ကြင္းလယ္ေၾကာကေန ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာက အေဝးကန္ခ်က္နဲ႔ အကဲစမ္းမႈနဲ႔ ဂရစ္ဇ္မန္းရဲ႕ အနီးကပ္ ပိတ္သြင္းမႈေတြက လြဲေခ်ာ္သြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၅၀ မွာလည္း ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး လူကာကူးရဲ႕ ကန္ခ်က္က ဂိုးေပါက္အလယ္မွာျဖစ္ေနလို႔ လိုရစ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ကစားအားက်လာတဲ့ ဘယ္လ္ဂ်ီယမ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္ေပးခဲ့ရၿပီး ဘယ္ျခမ္းကေန အမ္ဘာေပရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္ၿပီး ေပးပို႔မႈကို ဘန္ဇီးမားက ပင္နယ္တီအမွတ္နားကေန သူ႔ကို ကပ္ထားတဲ့ ေနာက္ခံလူေတြၾကားက ကန္သြင္းခဲ့ရာမွာ သူ႔ရဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းေဖာ္ ကူတြာ ကာကြယ္ပုံ ေႏွးေနခဲ့တာေၾကာင့္ ျပင္သစ္တို႔ လမ္းေၾကာင္းမွန္ေပၚ ျပန္တက္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ကြင္းလယ္ကေန တီးလီးမန္းစ္ ေဘာလုံးထိန္းပုံ မေကာင္းတာေၾကာင့္ ေပါ့ဘာက လုယူခဲ့ရာမွာ ထြက္လာတဲ့ ေဘာလုံးကို အမ္ဘာေပရၿပီး ကန္သြင္းခဲ့တာက ေနာက္ခံလူေတြနဲ႔ ထိၿပီး ျပန္ထြက္လာတာကို ဂရစ္ဇ္မန္း ရယူခ်ိန္မွာ တီးလီးမန္းစ္ပဲ အမွားထပ္လုပ္ခဲ့ၿပီး ေနာက္ကေန ေဘာလုံးမထိဘဲ ဖ်က္ခဲ့မိတာေၾကာင့္ ပင္နယ္တီေပးခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယမ္တို႔ ေစာဒတက္ခဲ့ၾကလို႔ VAR ၾကည့္ၿပီးမွ ထပ္မံအတည္ျပဳခဲ့ရတဲ့ ဒီပင္နယ္တီကိုေတာ့ ပြဲခ်ိန္ ၆၉ မိနစ္မွာ အမ္ဘာေပက ဂိုးသမား ကူတြာရဲ႕ အေပၚဘက္ ညာေထာင့္ကို အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္တို႔ သေရရယူႏိုင္ခဲ့ၿပီး မိနစ္ ၂၀ သာ က်န္ေတာ့တဲ့ အခ်ိန္မွာ ပြဲက အႀကိတ္အနယ္ျဖစ္ေနခဲ့ပါတယ္။

နည္းျပ မာတီနက္ဇ္ကေတာ့ သူ႔အသင္းကို တိုက္စစ္ျမႇင့္ဖို႔ ျပင္သစ္ထက္အရင္ အေျပာင္းအလဲလုပ္ခဲ့ၿပီး အမွားမ်ားေနတဲ့ တီးလီးမန္းအစား ဗာနာကင္၊ ပြဲခ်ိန္ၾကာလို႔ ကစားပုံက်လာတဲ့ ကပၸတိန္ ဟာဇတ္အစား ထေရာ့ဆတ္တို႔ကို ထည့္ကစားလာခဲ့သလို ေဒး႐ႊမ့္စ္ကေတာ့ သိပ္မၾကာခင္မွာ အလုပ္မျဖစ္တဲ့ ကြင္းလယ္လူ ရာဗ်ိဳအစား ခြၽာမင္နီကို ထည့္ခဲ့တာပါ။

ဘယ္လ္ဂ်ီယမ္တို႔ရဲ႕ တိုက္စစ္ဆင္မႈက ဒီဘ႐ိုင္းနားရဲ႕ ကန္ခ်က္ကို ဂိုးသမား လိုရစ္ ပုတ္ထုတ္ခဲ့ရသလို ျပင္သစ္တို႔ရဲ႕ ျပန္လည္တိုက္စစ္ဆင္မႈမွာလည္း ဂရစ္ဇ္မန္းရဲ႕ အနီးကပ္ ပိတ္သြင္းမႈကို ခံစစ္က ပိတ္ဆို႔ခဲ့ရၿပီး ျပန္ထြက္လာတာကို ခြၽာမင္နီ ကန္ခဲ့ေပမယ့္ ဂိုးသမား ကူတြာ ကာကြယ္ႏိုင္ခဲ့လို႔ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ပါတယ္။

လူကာကူးရဲ႕ သြင္းဂိုးႏွစ္ဂိုးစလုံး လူကြၽံေနခဲ့တာကေတာ့ ဘယ္လ္ဂ်ီယမ္တို႔ ကံဆိုးခဲ့သလို ျပင္သစ္ဘက္ကေတာ့ တိုက္စစ္ဆင္ခြင့္ေတြ ပိုမိုရရွိခဲ့ေပမယ့္ အမ္ဘာေပနဲ႔ ဂရစ္ဇ္မန္းတို႔ ျဖဳန္းတီးေနခဲ့လို႔ ဂိုးမရဘဲျဖစ္ေနခဲ့ၿပီး ေပါ့ဘာရဲ႕ မိနစ္ ၉၀ ဖရီးကစ္ကလည္း ဘားထိထြက္ခဲ့လို႔ အခ်ိန္ပို ကစားရမယ့္ ပုံစံေတာင္ျဖစ္လာခဲ့တာပါ။

စကၠန႔္ပိုင္းအတြင္းမွာပဲ ဘယ္လ္ဂ်ီယမ္ေတြရဲ႕ ဘယ္ျခမ္းတိုက္စစ္က မေသမသပ္လုပ္ရာကေန ေဘာလုံးျပန္ရခဲ့တဲ့ ျပင္သစ္တို႔ ညာျခမ္းက ျပန္လည္တိုက္စစ္ဆင္ခဲ့ၾကၿပီး ပါဗတ္ရဲ႕ ျဖတ္တင္ေဘာကို အယ္လ္ဒါဗီရယ္လ္ မထိတထိ ဖ်က္ထုတ္ရာက ထြက္လာတဲ့ ေဘာလုံးကို ဘယ္ေတာင္ပံ ခံစစ္မႉး သီယို ဟာနန္ဒက္ဇ္က တစ္ခ်က္ထိန္းၿပီးမွ အေဝးတိုင္ဘက္ကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား ကူတြာ လက္နဲ႔ ထိခဲ့ေပမယ့္ ဂိုးဝင္သြားခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၇ မိနစ္အထိ ေပးခဲ့ရာမွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ ဘက္႐ႊာယီကို ထပ္ထည့္ၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ျပင္သစ္ကလည္း ခံစစ္ကို အားျဖည့္တဲ့ လူစားလဲမႈေတြအျဖစ္ ပါဗတ္နဲ႔ ဘန္ဇီးမားတို႔ေနရာမွာ ဒူဘြာနဲ႔ ဗယ္ရယ္တူတို႔ကို ထည့္သြင္းၿပီး ထိန္းကစားသြားခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ ျပင္သစ္တို႔ ေအာင္ပြဲခံခဲ့ၾကၿပီး ဗိုလ္လုပြဲဆီကို Come Back Win နဲ႔အတူ လွလွပပ တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.