International Serie A

ဖီအို-နာပိုလီပွဲက လူမျိုးရေးခွဲခြားမှုတွေအတွက် ခေါင်းခံပြီး တောင်းပန်လိုက်တဲ့ ခေးလီနီ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖီအိုရင်တီးနားနဲ့ နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း နာပိုလီအသင်းရဲ့ လူမည်းကစားသမားတွေဖြစ်တဲ့ ခါလီဒူး ကူလီဘေလီ၊ ဗစ်တာ အိုဆီမင်၊ အန်ဒရေး-ဖရန့်ခ် အွန်ဂီးဆာတို့ ၃ ဦးကို ဖလော့ရင့်ကွင်းရဲ့ အိမ်ရှင်ပရိသတ်တွေက ဦးတည်ပြီး လူမျိုးရေးခွဲခြားခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်မှုက ဖုံးလွှမ်းခဲ့ပါတယ်။

ဒီအတွက် ငယ်စဉ်က ဖီအိုရင်တီးနားအသင်းတည်ရှိရာ ဖလော့ရင့်မြို့နဲ့ တစ်ဒေသတည်းဖြစ်တဲ့ တော့စကာညာနယ်(အင်္ဂလိပ်အသုံးအနှုန်းအရ တူစ်ကန်နီးယား) ပီဆာမြို့မှာ မွေးဖွားခဲ့တဲ့ ဝါရင့်နောက်ခံလူကြီး ဂျော်ဂျို ခေးလီနီက သူတို့နယ်သားတွေရဲ့ လုပ်ရပ်အတွက် မကျေမနပ်ဖြစ်နေသလို အားလုံးအတွက် တောင်းပန်တဲ့ စကားမျိုး ပြောကြားလိုက်တာပါ။

“အဲဒါက လက်မခံနိုင်စရာပါပဲ။ ကျွန်တော် အီတလီလူမျိုးတစ်ယောက်အနေနဲ့၊ တူစ်ကန်ဒေသခံတစ်ယောက်အနေနဲ့ အရှက်ရမိပါတယ်။ အဲဒါက ရှက်ဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဥရောပကလူတွေက အီတလီဟာ လူမျိုးရေးခွဲခြားတဲ့တိုင်းပြည်လို့ ပြောနေကြလို့ပါ။ အဲဒီလို လုပ်ဖို့ လိုအပ်တယ်လို့လည်း ကျွန်တော် မထင်ပါဘူး”

“အားလုံးက ပိုပြီးလုပ်ဖို့ လိုအပ်နေပါပြီ။ အီတလီနိုင်ငံ အနှံ့အပြားမှာ ကြောက်မက်ဖွယ် လူသိရှင်ကြားကို ဖြစ်လာပါပြီ။ ကျွန်တော်တို့ အားလုံး အားထုတ်မှုပြုလုပ်ဖို့ လိုအပ်ပေမယ့် ပြစ်ဒဏ်ချမှတ်ဖို့ ပြဌာန်းထားတဲ့ ဥပဒေလည်း လိုအပ်ပါတယ်။ အဲဒါက အရေးအကြီးဆုံးအရာပါ”လို့ ၃၇ နှစ်သားကြီးက ပြောကြားလိုက်ပါတယ်။

စီးရီးအေနဲ့ အီတလီနိုင်ငံရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လို့တောင် ဆိုနိုင်တဲ့ ဂျူဗင်တပ်စ်နောက်ခံလူ ခေးလီနီဟာ သူ့ရဲ့ အရှိန်အဝါ၊ အောင်မြင်မှုတွေနဲ့ နိုင်ငံကနေ ပေးအပ်ချီးမြှင့်ထားတဲ့ OMRI Ufficiale ဘွဲ့(ဗြိတိန်ဆာဘွဲ့ စတုတ္ထဆင့်နှင့်တူ)ကြောင့် သူတို့ဘောလုံးလောကရဲ့ ထင်ရှားကျော်ကြားသူတွေထဲမှာ အဆင့်အတန်းအမြင့်မားဆုံးတစ်နေရာမှာ ရှိနေသူလည်းဖြစ်ပြီး သူကပါ ခုလိုထုတ်ပြောလာတာကတော့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်နိုင်ဖို့ လိုနေပြီလို့ မီးမောင်းထိုးပြလိုက်တာလည်းဖြစ်ပါတယ်။

ခေးလီနီနဲ့ ဘောလုံးအသိုင်းအဝိုင်းရဲ့ တွန်းအားပေးမှုတွေ ရှိနေခဲ့ပေမယ့် ဒီအပတ် နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ယူအီးအက်ဖ်အေနဲ့ ညှိနှိုင်းလို့ မရတဲ့အတွက် ဥရောပမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဘောလုံးပွဲ အသွင်ယူလေ့လာသူများ(FARE) မပါဝင်ဘဲ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ လူမျိုးရေးခွဲခြားနိုင်ခြေအမြင့်ဆုံးပွဲစဉ်တွေမှာ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ ပရိသတ်တွေကို အတည်ပြုဖို့ လွတ်လွတ်လပ်လပ်နဲ့ အသွင်ယူစောင့်ကြည်မယ့် FARE နဲ့ ဆွေးနွေးညှိနှိုင်းနေပြီး အီတလီနိုင်ငံအတွက်တော့ အထူးအစီအစဉ်တွေ ချမှတ်ဖို့ ရှိနေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဖီအိုရင္တီးနားနဲ႔ နာပိုလီအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း နာပိုလီအသင္းရဲ႕ လူမည္းကစားသမားေတြျဖစ္တဲ့ ခါလီဒူး ကူလီေဘလီ၊ ဗစ္တာ အိုဆီမင္၊ အန္ဒေရး-ဖရန႔္ခ္ အြန္ဂီးဆာတို႔ ၃ ဦးကို ဖေလာ့ရင့္ကြင္းရဲ႕ အိမ္ရွင္ပရိသတ္ေတြက ဦးတည္ၿပီး လူမ်ိဳးေရးခြဲျခားခဲ့တဲ့ ႐ုပ္ဆိုးအက်ည္းတန္မႈက ဖုံးလႊမ္းခဲ့ပါတယ္။

ဒီအတြက္ ငယ္စဥ္က ဖီအိုရင္တီးနားအသင္းတည္ရွိရာ ဖေလာ့ရင့္ၿမိဳ႕နဲ႔ တစ္ေဒသတည္းျဖစ္တဲ့ ေတာ့စကာညာနယ္(အဂၤလိပ္အသုံးအႏႈန္းအရ တူစ္ကန္နီးယား) ပီဆာၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ဝါရင့္ေနာက္ခံလူႀကီး ေဂ်ာ္ဂ်ိဳ ေခးလီနီက သူတို႔နယ္သားေတြရဲ႕ လုပ္ရပ္အတြက္ မေက်မနပ္ျဖစ္ေနသလို အားလုံးအတြက္ ေတာင္းပန္တဲ့ စကားမ်ိဳး ေျပာၾကားလိုက္တာပါ။

“အဲဒါက လက္မခံႏိုင္စရာပါပဲ။ ကြၽန္ေတာ္ အီတလီလူမ်ိဳးတစ္ေယာက္အေနနဲ႔၊ တူစ္ကန္ေဒသခံတစ္ေယာက္အေနနဲ႔ အရွက္ရမိပါတယ္။ အဲဒါက ရွက္ဖို႔ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ဥေရာပကလူေတြက အီတလီဟာ လူမ်ိဳးေရးခြဲျခားတဲ့တိုင္းျပည္လို႔ ေျပာေနၾကလို႔ပါ။ အဲဒီလို လုပ္ဖို႔ လိုအပ္တယ္လို႔လည္း ကြၽန္ေတာ္ မထင္ပါဘူး”

“အားလုံးက ပိုၿပီးလုပ္ဖို႔ လိုအပ္ေနပါၿပီ။ အီတလီႏိုင္ငံ အႏွံ႔အျပားမွာ ေၾကာက္မက္ဖြယ္ လူသိရွင္ၾကားကို ျဖစ္လာပါၿပီ။ ကြၽန္ေတာ္တို႔ အားလုံး အားထုတ္မႈျပဳလုပ္ဖို႔ လိုအပ္ေပမယ့္ ျပစ္ဒဏ္ခ်မွတ္ဖို႔ ျပဌာန္းထားတဲ့ ဥပေဒလည္း လိုအပ္ပါတယ္။ အဲဒါက အေရးအႀကီးဆုံးအရာပါ”လို႔ ၃၇ ႏွစ္သားႀကီးက ေျပာၾကားလိုက္ပါတယ္။

စီးရီးေအနဲ႔ အီတလီႏိုင္ငံရဲ႕ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္လို႔ေတာင္ ဆိုႏိုင္တဲ့ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ေခးလီနီဟာ သူ႔ရဲ႕ အရွိန္အဝါ၊ ေအာင္ျမင္မႈေတြနဲ႔ ႏိုင္ငံကေန ေပးအပ္ခ်ီးျမႇင့္ထားတဲ့ OMRI Ufficiale ဘြဲ႕(ၿဗိတိန္ဆာဘြဲ႕ စတုတၳဆင့္ႏွင့္တူ)ေၾကာင့္ သူတို႔ေဘာလုံးေလာကရဲ႕ ထင္ရွားေက်ာ္ၾကားသူေတြထဲမွာ အဆင့္အတန္းအျမင့္မားဆုံးတစ္ေနရာမွာ ရွိေနသူလည္းျဖစ္ၿပီး သူကပါ ခုလိုထုတ္ေျပာလာတာကေတာ့ ျပင္းျပင္းထန္ထန္ အေရးယူေဆာင္႐ြက္ႏိုင္ဖို႔ လိုေနၿပီလို႔ မီးေမာင္းထိုးျပလိုက္တာလည္းျဖစ္ပါတယ္။

ေခးလီနီနဲ႔ ေဘာလုံးအသိုင္းအဝိုင္းရဲ႕ တြန္းအားေပးမႈေတြ ရွိေနခဲ့ေပမယ့္ ဒီအပတ္ ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာ ယူအီးအက္ဖ္ေအနဲ႔ ညႇိႏႈိင္းလို႔ မရတဲ့အတြက္ ဥေရာပမွာ လူမ်ိဳးေရးခြဲျခားမႈကို ဆန႔္က်င္တဲ့ ေဘာလုံးပြဲ အသြင္ယူေလ့လာသူမ်ား(FARE) မပါဝင္ဘဲ က်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လူမ်ိဳးေရးခြဲျခားႏိုင္ေျခအျမင့္ဆုံးပြဲစဥ္ေတြမွာ ျပင္းထန္တဲ့တိုက္ခိုက္မႈေတြ ျပဳလုပ္တဲ့ ပရိသတ္ေတြကို အတည္ျပဳဖို႔ လြတ္လြတ္လပ္လပ္နဲ႔ အသြင္ယူေစာင့္ၾကည္မယ့္ FARE နဲ႔ ေဆြးေႏြးညႇိႏႈိင္းေနၿပီး အီတလီႏိုင္ငံအတြက္ေတာ့ အထူးအစီအစဥ္ေတြ ခ်မွတ္ဖို႔ ရွိေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.