Analysis Article

၂၀၂၂ ဘယ်လွန်ဒေါကို စိန်ခေါ်နိုင်မယ့် ၅ ဦးစာရင်းမှာ မပါဝင်တော့တဲ့ GOAT တစ်ဦး

ပြင်သစ်သတင်းမဂ္ဂဇင်းဖြစ်တဲ့ France Football က ပေးအပ်တဲ့ ဘယ်လွန်ဒေါဆုဟာ တစ်နှစ်တာကာလအတွင်း အကောင်းဆုံးစွမ်းဆောင်ထားတဲ့ ဘောလုံးသမားတွေကို ပေးအပ်တဲ့ဆုဖြစ်ပြီး ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုတံဆိပ်လည်း ဖြစ်ပါတယ်။

ဘယ်လွန်ဒေါဆုရှင်ကို ဂျာနယ်လစ်၊ လက်ရွေးစင်အသင်းခေါင်းဆောင်၊ နည်းပြတွေရဲ့ မဲတွေကို စုပေါင်းပြီး ထွက်ပေါ်လာတဲ့ ရလဒ်အပေါ် အခြေခံပြီး ရွေးချယ်တာဖြစ်ပါတယ်။ ဘယ်လွန်ဒေါ ၂၀၂၀ ဆုပေးပွဲကြီးကိုတော့ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အရင်အတိုင်းပဲ ပြန်လည် ကျင်းပသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းကနဲ့ မတူညီတာကတော့ ယခုနှစ်မှာတော့ ဘယ်လွန်ဒေါဆုကို ဘယ်သူအနိုင်ရသွားမလဲဆိုတာကို ခန့်မှန်းရ မလွယ်ကူတော့တာဖြစ်ပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်က အဓိကကျတာကြောင့် အနီးစပ်ဆုံးတော့ ခန့်မှန်းနိုင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဘယ်လွန်ဒေါအတွက် အဓိက ဦးဆောင်နိုင်မယ့် ကစားသမား ၅ ဦးက ဘယ်သူတွေများဖြစ်မလဲ…

၅။ ခီလီယန် အမ်ဘာပေ(ပြင်သစ်၊ ပီအက်စ်ဂျီ)

ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကို စွန့်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ နေမာတို့နဲ့အတူ ပီအက်စ်ဂျီတိုက်စစ်မှာ တွဲဖက်ကစားနေပြီး ၂၀၂၀-၂၀၂၁ ရာသီမှာ ပြိုင်ပွဲစုံ ၄၇ ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ယခုရာသီမှာတော့ အရင်ရာသီတွေတုန်းကလောက် ဂိုးသွင်းနှုန်း သိပ်မကောင်းသေးဘဲ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားထားရာမှာ ၄ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း အမ်ဘာပေဟာ ဂိုးဖန်တီးမှုတော့ ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီး ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းအမှတ်ပေးဇယား ထိပ်ဆုံးမှာ အပြတ်အသတ် ရပ်တည်နေသလို ယခုရာသီ ချန်ပီယံလိဂ်ဖလားကိုလည်း ရယူသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ တကယ်လို့သာ ပီအက်စ်ဂျီအသင်းဟာ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခဲ့ပြီး အမ်ဘာပေကလည်း ပုံမှန်အတိုင်း ဂိုးတွေ သွင်းယူပေးနိုင်ခဲ့မယ်ဆိုရင် ၂၀၂၂ ခုနှစ်မှာ ဘယ်လွန်ဒေါဆုရှင်ဖြစ်လာဖို့ အခွင့်အရေး ရှိလာမှာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း လာ့်နှစ် ဘယ်လွန်ဒေါဆု ပြိုင်ပွဲအတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာဖြစ်ပြီး ပြင်သစ်အသင်းဟာ လက်ရှိ ကမ္ဘာပေါ်က အင်အားအတောင့်တင်းဆုံးလူစာရင်းတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုသာ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ဘယ်သူမှ အံ့အားသင့်မယ်မထင်ပါဘူး။ အဓိကဆုဖလားတွေ ရရှိခြင်းမရှိတာက အမ်ဘာပေအတွက် ယခုနှစ် ဘယ်လွန်ဒေါဆုကို ရရှိဖို့အတွက် အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီး နောက်နှစ်မှာတော့ အဲဒါကို ပြောင်းလဲဖို့ ကြိုးပမ်းမှာ သေချာပါတယ်။

၄။ အာလင်း ဟာလန်း(နော်ဝေ၊ ဒေါ့မွန်)

ဒေါ့မွန်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ ဟာလန်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့ပြီးဖြစ်ပါတယ်။ နည်းစနစ်ပိုင်းကောင်းတဲ့ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ကမ္ဘာ့အဆင့် ဂိုးသွင်းရှင်တစ်ယောက်ရှိရမယ့် အရည်အချင်းတွေအားလုံးကို ပိုင်ဆိုင်ထားပြီး အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ နေရာလွတ်ကို သတိပြုနိုင်မှု၊ ရွေ့လျားမှုနဲ့ အဆုံးသတ်ပိုင်း ကောင်းမွန်မှုတို့နဲ့ ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ မယုံနိုင်ဖွယ် ကိန်းဂဏန်းအချို့ကို ရယူထားနိုင်ခဲ့ပြီး ယခုရာသီ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၈ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို မယုံနိုင်စရာ ဂိုးအရေအတွက်တွေသာ ဆက်လက်သွင်းယူနိုင်မယ်ဆိုရင် ဟာလန်းဟာ လာမယ့်နှစ် ဘယ်လွန်ဒေါပြိုင်ပွဲမှာ ထိပ်တန်းစိန်ခေါ်သူဖြစ်လာမှာဖြစ်ပါတယ်။

၃။ လီယွန်နယ် မက်ဆီ(အာဂျင်တီးနား၊ ပီအက်စ်ဂျီ)

လီယွန်နယ် မက်ဆီဟာ ယခုနှစ်ရဲ့ ဘယ်လွန်ဒေါပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေသူဖြစ်ပြီး လာမယ့်နှစ်မှာတော့ ဘယ်လို ပါဝင်နေမလဲဆိုတာနဲ့ပတ်သက်ပြီး အားလုံး သိချင်ကြမှာပါ။ မက်ဆီဟာ ပီအက်စ်ဂျီမှာ ကစားသမားဘဝကို မျှော်မှန်းထားသလို စတင်နိုင်ခဲ့ခြင်းမရှိဘဲ လီဂူးဝမ်းအသင်းအတွက် ၅ ပွဲပါဝင်ကစားပေးထားရာမှာ ၁ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။

မက်ဆီ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးမျိုးဆိုရင် သူ့အနေနဲ့ အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှုတွေကို ယူဆောင်ပေးနိုင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့်လည်း ဒီစာရင်းထဲက ထိပ်သီးကစားသမားတွေဆီက ရင်ဆိုင်ရမယ့် ယှဉ်ပြိုင်နိုင်စွမ်းကြောင့် အခက်တွေ့လာနိုင်ပြီး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းတုန်းကလို ထိပ်တန်းခြေစွမ်းမျိုးနဲ့ ဆုဖလားတွေ မရယူနိုင်ဘူးဆိုရင် လာမယ့်နှစ် ဘယ်လွန်ဒေါပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။

၂။ မိုဟာမက် ဆာလား(အီဂျစ်၊ လီဗာပူးလ်)

မိုဟာမက် ဆာလားဟာ ပရီးမီးယားလိဂ်မှာ အထူးချွန်ဆုံး စွမ်းဆောင်ရည်ပြသနေခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၂၁-၂၀၂၂ ရာသီအဖွင့်မှာကတည်းက ကြောက်မက်ဖွယ်ခြေစွမ်း ပြသနေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် အကြိမ်ပေါင်းများစွာ ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်တဲ့ အီဂျစ်တိုက်စစ်မှူးဟာ နေရာအနည်းငယ်မှာ သိသိသာသာ တိုးတက်လာခဲ့ပုံရပါတယ်။ ဆာလားဟာ ဘောလုံးသယ်ယူတဲ့အရည်အချင်း၊ ဂိုးရှေ့မှာ စိတ်ချရမှုအနေအထားဟာ အဆင့်မြှင့်တင်နိုင်ခဲ့ပြီဖြစ်ပြီး ဂိုးသွင်းဖို့နဲ့ပတ်သက်ပြီး စိတ်ပူစရာကို မလိုတော့တဲ့ အခြေအနေမှာ ရှိနေပြီဖြစ်ပါတယ်။

လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ၉ ပွဲ ပါဝင်ကစားပေးထားရာမှာ ဆာလားဟာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး လီဗာပူးလ်ဟာ ပွဲရက်သတ္တပတ် ၇ ပတ်အကြာမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုရာသီမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်စွမ်းရှိနေတဲ့ပုံပေါ်ပြီး ဆာလားက အဓိကအစိတ်အပိုင်းဖြစ်မယ်ဆိုတာတော့ သံသယဖြစ်စရာမရှိပါဘူး။

၁။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ပိုလန်၊ ဘိုင်ယန်မြူးနစ်)

ယခုနှစ်အတွက် နောက်ထပ် ထိပ်တန်းစိန်ခေါ်သူဖြစ်တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ပြီးခဲ့တဲ့နှစ်က ဖျက်သိမ်းခဲ့ရတဲ့ ဆုပေးပွဲရဲ့ အနိုင်ရရှိသူလို့ ယူဆခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီတွေမှာ စိတ်လှုပ်ရှားဖွယ် ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့သူဖြစ်ပြီး ယခုရာသီမှာလည်း အဲဒီအတိုင်းပဲ ဆက်လက်ပြသနေတာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ယခုရာသီ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ လက်ရှိကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးဆိုတာ ငြင်းချက်ထုတ်စရာမရှိပါဘူး။ ဘိုင်ယန်မြူးနစ်ဂိုးသွင်းစက်ဟာ သိပ်မကြာမီအချိန်အတွင်း ခြေစွမ်းကျဆင်းမယ့်ပုံ မပေါ်ဘဲ ဒီခြေစွမ်းအတိုင်းသာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ရင် ၂၀၂၂ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုအတွက် ထိုက်တန်တဲ့ စိန်ခေါ်သူဖြစ်လာမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ျပင္သစ္သတင္းမဂၢဇင္းျဖစ္တဲ့ France Football က ေပးအပ္တဲ့ ဘယ္လြန္ေဒါဆုဟာ တစ္ႏွစ္တာကာလအတြင္း အေကာင္းဆုံးစြမ္းေဆာင္ထားတဲ့ ေဘာလုံးသမားေတြကို ေပးအပ္တဲ့ဆုျဖစ္ၿပီး ဂုဏ္သိကၡာအႀကီးမားဆုံး တစ္ဦးခ်င္းဆုတံဆိပ္လည္း ျဖစ္ပါတယ္။

ဘယ္လြန္ေဒါဆုရွင္ကို ဂ်ာနယ္လစ္၊ လက္ေရြးစင္အသင္းေခါင္းေဆာင္၊ နည္းျပေတြရဲ့ မဲေတြကို စုေပါင္းၿပီး ထြက္ေပၚလာတဲ့ ရလဒ္အေပၚ အေျခခံၿပီး ေရြးခ်ယ္တာျဖစ္ပါတယ္။ ဘယ္လြန္ေဒါ ၂၀၂၀ ဆုေပးပြဲႀကီးကိုေတာ့ ကိုဗစ္-၁၉ ကမၻာ့ ကပ္ေရာဂါေၾကာင့္ ဖ်က္သိမ္းခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ အရင္အတိုင္းပဲ ျပန္လည္ က်င္းပသြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကနဲ႔ မတူညီတာကေတာ့ ယခုႏွစ္မွာေတာ့ ဘယ္လြန္ေဒါဆုကို ဘယ္သူအနိုင္ရသြားမလဲဆိုတာကို ခန႔္မွန္းရ မလြယ္ကူေတာ့တာျဖစ္ေပမယ့္ အဆုံးအျဖတ္ေပးနိုင္တဲ့ စြမ္းေဆာင္ရည္က အဓိကက်တာေၾကာင့္ အနီးစပ္ဆုံးေတာ့ ခန႔္မွန္းနိုင္မွာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ဘယ္လြန္ေဒါအတြက္ အဓိက ဦးေဆာင္နိုင္မယ့္ ကစားသမား ၅ ဦးက ဘယ္သူေတြမ်ားျဖစ္မလဲ…

၅။ ခီလီယန္ အမ္ဘာေပ(ျပင္သစ္၊ ပီအက္စ္ဂ်ီ)

ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အသင္းကို စြန႔္ခြာၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့သူျဖစ္ပါတယ္။ ကမၻာ့ထိပ္တန္းအဆင့္ကစားသမားေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ေနမာတို႔နဲ႔အတူ ပီအက္စ္ဂ်ီတိုက္စစ္မွာ တြဲဖက္ကစားေနၿပီး ၂၀၂၀-၂၀၂၁ ရာသီမွာ ၿပိဳင္ပြဲစုံ ၄၇ ပြဲကစားေပးခဲ့ရာမွာ သြင္းဂိုး ၄၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္ျပဳလုပ္နိုင္ခဲ့ပါတယ္။

ယခုရာသီမွာေတာ့ အရင္ရာသီေတြတုန္းကေလာက္ ဂိုးသြင္းႏႈန္း သိပ္မေကာင္းေသးဘဲ လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံ ၁၁ ပြဲ ပါဝင္ကစားထားရာမွာ ၄ ဂိုးသာ သြင္းယူထားနိုင္ပါေသးတယ္။ ဒါေပမယ့္လည္း အမ္ဘာေပဟာ ဂိုးဖန္တီးမႈေတာ့ ၅ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ၿပီး ပီအက္စ္ဂ်ီအသင္းဟာ လီဂူးဝမ္းအမွတ္ေပးဇယား ထိပ္ဆုံးမွာ အျပတ္အသတ္ ရပ္တည္ေနသလို ယခုရာသီ ခ်န္ပီယံလိဂ္ဖလားကိုလည္း ရယူသြားနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။ တကယ္လို႔သာ ပီအက္စ္ဂ်ီအသင္းဟာ ဥေရာပၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ ရရွိခဲ့ၿပီး အမ္ဘာေပကလည္း ပုံမွန္အတိုင္း ဂိုးေတြ သြင္းယူေပးနိုင္ခဲ့မယ္ဆိုရင္ ၂၀၂၂ ခုႏွစ္မွာ ဘယ္လြန္ေဒါဆုရွင္ျဖစ္လာဖို႔ အခြင့္အေရး ရွိလာမွာျဖစ္ပါတယ္။

၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲကလည္း လာ့္ႏွစ္ ဘယ္လြန္ေဒါဆု ၿပိဳင္ပြဲအတြက္ ႀကီးမားတဲ့ အခန္းက႑ကေန ပါဝင္ေနမွာျဖစ္ၿပီး ျပင္သစ္အသင္းဟာ လက္ရွိ ကမၻာေပၚက အင္အားအေတာင့္တင္းဆုံးလူစာရင္းေတြထဲက တစ္ခုကို ပိုင္ဆိုင္ထားတာေၾကာင့္ ကမၻာ့ဖလားခ်န္ပီယံဘြဲ႕ကိုသာ ထိန္းသိမ္းနိုင္ခဲ့မယ္ဆိုရင္ ဘယ္သူမွ အံ့အားသင့္မယ္မထင္ပါဘူး။ အဓိကဆုဖလားေတြ ရရွိျခင္းမရွိတာက အမ္ဘာေပအတြက္ ယခုႏွစ္ ဘယ္လြန္ေဒါဆုကို ရရွိဖို႔အတြက္ အခြင့္အေရးအေပၚ အက်ိဳးသက္ေရာက္မႈ ရွိခဲ့ၿပီး ေနာက္ႏွစ္မွာေတာ့ အဲဒါကို ေျပာင္းလဲဖို႔ ႀကိဳးပမ္းမွာ ေသခ်ာပါတယ္။

၄။ အာလင္း ဟာလန္း(ေနာ္ေဝ၊ ေဒါ့မြန္)

ေဒါ့မြန္အသင္းရဲ့ ဂိုးသြင္းစက္ျဖစ္တဲ့ ဟာလန္းဟာ ကမၻာေပၚက အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသျပသခဲ့ၿပီးျဖစ္ပါတယ္။ နည္းစနစ္ပိုင္းေကာင္းတဲ့ ေနာ္ေဝလက္ေရြးစင္တိုက္စစ္မႉးဟာ ကမၻာ့အဆင့္ ဂိုးသြင္းရွင္တစ္ေယာက္ရွိရမယ့္ အရည္အခ်င္းေတြအားလုံးကို ပိုင္ဆိုင္ထားၿပီး အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္၊ ေနရာလြတ္ကို သတိျပဳနိုင္မႈ၊ ေရြ႕လ်ားမႈနဲ႔ အဆုံးသတ္ပိုင္း ေကာင္းမြန္မႈတို႔နဲ႔ ၿပီးျပည့္စုံတဲ့စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္သာရွိေသးတဲ့ ဟာလန္းဟာ မယုံနိုင္ဖြယ္ ကိန္းဂဏန္းအခ်ိဳ႕ကို ရယူထားနိုင္ခဲ့ၿပီး ယခုရာသီ ေဒါ့မြန္အတြက္ ၿပိဳင္ပြဲစုံ ၈ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒီလို မယုံနိုင္စရာ ဂိုးအေရအတြက္ေတြသာ ဆက္လက္သြင္းယူနိုင္မယ္ဆိုရင္ ဟာလန္းဟာ လာမယ့္ႏွစ္ ဘယ္လြန္ေဒါၿပိဳင္ပြဲမွာ ထိပ္တန္းစိန္ေခၚသူျဖစ္လာမွာျဖစ္ပါတယ္။

၃။ လီယြန္နယ္ မက္ဆီ(အာဂ်င္တီးနား၊ ပီအက္စ္ဂ်ီ)

လီယြန္နယ္ မက္ဆီဟာ ယခုႏွစ္ရဲ့ ဘယ္လြန္ေဒါၿပိဳင္ပြဲမွာ ထိပ္ဆုံးက ေျပးေနသူျဖစ္ၿပီး လာမယ့္ႏွစ္မွာေတာ့ ဘယ္လို ပါဝင္ေနမလဲဆိုတာနဲ႔ပတ္သက္ၿပီး အားလုံး သိခ်င္ၾကမွာပါ။ မက္ဆီဟာ ပီအက္စ္ဂ်ီမွာ ကစားသမားဘဝကို ေမၽွာ္မွန္းထားသလို စတင္နိုင္ခဲ့ျခင္းမရွိဘဲ လီဂူးဝမ္းအသင္းအတြက္ ၅ ပြဲပါဝင္ကစားေပးထားရာမွာ ၁ ဂိုးသာ သြင္းယူထားနိုင္ေသးတာျဖစ္ပါတယ္။

မက္ဆီ ပိုင္ဆိုင္ထားတဲ့ အရည္အေသြးမ်ိဳးဆိုရင္ သူ႔အေနနဲ႔ အသင္းအတြက္ ႀကီးမားတဲ့ေအာင္ျမင္မႈေတြကို ယူေဆာင္ေပးနိုင္လိမ့္မယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ဒါေပမယ့္လည္း ဒီစာရင္းထဲက ထိပ္သီးကစားသမားေတြဆီက ရင္ဆိုင္ရမယ့္ ယွဥ္ၿပိဳင္နိုင္စြမ္းေၾကာင့္ အခက္ေတြ႕လာနိုင္ၿပီး မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းတုန္းကလို ထိပ္တန္းေျခစြမ္းမ်ိဳးနဲ႔ ဆုဖလားေတြ မရယူနိုင္ဘူးဆိုရင္ လာမယ့္ႏွစ္ ဘယ္လြန္ေဒါၿပိဳင္ပြဲမွာ ပါဝင္နိုင္ဖို႔ ခက္ခဲေကာင္း ခက္ခဲနိုင္ပါတယ္။

၂။ မိုဟာမက္ ဆာလား(အီဂ်စ္၊ လီဗာပူးလ္)

မိုဟာမက္ ဆာလားဟာ ပရီးမီးယားလိဂ္မွာ အထူးခၽြန္ဆုံး စြမ္းေဆာင္ရည္ျပသေနခဲ့တဲ့ ကစားသမားျဖစ္ၿပီး ၂၀၂၁-၂၀၂၂ ရာသီအဖြင့္မွာကတည္းက ေၾကာက္မက္ဖြယ္ေျခစြမ္း ျပသေနခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ အႀကိမ္ေပါင္းမ်ားစြာ ကြဲျပားျခားနားမႈေတြ ျပဳလုပ္ေပးနိုင္ခဲ့ၿပီးျဖစ္တဲ့ အီဂ်စ္တိုက္စစ္မႉးဟာ ေနရာအနည္းငယ္မွာ သိသိသာသာ တိုးတက္လာခဲ့ပုံရပါတယ္။ ဆာလားဟာ ေဘာလုံးသယ္ယူတဲ့အရည္အခ်င္း၊ ဂိုးေရွ႕မွာ စိတ္ခ်ရမႈအေနအထားဟာ အဆင့္ျမႇင့္တင္နိုင္ခဲ့ၿပီျဖစ္ၿပီး ဂိုးသြင္းဖို႔နဲ႔ပတ္သက္ၿပီး စိတ္ပူစရာကို မလိုေတာ့တဲ့ အေျခအေနမွာ ရွိေနၿပီျဖစ္ပါတယ္။

လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစုံ ၉ ပြဲ ပါဝင္ကစားေပးထားရာမွာ ဆာလားဟာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့ၿပီး လီဗာပူးလ္ဟာ ပြဲရက္သတၱပတ္ ၇ ပတ္အၾကာမွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ယခုရာသီမွာ အမွတ္ေပးဇယားကို ဦးေဆာင္နိုင္စြမ္းရွိေနတဲ့ပုံေပၚၿပီး ဆာလားက အဓိကအစိတ္အပိုင္းျဖစ္မယ္ဆိုတာေတာ့ သံသယျဖစ္စရာမရွိပါဘူး။

၁။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး(ပိုလန္၊ ဘိုင္ယန္ျမဴးနစ္)

ယခုႏွစ္အတြက္ ေနာက္ထပ္ ထိပ္တန္းစိန္ေခၚသူျဖစ္တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ၿပီးခဲ့တဲ့ႏွစ္က ဖ်က္သိမ္းခဲ့ရတဲ့ ဆုေပးပြဲရဲ့ အနိုင္ရရွိသူလို႔ ယူဆျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ပိုလန္လက္ေရြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ စိတ္လႈပ္ရွားဖြယ္ ဂိုးသြင္းစြမ္းရည္ကို ျပသခဲ့သူျဖစ္ၿပီး ယခုရာသီမွာလည္း အဲဒီအတိုင္းပဲ ဆက္လက္ျပသေနတာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ယခုရာသီ ဘိုင္ယန္ျမဴးနစ္အတြက္ ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့ၿပီးျဖစ္ၿပီး အသက္ ၃၃ ႏွစ္အရြယ္တိုက္စစ္မႉးဟာ လက္ရွိကမၻာေပၚက အေကာင္းဆုံးတိုက္စစ္မႉးဆိုတာ ျငင္းခ်က္ထုတ္စရာမရွိပါဘူး။ ဘိုင္ယန္ျမဴးနစ္ဂိုးသြင္းစက္ဟာ သိပ္မၾကာမီအခ်ိန္အတြင္း ေျခစြမ္းက်ဆင္းမယ့္ပုံ မေပၚဘဲ ဒီေျခစြမ္းအတိုင္းသာ ဆက္လက္ထိန္းသိမ္းထားနိုင္ခဲ့ရင္ ၂၀၂၂ ခုႏွစ္ရဲ့ ဘယ္လြန္ေဒါဆုအတြက္ ထိုက္တန္တဲ့ စိန္ေခၚသူျဖစ္လာမယ္ဆိုတာ ယုံမွားသံသယျဖစ္စရာမရွိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.