International Match Report

မန်စီးတီးရဲ့ တောရက်စ် ခြေစွမ်းပြမှုနဲ့ အီတလီကို ဖြတ်ကျော်ပြီး စပိန်ဗိုလ်လုပွဲတက်

စပိန်အသင်းအနေနဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ အီတလီအသင်းကို ရင်ဆိုင်ရာမှာ သူတို့ရဲ့ သွက်လက်တဲ့ ရှေ့တန်းတွေနဲ့ နေရာလွတ်တွေထဲ ဘောလုံးထည့်ကစားတဲ့ ၄-၃-၁-၂ ပုံစံကို အဓိက အသုံးပြုသွားခဲ့ပြီး ဖယ်ရန် တောရက်စ်၊ အိုယာဇာဘယ်လ်၊ ဘူးစကွက်စ်၊ ကိုကီ၊ လာပေါ့တ်၊ ပေါ်တောရက်စ်နဲ့ အက်ပီလီကွေတာတို့လို လူကောင်းအများစုကို ထည့်သုံးခဲ့ပါတယ်။

ဆန်စီရိုမှာ အိမ်ရှင်အဖြစ် ကစားခွင့်ရခဲ့တဲ့ အီတလီကတော့ ခေးလီနီနေရာမှာ အင်တာရဲ့ ဘက်စတိုနီ ဝင်ကစားတာကလွဲလို့ ကြီးကြီးမားမား အပြောင်းအလဲမရှိခဲ့ဘဲ တိုက်စစ်မှာလည်း အထောင်ကစားတဲ့ အင်မိုဘီလီနေရာကို ဘာနာဒက်စ်ခီကို သုံးခဲ့တာကလွဲလို့ ဘိုနူချီ၊ ဂျော်ဂျင်ညို၊ ဗာရက်တီ၊ ဘာရဲလား၊ ခီယေဆာနဲ့ အင်ဆီညာတို့ ယူရိုချန်ပီယံအသင်းက ၉ ယောက်တိတိ အပြောင်းအလဲမရှိဘဲ ပွဲထွက်လာခဲ့တာပါ။

ကစားကွက်အရ လေးလံသလို ဘောလုံးပိုင်ဆိုင်မှုမှာ မယှဉ်နိုင်တဲ့ အီတလီတို့ စပိန်ရဲ့ ကစားကွက်အောက်မှာ အလိုအလျောက် တန်ပြန်တိုက်စစ် အသားပေးတဲ့ ပုံစံကို ကူးပြောင်းသွားခဲ့ရပြီး ခီယေဆာ ကြိုးစားပေမယ့် ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့သလို ကွင်းလယ်နဲ့ ခံစစ်ကြားမှာလည်း နေရာလွတ်တွေ အများကြီး ပေါ်နေပြီး ဘိုနူချီနဲ့ ဒီလော်ရန်ဇိုတို့ရဲ့ ညာခြမ်းကို ကာကွယ်ပေးမယ့် ကွင်းလယ်လူမျိုး မရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ စပိန်တို့ အဖွင့်ဂိုးရရှိသွားခဲ့ပြီး ဘယ်ခြမ်းကနေ အိုယာဇာဘယ်လ်က ဖြတ်တင်ပေးချိန်မှာ အထောင်တိုက်စစ်မှူးတစ်ယောက်လုံး ဂိုးရှေ့မရှိဘူးဆိုတဲ့ အတွေးမျိုးနဲ့ ပေါ့ပေါ့ဆဆ ကစားနေတဲ့ အီတာလျံနောက်တန်း အကွက်ကြဲကြီးရဲ့ ဘက်စတိုနီ မဖျက်နိုင်ဘဲ လွဲချော်ခဲ့ရာမှာ ဘေးက စောင့်နေတဲ့ ဖယ်ရန် တောရက်စ်က အနီးကပ်ပိတ်သွင်းပြီး ဂိုးသမား ဒွန်နာရမ်မာကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

စပိန်တို့ကတော့ လုံးဝဖရိုဖရဲဖြစ်နေတဲ့ အီတလီညာခြမ်းကိုပဲ အဓိက ထိုးနှက်တိုက်ခိုက်နေပြီး ပွဲချိန် ၁၉ မိနစ်မှာ လုပ်တိုင်းခံနေရတဲ့ ဒီလော်ရန်ဇိုနဲ့ တွေ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဘူးစကွက်စ်ရဲ့ ကန်ချက် ပြန်ထွက်လာချိန်မှာ စောင့်ဆိုင်းနေတဲ့ မားကို့စ် အလွန်ဆိုရဲ့ Volley ကန်ချက်က ဒွန်နာရမ်မာ ပုတ်တာ ဂိုးထဲ ဝင်မလိုဖြစ်ခဲ့ပေမယ့် ဘိုနူချီက ဂိုးစည်းပေါ်က အသည်းအသန် ရှင်းထုတ်သွားခဲ့လို့ နှစ်ဂိုးဆက်တိုက် မပေးခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာ အီတလီတို့ တန်ပြန်တိုက်စစ်တွေနဲ့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာ ရှေ့တန်းလူ ဘာနာဒက်စ်ခီရဲ့ ထောင့်ကျဉ်း ကန်ချက်ကို စပိန်ဂိုးသမား အူနိုင်း ဆီမွန် ကာကွယ်ခဲ့ရသလို ၃၅ မိနစ်မှာလည်း ဂျော်ဂျင်ညို ထိုးပေးတာကို အီမာဆန်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုက ခူးပြီးခပ်ပြီး ကောက်စားရုံဖြစ်ခဲ့ပေမယ့် အင်ဆီညာရဲ့ ကန်ချက်က မယုံနိုင်လောက်အောင် လွဲချော်သွားခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ လေထဲကို မြောက်တက်သွားတဲ့ ဘောလုံးကို လုယူရင်း စပိန်အသင်းခေါင်းဆောင် ဘူးစကွက်စ်ရဲ့ မျက်နှာကို တံတောင်နဲ့ တိုက်မိခဲ့တဲ့ အီတလီကပ္ပတိန် ဘိုနူချီ ဒုတိယ အဝါကတ်ထိပြီး အနီကတ်ပြ အထုတ်ပယ်ခံခဲ့ရတာကြောင့် ယူရို ၂၀၂၀ ချန်ပီယံတွေ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပြီး စပိန်တို့ရဲ့ ပွဲဖြစ်လာခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ လုပ်တိုင်းခံ အီတလီညာခြမ်းကိုပဲ စပိန်တို့ ထိုးဖောက်လာခဲ့ပြီး False 9 ကစားတဲ့ ပါဘလို ဆာရားဘီးယားနဲ့ ဝမ်းတူးရိုက်ပြီး တင်ပေးလိုက်တဲ့ အိုယာဇာဘယ်လ်ရဲ့ ဖြတ်တင်ဘောကို ညာခြမ်းက ဖယ်ရန် တောရက်စ်က ဂိုးသမားရဲ့ အဝေးတိုင်ဘက်ဖြစ်တဲ့ ဘယ်ခြမ်းကို ခေါင်းတိုက်ထည့်သွားခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ စပိန်တို့ နှစ်ဂိုး-ဂိုးမရှိခဲ့ အနိုင်ရနေခဲ့ကြတာပါ။

ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဘာစီလိုနာလူငယ် ဂါဗီကတော့ အသက် ၁၇ နှစ်နဲ့ ၆၂ ရက် အရွယ်မှာ အသက်အငယ်ဆုံး စပိန်လက်ရွေးစင် ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပြီး သူ့ရဲ့ အသင်းဖော် အန်ဆူ ဖာတီရဲ့ ၁၇ နှစ်နဲ့ ၃၀၈ ရက်နဲ့ ပွဲထွက်မှုမှာ မချိုးဖျက်နိုင်လိုက်တဲ့ လက်ရွေးစင်အသင်းရဲ့ ၁၇ နှစ် ၂၇၀ ရက်နဲ့ တင်ရှိထားခဲ့တဲ့ အန်ဟဲလ် ဇူဘီယေတာရဲ့ စံချိန်ဟောင်းကိုလည်း ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အီတလီတို့အနေနဲ့ တစ်ယောက်လျော့သွားတဲ့ ခံစစ်အတွက် ဘာနာဒက်စ်ခီအစား ဂျူဗင်တပ်စ်အသင်းဖော် ခေးလီနီကို လူစားထည့်သွင်းခဲ့ပြီး ဗာရက်တီအစား လိုကာတယ်လီ၊ အပိုင်ဂိုးကို ဝင်အောင်မကန်နိုင်တဲ့ အင်ဆီညာအစား မွိုက်စ် ကီးန်၊ ဂျော်ဂျင်ညိုအစား ပယ်လီဂရီနီ၊ ဘာရဲလားအစား ကာလာဘရီယာတို့ကို လူစားလဲပြီး ဗျူဟာပြောင်းလဲလာခဲ့ပါတယ်။

စပိန်ကတော့ ဒဏ်ရာရသွားခဲ့တဲ့ နှစ်ဂိုးရှင် တောရက်စ်နေရာမှာ ဗီလာရီးရဲလ်ရဲ့ လူငယ်တောင်ပံသမား ပီနိုကို စောစောစီးစီး လူစားလဲခဲ့ပြီး ကိုကီအစား မယ်ရီနို၊ ဆာရားဘီးယားအစား စပါးစ်ရဲ့ ဘရိုင်ယန် ဟေးလ်နဲ့ အသက်အငယ်ဆုံးစံချိန်ရှင် ဂါဗီအစား သူ့ရဲ့ ဘာစီလိုနာ စီနီယာ ဆာဂျီ ရောဘတ်တိုတို့ကို လူစားလဲကစားခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ ယယ်ရမီ ပီနိုရဲ့ လှပတဲ့ ခြေယောင်ပြမှုတွေနဲ့ အီမာဆန်ကို ကျော်ဖြတ်ပြီး တင်ပေးခဲ့တဲ့ ဘောလုံးကို ဂိုးရနိုင်တဲ့ အနေအထားမှာ အိုယာဇာဘယ်လ်ရဲ့ ခေါင်းတိုက်ချက်က တိုင်ဘေးက လွဲချော်သွားခဲ့ပြီး ၇၇ မိနစ်မှာလည်း ပီနိုပဲ သူ့ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ပေးတာကို အလွန်ဆို ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့လို ဒီထက် ဂိုးပြတ်မသွားခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ တစ်ယောက်လျော့ အီတလီတို့ သိက္ခာဆည်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး စပိန်တို့ရဲ့ ထောင့်ကန်ဘောကနေ ရှင်းထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ခြေစွမ်းပြနေတဲ့ ပီနို ခေါင်းတိုက်ပြီး နောက်ပြန်ပေးမှုက ပေါ်တောရက်စ်ဆီ မရောက်ခင်မှာ ခီယေဆာက လျင်လျင်မြန်မြန်နဲ့ ဖြတ်ယူသွားခဲ့ပြီး ဂိုးရှေ့အရောက်မှာတော့ ဘေးက ပါလာတဲ့ ပယ်လီဂရီနီကို ပေးခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ စပိန်တို့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ကြပြီး မိနစ် ၉၀ အပြည့်မှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဗိုလ်လုပွဲဆီ အောင်ပွဲခံနိုင်ခဲ့ကြသလို အီတလီတို့ကတော့ နေးရှင်းလိဂ်ကနေ ၁၉၉၉ ခုနှစ်ကတည်းက အိမ်ကွင်းမရှုံးနဲ့ စံချိန်ကျိုးပျက် ထွက်ခွာခဲ့ရပြီဖြစ်ပြီး နည်းပြ ရောဘတ်တို မန်ချီနီအနေနဲ့တော့ သူ့ရဲ့ ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ သုံးနှစ်ကြာ မှတ်တမ်းကို ရပ်တန့်ခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္အသင္းအေနနဲ႔ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္မွာ အီတလီအသင္းကို ရင္ဆိုင္ရာမွာ သူတို႔ရဲ႕ သြက္လက္တဲ့ ေရွ႕တန္းေတြနဲ႔ ေနရာလြတ္ေတြထဲ ေဘာလုံးထည့္ကစားတဲ့ ၄-၃-၁-၂ ပုံစံကို အဓိက အသုံးျပဳသြားခဲ့ၿပီး ဖယ္ရန္ ေတာရက္စ္၊ အိုယာဇာဘယ္လ္၊ ဘူးစကြက္စ္၊ ကိုကီ၊ လာေပါ့တ္၊ ေပၚေတာရက္စ္နဲ႔ အက္ပီလီေကြတာတို႔လို လူေကာင္းအမ်ားစုကို ထည့္သုံးခဲ့ပါတယ္။

ဆန္စီ႐ိုမွာ အိမ္ရွင္အျဖစ္ ကစားခြင့္ရခဲ့တဲ့ အီတလီကေတာ့ ေခးလီနီေနရာမွာ အင္တာရဲ႕ ဘက္စတိုနီ ဝင္ကစားတာကလြဲလို႔ ႀကီးႀကီးမားမား အေျပာင္းအလဲမရွိခဲ့ဘဲ တိုက္စစ္မွာလည္း အေထာင္ကစားတဲ့ အင္မိုဘီလီေနရာကို ဘာနာဒက္စ္ခီကို သုံးခဲ့တာကလြဲလို႔ ဘိုႏူခ်ီ၊ ေဂ်ာ္ဂ်င္ညိဳ၊ ဗာရက္တီ၊ ဘာရဲလား၊ ခီေယဆာနဲ႔ အင္ဆီညာတို႔ ယူ႐ိုခ်န္ပီယံအသင္းက ၉ ေယာက္တိတိ အေျပာင္းအလဲမရွိဘဲ ပြဲထြက္လာခဲ့တာပါ။

ကစားကြက္အရ ေလးလံသလို ေဘာလုံးပိုင္ဆိုင္မႈမွာ မယွဥ္ႏိုင္တဲ့ အီတလီတို႔ စပိန္ရဲ႕ ကစားကြက္ေအာက္မွာ အလိုအေလ်ာက္ တန္ျပန္တိုက္စစ္ အသားေပးတဲ့ ပုံစံကို ကူးေျပာင္းသြားခဲ့ရၿပီး ခီေယဆာ ႀကိဳးစားေပမယ့္ ဂိုးရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့သလို ကြင္းလယ္နဲ႔ ခံစစ္ၾကားမွာလည္း ေနရာလြတ္ေတြ အမ်ားႀကီး ေပၚေနၿပီး ဘိုႏူခ်ီနဲ႔ ဒီေလာ္ရန္ဇိုတို႔ရဲ႕ ညာျခမ္းကို ကာကြယ္ေပးမယ့္ ကြင္းလယ္လူမ်ိဳး မရွိခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ စပိန္တို႔ အဖြင့္ဂိုးရရွိသြားခဲ့ၿပီး ဘယ္ျခမ္းကေန အိုယာဇာဘယ္လ္က ျဖတ္တင္ေပးခ်ိန္မွာ အေထာင္တိုက္စစ္မႉးတစ္ေယာက္လုံး ဂိုးေရွ႕မရွိဘူးဆိုတဲ့ အေတြးမ်ိဳးနဲ႔ ေပါ့ေပါ့ဆဆ ကစားေနတဲ့ အီတာလ်ံေနာက္တန္း အကြက္ႀကဲႀကီးရဲ႕ ဘက္စတိုနီ မဖ်က္ႏိုင္ဘဲ လြဲေခ်ာ္ခဲ့ရာမွာ ေဘးက ေစာင့္ေနတဲ့ ဖယ္ရန္ ေတာရက္စ္က အနီးကပ္ပိတ္သြင္းၿပီး ဂိုးသမား ဒြန္နာရမ္မာကို အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

စပိန္တို႔ကေတာ့ လုံးဝဖ႐ိုဖရဲျဖစ္ေနတဲ့ အီတလီညာျခမ္းကိုပဲ အဓိက ထိုးႏွက္တိုက္ခိုက္ေနၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာ လုပ္တိုင္းခံေနရတဲ့ ဒီေလာ္ရန္ဇိုနဲ႔ ေတြ႕ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘူးစကြက္စ္ရဲ႕ ကန္ခ်က္ ျပန္ထြက္လာခ်ိန္မွာ ေစာင့္ဆိုင္းေနတဲ့ မားကို႔စ္ အလြန္ဆိုရဲ႕ Volley ကန္ခ်က္က ဒြန္နာရမ္မာ ပုတ္တာ ဂိုးထဲ ဝင္မလိုျဖစ္ခဲ့ေပမယ့္ ဘိုႏူခ်ီက ဂိုးစည္းေပၚက အသည္းအသန္ ရွင္းထုတ္သြားခဲ့လို႔ ႏွစ္ဂိုးဆက္တိုက္ မေပးခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာ အီတလီတို႔ တန္ျပန္တိုက္စစ္ေတြနဲ႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ၿပီး ပြဲခ်ိန္ ၃၄ မိနစ္မွာ ေရွ႕တန္းလူ ဘာနာဒက္စ္ခီရဲ႕ ေထာင့္က်ဥ္း ကန္ခ်က္ကို စပိန္ဂိုးသမား အူႏိုင္း ဆီမြန္ ကာကြယ္ခဲ့ရသလို ၃၅ မိနစ္မွာလည္း ေဂ်ာ္ဂ်င္ညိဳ ထိုးေပးတာကို အီမာဆန္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈက ခူးၿပီးခပ္ၿပီး ေကာက္စား႐ုံျဖစ္ခဲ့ေပမယ့္ အင္ဆီညာရဲ႕ ကန္ခ်က္က မယုံႏိုင္ေလာက္ေအာင္ လြဲေခ်ာ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ေလထဲကို ေျမာက္တက္သြားတဲ့ ေဘာလုံးကို လုယူရင္း စပိန္အသင္းေခါင္းေဆာင္ ဘူးစကြက္စ္ရဲ႕ မ်က္ႏွာကို တံေတာင္နဲ႔ တိုက္မိခဲ့တဲ့ အီတလီကပၸတိန္ ဘိုႏူခ်ီ ဒုတိယ အဝါကတ္ထိၿပီး အနီကတ္ျပ အထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ယူ႐ို ၂၀၂၀ ခ်န္ပီယံေတြ ၁၀ ေယာက္တည္းနဲ႔ ကစားခဲ့ရၿပီး စပိန္တို႔ရဲ႕ ပြဲျဖစ္လာခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ လုပ္တိုင္းခံ အီတလီညာျခမ္းကိုပဲ စပိန္တို႔ ထိုးေဖာက္လာခဲ့ၿပီး False 9 ကစားတဲ့ ပါဘလို ဆာရားဘီးယားနဲ႔ ဝမ္းတူး႐ိုက္ၿပီး တင္ေပးလိုက္တဲ့ အိုယာဇာဘယ္လ္ရဲ႕ ျဖတ္တင္ေဘာကို ညာျခမ္းက ဖယ္ရန္ ေတာရက္စ္က ဂိုးသမားရဲ႕ အေဝးတိုင္ဘက္ျဖစ္တဲ့ ဘယ္ျခမ္းကို ေခါင္းတိုက္ထည့္သြားခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ စပိန္တို႔ ႏွစ္ဂိုး-ဂိုးမရွိခဲ့ အႏိုင္ရေနခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ ဘာစီလိုနာလူငယ္ ဂါဗီကေတာ့ အသက္ ၁၇ ႏွစ္နဲ႔ ၆၂ ရက္ အ႐ြယ္မွာ အသက္အငယ္ဆုံး စပိန္လက္ေ႐ြးစင္ ကစားသမားအျဖစ္ မွတ္တမ္းဝင္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ အသင္းေဖာ္ အန္ဆူ ဖာတီရဲ႕ ၁၇ ႏွစ္နဲ႔ ၃၀၈ ရက္နဲ႔ ပြဲထြက္မႈမွာ မခ်ိဳးဖ်က္ႏိုင္လိုက္တဲ့ လက္ေ႐ြးစင္အသင္းရဲ႕ ၁၇ ႏွစ္ ၂၇၀ ရက္နဲ႔ တင္ရွိထားခဲ့တဲ့ အန္ဟဲလ္ ဇူဘီေယတာရဲ႕ စံခ်ိန္ေဟာင္းကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အီတလီတို႔အေနနဲ႔ တစ္ေယာက္ေလ်ာ့သြားတဲ့ ခံစစ္အတြက္ ဘာနာဒက္စ္ခီအစား ဂ်ဴဗင္တပ္စ္အသင္းေဖာ္ ေခးလီနီကို လူစားထည့္သြင္းခဲ့ၿပီး ဗာရက္တီအစား လိုကာတယ္လီ၊ အပိုင္ဂိုးကို ဝင္ေအာင္မကန္ႏိုင္တဲ့ အင္ဆီညာအစား မြိဳက္စ္ ကီးန္၊ ေဂ်ာ္ဂ်င္ညိဳအစား ပယ္လီဂရီနီ၊ ဘာရဲလားအစား ကာလာဘရီယာတို႔ကို လူစားလဲၿပီး ဗ်ဴဟာေျပာင္းလဲလာခဲ့ပါတယ္။

စပိန္ကေတာ့ ဒဏ္ရာရသြားခဲ့တဲ့ ႏွစ္ဂိုးရွင္ ေတာရက္စ္ေနရာမွာ ဗီလာရီးရဲလ္ရဲ႕ လူငယ္ေတာင္ပံသမား ပီႏိုကို ေစာေစာစီးစီး လူစားလဲခဲ့ၿပီး ကိုကီအစား မယ္ရီႏို၊ ဆာရားဘီးယားအစား စပါးစ္ရဲ႕ ဘ႐ိုင္ယန္ ေဟးလ္နဲ႔ အသက္အငယ္ဆုံးစံခ်ိန္ရွင္ ဂါဗီအစား သူ႔ရဲ႕ ဘာစီလိုနာ စီနီယာ ဆာဂ်ီ ေရာဘတ္တိုတို႔ကို လူစားလဲကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာ ယယ္ရမီ ပီႏိုရဲ႕ လွပတဲ့ ေျခေယာင္ျပမႈေတြနဲ႔ အီမာဆန္ကို ေက်ာ္ျဖတ္ၿပီး တင္ေပးခဲ့တဲ့ ေဘာလုံးကို ဂိုးရႏိုင္တဲ့ အေနအထားမွာ အိုယာဇာဘယ္လ္ရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ေဘးက လြဲေခ်ာ္သြားခဲ့ၿပီး ၇၇ မိနစ္မွာလည္း ပီႏိုပဲ သူ႔ရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေပးတာကို အလြန္ဆို ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ဒြန္နာရမ္မာ ကာကြယ္ႏိုင္ခဲ့လို ဒီထက္ ဂိုးျပတ္မသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ တစ္ေယာက္ေလ်ာ့ အီတလီတို႔ သိကၡာဆည္ဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး စပိန္တို႔ရဲ႕ ေထာင့္ကန္ေဘာကေန ရွင္းထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေျခစြမ္းျပေနတဲ့ ပီႏို ေခါင္းတိုက္ၿပီး ေနာက္ျပန္ေပးမႈက ေပၚေတာရက္စ္ဆီ မေရာက္ခင္မွာ ခီေယဆာက လ်င္လ်င္ျမန္ျမန္နဲ႔ ျဖတ္ယူသြားခဲ့ၿပီး ဂိုးေရွ႕အေရာက္မွာေတာ့ ေဘးက ပါလာတဲ့ ပယ္လီဂရီနီကို ေပးခဲ့ရာမွာ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ စပိန္တို႔ အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့ၾကၿပီး မိနစ္ ၉၀ အျပည့္မွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဗိုလ္လုပြဲဆီ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အီတလီတို႔ကေတာ့ ေနးရွင္းလိဂ္ကေန ၁၉၉၉ ခုႏွစ္ကတည္းက အိမ္ကြင္းမရႈံးနဲ႔ စံခ်ိန္က်ိဳးပ်က္ ထြက္ခြာခဲ့ရၿပီျဖစ္ၿပီး နည္းျပ ေရာဘတ္တို မန္ခ်ီနီအေနနဲ႔ေတာ့ သူ႔ရဲ႕ ၃၇ ပြဲဆက္တိုက္ ရႈံးပြဲမရွိတဲ့ သုံးႏွစ္ၾကာ မွတ္တမ္းကို ရပ္တန႔္ခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.